Monday, May 7, 2012

အိန္ဒိယ : အဟ်မဒီလုပ်အားပေးများအား မွတ်စလင်မ်ဆိုသူများက ဆဲဆိုကြိမ်းမောင်းကာ အုပ်စုဖွဲ့ရိုက်နှက်


မေလ ၇ ရက်၊ ၂၀၁၂

အိန္ဒိယနိုင်ငံ၊ ကဲရာလားမြို့၊ ကာဆာရာဂေါ့ဒ်၌ စာအုပ်ပြပွဲတစ်ခုတွင်ပါဝင် လုပ်အားပေးနေသော အဟ်မဒီမွတ်စလင်မ် လူငယ်လေးများအား အစ္စလာမ်မစ်လူရမ်းကားတစ်စုက ဆဲဆိုကြိမ်းမောင်းကာ အုပ်စုဖွဲ့ရိုက်နှက်ခဲ့ကြသည်။

ကမ်းခြေမြို့တစ်ခုဖြစ်သော ကာဆာရာဂေါ့ဒ်တွင် ၁၀ ရက်ကြာကျင်းပမည့် ထိုစာအုပ်ပြပွဲတွင် အနီးနားမြို့ဖြစ်သည့် မော့ဂရဲလ်မှ အဟ်မဒီမွတ်စလင်မ်များက ဆိုင်ခန်းငှားရမ်းပြီး ကျမ်းမြတ် ကုရ်အာန်ဘာသာပြန်များကို အဓိကထားပြသခဲ့သည်။

အဟ်မဒီယာမွတ်စလင်မ်တစ်ဦးဖြစ်သူ ရှာဟစ်ပရ်ဝေ့ဇ်၏အစီရင်ခံစာအရ အဟ်မဒီဆိုင်ခန်းမှာ စာအုပ်ပြပွဲ ၄ ရက်မြောက်အထိ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ မိမိတို့၏အောင်မြင်မှုများကို လာရောက်ကြည့်ရှုခဲ့သည့် စစ်ဘက်ဆိုင်ရာအမှုထမ်းအချို့ရှိခဲ့ကြောင်း၊ ထိုသူများမလာရောက်မီအထိ ချောချောမွေ့ရှိခဲ့ကြောင်း သိရသည်။

အစီရင်ခံစာအရ တနင်္ဂနွေနေ့ညနေပိုင်း ဆိုင်ပိတ်သိမ်းချိန်၌ လူရမ်းကားတချို့လာရောက်ခဲ့ပြီး အနှောင့်အယှက်များပြုလုပ်ကာ ပြပွဲဆိုင်ခန်းကိုချက်ချင်းပိတ်ပြစ်ဖို့ တောင်းဆိုခဲ့ကြောင်း သိရသည်။
အဖြစ်အပျက်များ ဖြစ်ပျက်နေချိန်တွင် အဟ်မဒီလုပ်အားပေး ၅ ဦးရှိနေခဲ့သည်။ လူရမ်းကား အနှောင့်အယှက်ပေးသူများထဲသို့ ပြပွဲတာဝန်ခံမွတ်စလင်မ် တစ်ဦးပါဝင်လာပြီး ထိုမွတ်စလင်မ် တာဝန်ခံအား အဟ်မဒီမွတ်စလင်မ်လုပ်အား ပေးများထဲမှ အသက်အကြီးဆုံးသူက သွားရောက်ရှင်း လင်းပြောပြသည်တွင် ထိုမွတ်စလင်မ်က အဟ်မဒီမွတ်စလင်မ်အား ရိုက်နှက်ကာ ဆိုင်ကိုပိတ်ပြစ်ဖို့ အမိန့်ပေးခဲ့ကြောင်း အစီရင်ခံစာအရသိရသည်။ 

အဖြစ်အပျက်ကြောင့် အဟ်မဒီလုပ်အားပေးများက ကန့်ကွက်ခဲ့ပြီး ငှားရမ်းခငွေကိုကြိုတင်ပေးပြီး ဖြစ်သော်လည်း မိမိတို့ဆိုင်ခန်းအား ပိတ်ပြစ်ရန် အမိန့်ပေးသည်အား ရှုံ့ချခဲ့ရာ ပြပွဲတာဝန်ခံ မွတ်စလင်မ်ကိုယ်တိုင် ဦးဆောင်ပြီး အဟ်မဒီလူငယ်လုပ်အားပေးများကို ရိုက်နှက်ခဲ့ ကြပြန်သည်။

ထိုနောက်အဟ်မဒီလုပ်အားပေးများက ဆိုင်ခန်းကိုပိတ်သိမ်းခဲ့ကြသည်။ 

လူရမ်းကားမွတ်စလင်မ်အမည်ခံများက မိမိတို့၏အသက်ကိုတန်ဖိုးထားပါက ဤပြပွဲတွင် ဆိုင်ခန်း ပြသမှုကို ရပ်ဆိုင်းရန် အဟ်မဒီလုပ်အားပေးများကို ပြပွဲအပြင်ဘက်တွင် ခြိမ်းခြောက်ခဲ့ကြပြန် သည်။

အစိုးရတာဝန်ရှိသူများဘက်မှ ထိုအဖြစ်အပျက်ကို တစ်စုံတစ်ရာအရေးယူမှုပြုခဲ့ကြောင်း အစီရင်ခံစာ တစ်စုတစ်ရာမှ မရှိသေးသလို ရဲဘက်မှလည်း အမှုဖွင့်အရေးယူမှုမရှိသေးချေ။

source: http://goo.gl/HQEhp

Ahmadiyya Times | News Watch | Int'l Desk
Source/Credit: Ahmadiyya Times
By Staff Report | May 7, 2011 

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-