Monday, November 23, 2015

ဂျပန်နိုင်ငံတွင် ပထမဆုံး အဟ်မဒီယာ ဗလီဝတ်ကျောင်းတော်သစ် ဖွင့်လှစ်

အဟ်မဒီယာ မွတ်စလင်အဖွဲ့ခေါင်းဆောင် ပဥ္စမမြောက် ခလီဖာ ဟာဇရတ် မီရ်ဇာ မဆ်ရူးရ် အဟ်မဒ် သခင်ဟာ  ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က ဂျပန်နိုင်ငံ၊ နာဂိုရာမှာ ဘိုင်တုလ် အဟဒ် (အဓိပ္ပာယ်-တစ်ဆူတည်းသောဘုရားရှင်၏ဝတ်ကျောင်းတော်) ဗလီဝတ်ကျောင်းအသစ်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ အဟ်မဒီယာ မွတ်စလင်အဖွဲ့က ပထမဦးဆုံးတည်ဆောက်တဲ့ ဗလီဖြစ်ပါတယ်။

ခလီဖာသခင်ဟာ ဝတ်ကျောင်းတော်ဖွင့်ပွဲနေ့ ဒေသစံတော်ချိန် (၁) နာရီမှာ ဗလီကိုရောက်ရှိပြီး အထိမ်းအမှတ် မှတ်တမ်းကျောက်ကိုဖွင့်လှစ်ကာ သောကြာနေ့ဓမ္မသဘင် (ခွတ်သဗာ)ကို စတင်ပါတယ်။ ခွတ်သဗာ ကို MTA နိုင်ငံတကာရုပ်သံအစီအစဉ်ကနေ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။

ခွတ်သဗာတရားဟောကြားခြင်းမှာ ခလီဖာသခင်ဟာ ဗလီဝတ်ကျောင်းတော်ရဲ့ စစ်မှန်တဲ့ရည်ရွယ်ချက်ကို တင်ပြခဲ့ပြီး ဂျပန်မှာနေထိုင်တဲ့ အဟ်မဒီမွတ်စလင်တွေအနေနဲ့ အမြင့်ဆုံး ကိုယ်ကျင့်တရား ၊ ဝိညာနရေးရားအခြေအနေတွေရရှိအောင် ကြိုးပမ်းကြဖို့လိုအပ်ကြောင်း အထူးအလေးပေးပြောကြားခဲ့ပါတယ်။


ဟာဇရတ် မီရ်ဇာ မဆ်ရူးရ် အဟ်မဒ် ပြောဆိုတာက ...
" အခုဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ပြီးစီးသွားပြီ။ ဒီအတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ပြီး တာဝန်ဝတ္တရားတွေကို ကျေပွန်ဖို့အရေးတကြီးလိုအပ်တယ်။ ကျွန်တော်တို့တွေဟာ မဆီဟ်သခင်ကို လက်ခံထားပြီးသွားပြီ၊ အဟ်မဒီမွတ်စလင်တွေဖြစ်တယ်ဆိုပြီး 'အရှင်မြတ်ဟာ ချီးမွမ်းခြင်းခံထိုက်ပါတယ်' လို့ဆိုရုံလောက်နဲ့ မလုံလောက်သေးဘူး။ နေ့တိုင်းဒီမှာလာရောက် ဝတ်ပြုပြီး ကိုယ်ကျင့်တရားဆိုင်ရာအရည်အသွေးတွေတိုးတက်အောင် ရှာဖွေရမယ်။ ဒါ့အပြင် ဒီတိုင်းပြည်အနှံ့မှာလည်း စစ်မှန်တဲ့အစ္စလာမ့် သွန်သင်ချက်ကို ပျံ့နှံ့အောင် တိုးတက်အောင်ပြုလုပ်ရမယ်။ "

အချို့သော မွတ်စလင်အဖွဲ့အစည်းတွေကြားမှာ ပျံ့နှံ့နေတဲ့အကြမ်းဖက်ဝါဒနဲ့ ပတ်သတ်ပြီး ဟာဇရတ် မီရ်ဇာ မဆ်ရူးရ် အဟ်မဒ် သခင်က ခုလို့ ရှုံ့ချပြောဆိုပါတယ် ...

" စစ်မှန်တဲ့အစ္စလာမ့် သင်ကြားချက်ပျံ့နှံ့ဖို့အတွက် အဆင့်အမြင့်ဆုံး ဝတ်ပြုမှုလိုအပ်ပါတယ်။ ဒီတောင်းဆိုချက်က သွေးထွက်သံယိုမှုတွေနဲ့ ရက်စက်ကြမ်းကြမ်စွာ ပြုမှုနေတဲ့သူတွေကို မိမိကိုယ်ကို တော်လှန်ပြောင်းလဲပြီး ငြိမ်းချက်တဲ့တိုးတက်မှုအတွက် ကိုယ်ကိုတိုင်ပြုပြင်ပြောင်းလဲတဲ့ ဂျီဟတ်ကို အစားထိုးကျင့်သုံးဖို့ပဲဖြစ်ပါတယ်။ စိတ်မကောင်းစရာက ယနေ့မွတ်စလင်တွေဟာ အစွန်းတစ်ဖက်ကို ရောက်သထက်ရောက်လာပြီး တစ်ချို့အစ္စလာမ်တာဝန်ထမ်းဆောင်နေတယ်လို့မိမိကိုယ်ကိုဆိုသူတွေဟာ အပြစ်မဲ့တဲ့ သူတွေကို သနားညှာတာမှုကင်းမဲ့စွာနဲ့ ရက်ရက်စက်စက်သတ်ဖြတ်နေကြတာကိုတွေ့နေရတယ်။ "

ခလီဖာသခင်က မကြာသေးမီက ဖြစ်ပျက်ခဲ့တဲ့ ပဲရစ်မြို့ တိုက်ခိုက်မှုကို အပြစ်တင်ပြောဆိုခဲ့ပြီး လွန်ကျူးသူတွေဟာ အစ္စလာမ်နာမည်ကို မှေးမှိန်အောင် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။



ဟာဇရတ် မီရ်ဇာ မဆ်ရူးရ် အဟ်မဒ် သခင်က ...

" မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှုက ရက်စက်ကြမ်းကြုတ်ပြီး စက်ဆုပ်ဖွယ်ရာကောင်းပါတယ်။ ဒါဟာ အစ္စလာမ့်သွန်သင်ချက်နဲ့ လုံးဝဆန့်ကျင်ပြီး အဟ်မဒီမွတ်စလင်တွေဟာ စစ်မှန်တဲ့ အစ္စလာမ်သာသနာရဲ့ ငြိမ်းချမ်းတဲ့သွန်သင်ချက်ကို ဖြန့်ဝေဖို့ အလေးအနက်တာဝန်ရှိပါတယ်။ "

ခလီဖာသခင်က "အသင်တို့ဒီမှာနေထိုင်တဲ့အတွက် အလ္လာဟ်အရှင်မြတ်ကပေးသနားတဲ့ ကောင်းချီးမင်္ဂလာတွေကို စဉ်းစားတွေးတောသင့်တယ်။ ဒီမှာ အသင်တို့ဝတ်ပြုမှုနဲ့ပတ်သတ်လို့ တားမြစ်ချုပ်ချယ်မှုတွေမရှိဘူး။ အသင်တို့ရဲ့ ဗလီဝတ်ကျောင်းတော်ကို 'ဗလီ' လို့ခေါ်ယုံနဲ့ ထောင်သွင်းအကျဉ်းချထားခံရတာမျိုးမရှိဘူး။ ဒီလိုမျိုးအပြုအမူတွေအစား ဒီနိုင်ငံမှာ အသင့်တို့ရဲ့ ငြိမ်းချမ်းပါစေလို့ နှုတ်ခွန်းဆက်တဲ့စကားကို ကြိုဆိုနှစ်သက်ကြတယ်။"

ဆက်လက်ပြီး သခင်က .. ဒီမှာနေထိုင်သူအဟ်မဒီမွတ်စလင်တွေအနေနဲ့ ကတိတော်လာ မဆီဟ်သခင်(ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ရဲ့ဆန္ဒနဲ့အညီ စစ်မှန်တဲ့အစ္စလာမ့် မျက်နှာစာကို ဂျပန်နိုင်ငံမှာ တင်ပြကြဖို့ တာဝန်ရှိကြောင်းပြောဆိုပါတယ်။

"ဒီဂျပန်နိုင်ငံမှာ ရရှိတဲ့ လွတ်လပ်ခွင့်ဟာ အသင့်တို့အတွက် ဘာသာတရားလေးစားကိုင်းရှိုင်းပြီး အသင်တို့အတွင်းမှာ ပြုပြင်ပြောင်းလဲစေအောင် မတောင်းဆိုနေဘူးလား? ဒီအတွက် ကိုယ်ကျိုးဆန္ဒတွေကို စွန့်လွှတ်ပြီး ဘုရားရှင် နှစ်သက်မှုရှာရအောင်ကော တောင်းဆိုမနေဘူးလား ? အသင်တို့မေတ္တာတွေကို ထုတ်ပြပြီး ကြင်နာသနားမှုတွေကို အသင်တို့အတွင်းမှာရော အသင်တို့နေထိုင်တဲ့ လူမှုဝန်းကျင်အသိုင်းအဝိုင်းမှာပါ ဖော်ထုတ်ပြသဖို့မလိုအပ်ဘူးလား ? "

အဆုံးမှာ သခင်ဟာ ဗလီရဲ့ အသေးစိတ် တည်ဆောက်ပုံကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ခလီဖာသခင်က တချိန်က တာဝန်ရှိသူတွေထံက ခွင့်ပြုချက်ရဖို့ခက်ခဲတဲ့ နေရာမျိုးမှာ အရှင်မြတ်ရဲ့ ကျေးဇူးတော်နဲ့ အတားအဆီးအခက်အခဲတွေကျော်ဖြတ်ပြီး ဗလီဝတ်ကျောင်းကို တည်ဆောက်နိုင်ခဲ့ကြောင်းပြောဆိုပါတယ်။

သခင်က ဒီမှာနေထိုင်တဲ့ အဟ်မဒီမွတ်စလင်တွေ၊ အမျိုးသမီး အမျိုးသား ကလေးငယ်တွေဟာ ဗလီအတွက် စွန့်လွှတ်လှူဒါန်းပါဝင်ခဲ့တာတွေအတွက် ချီးကျူးပြောကြားခဲ့ပါတယ်။ အခြားမွတ်စလင်မဟုတ်သူများရဲ့ ကူညီမှုနဲ့ ကြင်နာမှုအတွက်လည်း ဂုဏ်ပြုခဲ့ပါတယ်။

ဘိုင်တုလ် အဟဒ် ဗလီဟာ ဝတ်ပြုသူပေါင်း (၈၀၀) ခန့်ဝတ်ပြုနိုင်ပြီး ဂျပန်နိုင်ငံမှာ အကြီးဆုံးဗလီဖြစ်ပါတယ်။ နာဂိုရာ အရပ်မှာ တည်ရှိပြီး လမ်းပမ်းဆက်သွယ်ရေးလမ်းကြောင်းတွေလွယ်ကူတဲ့နေရာမှာတည်ရှိပါတယ်။ ဗလီအဆောက်အဦးမှာ အခြားနေရာထိုင်ခင်းတွေ၊ ရုံးခန်းတွေနဲ့ စာကြည်တိုက်လည်း ပူးတွဲပါဝင်ပါတယ်။

Saturday, November 21, 2015

ISISသည်စစ်မှန်သောအစ္စလာမ်မဟုတ်သလိုမည်သည့်အခါတွင်မျှလည်း (စစ်မှန်သောအစ္စလာမ်) ဖြစ်လာလိမ့်မည်မဟုတ်


အစ္စလာမ်သည်အကြမ်းဖက်လုပ်ရပ်များဖြင့်ဖွဲ့စည်းထားသောသာသနာဖြစ်ကြောင်းယနေ့ခေတ်မီဒီယာများနှင့်လူမှုကွန်ယက်အသီးသီးတွင်နှစ်ဆယ့်လေးနာရီပတ်လုံး ရေပန်းစား ပျံ့နှံ့နေသောအတွေးအမြင်၊ အယူအဆဖြစ်ကြောင်း  ကယ်လီဖိုးနီးယားတက္ကသိုလ် ၏ပရောဖက်ဆာဖြစ်သူ  Mr. Amjad Mahmood Khan က ဖော်ပြသည်။
-ဤအကြမ်းဖက်လုပ်ရပ်များအကြောင်းကို ၂၀၀၁ခုနှစ်နောက်ပိုင်း မွတ်စလင် မဟုတ်သောအစွန်းရောက်များက အပြစ်မဲ့မွတ်စလင်များအား နှစ်ကြိမ်တိုင်တိုင်သတ်ဖြတ်ကျူးလွန်ခဲ့ပြီးဖြစ်သော်လည်း ကမ္ဘာကသိသာမြင်သာစေသောခေါင်းကြီးပိုင်းတွင်မွတ်စလင်များ၏အကြမ်းဖက်လုပ်ရပ်များကိုသာအသားပေးဖော်ပြထားကြောင်း မကြာသေးမီးကမှထွက်ရှိသောနယူယောက်တိုင်းမ်သတင်းစာတွင်ဖော်ပြပါရှိသည်။

-(Religion,Freedom and Peace)ဘာသာတရား၊ လွတ်လပ်ခွင့်နှင့်ငြိမ်းချမ်းရေး ဆိုသည့်ခေါင်းစဉ်ဖြင့်နယူးယောက်မြို့တွင် အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်းကကြီးမှုးကျင်းပသောဖိုရမ်တွင်ပရောက်ဖက်ဆာခန်ကပြောကြားသည်မှာ-
-အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်းသည်စဉ်ဆက်မပြတ်တိုးတက်လျက်ရှိသောအပြည်ပြည်ဆိုင်ရာအစ္စလာမ့်လှုပ်ရှားမှုအသင်းအဖွဲ့တစ်ခုဖြစ်သည်။ယင်းအဖွဲ့အစည်းကို ၁၈၈၉ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ပြီး ယခုဆိုနိုင်ငံပေါင်း ၂၀၀ ကျော်တွင် အဖွဲ့ဝင်ပေါင်း သန်း၂၀၀ကျော်ဖြင့် ဖြန့်ကြက်လျက်ရှိသည်။ယခုအဖွဲ့အစည်းကြီး၏ ဌာနချုပ်သည် အင်္ဂလန်နိုင်ငံတွင်တည်ရှိလျက်ရှိပြီး မည်သည့်ပုံစံ၊မည်သည့်အသွင်မျိုးဖြင့်မဆိုကျူးလွန်သောအကြမ်းဖက်လုပ်ရပ် ဟူသမျှကို ရှုတ်ချငြင်းပယ်သော အဖွဲ့အစည်းဖြစ်သည်။ထို့အတူ အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်းသည် ဗလီဝတ်ကျောင်းနှင့် လူနေထိုင်ရာနယ်မြေဒေသ အားသီးခြားစီခွဲခြားသတ်မှတ်ခြင်းကိုအားပေးသည့်တစ်ခုတည်းသောအစ္စလာမ့်အဖွဲ့အစည်းဖြစ်သည်။

-လူသားတစ်ဦးချင်းအား လွတ်လပ်စွာရွေးချယ်ပြုပိုင်ခွင့်ကိုအစ္စလာမ်သာသနာတွင် ထာဝရဘုရားသခင် အလ္လာဟ်အရှင်မြတ်ကပေးထားပြီး တစ်စုံတစ်ဦးအား အစ္စလာမ်ကိုလက်ခံစေဖို့မည်သူ့တွင်မှဖိအားပေးပိုင်ခွင့်မရှိဟုအစ္စလာမ်ကပြဌာန်းကြောင်း၊ ဖိအားပေးကာအဓမ္မစနစ်ဖြင့် ယုံကြည်ခိုင်းခြင်းသည် ယုံကြည်မှုမမည်ကြောင်း၊ ထို့ကြောင့်ISISသည်စစ်မှန်သောအစ္စလာမ်မဟုတ်သလိုမည်သည့်အခါမျှလည်း စစ်မှန်သောအစ္စလာမ်ဖြစ်လာနိုင်စရာမရှိကြောင်းဖြင့် ၂၀၀၄ခုနှစ်တွင် ဟားဗတ်ဥပဒေတက္ကသိုလ်မှဘွဲ့ရခဲ့ပြီး (Harvard Human Rights Law Journal) ဟားဗတ်လူ့အခွင့်အရေးဆိုင်ရာဥပဒေဂျာနယ်၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပရောဖက်ဆာခန်ကဆိုသည်။

-ဘာသာရေးလွတ်လပ်ခွင့်ကိုအနက်ထွေပြားခြင်းမရှိသောစကားလုံးအသုံးအနှုံးဖြင့်ဖော်ပြသောကျမ်းများတွင်ကမ္ဘာပေါ်ရှိကောင်းကင်ကျကျမ်းများအနက်ကျမ်းမြတ်ကုရ်အာန်တစ်ခုတည်းတွင်သာဖော်ပြထားကြောင်း ပရောဖက်ဆာခန် က ထပ်လောင်းပြောကြားသည်။အဓမ္မစနစ်ဆိုသည့်စကားလုံးမှာဘာသာတရား နှင့်မည်သို့မျှပတ်သက်ဆက်နွယ်မှုမရှိကြောင်း၊ ယုံကြည်မှုဟူသည်တစ်ဦးချင်း နှင့်သာသက်ဆိုင်သောထူးခြားသည့်အနက်သဘောကိုသာဆောင်ကြောင်း၊ အဓမ္မစနစ်ကျင့်သုံးပြီး အခြားသူများအားဘာသာပြောင်းခိုင်းခြင်းကိုမွတ်စလင်များအတွက်ကျမ်းမြတ်ကုရ်အာန်ကပြင်းထန်စွာတားမြစ်ထားကြောင်း ပရောဖက်ဆာခန်ကဆိုသည်။

-အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန်သွေးထိုးလှုံ့ဆော်ဟောပြောမှုများ၊ အမုန်း စကားများ(Hate Speech)၊ရန်စကားများ (Offensive Speech့)ပြောဆိုခြင်း သည်ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့်လွတ်လပ်ခွင့်အစရှိသည်တို့ကိုခြောက်လှန့်နေသောအရာများဖြစ်ပြီး ယင်းအားလုံးကိုအစ္စလာမ်ကတားမြစ်ထား သည်။အစ္စလာမ်ကပြဌာန်းသောပြောဟောမှုများ၊စကားများသည်လောကအတွက်ဆုတ်ယုတ်မှု၊ နစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာမရှိချေ။
-မော်တော်ဆိုင်ကယ်များဖြင့်မွတ်စလင်ဆန့်ကျင်သူ ၂၅ဝခန့်သည် Phoenix မြို့ရှိအကြီးဆုံးဗလီဝတ်ကျောင်းရှေ့တွင် စုရုံးကာကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူဆိုင်ကယ်သမား အများစုသည်သေနတ်များကိုင်ဆောင်ထားကြပြီး အစ္စလာမ်ဆန့်ကျင်ရေးစာတန်းများ၊ ရုပ်ပုံများရေးဆွဲထားသောတီ-ရှပ်အကျီများ ဝတ်ဆင်လျက် အော်ဟစ်ဆူပူခဲ့ကြသည့်အဖြစ်မျိုး ပြီးခဲ့သည့်လအနည်းငယ်ကပရောဖက်ဆာခန်ကြုံခဲ့ရသည်။အစ္စလာမ်မုန်းဝါဒသည် စူးစူးနစ်နစ်အမြစ်တွယ်ခဲ့ပြီဖြစ်ကြောင်း ကန့်ကွက်ဆန္ဒပြသူအများအပြား၏ ဆူပူမှုမြင်ကွင်းဖြင့်ပရောဖက်ဆာခန်သိခဲ့ရသည်။ဆန္ဒပြသူများ၏ အဓိကရည်ရွယ်ချက်မှာ အမေရိကန်မွတ်စလင်များ၏ သန့်ရှင်းရာနေ့၌ထိုမွတ်စလင်များအားခြိမ်း ခြောက်ခြင်းဖြင့်လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ကို(ဆက်လက်တည်တံ့ရန်)ကာကွယ်ခြင်းဖြစ်သည်။

-မိမိတို့ပြုလုပ်ခဲ့သည်များမှာမိုက်မဲသောလုပ်ရပ်များဖြစ်သော်ငြားလည်း ယင်းသည်လွတ်လပ်ခွင့်အတွက်မရှိမဖြစ်လိုအပ်သောလုပ်ရပ်ဖြစ်ကြောင်း ကန့်ကွက်ဆန္ဒပြမှုများကိုဦးဆောင်လှုပ်ရှားရေးအဖွဲ့ကဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ဖော်ပြကြသည်။

-ကန့်ကွက်ဆန္ဒပြခြင်း၏ရလဒ်အနေဖြင့်ဆိုင်ကယ်သမားများနှင့်မွတ်စလင်များ အကြား မည်သို့သောပဋိပက္ခမှဖြစ်ပွားခဲ့ခြင်းမရှိခဲ့ဘဲထိုနေ့တွင်ငြိမ်းချမ်းရေး သို့ဦးတည်သောပမာဏအနေဖြင့်အနည်းအကျဉ်းမျှသာရှိသည့်တိုးတက်မှုအချို့ဖြစ်ထွန်းခဲ့သည်။
-ကန့်ကွက်ဆန္ဒပြမှုကအမေရိကန်သားများသည်မွတ်စလင်များနှင့်ပိုမိုစိမ်း ကားသွားစေခဲ့ပြီး အမေရိကန်ယဉ်ကျေးမှုနှင့် နဂိုကထက် ပိုမိုဝေးကွာသွားစေခဲ့သည်။

-''Phoenix မှာဖြစ်ခဲ့တာကအမေရိကန်မှာဖြစ်လာတော့မယ့်ကံမကောင်း အကြောင်းမလှမှုရဲ့ရှေ့ပြေးရောဂါနိမိတ်ဖြစ်တယ်။ဘာသာတရား၊ လွတ်လပ်ခွင့်နှင့်ငြိမ်းချမ်းရေးအကြား ပိုမိုတင်းမာလာတယ်။ဘာသာတရားဟာ ငြိမ်းချမ်းရေးစိုက်ထူဖို့အတွက် မဟုတ်ဘဲပဋိပက္ခဖြစ်ဖို့အတွက်လှုံ့ဆော်ပေးတဲ့ဖိအားတစ်ခုဖြစ်နေသလား၊ ဖြစ်မနေဘူးလား၊ ဘာသာတရားဟာ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးတို့အတွက်အတားအဆီးဖြစ်နေသလား၊ ဖြစ်မနေဘူးလား ဆိုတဲ့မေးခွန်းတွေကိုပေါက်ဖွားလာစေခဲ့တယ်။လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်၊ လိင်တူလက်ထပ်ထိမ်းမြားခွင့်နှင့် ကိုယ်ဝန်ဖျက်ချခွင့် အစရှိတဲ့အကြောင်းအရာတွေနှင့်ပတ်သက်ပြီး ဘာသာတရား၊ လွတ်လပ်ခွင့်နှင့်ငြိမ်းချမ်းရေးကိုလတ်တလောအလွန်အကဲဆတ်နေတဲ့အရာတွေဖြစ်တယ်။ဒီအကြောင်းအရာတွေရဲ့တင်းမာလာနေမှုကိုအခြားကမ္ဘာ့ဘာသာကြီးတွေကလျှော့ချ(ဖြေလျော့)ပေးစွမ်း နိုင်မှုမရှိတဲ့အခါအမေရိကန်မှာအစ္စလာမ်ကတိုက်ခိုက်အခံရဆုံး(ဖိအားအပေး အခံရဆုံး)အဖြစ်နှင့်ပေါ်လွင်လာခဲ့တယ်။'' ဟု ပရောဖက်ဆာခန်ကဆိုသည်။

-ကျွန်ုပ်တို့သည်အစ္စလာမ်ကြောက်ရောဂါ(Islamphobia)ပျံ့နှံ့ခံစားနေရသောလူ့အဖွဲ့အစည်းတွင်နေထိုင်နေရပြီး အစ္စလာမ်နှင့်မွတ်စလင်ကိုကြောက်ခြင်းသည်အမြင့်ဆုံးအဆင့်ကိုရောက်ခဲ့ပြီဖြစ်သည်။Pew polls  ၏ အဆိုအရအစ္စလာမ်၊ မွတ်စလင်နှင့်ပတ်သက်လျှင်အပျက်သဘောအမြင်ကိုအမေရိကန်သားများကလက်ကိုင်ပြုထားကြသည်။တဆက်တည်းမှာပင်အမေရိကန်အများစုသည်မွတ်စလင်တစ်ဦးတစ်လေမျှနှင့်ပင်ဆုံတွေ့ဖူးခြင်းမရှိချေ။အမေရိကန်မွတ်စလင်များသည်မိမိတို့အား အပျက်သဘောမြင်နေသောအမြင်ကိုချေဖျက်ရန်နေ့စဉ်နှင့်အမျှတောင်တက်သမားများကဲ့သို့ပင်ပန်းခက်ခဲစွာရင်ဆိုင်နေရကြရ၏။ဆိုင်ကယ်သမားများ ဗလီဝတ်ကျောင်းအပြင်ဘက်တွင် စုရုံးဆန္ဒပြခဲ့သော Phoenix တွင်ကြုံတွေ့ခဲ့သည့်အစ္စလာမ်ဆန့်ကျင်ကန့်ကွက်ရေး အခြေအနေမျိုးကိုအမေရိကန်တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ယခုမြင်နေရပြီဖြစ်သည်။

-ပြီးခဲ့သည့်လကပင်မွတ်စလင်ဆန့်ကျင်ရေး အုပ်စု၂ဝမျှကို အမေရိကန်နိုင်ငံနှင့် အဝှန်းတွင်မြင်တွေ့ခဲ့ရပြီဖြစ်သည်။

-ဘာသာတရား၊လွတ်လပ်ခွင့်နှင့်ငြိမ်းချမ်းရေးဆိုသောအကြောင်းကိုနိုင်ငံအဝှန်းတွင် အမှန်တကယ်အလင်းဆောင်ပေးနိုင်ရန် ယနေ့ကျွန်တော်တို့ဤနေရာတွင် လာရောက်စုရုံးကြခြင်းဖြစ်သည်။တကယ်တော့ဘာသာတရား၊ လွတ်လပ်ခွင့်နှင့်ငြိမ်းချမ်းရေးတို့အကြား ဖြစ်ပေါ်နေသောတင်းမာမှုကိုမည်သို့လျှော့ချပေးနိုင်မည်နည်းဆိုသည့်အဓိကကျသောအချက်ကိုရှေ့တွင်ဖြစ်ခဲ့သောအဖြစ်အပျက်များကသင်ခန်းစာပေးလျက်ရှိသည်။ဘာသာတရားအချင်း ချင်း အပြန်အလှန်နားလည်မှုရှိရန်၊ ဘာသာဝင်များအချင်းချင်းညီရင်းအစ်ကို၊ မောင်ရင်းနှမကဲ့သို့အပြန်အလှန်နားလည်ကြရန်၊ ငြိမ်းချမ်းရေးကိုတိုးမြှင့်တည်ဆောက်ရန် ယနေ့ကျွန်တော်တို့နယူးယောက်မြို့၏ ဤနေရာတွင်  စုရုံးနေကြခြင်းဖြစ်သည်။
''ဖြေရန်အရေးကြီးလိုအပ်တဲ့ကျစ်လစ်မာကျောအကဲဆတ်သောမေးခွန်းအချို့ရှိပါတယ်။Phoenix ကန့်ကွက်ဆန္ဒပြသူဆိုင်ကယ်သမားများ ခုရှိသေးသလား။အစ္စလာမ်ဟာ ငြိမ်းချမ်းရေးနှင့်ဆန့်ကျင်တဲ့သာသနာလား။ လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်ကိုအစ္စလာမ်ကတားမြစ်ဆန့်ကျင်သလား။ ဆိုတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်။'' ဟု ပရောဖက်ဆာခန်ကဆိုသည်။

-အမေရိကန်အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း၏ ဒု-ဥက္ကဌနှင့်သာသနာပြုမှုးဖြစ်သ ူAzharHaneef က ပရောဖက်ဆာခန်၏ ပြောဆိုချက်ကိုထောက်ခံလျက်ဖြည့်ဆွက်ပြောကြားသည်မှာ-
''ဘာသာတရားဆိုတဲ့အကြောင်းကိုအခြေခံပြီး ယနေ့ညချမ်းလေးမှာကျွန်တော်တို့ဒီမှာစုရုံးကြရခြင်းဖြစ်တယ်။ဆိုခဲ့ပြီးသလိုပဲပုပ်ရဟန်းမင်း ဖရန်စစ်ကများမကြာမီကကျွန်တော်တို့(အဟ်မဒီယာမွတ်စလင်အဖွဲ့)ဆီကြွလာခဲ့ပါတယ်။ဒါဟာ မှတ်သားစရားအချက်ပါပဲ။ကျွန်တော်တို့ဒီပုဂ္ဂိုလ်(ပုပ်ဖရန်စစ်)ကို ရိုသေလေးစားစွာဖြင့် မေတ္တာရှေ့ထားပြီးဆက်ဆံကြိုဆိုခဲ့တယ်ဆိုတာအားလုံးအသိပဲဖြစ်ပါတယ်။ဒါဟာ လူသားထုတစ်ရပ်လုံးကိုမေတ္တာထားကြောင်း ဖော်ပြခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ဟာ ယနေ့ကမ္ဘာရဲ့လူ့အဖွဲ့အစည်းအရေးနှင့်နိုင်ငံရေးအခြေအနေတွေနှင့်ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်နေရတယ်ဆိုတာ နက်နက်ရှိုင်းရှိုင်းသိပြီးဖြစ်တယ်။ယနေ့ကျွန်တော်တို့ကမ္ဘာဟာ အကြမ်းဖက်မှုတွေနဲ့ပဋိပက္ခတွေတိုးပွားရာ နေရာတစ်ခုဖြစ်လို့နေပြီး ထာဝရဘုရားသခင်နှင့်ဘာသာတရားကိုခုတုံးလုပ်ကာရက်စက်မှုတွေကျူးလွန်ရာနေရာဌာနေဖြစ်နေတယ်။မည်သည့်ဘာသာတရားကမှအဓမ္မစနစ်နဲ့အစွန်းရောက်အကြမ်းဖက်မှုကိုသွန်သင်ခြင်းမရှိဘူးဆိုပြီးတော့သာကျွန်တော်တို့နားလည်ထားပါတယ်။
'ကျုပ်ရဲ့ယုံကြည်မှုကကွဲပြားတယ်။ သူပြောတာကိုကျုပ်သမိုင်းကမထောက်ခံဘူး' လို့ဆိုသူတစ်ဦးတစ်ယောက်မှမရှိဘူး။'
အဲလိုပြောတာဟာ နိုင်ငံရေးပါ။ဘာသာရေးမဟုတ်ပါဘူး။'' ဟု ပုပ်ရဟန်း မင်းကကျွန်တော်တို့ညီလာခံကြွရောက်လာစဉ်ကမိန့်ကြားဖူးပါတယ်။

-အရှေ့အလယ်ပိုင်းတွင်လွန်ခဲ့သောရာစုနှစ်များစွာကဖြစ်ခဲ့သည်များနှင့် ယခုဖြစ်နေသည်များအကြားကမည်သို့ကွာခြားသနည်း။ လူ့အဖွဲ့အစည်းထဲသို့ဘာသာတရားရောက်လာသည့်အခါကွာခြားသွားခြင်းမရှိကြောင်း တွေ့ရပါလိမ့်မည်။ကောင်းမှုနှင့်မကောင်းမှု၊ သူတို့နှင့်ငါတို့၊ ဟိုလူနှင့်သည်လူစသည်များနှင့်ပတ်သက်၍ကျွန်တော်ပြောနေခြင်းမဟုတ်ပါ။
-ကျွန်တော်ပြောနေတဲ့အဓိကအကြောင်းကအစွန်းရောက်မှုကိုကျွန်တော်တို့တိုက်ရမယ်ဆိုတာကိုပြောနေခြင်းဖြစ်ပါသည်။


Thursday, November 19, 2015

ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း၏ ဦးစီးခေါင်းဆောင် ဟာဇရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင် ဂျပန်နိုင်ငံသို့ရောက်ရှိ


၂၀၁၅ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ် စလင်အဖွဲ့အစည်း၏ ဦးစီးခေါင်းဆောင် ပဥ္စမမြောက်ခလီဖာဟာဇ ရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ သခင်၏ တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ်ရောက်ရှိသည်။

နံနက်၇း၄ဝမိနစ်တွင် တိုကျိုမြို့ လေဆိပ်သို့ ဆိုက်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံလုံး ဆိုင်ရာ အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း၏ အမီးရ်ဥက္ကဌဖြစ်သူ Anees Ahmad Nadeem နှင့် ဂျပန်နိုင်ငံ ဂျမာအသ်သားများအပါအဝင် နိုင်ငံရပ်ခြားမှ ဂျမာအသ်များက ခလီဖာသခင်အား လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြသည်။

-ထို့နောက် သခင်က ဂျပန်န်ိုင်ငံ တိုကျိုမြို့ရှိ Meiji Shrine အဆောက်အဦးသို့ ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်ဖြင့် ကြွရောက်ခဲ့သည်။

ဂျပန်နိုင်ငံ၏အကြီးဆုံးဗလီများတွင် တစ်ခုအပါအဝင်ဖြစ်မည့် ဘိုင်တွလ် အဟဒ် ဗလီဝတ်ကျောင်းတော်



သခင်သည် ပြီးခဲ့သည့် ၂၀၀၆ခုနှစ်တွင်တစ်ကြိမ်၊၂၀၁၃ခုနှစ်တစ်ကြိမ် အသီးအသီး ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။ယခုတစ်ကြိမ် ၂၀၁၅ခုနှစ်တွင် ဂျပန်နိုင်ငံ နာဂိုယာမြို့သို့ အဟ်မဒီယာမွတ်စလင်ဂျမာအသ်၏ ဗလီဝတ်ကျောင်းတော် ဘိုင်တွလ်အဟဒ်ကို ဖွင့်လှစ်ရန် သွားရောက်ရခြင်းဖြစ် သည်။ ထိုဝတ်ကျောင်းတော်ကို သခင်က သောကြာမိန့်ခွန်းနှင့်တကွ ဖွင့်လှစ် မည်ဖြစ်သည်။ထိုသောကြာမိန့်ခွန်းကို လာမည့် ၂၀-၁၁-၂၀၁၅ခုနှစ်တွင် အမ်-တီ-အေ ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

-ဤခရီးစဉ်တွင် သခင်သည် ဂျပန်နိုင်ငံ နိုင်ငံရေးတာဝန်ရှိပုဂ္ဂိုလ်များနှင့် နာဂိုယာမြို့တွင်  တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ခြင်းအပြင် အစ္စလာမ်နှင့်ပတ်သက်သော မှတ်သားဖွယ် အထူးအရေးပါသည့်မိန့်ခွန်းကိုလည်း ထိုဗလီဝတ်ကျောင်းတော်ဖွင့်ပွဲအခမ်းအနားနှင့်ပူးတွဲမြွတ်ကြားမည်ဖြစ်သည်။

Monday, November 16, 2015

အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း၏ ဦးစီးခေါင်းဆောင်ဟာဇရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင်မှပြင်သစ်နိုင်ငံပဲရစ်မြို့ တိုက်ခိုက်မှုကိုရှုတ်ချ

 
ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း၏ ဦးစီးခေါင်း ဆောင်ပဥ္စမခလီဖာဟ် ဟာဇရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင်မှအကြမ်းဖက်သမားများကပဲရစ်မြို့အား တိုက်ခိုက်မှုကိုရှုတ်ချပြောဆိုခဲ့သည်။

-ဟာဇရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင်ကလန်ဒန်မြို့မှပြောကြားသည်မှာ-
ပဲရစ်မြို့တွင်ဖြစ်ပွားခဲ့သောစက်ဆုပ်မုန်းတီးဖွယ်အကြမ်းဖက်တိုက်ခိုက်မှုအတွက် အနူးအညွတ် ကရုဏာသက်၊ စာနာစိတ်ဖြစ်မိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်းကိုယ်စား ပြင်သစ်နိုင်ငံသူ၊ နိုင်ငံသားများနှင့်အစိုးရထံသို့ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သောဤအကြမ်းဖက်တိုက်ခိုက်မှုကိုအပြင်းထန်ဆုံးသောစကားလုံးများသုံးစွဲ၍ရှုတ်ချရမည်ဖြစ်သည်။

-သခင်ကဆက်လက်မိန့်ကြားသည်မှာ-
မည်သည့်ပုံစံ၊ အသွင်မျိုးဖြင့်မဆိုပြုလုပ်နေကြသောအကြမ်းဖက်၊ အစွန်းရောက်မှုများသည်အစ္စလာမ့်သွန်သင်ချက်နှင့် လုံးဝဆန့်ကျင်ကြောင်း အပြစ်မဲ့သူတစ်ဦးကိုသတ်ဖြတ်ခြင်းသည်လူ့အဖွဲ့အစည်းတစ်ရပ်လုံးအား သတ်ဖြတ်ခြင်းဖြစ်ကြောင်း ကျမ်းမြတ်ကုရ်အာန်ကပြောဆိုထားပြီးဖြစ်သည်။ထို့ကြောင့်မည်သည့်အခြေအနေမှာမဆိုသတ်ဖြတ်ခြင်းသည်သင့်လျော်မှုမရှိကြောင်း၊ အစ္စလာမ့်အမည်နာမကိုစွဲကိုင်ကာစက်ဆုပ်မုန်းတီးစရာကောင်းသောလုပ်ရပ်များကိုကျူးလွန်နေကြသူများသည်မိမိတို့လုပ်ရပ်များဖြင့်အစ္စလာမ်ကိုအဆိုးရွားဆုံး အသရေဖျက်နေကြခြင်းသာဖြစ်ကြောင်း။

ကျွန်ုပ်တို့၏ ကိုယ်ချင်းစာနာခြင်း၊ သနားကရုဏာသက်ခြင်းနှင့် ဆုတောင်း မှုများသည်အဆိုပါတိုက်ခိုက်မှုတွင်ဓားစားခံဖြစ်ခဲ့သူများ၊ တိုက်ခိုက်မှုခံခဲ့ရသူများ၊သေဆုံးသူများအားလုံးအတွက်ဖြစ်ပါသည်။သူတို့အားလုံးကိုဘုရားသခင်သည်းခံနိုင်စွမ်းပေးသနားတော်မူပါစေ။

မတရားသောဤအကြမ်းဖက်လုပ်ရပ်ကိုကျူးလွန်ခဲ့သူမျာကိုလည်း အလျှင်အမြန်တရား မျှတစွာ စီရင်နိုင်စေရန် ဆုတောင်းမှုပြုပါသည်။

http://www.khalifaofislam.com

Tuesday, October 20, 2015

ဗလီကျောင်းများနှင့် မွတ်စလင်များအား ဥရောပသို့ ကြိုဆိုမည်(တစ်နည်း- အဝင်ခံမည်) ဟု ဥရောပဆိုင်ရာအရာရှိ (အကြီးအကဲ ) မာကဲလ် ပြောကြား

မနေ့ကကျင်းပသည့်  ဥရောပပါလီမန်အစည်းအဝေးတွင် အန်ဂျယ်လာမာကဲလ်
ပြောကြားသောမိန့်ခွန်းပါအချက်များကို  အများသဘောတူလက်ခံခဲ့ကြသည်။
သူမဘေးတွင် ပြင်သစ်သမ္မတ Francois Hollande လည်းရှိနေသည်။ ယင်း
အစည်းအဝေးသည် (ဂျာမနီ CDU အဖွဲ့ဝင်အဖြစ်ပါဝင်သော) ဥရောပလူထု
စည်းဝေးပွဲကျင်းပသည့် တံခါးပိတ်အစည်းအဝေးများနှင့်မတူသော ထိုစည်းဝေးပွဲ
ကို EU (ဥရောပ) ပါလီမန်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ပါလီမန်အဖွဲ့ဝင်အသီးသီး၏ပြောကြားချက်များကို ခိုင်လုံစွာစုဆောင်းဖော်ပြ
သော Politico နှင့် piegelonline  မီဒီယာဝက်ဘ်ဆိုက်များ၏ဖော်ပြချက်အရ
ဒုက္ခသည်များ ခိုလှုံခြင်းကိစ္စကို လက်မခံငြင်းဆန်နေသော ဥရောပဗဟို
နိုင်ငံများဖြစ်သည့် ပိုလန်၊ ဟန်ဂေရီ၊ ချက်ပြည်သူ့သမ္မတနိုင်ငံနှင့်
ဆလိုဗာကီးယား အစရှိသောနိုင်ငံများမှ  နိုင်ငံ့အကြီးအကဲခေါင်းဆောင်များသို့

 ဥရောပဆိုင်ရာအရာရှိမာကဲလ်က မိန့်ခွန်းမှတစ်ဆင့် ယခုလိုပြောကြားလိုက်
သည်။ 
'တစ်စုံတစ်ဦးဟာ ကျုပ်ကတော့ ကျုပ်နိုင်ငံတွင်းကို ဒုက္ခသည်အများကြီး
မခေါ်သွင်းနိုင်ဘူး။ကျုပ်ကို ညှိနှိုင်းဖို့ အချိန်နည်းနည်း ထပ်ပေးပါဦး။ ယင်း
အတွက် အဖြေတစ်ခုရဖို့  ဥရောပမှာ ကျုပ်တို့ အမြဲစီမံခန့်ခွဲနေလေ့ရှိကြောင်း'
ပြောတတ်သော်လည်း မွတ်စလင်တစ်ဦး ဥရောပမှာနေထိုင်မည့်ကိစ္စနှင့်
ပတ်သက်လာလျှင်တော့  'မွတ်စလင်တစ်ဦး ဥရောပမှာ မှီတင်းနေထိုင်ရ
အောင် ဥရောပဟာ ကျုပ်ပိုင်ပစ္စည်းမှမဟုတ်တာ 'ဟူ၍် မည်သို့မျှညှိန်ှိုင်းလို့မရ
မည့် စကားကိုပြောတတ်ကြတယ် '

သူမအလိုအရ ဥရောပ၏ အများလက်ခံယုံကြည်နိုင်စွမ်းရည်သည် အခြေခိုင်ပြီး
ဖြစ်သည်။'ကျွန်မတို့နေထိုင်ရာ(ဥရောပ)မှာ မွတ်စလင်များနှင့် ဗလီကျောင်းများ
အလိုမရှိကြောင်းပြောမည်ဆိုလျှင် ကမ္ဘာမှာ ခရစ်ယာန်များလွတ်လပ်ခွင့်
အတွက် ဘယ်လိုရပ်တည်ပေးနိုင်ပါ့မလဲ။ဒါကို ဘယ်လိုမှလုပ်ပေးနိုင်လိမ့်မယ်
မဟုတ်ဘူး။ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒီလိုသဘောထားခြင်းဟာ
ဥရောပအတွက် အလွန်အန္တရာယ်များပါတယ်' ဟုသူမကပြောကြားသည်။

'စစ်အေးအဆုံးသတ်ခြင်းကို မျက်ဝါးထင်ထင်မြင်တွေ့လိုသူများအနေနှင့်
အခုကစပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ဖြစ်ပွားလာနိုင်သော
အပြောင်းအလဲများမှ အပြီးအပိုင်လွတ်မြောက်နိုင်ဖို့ တွေးတောသင့်' ကြောင်း
သူမက ထပ်လောင်းပြောကြားသည်။

'တစ်သီးတစ်ခြားနေထိုင်ခြင်းက  ကျွန်မတို့ကို ဘယ်လိုမှ ကူဖော်လောင်ဖက်
မပြုနိုင်ကြောင်း ကျွန်မတို့အရှေ့ဥရောပသားတွေ(ကျွန်မကိုယ်ကျွန်မ အရှေ့
ဥရောပသားများထဲက တစ်ဦးအဖြစ် သတ်မှတ်ပါတယ်) အတွေ့အကြုံရှိ
ထားပြီးဖြစ်ပါတယ်။' ဟု သူမကဆိုသည်။ထို့ပြင် သူမက သူမ၏


 အရှေ့ဂျာမနီအနွယ်ကိုရည်ညွှန်းလျက် ဒုက္ခသည်များကို နံရံဆောက်ပြီး
အဟန့်အတားပြုမှာမဟုတ်တော့ပါဘူး။ကျွန်မကိုယ်တိုင်လည်း အချိန်ကာလ
အတော်ကြာအောင် နံရံနောက်မှာ နေခဲ့ပြီးပါပြီ' ဟုသူမက ထပ်လောင်းပြော
ကြားခဲ့သည်။   (www.themuslimtimes.org)

Monday, October 12, 2015

ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်အဖွဲ့အစည်း၏ ဦးစီးခေါင်းဆောင် ဟာဇရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင်မှ နယ်သာလန်နိုင်ငံပါလီမန်တွင် သမိုင်းဝင်မိန့်ခွန်း မြွတ်ကြား။

အစ္စလာမ်သာသနာသည် စကြဝဠာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်
အတွက် အာမခံချက်ပေးကြောင်း၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေနှင့် တရား
မျှတစွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဟာဇရတ်မီရ်ဇာမက်စ်ရူးရ် အဟ်မဒ်
သခင်မှ မိန့်ကြား ။


-၂၀၁၅ ခုနှစ် အောက်တိုဘာလ ၆ရက်တွင် ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာ
မွတ်စလင်အဖွဲ့အစည်း၏ ပဥ္စမမြောက်ခလီဖာဟ်(ဆက်ခံသူ) ဟာဇရတ်မီရ်ဇာ
မက်စ်ရူးရ်အဟ်မဒ်သည် နယ်သာလန်နိုင်ငံ Den Haag (The Hague) မြို့တော်
အမျိုးသားလွှတ်တော်တွင်ကျင်းပသော နိုင်ငံခြားရေးရာကော်မတီ အထူး
စည်းဝေးပွဲ၌ နိုင်ငံ့အကြီးအကဲများနှင့် ဂုဏ်သရေရှိ ဧည့်ပရိသတ်၁၀၀ကျော်
ရှေ့မှောက် သမိုင်းဝင်မိန့်ခွန်းကို မြွတ်ကြားခဲ့သည်။
-သခင်သည် အခမ်းအနားသို့ ညနေ၄း၃၅တွင်ရောက်ရှိပြီး Harry Van Bommel
(ကိုယ်စားလှယ်များဆိုင်ရာအိမ်တော်အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးရာကော်မတီ၏
 လက်ထောက်သဘာပတိ)မှ သခင့်အား ကြိုဆိုပြီး ကော်မတီကျင်းပရာခန်းမသို့
ဘေးမှလိုက်ပါလျက် ခေါ်ဆောင်လာခဲ့သည်။
 Harry Van Bommel က သခင့်အား ပါလီမန်သို့ကြိုဆိုခြင်း၊
ကော်မတီဝင်တစ်ဦးချင်းနှင့်မိတ်ဆက်ပေးခြင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်
သည်။
-အယ်လ်ဘေးနီးယား၊ ခရိုအေးရှား၊ အိုင်ယာလန်၊ မွန်တီနီဂရိုး၊ စပိန်၊ နှင့်ဆွီဒင်
စသည့်နိုင်ငံများအပါအဝင် နိုင်ငံတကာမှ ပါလီမန်အမတ်များ၊ သံအမတ်များ၊
နိုင်ငံကိုယ်စားပြု ဂုဏ်သရေရှိနိုင်ငံ့အကြီးအကဲများအားလုံးကို အဆိုပါပုဂ္ဂိုလ်   
 Harry Van Bommel ကကြိုဆိုခဲ့သည်။
-ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ခြောက်လှန့်မှုများသည် ယနေ့ခေတ်၏
အရေးကြီးသောပုစ္ဆာဖြစ်နေကြောင်းကို သခင်က မိန့်ခွန်းတွင် ထည့်သွင်း မြွတ်
ကြားသည်။

-သခင်က ကျမ်းမြတ်ကုရ်အာန်၏သွန်သင်ချက်များကို အခြေခံကာ ယနေ့
ကမ္ဘာ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများအတွက် အဖြေပေးခဲ့သည်။
-အင်အားကြီးနိုင်ငံများအနေနှင့် ဖွံ့ဖြိုးစဲနိုင်ငံများကို ထောက်ပံ့ကူညီရန်နှင့်
မိမိတို့အကျိုးစီးပွားအတွက် အမြတ်ထုတ်ခြင်းမှ ရှောင်ရှားရန် သခင်က
တိုက်တွန်းနှိုးဆော်ခဲ့သည်။
-ငြိမ်းချမ်းရေးမရှိဘဲ ကမ္ဘာကြီးမတိုးတက်နိုင်ကြောင်းနှင့်စပ်လျဉ်း၍ သခင်က
မိန့်ကြားသည်မှာ-
 
ကျွန်တော်တို့ခေတ်၏ အထင်ရှား၊အပေါ်လွင်ဆုံးပြဿနာများအဖြစ်
တံဆိပ်ကပ်ခံရတဲ့ ပြဿနာအချို့ကို ယနေ့ကမ္ဘာမှာ ကျွန်တော်တို့မြင်တွေ့နေရ
ပါတယ်။ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကျွန်တော်တို့ အသေးစိတ်
သတ္တုချကြည့်လျှင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဟာ ကျွန်တော်တို့ခေတ်၏
အရေးအကြီးဆုံးသော ကိစ္စရပ်ဖြစ်ကြောင်း မြင်သိပါလိမ့်မယ်။ ကမ္ဘာကြီး
နေ့စဉ်ကြုံတွေ့ဖြတ်သန်းနေရတဲ့ မတည်ငြိမ်မှုများနှင့် အန္တရာယ်များဟာ တိုး
ပွားလာလျက်ရှိပါတယ်။ဒီလိုဖြစ်ရခြင်းဟာ တိမ်မြုပ်ငုပ်လျှိုးနေတဲ့အကြောင်း
 ရင်းများစွာပေါ်မှာ အခြေခံတယ်ဆိုတာလည်း မြေကြီးလက်ခတ်မလွဲသေချာပါ
တယ်။

ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်မတည်ငြိမ်ခြင်း၊ အစိုးရနှင့် ပြည်သူများအကြား
တရားမျှတမှုကင်းမဲ့ခြင်းနှင့် အယုံအကြည်ကင်းမဲ့ခြင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်
ဖွံ့ဖြိုးစဲနိုင်ငံများအကြား ကွာဟမှုများတိုးပွားလာခြင်း စသည်တို့အပါအဝင်
ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ အမျိုးမျိုးသောအစွယ်အပွား
(အကြောင်းချင်းရာ)များလည်း ရှိနေသေးကြောင်း သခင်ကမိန့်ကြားသည်။
အစွန်းရောက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အစ္စလာမ်ကို
လည်းကောင်း၊ အခြားဘာသာ၊သာသနာတစ်ခုခုကိုလည်းကောင်း  ရှုတ်ချပြော
ဆို၍မရနိုင်}ဟု သခင်ကမိန့်ကြားသည်။

မည်သည့်အသွင်မျိုးဖြင့်မဆိုတည်ရှိနေသော အစွန်းရောက်ဝါဒ (သို့မဟုတ်)
အကြမ်းဖက်ဝါဒကို ကျမ်းမြတ်ကုရ်အာန်ကလည်းကောင်း၊ အစ္စလာမ့် တမန်
တော်မြတ်ကလည်းကောင်း အားပေးထောက်ခံသည်ဆိုသော ထင်မြင်ယူဆချက်
သည် လုံးလုံးလျားလျား မတရားယိုးစွပ်မှုသာဖြစ်ကြောင်း သခင်က ဖော်ပြ
သည်။

-ငြိမ်းချမ်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဖော်ဆောင်နေသော အဟ်မဒီယာ
မွတ်စလင်အဖွဲ့အစည်းကို ရည်ညွှန်းလျက် သခင်ကမိန့်ကြားသည်မှာ-
ကျွန်တော်နှင့် အစစ်အမှန်အဟ်မဒီယာမွတ်စလင်အဖွဲ့ဝင်အားလုံးသည် ယနေ့
ကမ္ဘာတွင် မတည်ငြိမ်မှုများနှင့် ဖောက်ပြန်ပျက်စီးမှုများ ဖန်တီးလျက်ရှိသောသူ
များအနက်မှမဟုတ်ကြဘဲ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေးဖြန့်ကြက်ခြင်းကိုသာ
အမှန်တကယ်လိုလားသူများ၊ ကမ္ဘာပေါ်တွင် သင့်တင့်ပြေငြိမ်းမှု ဖြစ်ထွန်းရန်
ကြိုးပမ်းနေသူများ၊ လူသားအားလုံးကို တစ်စည်းတစ်လုံးတည်းဖြစ်စေရန်
ကြိုးပမ်းလုပ်ဆောင်နေသူများ၊ အမုန်းတရားများနှင့် ရန်လိုမှုများကို မေတ္တာ
တရားနှင့် ပြေငြိမ်းမှုများအဖြစ်ပြောင်းလဲရန် ကြိုးပမ်းအားထုတ်နေသူများသာ
ဖြစ်ကြပြီး အသေချာဆုံးကတော့ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးစိုက်ထူရန်
အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေကြသူများဖြစ်ကြပါတယ်။

-သခင်ကဆက်လက်မိန့်ကြားသည်မှာ-
တစ်ဦးကိုတစ်ဦး ပြစ်တင်ရှုတ်ချဝေဖန်နေခြင်း၊ သွေးထိုးလှုံ့ဆော်မှုများပြုနေ
မယ့်အစား  မှန်ကန်ပြီး အမြဲတည်မယ့် ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်မှု
ကိုသာ အာရုံစိုက်သင့်တယ်လို့ ဘာသာရေး ခေါင်းဆောင်တစ်ဦးအနေနှင့်
ကျွန်တော်ပြောလိုပါတယ်။
-ဘာသာရေးလွတ်လပ်ခွင့်နှင့် စကြဝဠာလုံးဆိုင်ရာ လူ့အခွင့်အရေး တည်
ဆောက်ပေးရန် အစ္စလာမ်ကရပ်တည်နေခြင်းဖြစ်ကြောင်း ကျမ်းမြတ်ကုရ်အာန်
၏အာယတ်မုက္ခတ်တော်အချို့ကိုဖတ်ရွတ်ကာ သခင်က ရှင်းလင်းမိန့်ကြား
သည်။
အစ္စလာမ့်တမန်တော်မြတ်နှင့်(ကိုယ်တော့်သာဝက)ရှေးဦးမွတ်စလင်များဆင်နွှဲခဲ့
သော စစ်ပွဲများသည် လုံးလုံးလျားလျား ခုခံစစ်သာဖြစ်ပြီး ဘာသာရေး လွတ်
လပ်ခွင့်ဆိုင်ရာ အခြေခံစည်းမျဉ်းဥပဒေများနှင့် ယုံကြည်မှုကို ကာကွယ်ရန်
တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သခင်ကရှင်းလင်းမိန့်ကြားသည်။

-ဟာဇရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင်က မိန့်ကြားသည်မှာ-
ဘာသာရေးလွတ်လပ်ခွင့် နဂိုကပင်ရှိထားပြီးသောနေရာတွင် စစ်ဆင်နွှဲရန်
မွတ်စလင်များအားခွင့်ပြုထားခြင်းမရှိကြောင်း ကျမ်းမြတ်ကုရ်အာန် ကဏ္ဍတော်
၂ မုက္ခပါဌ်တော်၁၉၄မှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ရှိပါတယ်။ဒီတော့
နိုင်ငံအရဖြစ်စေ၊ အုပ်စုအရဖြစ်စေ၊ တစ်ဦးချင်းအနေနှင့်ဖြစ်စေ မည်သည့်
မွတ်စလင်တွင်မျှ မည်သည့်ပုံစံဖြင့် အကြမ်းဖက်မှုကိုမဆို ကျူးလွန်ခြင်း၊ 
စစ်မက်တိုက်ခြင်း၊ (သို့မဟုတ်) ဥပဒေမဲ့ပြုမူခြင်း၊ တိုင်းပြည်ကိုဖြစ်စေ
တိုင်းသူပြည်သားများကိုဖြစ်စေ ကျူးကျော်တိုက်ခိုက်ခြင်း စသည်များကို ပြုလုပ်
ပိုင်ခွင့်မရှိပါဘူး။

-ဟာဇရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင်က ဆက်လက်မိန့်ကြားသည်မှာ-
အနောက်တိုင်းနှင့်ဥရောပရှိ အစိုးရအာဏာပိုင်တွေဟာ ဘာသာရေးမဖက်
လောကီရေးသက်သက်နှင့်အုပ်ချုပ်တဲ့သူတွေဖြစ်တာကြောင့် မွတ်စလင်
တစ်ဦးအနေနှင့် နိုင်ငံ၏ဥပဒေကို ချိုးဖောက်ဖို့ (သို့မဟုတ်) အစိုးရကို
အကြမ်းဖက်ဆန့်ကျင်ဖို့ (သို့မဟုတ်) မည်သည့်ပုံစံနှင့်မဆို အကြမ်းဖက်၊
ပုန်ကန်သောင်းကျန်းရန် သွေးထိုးလှုံ့ဆော်ပေးဖို့ လုံး၀ အခွင့်မရှိဘူးဆိုတာဟာ
လွယ်လင့်တကူ နားလည်လို့ရနိုင်တဲ့ကိစ္စပါပဲ

-နိုင်ငံတကာဆက်ဆံရေးတွင် တရားမျှတမှု၏ အလွန်အရေးကြီးသောအခန်း
ကဏ္ဍအကြောင်းကိုပြောလျက် သခင်ကမိန့်ကြားသည်မှာ-
မည်မျှပင်မတူကွဲပြားသည်ဖြစ်စေ အခြေအနေတိုင်းတွင် တရားမျှတမှုကို လက်
ကိုင်ထားကျင့်သုံးရမည်ဖြစ်ကြောင်း အစ္စလာမ်ကသွန်သင်တယ်။ လူတန်းစား
အလွှာအသီးသီး တရားမျှတမှုမတည်ဆောက်နိုင်သေးသမျှ ခိုင်ခံ့မြဲမြံသော
ငြိမ်းချမ်းရေးကို စိုက်ထူနိုင်ဦးမှာမဟုတ်ဘူးဆိုတာ အမှန်ပါပဲ။

-အစ္စလာမ်က ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ကို ပြဌာန်းကြောင်း
သခင်ကရည်ညွှန်းလျက် မိန့်ကြားသည်မှာ-
လွတ်လပ်ခွင့်၊ အဖိအနှိပ်ကင်းလွတ်ခွင့်နှင့် ဘာသာတရားအသီးသီးမှ
ဘာသာဝင်များကို စောင့်ရှောက်ကာကွယ်ခြင်းတို့အတွက် အစ္စလာမ်က
အာမခံချက်ပေးထားပါတယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ
မိမိနှစ်သက်ရာယုံကြည်(ကိုးကွယ်)မှု (သို့မဟုတ်) လမ်းစဉ်ကို လိုက်နာ
လျှောက်လှမ်းနိုင်ခြင်းဆိုတဲ့ လူသားတိုင်းရဲ့အခွင့်အရေးကို အစ္စလာမ်က
အကာအကွယ်ပေးပါတယ်။

-ကမ္ဘာကြီးလုံခြုံငြိမ်းချမ်းမှုရရှိရန်နှင့်စပ်လျဉ်းလို့  သခင်ကမိန့်ကြားသည်မှာ-
ကမ္ဘာဟာ လုံခြုံငြိမ်းချမ်းရေးကို အပူတပြင်းလိုအပ်နေတဲ့အခြေအနေမှာ
ရောက်နေရပါတယ်။ဒါဟာ ကျွန်တော်တို့ခေတ်ကာလရဲ့ ချက်ချင်းလက်ငင်း
ဖြစ်ပေါ်နေတဲ့ပုစ္ဆာပါပဲ။ဘာသာရေးကိုခုတုံးလုပ်၍လည်းကောင်း၊ အခြားမည်
သည့်နည်းနှင့်မဆို အသွင်သဏ္ဍန်၊ပုံစံအမျိုးမျိုးနှင့် ကျူးလွန်နေတဲ့ ရက်စက်မှု
များ၊ လူမဆန်စွာ ဖိနှိပ်ညှင်းပန်းမှုများ၊ မတရားမှုများကို နိုင်ငံအသီးသီးနှင့်
လူသားအားလုံးပူးပေါင်းလက်တွဲပြီး ရပ်တန့်ပစ်ဖို့ အစွမ်းကုန် အားထုတ်ကြိုးပမ်း
ရမှာဖြစ်ပါတယ်။ မခံချင်စိတ်အုံကြွလာအောင် အချည်းအနှီး၊ အကျိုးမဲ့

 ဘာသာတစ်ခုကို လှောင်ပြောင်ပြက်ရယ်ပြုခြင်း၊ ဘာသာရေးကိုခုတုံးလုပ်ပြီး
ဆိုးသွမ်းတဲ့လုပ်ရပ်တွေလွန်ကျူးကြတဲ့ အစွန်းရောက်အုပ်စုတွေရဲ့ ရွံ့မုန်းစရာ
ကောင်းသောလှုပ်ရှားမှုများ စသည်များလည်း ဒီ (ရပ်တန့်နှိမ်နင်းပစ်ရမဲ့)ထဲမှာ
အပါအဝင်ဖြစ်ပါတယ်။
-နိဂုံးချုပ်တွင် အင်အားကြီးနိုင်ငံများအား မိမိတို့အကျိုးစီးပွားအတွက်
နိုင်ငံငယ်များကို အမြတ်ထုတ်ခြင်းများမှ ရှောင်ကြဉ်ကြရန် သခင်က
ထည့်သွင်းပြောကြားခဲ့သည်။
ဟာဇရတ်မီရ်ဇာမက်စ်ရူးရ်အဟ်မဒ်သခင်က မိန့်ကြားသည်မှာ-
ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ ဖွံ့ဖြိုးစဲနိုင်ငံငယ်ကလေးတွေမှာ ရင်နှီးမြုပ်နှံမှုများ ပိုမိုပြု
လုပ်လာနေကြတာကို ယနေ့ ကျွန်တော်တို့မြင်တွေ့နေကြရပါတယ်။ သူတို့အနေ
နှင့် တရားမျှတစွာဖြင့်လုပ်ဆောင်ပြီး နိုင်ငံငယ်တွေကိုထောက်ပံကူညီရန် မဖြစ်
မနေ ကြိုးပမ်းဖို့လိုအပ်ပါတယ်။နိုင်ငံငယ်တွေရဲ့သယံဇာတတွေကို အသုံးချဖို့
သက်သက်နှင့် အလုပ်သမားလစာချိုးနှိမ်ပေးပြီး မိမိတို့နိုင်ငံအကျိုးစီးပွား
အတွက် အမြတ်ထုတ်တာမျိုး မဖြစ်စေရပါဘူး။

-သခင်ကဆက်လက်မိန့်ကြားသည်မှာ-
သူတို့(ချမ်းသာကြွယ်၀သောနိုင်ငံများ)အနေနှင့် နိုင်ငံငယ်များထံမှရသော
(အမြတ်အစွန်း)ဓနဥစ္စာများထဲမှအများစုကို ထိုနိုင်ငံငယ်များ၌ပင် ပြန်လည်
ရင်းနှီးမြုပ်နှံခြင်းဖြင့် (န်ိုင်ငံငယ်များရှိ) တိုင်းသူပြည်သားများ၏ ဖွံ့ဖြိုးတိုးတက်
ရေးနှင့်ဖူလုံရေးကို ထောက်ပံ့ကူညီရမှာဖြစ်တယ်။ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဒီနည်း
လမ်းကို အသုံးချမယ်ဆိုရင် ဒါဟာ ဖွံ့ဖြိုးစဲနိုင်ငံငယ်တွေလောက်ကိုပဲ
အကျိုးဖြစ်ထွန်းစေမှာမဟုတ်ဘဲ နှစ်ဦးနှစ်ဖက်စလုံးကို အပြန်အလှန် အကျိုးဖြစ်
ထွန်းစေမှာဖြစ်ပါတယ်။ဒါ့ပြင် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုမှာလည်းတိုးတက်
လာမှာဖြစ်သလို ဦးမော့စပြုနေပြီဖြစ်တဲ့ အချည်းနှီးအကျိုးမဲ့ကိစ္စရပ်များကိုလည်း
ဖယ်ရှားပြီးဖြစ်ပါလိမ့်မယ်။နိုင်ငံတွင်း ဂေဟစနစ်ကို ဖွံ့ဖြိုးတိုးတက်စေတဲ့
အကြောင်းခံနှင့် အဲဒိကမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာဂေဟနစ်ကို တိုးမြှင့်ခြင်း
နှင့် ကမ္ဘာ့ငွေကြေးလည်ပတ်မှုစနစ်ကိုလည်း တိုးတက်ကောင်းမွန်လာစေလိမ့်မှာ
ဖြစ်ပါတယ်။


-သခင်က နိဂုံးချုပ်မိန့်မှာစကား မိန့်ခြွေပြီးနောက် ဘာသာရေးလွတ်လပ်ခွင့်၊
လွတ်လပ်စွာပြောဆိုခွင့်၊ ဒုက္ခသည်များအရေးနှင့် အဟ်မဒီမွတ်စလင်များအား
ဖိနှိပ်ညှင်းပန်းမှု စသည့်အကြောင်းများအပါအဝင် လတ်တလောဖြစ်ပွားနေ
သည့် အကြောင်းချင်းတများကို ကော်မတီဝင်များက သခင့်ထံ မေးမြန်းဆွေးနွေး
ခဲ့ကြသည်။

-နိုင်ငံ့အကြီးအကဲများ၊ ဂုဏ်သရေရှိဧည့်သည်တော်များနှင့် သခင်က တစ်ဦးချင်း
တွေ့ဆုံခဲ့ပြီး သခင့်အား ပါလီမန်ထဲမှ သမိုင်းဝင်အခန်းများသို့ လှည့်
လည်ကြည့်ရှုမှုပြုစေခဲ့သည်။    

Monday, August 10, 2015

သဘာဝဘေးအန္တရာယ်လား ၊ ဘုရားရှင် အပြစ်ပေးဒဏ်ခတ်မှုလား?


တကယ်လို့ထာဝရဘုရားရှင် ဆိုတာရှိတယ်ဆိုရင် သူဟာ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ဆူနာမီတွေ၊ မုန်တိုင်းတွေ၊ ရေကြီးမှုတွေကို ဘာကြောင့်ဖြစ်စေတာလဲ? အဲ့ဒါတွေဟာ သဘာဝအတိုင်းဖြစ်တာလား ဘုရားသခင် ဒဏ်ခတ်တာလား?

ဒီထက်ပိုပြီးမေးကြတာက ဘာကြောင့်များ ထာဝရဘုရားရှင်က လူတွေခံစားနာကျင်စရာတွေပြုလုပ်ထားတာလဲ၊ ဘာလို့ခံစားနာကျင်စေရတာလဲ? အကြောင်းအရင်းက ထာဝရဘုရားသခင်ဟာ စကြာဝဠာကမ္ဘာလောကကို ထိန်းကျောင်းတဲ့ သဘာဝဓမ္မ (သို့) သဘာဝဥပဒေကို ဖန်ဆင်းထားတယ်။ ဥပမာအားဖြင့် အကြောင်းနဲ့အကျိုး၊ သက်ရောက်မှုနဲ့ တန်ပြန်သက်ရောက်မှု စတာတွေဟာ သဘာဝတရားဥပဒေတွေဖြစ်ကြတယ်။ ခံစားနာကျင်ရတဲ့ ဒုက္ခအခက်အခဲအများစုဟာ လူတွေပြုမူတဲ့ တစ်ချို့သောလုပ်ရပ်တွေရဲ့ တန်ပြန်သက်ရောက်မှုပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားသခင်ဟာ ဒီအကျိုးတရား၊ တန်ပြန်သက်ရောက်မှုတွေကို ဟန့်တားကာကွယ်ပေးထားနိုင်စွမ်းရှိတယ်။ ဒါပေမယ့် ဒုက္ခအခက်အခဲတွေဟာ လူသားကို စမ်းသပ်စစ်ဆေးတဲ့ ပုံစံတစ်မျိုးဖြစ်တာကြောင့် အဲ့ဒီအပေါ်မှာ ကြံ့ကြံ့ခံ သည်းခံမြံမြဲမှုနဲ့ တုန့်ပြန်မယ်ဆိုရင် ဘုရားသခင်နဲ့ နီးစပ်မှုရရှိမှဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ ဆုံးရှုံးမှုတွေအတွက် ဘုရားရှင်ကို မနာခံအပြစ်တင်မယ်ဆိုရင်တော့ ဒီစမ်းသပ် စစ်ဆေးမှုမှာ ကျရှုံးမှာဖြစ်ပြီး ဘုရားရှင်နဲ့ ဝေးရာကို ရောက်ရှိမှာဖြစ်တယ်။ ဒီသဘောတရားကို တွေးတောကြည့်မယ်ဆိုရင် တကယ်လို့ ဒုက္ခအခက်အခဲတွေကို ထာဝရဘုရားရှင်က ဖယ်ရှားလိုက်မယ်ဆိုရင် တပြိုင်နက်တည်း ကျွန်ုပ်တို့လူသားတွေတိုးတက်ဖွံ့ဖြိုးနိုင်တဲ့ အစွမ်းသတ္တိတွေပါ ဖယ်ရှားလိုက်သလိုဖြစ်သွားမှာဖြစ်တယ်။ ဖန်ဆင်းထားတဲ့ သဘာဝဓမ္မဥပဒေအရ တစ်ချို့သဘာဘေးအန္တရာယ်တွေဖြစ်ပျက်ရမှာဖြစ်ပြီး ဘုရားရှင်က ဒါတွေကို တားဆီးမှာမဟုတ်ဘူး။

ရှေးအချိန်ကာလကတည်းက သဘာဝဘေးအန္တရာယ်တွေဟာ ဖြစ်ပွားနေခဲ့ပြီး ယခုအချိန်အထိလည်း ဆက်လက်ဖြစ်ပွားနေဆဲပါ။ သဘာဝဘေးအန္တရာယ်ရဲ့ ရလာဒ်ဟာ တစ်ချို့အကျိုးကျေးဇူးတွေ ဖြစ်နိုင်သလို တစ်ချို့ဘေးအန္တရာယ်တွေဖြစ်စေနိုင်တယ်။ တစ်ခါတစ်ရံမှာ သဘာဝဘေးအန္တရာယ်ကြောင့် ရှားပါးမှု၊ ဒုက္ခအခက်အခဲတွေနဲ့ ဆုံးရှုံးမှုတွေ ဖြစ်စေနိုင်ပြီး တစ်ခါတစ်ရံမှာ ပေါများကြွယ်ဝမှုတွေနဲ့ သက်တောင့်သက်သာဖြစ်စေတဲ့ ဘဝအခြေအနေမျိုးကို ရရှိနိုင်တတ်တယ်။ ဖန်ဆင်းထားတဲ့ အကြောင်းအကျိုးနိယာမအတိုင်း သဘာဝဘေးအန္တရာယ်တွေကို ဖြစ်ပျက်စေမလား ဒါမှမဟုတ် ကာကွယ်ထားမလားဆိုတာကို ထာဝရဘုရားရှင်ကပဲ ရွေးချယ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဘုရားရှင်ဟာ ဝင်ရောက်ဟန့်တားမှာမဟုတ်ဘဲ ကျွန်ုပ်တို့မည်သို့မည်ပုံတုန့်ပြန်မလဲဆိုတာကို ကြည့်ရှု့မှာဖြစ်တယ်။ပုံမှန်အားဖြင့် လူသားဟာ စိတ်ပျက်အားလျော့ရတဲ့အချိန်မှာ ဘုရားရှင်ဘက်ကို ဦးလှည့်တတ်တယ်။ လူအုပ်စုတစ်ခုဟာ ဘုရားရှင်နဲ့ ဝေးရာဘက်ကိုလှည့်သွားပြီဆိုရင် ထာဝရဘုရားရှင်ဟာ တမန်တော်တွေစေလွှတ်ပြီး မှန်ကန်တဲ့ လမ်းဘက်ကို လမ်းညွှန်ပြသစေတယ်။ တကယ်လို့ လူတွေဟာ ဘုရားရှင်ဘက်က သတင်းစကားကို ငြင်းပယ်ပြီး သူတို့ရဲ့ မကောင်းမှုတွေထဲမှာ ဆက်လက်နစ်မွန်းနေမယ်ဆိုရင် သူတို့ကို ဒဏ်ခတ်အရေးယူခြင်းနဲ့ သတိပေးတော်မူမယ်။ ဒါမှမဟုတ် ဒီမကောင်းတဲ့အုပ်စုအားလုံးကို အတူတကွဖျက်စီးတော်မူပြီး လူကောင်းသူကောင်းတွေကိုပဲ ဆက်လက်တိုးတက်ဖွံ့ဖြိုးစေမယ်။ ကမ္ဘာ့ဘာသာအသီးသီးက ကျမ်းစာတွေဟာလည်း ဒီအတိုင်းဖော်ပြကြတယ်။ ကျမ်းမြတ်ကိုရ်အာန်မှာ လာရှိတာက ....

" ငါအရှင်မြတ်သည် မည်သည့်မြို့ရွာသို့မဆို တမန်တော် တစ်ပါးပါးကိုစေလွှတ်တော်မူလေတိုင်း ယင်း၌နေထိုင်သူတို့အားတစ်ခါတစ်ရံ ကျပ်တည်းမှုဖြင့်လည်းကောင်း၊ တစ်ခါတစ်ရံ
ဆင်းရဲဒုက္ခဖြင့်လည်းကောင်း ကြုံတွေ့စေတော်မူ၏၊ သို့ဖြင့် သူတို့နှိမ့်ချကျိုးနွံကြစေခြင်းအလို့ငှာဖြစ်၏။ထို့နောက်တွင် ငါအရှင်မြတ်သည် သူတို့၏ဆိုးဝါးသောအခြေအနေ
ကို ကောင်းသောအခြေအနေဖြင့် ပြောင်းလဲပေးတော်မူခဲ့၏။နောက်ဆုံးတွင် ထိုသူတို့သည် (ယင်းကို)လျစ်လျူပြုခဲ့ကြပြီးဆင်းရဲဒုက္ခသည်လည်းကောင်း ပျော်ရွှင်လွယ်ကူမှုသည်လည်းကောင်း ငါတို့၏ဘိုးဘေးတို့အားလည်း  သက်ရောက်လေ့ရှိခဲ့ကြ၏။ (ယခုငါတို့အပေါ်ကျရောက်လည်း အရေးမကြီး) ဟု ပြောဆိုကြ၏။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့သတိမမူခိုက်မှာပင် ရုတ်တရက် ဖမ်းဆီးတော်မူခဲ့ပေသည်။ (ကိုရ်အာန် ၇ း ၉၅-၉၆) "




ျမြင့်မြတ်တဲ့ကျမ်းစာတွေမှာ ဘုရားရှင်ရှိကြောင်း၊ ဘုရားရှင်လမ်းတော်ကို လိုက်နာဖို့ အရေးကြီးကြောင်း သင်ကြားပေးဖို့ တမန်တော်တွေစေလွှတ်ခဲ့ကြောင်း ကျွန်ုပ်တို့ ဖတ်ရှုရတယ်။ တမန်တော် အားလုံးဟာသတိပေးနှိုးဆော်သူတွေဖြစ်ပြီး လူသားဟာဘုရားရှင်ဘက်မလှည့်ဘူးဆိုရင် အပြစ်ပေးခံရမှာဖြစ်တဲ့အကြောင်း ရှင်းလင်းပြသခဲ့ကြတယ်။ ထာဝရဘုရားရှင်ရဲ့ အပြစ်ပေးဒဏ်ခတ်မှုဟာ သဘာဝဘေးအန္တရာယ်ပုံစံတွေပဲဖြစ်တယ်။ ကျမ်းမြတ်ကိုရ်အာန်မှာ တမန်တော်နူးဟ် ( သမ္မာကျမ်းစာတွင် နောဧ) ခေတ်ကာလ မယုံကြည်သူတို့အားရေလွှမ်းမိုးခြင်း အကြောင်းကိုခုလို ဖော်ပြထားတယ်။

"တမန်တော် နူးဟ် ၏အမျိုးသားတို့သည် သူတို့ရှေ့မှောက်ရှိ အမှန်တရားကို ငြင်းပယ်ခဲ့ကြပြီ။ သူတို့သည် ငါအရှင်၏ အစေတော်ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲခဲ့ကြပြီးရူးသွပ်သူ ဟု ပြောဆိုကြ၏။
 ထိုအခါ သူသည် မိမိအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံ ကျွန်တော်မျိုးသည် ဧကန်ပင် အရေးမလှရှုံးနိမ့်သူဖြစ်နေပါ၏။ ထို့ကြောင့် ကျွန်တော်မျိုးအားကူညီစောင်မတော်မူပါဟုပန်ကြားခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်သည် အဆက်မပြတ်ရွာသွန်းစေတော်မူသော မိုးရေအသွင်ဖြင့် ကောင်းကင်တံခါးများကို ဖွင့်ချလိုက်တော်မူ၏။ ထို့ပြင် ကမ္ဘာမြေပြင်မှ ရေများကို ခွဲ
ထွက်စေတော်မူ၏။ သို့ဖြစ်ရာ ရေသည် ကြိုတင်သတ်မှတ်ပြဋ္ဌာန်းခဲ့သော အမိန့်တော်အတိုင်း စုစည်း၍ သွားခဲ့လေသည်။၎င်းပြင် သူ(တမန်တော်နူးဟ်)အား ပျဉ်ချပ်များနှင့် သံများဖြင့်ပြီးသည့် (လှေသင်္ဘော)ပေါ်သို့ စီးနင်းစေတော်မူ၏။"  (ကိုရ်အာန် ၅၄ း ၁၀-၁၃)

အဲ့ဒီနောက် အာ့ဒ်လူမျိုးများအား ဟာရီကိန်းမုန်တိုင်းက ဖျက်စီးသွားခဲ့ပုံကို ...
 " အာဒ် (အမျိုးသား) တို့သည်လည်း (ငါအရှင်မြတ်၏တမန်တော်ကို) မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြ၏။ သို့ဖြစ်ရာ ငါအရှင်မြတ်၏ အပြစ်ဒဏ်နှင့် သတိပေးနှိုးဆော်မှုသည် မည်သို့ရှိခဲ့ပေသနည်း။ စင်စင်ငါအရှင်မြတ်သည် ကြာရှည်စွာတည်တံ့မည့်မင်္ဂလာမရှိသောနေ့ရက်တစ်ခုတွင် ယင်းတို့အပေါ် အလွန်ပြင်းထန်စွာတိုက်ခတ်သောလေကို စေလွှတ်တော်မူခဲ့၏။ " (ကိုရ်အာန် ၅၄ း ၁၉-၁၃)

ဒါမှမဟုတ် လူးတ် အမျိုးသားများဟာ မီးတောင်ပေါက်ကွဲမှုနဲ့အတူ အပြစ်ပေးအရေးယူခံကြရတယ်။" သို့ဖြစ်ရာ နံနက်မိုးသောက်သည်နှင့် ကျယ်လောင်မြည်ဟီးသော အပြစ်ဒဏ်သည် သူတို့ (လူးတ်လူမျိုးတို့)အား လာရောက်ဖမ်းဆီးခဲ့လေသည်။သို့ဖြင့် ငါအရှင်မြတ်သည် ထို(အရပ်)ကို အထက်အောက်ပြောင်းပြန်ဖြစ်စေတော်မူခဲ့၏။ ထို့ပြင်  ၎င်းတို့အပေါ် ကျောက်စရစ် ကျောက်ခဲမိုးကို ရွာချစေတော်မူခဲ့၏။" (ကိုရ်အာန် ၁၅ း ၇၄-၇၅)

ဒါပေမယ့် လူသားတွေဟာ ဒီအပြစ်ဒဏ်ခေတ်မှုတွေကို ပုံပြင်ဟောင်းတွေလို ဘေးဖယ်ထားကြတယ်။ ဒီမှာ မေးစရာရှိတာက ကျွန်ုပ်တို့ယခုခေတ်ကာလမှာ ကြုံတွေ့နေရတဲ့ ဘေးအန္တရာယ်တွေဟာ သဘာဝဘေးအန္တရာယ်လား ၊ ဘုရားရှင်ရဲ့ အပြစ်ဒဏ်ခတ်မှုလား ? နောက်ပြီးတော့ သဘာဝဘေးအန္တရာယ်နဲ့ ဘုရားသခင်ဒဏ်ခတ်မှုကို ဘယ်လိုခွဲခြားမလဲ? ဆူနာမီတွေ၊ ပါကစ္စတန် မြေငလျှင်လှုပ်တာတွေ၊ အမေရိကားက ကတ်ထရီးနားမုန်တိုင်းတွေ၊ နာဂစ်မုန်တိုင်းတွေ စတာတွေက ဘယ်လိုအမျိုးအစားထဲပါသလဲ? ဘုရားရှင်ရဲ့ အပြစ်ဒဏ်လို့ သိသာထင်ရှားတဲ့ အမှတ်လက္ခဏာက ဒီလိုအဖြစ်အပျက်အကြောင်းအရာတွေ မဖြစ်ပျက်မီက တမန်တော်တစ်ပါးပါးက ကြိုတင်ပြောကြားထားတာပဲဖြစ်တယ်။ တမန်တော်ဟာ ဒီသတင်းစကားကို ကြိုတင်ပြောကြားထားပြီးပြီ။ ဘုရားရှင်ဟာ သူတို့ကို အပြစ်ဒဏ်နဲ့ သတိမပေးမချင်း ဒါမှမဟုတ် ဖျက်စီးမှုမရောက်လာမချင်း သူတို့ဟာ ငြင်းပယ်ပြီး သူတို့ကိုယ်ပိုင်လမ်းစဉ်အတိုင်း ဆက်လက်ပြီး ဘုရားရှင်နဲ့ ဝေးရာကို သွားနေကြတယ်။ ဒီလိုဆိုရင် ကျွန်တော်ဟာ သတိပေးခံနေရပြီလား ?
ကျွန်ုပ်တို့ဟာ ကမ္ဘာ့နှောင်းပိုင်းခေတ်ကာလတွေကို ရောက်ရှိနေတာဖြစ်ပါတယ်။ ခရိယာန်သမ္မာကျမ်းစာမှာ ကမ္ဘာ့နောက်ဆုံးနေ့ရက်တွေနဲ့ ပတ်သတ်လို့ ဖော်ပြထားရာမှာ ခရစ်တော် သခင်ယေရှုက ...

" သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့ သောသိတင်းစကားကို၎င်း ကြားရကြလိမ့်မည်၊ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။ " (သမ္မာကျမ်းစာ - ရှင်မသဲခရစ်ဝင် အခန်းကြီး ၂၄ အခန်းငယ် ၆ မှ ၈ )


အာဖရိက အစာရေစာ ရှားပါးမှု



လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်အတွင်းမှာ ကြောက်လန့်ဖွယ်ရာ ကမ္ဘာစစ်ကြီးတွေ၊ ခေါင်းပါးငတ်မွတ်စေတဲ့ ကပ်ဘေးကြီးတွေ၊ AIDS ရောဂါလို ကပ်ဘေးတွေ၊ ကမ္ဘာအနှံ့လူအသေအပျောက်များလွန်းတဲ့ ငလျင်ကြီးတွေ စတာတွေကို ကျွန်တော်တို့တွေ့မြင်ခဲ့ရပြီးပါပြီ။ ဒီနေရာမှာ အထူးသတိပြုရမယ့်အချက်တစ်ခုက လွန်ခဲ့တဲ့နှစ်ပေါင်း (၁၁ဝဝ) ခုနှစ်အတောအတွင်းမှာ ပြင်းထန်တဲ့ ငလျင်ပေါင်း (၁၁) ခုပဲ လှုပ်ခတ်ခဲ့တယ်။ လူအသေအပျောက်ဟာလည်း (၅ဝ,ဝဝဝ) ကျော်မျှသာရှိခဲ့တယ်။ ဒါပေမယ့် ယခု (၁၉၀၅) ခုနှစ်ကနေ ယခုအချိန်ထိ နှစ်ပေါင်း (၁ဝဝ) အတောအတွင်းမှာ ကြောက်စရာကောင်းလှတဲ့ အလားတူငလျင်ပေါင်း (၁၃) ခုခန့်မက စံချိန်တင်လှုပ်ခတ်ခဲ့တယ်။ ဒါတင်မက ကမ္ဘာစစ်မီးကြီးတောက်လောင်ခဲ့ပြီး နိုင်ငံပေါင်း (၃၅) နိုင်ငံကိုပျံ့နှံ့ရာက လူပေါင်း (၉၅) သန်းခန့် အသက်ဆုံးရှုံးခဲ့ရတယ်။ အခုရာစုနှစ်အသစ်မှာလည်း ကြီးမားတဲ့ ဘေးအန္တရယ်တွေ အီရန်ငလျင်၊ ဆူနာမီ ၊ ကတ်ထရီးနာမုန်တိုင်း ၊ နာဂစ်၊ ပါကစ္စတန်ငလျှင် ၊ နီပေါငလျှင် ၊ ကမ္ဘာ့အနှံ့ ရေကြီးမှုတွေ၊ မိုးခေါင်တာတွေ စတာတွေဟာ ဆက်လက်ဖြစ်ပေါ်နေတယ်။

နီပေါငလျင်
ဒီလိုဘေးအန္တရာယ်တွေဟာ ကမ္ဘာ့နှောင်းပိုင်းကာလကို ညွှန်ပြတဲ့ နိမိတ်လက္ခဏာတွေဖြစ်မယ်ဆိုရင် နောက်ပြီး ကျွန်တော်တို့ဟာ ဘုရားရှင် ဒဏ်ခတ်မှုကို ခံနေကြရတာဆိုရင် ဒီမတိုင်ခင် သတိပေး နှိုးဆော်တဲ့သူက ဘယ်မှာလဲ? တမန်တော်မိုဟမ္မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ဟာ လူသားမျိုးနွယ်တစ်ခုလုံးအတွက် ပွင့်ပေါ်ခဲ့တဲ့ တမန်တော်ဆိုတာကို ကျွန်တော်တို့အားလုံးယုံကြည်ကြတယ်။ သူဟာ ကျမ်းတော်မြတ်ကိုရ်အာန်မှာ တွေ့ရတဲ့ မုက္ခပတ်တော်အားဖြင့်လူသားထုကို ဘုရားသခင်ရဲ့ သတင်းစကားပါးခဲ့တယ်။ ဒါတင်မက ဘုရားသခင်ရဲ့ သတင်းစကားအတိုင်းမလိုက်နာရင် ကြုံတွေ့ရမယ့် အပြစ်ဒဏ်အကြောင်းကိုလည်းသတိပေးခဲ့တယ်။ ဒါ့အပြင် တမန်တော်မိုဟမ္မဒ်သခင် (ဆွ) က နှောင်းပိုင်းကာလမှာ လာရောက်မယ့် ကတိတော်လာ မဆီဟ် (မဆိုင်ယာ -ကယ်တင်ရှင်) လာရောက်မယ့်အကြောင်းကိုလည်း ကြိုတင်အသိပေးပြောကြားခဲ့တယ်။ ဒီတူညီတဲ့အကြောင်းအရာကို ခရိယာန်သမ္မာကျမ်းစာမှာလည်း ထင်ထင်ရှားရှားဖော်ပြထားတယ်။ ဟာဇရတ် မီရ်ဇာ ဂူလာမ် အဟ်မဒ် သခင် (ငြိမ်ချမ်းခြင်းသက်ရောက်ပါစေ) ဟာ တမန်တော်မိုဟမ္မဒ် ကြိုတင်ကတိပေးထားတဲ့ မဆီဟ် ဖြစ်ကြောင်း ကြေငြာခဲ့ပြီး (၁၈၈၉) ခုနှစ်မှာ လုပ်ငန်းဆောင်တာတွေလုပ်ဆောင်ခဲ့ပြီး (၁၉၀၈) ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်။ သူ့ရဲ့သတင်းစကားက တမန်တော် မိုဟမ္မဒ် (ဆွ) နဲ့ ကျမ်းတော်မြတ်ကိုရ်အာန် အလေးအနက်ပြန်လည်တင်ပြဖို့ဖြစ်တယ်။ စိတ်မကောင်းစရာက လူသားမျိုးနွယ်ဟာ ဒီသတင်းစကားဖိတ်ခေါ်မှုဘက်ကို ဦးလှည့်ခြင်းမရှိဘဲ ဘုရားရှင်နဲ့ဝေးရာဘက်ကိုဆက်လက်လျှောက်လှမ်းလျှက်ရှိနေတယ်။ ဒါကြောင့် ဒီသဘာဝဘေးအန္တရာယ်တွေဟာ လူသားကို သတိပေးနှိုးဆော်မှုတွေဖြစ်ပြီး သူတို့ဟာ သူတို့ရဲ့လက်ရှိဦးတည်ချက်ကို မပြောင်းလဲဘူးဆိုရင်ဘုရားရှင်ဟာ သူတို့ကိုဖျက်စီးမှာဖြစ်ပြီး သူ့ကို ယုံကြည်သူတွေကိုပဲ ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်တယ်။ သတိပြုရမဲ့အချက်တစ်ခုက ဘုရားသခင်ဒဏ်ခတ်မှုကျရောက်တဲ့အခါမှာ သူဟာယုံကြည်သူတွေကို ဖျက်စီးလိမ့်မှာမဟုတ်ဘူး။ အထက်မှာ ဖော်ပြခဲ့တဲ့ဥပမာတွေအတိုင်းပဲ တမန်တော် နူးဟ်( နောဧ) ၊ အာ့ဒ် ၊ လူးတ် လူမျိုးတွေဆီစေလွှတ်တဲ့ တမန်တော်နဲ့ သူ့ရဲ့နောက်လိုက်တွေဟာ ကယ်တင်ခြင်းခံရပြီး မယုံကြည်သူတွေသာ ဖျက်စီးခြင်းခံရတယ်။


နှောင်းခေတ်ကာလ၏ နိမိတ်လက္ခဏာများ


ဒါကြောင့် ယခုအချိန်ဟာ လူသားတွေအတွက် မကောင်းမှုတွေကို စွန့်လွှတ်ရမယ့် အချိန်ဖြစ်ပြီး ဘုရားရှင်ဘက်ကို နာခံခြင်းဖြင့် ဦးလှည့်ရမယ့် အချိန်ဖြစ်တယ်။ သူတို့ဟာ ယခုလိုလုပ်ဆောင်မယ်ဆိုရင် ဘုရားရှင်ရဲ့ ဒဏ်ခတ်အပြစ်ပေးခြင်းကလွတ်ကင်း ကာကွယ်နိုင်မှာဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ သူတို့ရဲ့အစဉ်အလာပြုမူကျင့်ကြံမှုတွေအတိုင်းဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် သဘာဝဘေးအန္တရာယ်တွေဆက်လက်ကျရောက်နေမှာဖြစ်ပြီး လူသားဟာ နောက်ထက်ကမ္ဘာစစ်တစ်ခုမှာ မိမိကိုယ်ကို ပျက်စီးစေမှာဖြစ်တယ်။

နာဂစ်မုန်တိုင်း (မြန်မာ)

Monday, July 27, 2015

ယခုတစ်ပတ်အတွင်း ကျမ်းတော်မြတ်ကိုရ်အာန်ကို သီရိလင်္ကာဘာသာစကားဖြင့်ထုတ်ဝေမည်

သီရိလင်္ကာနိုင်ငံရဲ့ အပြောအများဆုံး တိုင်းရင်းဘာသာစကားဖြစ်တဲ့ 'စင်ဟာလိ' ဘာသာစကားကို စင်ဟာလ(သီရိလင်္ကာ) လူမျိုး (၁၆) သန်းခန့် သုံးစွဲပြောဆိုကြပါတယ်။

မြို့တော်ကိုလံဘို ပြည်သူ့စာကြည့်တိုက်မှာကျင်းပမယ့် အမျိုးသား ပညာရေးနဲ့ စာအုပ်ပွဲတော်မှာ အဟ်မဒီယာမွတ်စလင်အဖွဲ့ကနေ သီရိလင်္ကာစင်ဟာလိ ဘာသာစကားနဲ့ အာရဗီမူရင်းပူးတွဲပါ ကိုရ်အာန်ကျမ်းတော်မြတ်ဘာသာပြန်ကို အဓိကထူးခြားမှုအနေနဲ့ ပြသသွားမှာဖြစ်ပါတယ်။လာမယ့် ဂျူလိုင်လ ၂၈ ရက်နေ့မှာ ပြခန်းနံပါတ် ၈ နဲ့ ၉ တို့မှာပြသသွားမှာဖြစ်ပါတယ်။

သီရိလင်္ကာကတစ်ခြား တိုင်းရင်းသား (၃) သန်းခန့်ဟာလည်း သီရိလင်္ကာစကားကို ဒုတိယဘာသာစကားအနေနဲ့ပြောဆိုသုံးစွဲကြပါသေးတယ်။ စင်ဟာလိဘာသာစကားဟာ ကိုယ်ပိုင်ရေးနည်းနဲ့ ကိုယ်ပိုင်အက္ခရာစကားလုံးတွေရှိပြီး အိန္ဒိယဗြဟ္မီ အက္ခရာတွေရဲ့ အဆက်အနွယ်လည်းဖြစ်ပါတယ်။ ဒီဘာသာစကားဟာ အင်ဒို ဥရောပ ဘာသာစကားရဲ့ အင်ဒို အာရိယန် မျိုးကွဲထဲမှာပါပါတယ်။ စင်ဟာလိ ဘာသာစကားဟာ ပါလိဘာသာစကားနဲ့အတူ ထေရဝါဒဗုဒ္ဓဘာသာ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ လက်ရှိထေရဝါဒဗုဒ္ဓဘာသာဝင်တွေသုံးစွဲနေတဲ့ ပါဠိပိဋကတ်ကျမ်းစာဟာ နဂိုမူလက သီရိလင်္ကာဘာသာစကားနဲ့ အဦးဆုံးအပြည့်အစုံမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။



တစ်ပတ်ကျော်ကြာပြသမယ့် ဒီစာအုပ်ပြပွဲမှာ အဟ်မဒီယာမွတ်စလင်အဖွဲ့ရဲ့ ဘာသာစကား (၇၃) မျိုးနဲ့ ဘာသာပြန်ထားတဲ့ ကျမ်းတော်မြတ်ကိုရ်အာန်ဘာသာပြန်တွေကိုလည်းပြသသွားမှာဖြစ်ပါတယ်။ နောက် ထူးခြားတဲ့ စာအုပ်ကတော့ စင်ဟာလိ ဘာသာပြန် " အစ္စလာမ့် ဒဿနကျမ်း " စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်ကို အဟ်မဒီယာ မွတ်စလင်အဖွဲ့ကို ထူထောင်သူဖြစ်တဲ့ ကတိတော်လာ မဆီဟ်သခင် ဟာဇရတ် မီရ်ဇာ ဂူလာမ် အဟ်မဒ် က အူရ်ဒူ ဘာသာနှင့်ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၅ ခုနှစ်ဟာ သီရိလင်္ကာနိုင်ငံမှာ အဟ်မဒီယာမွတ်စလင်အဖွဲ့ တည်ထောင်ခဲ့တာ နှစ် (၁ဝဝ) တိုင်ခဲ့ပြီဖြစ်ပါတယ်။

Source : http://www.themuslimtimes.org

Thursday, July 2, 2015

တမန်တော် မိုဟမ္မဒ်က အိုင်ဆစ်(ISIS) အကြမ်းဖက်သမားတွေအကြောင်းကြိုတင်သတိပေးခဲ့သလား


တစ်ပတ်အတွင်းတိုက်ခိုက်မှုနှစ်ခုမှာ ISIS အကြမ်းဖက်သမားတွေဟာ တူနီးရှားကမ်းခြေက ကမ္ဘာလှည့်ခရီးသွား (၃၉) ဦးနဲ့ ရှီအာဗလီအတွင်းမှာ ဝတ်ပြုနေကြတဲ့ မွတ်စလင်ဝတ်ပြုသူ အယောက် (၃ဝ) ကို သတ်ဖြတ်ခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုတွေဟာ ISIS အဖွဲ့ရဲ့ ရမ်မဒါန်ဥပုသ်လအတွင်း တိုက်ခိုက်မှုတွေကို တိုးချဲ့လုပ်ဆောင်သွားမယ်လို့ စစ်သွေးကြွ ဂျီဟတ်ဝါဒီတွေကို နှိုးဆော်အပြီးမှာ ပေါ်ထွက်ခဲ့တာတွေဖြစ်ပါတယ်။

ISIS တွေဟာ သူတို့နဲ့သဘောထားကွဲလွဲတဲ့ဘယ်သူ့ကိုမဆို ဖယ်ရှားသုတ်သင်ပစ်ဖို့ မဆုတ်မရွံ့သံန္နံဌာန် ချထားတာကို အထင်အရှားတွေ့ရမှာပါ။ ISIS အဖွဲ့သားတွေဟာ ယဇစ်ဒီလူနည်းစုတွေ၊ ခရိယာန်တွေ ကို သတ်ဖြတ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့ကြောင့်အသက်စတေးခဲ့ရတဲ့သူတွေဟာ သူတို့အာဏာကို အသိအမှတ်ပြုဖို့ ငြင်းဆန်တဲ့ မွတ်စလင်တွေအများစုဖြစ်ပါတယ်။ ISIS တွေဟာ သူတို့ကို နောက်လိုက်နာခံဖို့ငြင်းဆန်တဲ့ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေကို သတ်ဖြတ်သုတ်သင်ခဲ့တယ်။ သူတို့ရဲ့ လောကအမြင်အတိုင်းမလိုက်နာတဲ့ မွတ်စလင်အမျိုးသမီးတွေကိုလည်း သတ်ဖြတ်ခဲ့ကြတယ်။

ဒီလိုအလားတူလုပ်ရပ်မျိုးတွေဟာ အစ္စလာမ်အမည်ခံတဲ့အကြမ်းဖက်အဖွဲ့တိုင်းလိုလိုမှာတွေ့ရပါတယ်။ ဥပမာဆိုရင် တာလီဘန်အကြမ်းဖက်သမားတွေလက်ထဲမှာ အသက်စတေးခဲ့ရတဲ့သူတွေဟာ မွတ်စလင်အများစုပဲဖြစ်ပါတယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ ရာနဲ့ချီတဲ့ ရှီအာ မွတ်စလင်တွေအသတ်ဖြတ်ခံခဲ့ကြရတယ်။ ကျွန်တော်စာရေးသူကိုယ်တိုင်လည်းပဲ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန် နဲ့ အမေရိကလိုနေရာမျိုးတွေမှာ အဟ်မဒီ မွတ်စလင်တွေကို တိုက်ခိုက်မှုတွေကြောင့် နီးစပ်တဲ့ ဆွေမျိုးမိတ်ဆွေတွေ အမြောက်အများဆုံးရှုံးခဲ့ရတယ်။

ဒါနဲ့တောင်မှ တစ်ချို့အစ္စလာမ် ဆန့်ကျင်သူတွေဟာ တဇွတ်ထိုး မွတ်စလင်တွေကို အကြမ်းဖက်သူတွေကိုပဲ မွတ်စလင်တွေရဲ့ ယုံကြည့်မှုနဲ့တွဲဖက်ဖော်ပြနေတယ်။ ဒီအစ္စလာမ်ဆန့်ကျင်သူတွေရဲ့ အသိဉာဏ်မရှိမှု အတွက် ကျွန်တော်တို့အထိတ်တလန့်ဖြစ်ရတယ်။

ဘာသာရေးအခြေခံတဲ့အကြမ်းဖက်မှုဝါဒ လှုံ့ဆော်အားပေးမှုဟာ အစွန်းရောက်တွေ ကျမ်းစာကိုလွဲမှားစွာ ဘာသာပြန်တာရဲ့ အကြောင်းအရင်းတစ်စိတ်တပိုင်းဖြစ်တယ်လို့ ကျွန်တော်သဘောမတူပါဘူး။ ဒါပေမယ့် ဒီအကြမ်းဖက်သမားတွေရဲ့ ဘာသာပြန်မှုကိုလက်မခံတဲ့ မွတ်စလင်အများစုကိုပဲ အမည်ခံဖြစ်သယောင် ဒါမှမဟုတ် အစစ်အမှန်ယုံကြည်မှုမရှိတဲ့သဘောမျိုး တံဆိပ်ကပ်တာကတော့ဖြင့် ရိုးသားမှုမရှိပါဘူး။

ကျမ်းတော်မြတ်ကိုရ်အာန်ကို ရိုးသားစွာလေ့လာမယ်ဆိုရင် ISIS ရဲ့လုပ်ရပ်တွေဟာ အစ္စလာမ့်တရားဝင်သင်ကြားချက်တွေကနေ ပြောင်ပြောင်တင်းတင်းသွေဖည်နေတာကိုတွေ့ရမှာပါ။ ကိုရ်အာန်ကျမ်းစာဟာ ဥပမာအားဖြင့် "လူတစ်ဦးတစ်ယောက်ကို သတ်ဖြတ်တာကို လူသားမျိုးနွယ်တစ်ခုလုံးကို သတ်ဖြတ်သလိုပဲ" (ကျမ်းစာ ၅ း ၃၂) လို့ဖော်ပြ ပြီး သတ်ဖြတ်မှုတွေ၊ ကမ္ဘာမြေပြင်ပေါ်မှာ မငြိမ်မသက်ဖြစ်အောင် ဖန်တီးမှုတွေကို ဆိုးရွားတဲ့ အနှောင့်အယှက်ဖြစ်စေမှုတွေအဖြစ်ဖော်ပြတယ် (ကျမ်းစာ ၂ း ၂၁၇ )။  ကိုရ်အာန်ဟာ ငြိမ်းချမ်းမှု၊ အပြည့်အဝတရားမျှတမှုတွေ၊ လူသားအခွင့်အရေးတွေအပေါ်အလေးအနက်သွန်သင်တယ်။ လွတ်လပ်စွာတွေးခေါ်မှုကို အပြည့်အဝအားပေးပြီး ဘာသာအယူကူးပြောင်းမှု၊ ဘာသာရေးဝေဖန်ပြောဆိုမှုတွေကို လောကီရေးရာ ပြစ်ဒဏ်ပေးမှုကနေ တားမြစ်ထားတယ်။

တမန်တော်မိုဟမ္မဒ်ရဲ့ မိန့်မှာချက်တွေကို လေ့လာမယ်ဆိုရင် သူဟာ ယနေ့ခေတ်မှာ ပေါ်ပေါက်နေတဲ့ ဘာသာရေးအစွန်းရောက်မှုတွေနဲ့ ပတ်သတ်လို့ အံ့ဩဖွယ်ကောင်းလောက်အောင် အသေးစိတ်ဖော်ပြထားတယ်။

 အနာဂတ္တိအကြောင်းအရာတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၄ဝဝ) က တမန်တော်မိန့်ကြားခဲ့ရာမှာ အချိန်တစ်ခုဆိုက်ရောက်လာမှာဖြစ်ပြီး အဲ့ဒီအချိန်မှာ အစ္စလာမ်ဟာ နာမည်သက်သက်သာကျန်လိမ့်မယ်၊ ကိုရ်အာန်ကျမ်းစာရဲ့ အနှစ်သာရပျောက်ဆုံးပြီး စကားလုံးတွေသာကျန်ရှိမယ်၊ ဗလီဝတ်ပြုကျောင်းတွေဟာ အလွန်အမင်းခမ်းနားပြီး စစ်မှန်တဲ့သွန်သင်မှုကင်းမဲ့နေလိမ့်မယ်လို့ မီရှ်ကတ် ကျမ်းမှာ ဖော်ပြထားတယ်။ အဲ့ဒီနှောင်းပိုင်းကာလမှာ အစ္စလာမ် ဘာသာတရားရဲ့ စစ်မှန်တဲ့အနှစ်သာရ ပျောက်ဆုံးနေမှာဖြစ်ပြီး အများစုဟာ ပုံစံထုံးတမ်းစဉ်လာအရာတွေကို လုပ်ဆောင်နေမှာဖြစ်တယ်။ တမန်တော်ပြောတာမှာ  ဘာသာရေးခေါင်းဆောင်တွေဟာ အကျင့်ပျက်စီးနေကြပြီး အဲ့ဒီကာလရဲ့ပဋိပက္ခတွေဟာ သူတို့ထံကဖြစ်လိမ့်မယ်လို့မိန့်မှာခဲ့တယ်။

ဒါဟာ ဘယ်လောက်တောင်မှန်သလဲဆိုရင် မွတ်စလင်ကမ္ဘာရဲ့ အစိတ်အပိုင်းတွေမှာ အစွန်းရောက်ဘာသာရေးခေါင်းဆောင်တွေဟာ တရားဟောပလ္လင်ကို ကွဲပြားမှုတွေနဲ့ မုန်းတီးမှုတွေ သင်ကြားဖို့အတွက် တလွဲအသုံးပြုနေကြတယ်။

တမန်တော်မိုဟမ္မဒ်ဟာ ISIS လိုအကြမ်းဖက်အုပ်စုတွေဟာ အစ္စလာမ့်ယုံကြည်မှုကို ပြန်ပေးဆွဲအလွဲသုံးစားလုပ်လိမ့်မယ့်ဆိုတာကိုလည်းပဲ ကြိုတင် ဖော်ပြခဲ့တယ်။ မွတ်စလင်တွေ ခုလိုမညီမညွတ်ဖြစ်နေတဲ့အချိန်မှာ တမန်တော်ပြောတာက " ရင့်ကျက်မှုမရှိဘဲ မိုက်ရူးရဲဆန်တဲ့ လူငယ်အုပ်စုတစ်စု ပေါ်ထွက်လာလိမ့်မယ် "။ သူတို့ဟာ အင်မတန်လှပတဲ့ စကားလုံးတွေကို သုံးနှုန်းပြောဆိုပြီး အဆိုးရွားအနိမ့်ကျဆုံးအပြုအမူတွေကို လုပ်ဆောင်လိမ့်မယ်။ သူတို့ဟာ ဝတ်ပြုမှုတွေ၊ ဥပုသ်စောင့်မှုတွေမှာ အလွန်အမင်းလုပ်ဆောင်ကြပြီး အခြားမွတ်စလင်တွေရဲ့ ဝတ်ပြုမှုတွေဟာ သူတို့နဲ့နှိုင်းယှဉ်ရင် အရာမရောက်လောက်အောင်ဖြစ်နေမယ်။ သူတို့ဟာ လူတွေကို ကိုရ်အာန်ဖက်ကို ခေါ်မယ်။ ဒါပေမယ့် လက်တွေမှာ ဘာမှ လုပ်ဆောင်လိမ့်မှာမဟုတ်ဘူး။ "ကိုရ်အာန်ဟာ သူတို့လည်ချောင်းရဲ့အပြင်ကို ရောက်လိမ့်မှာမဟုတ်ဘူး" ဆိုလိုတာက သူတို့ဟာ ကိုရ်အာန်ရဲ့ အနှစ်သာရကိုနားလည်မှာမဟုတ်ဘူး။ ကြက်တူရွေးလို နှုတ်တိုက်ရွတ်နေတာသာဖြစ်လိမ့်မယ်။ တမန်တော်မိုဟမ္မဒ်က သူတို့ကို အဆိုးရွားဆုံး ဖန်ဆင်းခံတွေအဖြစ်ဖော်ပြခဲ့တယ်။

ခုဖော်ပြတာဟာ သိပ်မရှင်းလင်းလှဘူးဆိုရင် တမန်တော်မိုဟမ္မဒ်ကို လေးယောက်မြောက်ဆက်ခံတဲ့ ခလီဖာ အလီသခင်ရဲ့ အယ်လ်ဖီတန် ကျမ်းက မိန့်ကြားချက်မှာ အဲ့ဒီအဖွဲ့က လူတွေဟာ ဆံပင်အရှည်ရှိမယ် အနက်ရောင်အလံကို လွှင့်ထူလိမ့်မယ်လို့ ဖော်ပြထားတယ်။ "သူတို့ရဲ့ နှလုံးသားတွေဟာ သံမဏိလိုမာကြောနေလိမ့်မယ်" လို့ ဖော်ပြထားတယ်။ နောက်သူတို့ ပြည်နယ်တစ်ခုရဲ့ အပေါင်းအဖော်တွေဖြစ်လိမ့်မယ် (Ashab ul Dawla)။ စိတ်ဝင်စားစရာကောင်းတာက ISIS တွေ သူတို့ကိုသူတို့ အစ္စလာမ်မစ် စတိတ် (Dawla) လို့ရည်ညွှန်းကြတယ်။ ဟဒီးစ်တော်က ဆက်လက်ပြောတာက သူတို့ဟာ ကတိကဝတ်တွေကို ဖောက်ဖျက်ကြလိမ့်မယ်၊ အမှန်တရားကို မပြောဆိုဘဲ သူတို့ရဲ့ မြို့ကို ဖော်ပြတဲ့ နာမည်ကို သုံးစွဲလိမ့်မယ်လို့ ဖော်ပြထားတယ်။ ISIS တွေရဲ့ ခလီဖာနာမည်ဟာ အဘူဘကရ် အယ်လ် ဘဂ္ဂဒက်ဒီ ဆိုတဲ့ နာမည်ကိုသတိပြုပါ။

တမန်တော်မိုဟမ္မဒ်ဟာ နာကျင်စွာနဲ့ ဒီမကောင်းမှုလုပ်ဆောင်သူတွေအကြောင်းကို ဖော်ပြခဲ့တယ်။ မွတ်စလင်တွေဟာ ဒီမကောင်းမှုကို သတိပြုရမှာဖြစ်ပြီး ဒီမကောင်းတဲ့သူတွေကို တိုက်ခိုက်ရမယ့်အကြောင်း သွန်သင်ခဲ့တယ်။ " မည်သူမဆို သူတို့ကို တိုက်ခိုက်မယ်ဆိုရင် အလ္လာဟ်အရှင်မြတ်ထံတော်မှာ သူတို့ထက်သာလွန်လိမ့်မယ်" လို့မိန်ကြားခဲ့တယ်။

ဒီအရေးကြီးတဲ့အချက်ကို စဉ်းစားကြည့်ပါ။ ISIS တွေဟာ အစ္စလာမ့်အမည်ကို သုံးပြီး သတ်ဖြတ်တဲ့အခါတိုင်း၊ ကိုရ်အာန်ကို လိုက်နာတယ်လို့ပြောတဲ့အခါတိုင်း၊ မြင့်မြတ်တဲ့ ရမဒါန် ဥပုသ်လကို အသုံးပြုပြီး သူတို့ရဲ့ မင်းမဲ့စရိုက် အပြုအမှုတွေကို ပြန့်နှံ့ဖို့ကြိုးစားတဲ့အခါတိုင်း တမန်တော်မိုဟမ္မဒ်ဟာ ဒီအယောင်ဆောင်တွေကို အမြစ်ဖျက် ဖယ်ရှားပစ်ဖို့ အမိန့်ပေးခဲ့တယ်ဆိုတာ ယုံကြည်အပ်နှံ့ခဲ့တာကို သတိရပါ။

ဒီအမိန့်ကို ငြင်းပယ်တဲ့သူတွေဟာ ISIS အဖွဲ့နဲ့ သူတို့ကို အားပေးကူညီတဲ့အဖွဲ့တွေ၊ အစ္စလာမ် ဆန့်ကျင်ရေးသမားတွေသာဖြစ်တယ်။ ဒီအစ္စလာမ် ဆန့်ကျင်ရေးသမားတွေဟာ အစ္စလာမ်ဆိုတာ ISIS ဖြစ်တယ်လို့ ကမ္ဘာက ယုံကြည်စေချင်တယ်။ ဒါပေမယ့် အသိဉာဏ်ရှိတဲ့ သူတွေကတော့ တမန်တော်ရဲ့ အနာဂတ္တိမိန့်ကြားချက်တွေကို တွေ့မြင်ပြီး စုစုစည်းစည်းနဲ့ အသိဉာဏ်ကင်းမဲ့တဲ့သူတွေကော အစွန်းရောက်တွေကိုပါ ဆန့်ကျင်သွားမှာဖြစ်တယ်။


စာရေးသူ Kashif N Chaudhry
သမားတော်၊ စာရေးဆရာ ၊ လူအခွင့်အရေးလှုပ်ရှားသူ
Source : huffingtonpost
Title : Did Prophet Muhammad Warn Us of ISIS?

Monday, February 2, 2015

အဟ်မဒီယာမွတ်စလင်အဖွဲ့၏ အကြီးအကဲ Humanity First (လူသားချင်းစာနာထောက်ထားရေး ဦးစားပေး) လူမှုကူညီရေးအဖွဲ့၏ နိုင်ငံတကာညီလာခံတွင် မိန့်ခွန်းပြောကြား



ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် သခင်က လှူဒါန်းပေးကမ်းခြင်းနဲ့ လိုအပ်နေတဲ့သူတွေကို ကူညီတာဟာ အစ္စလာမ်သာသနာရဲ့ အခြေခံအစိတ်အပိုင်းဖြစ်တယ်လို့ပြောကြားပါတယ်။



ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်အဖွဲ့၏ ဦးစီးခေါင်းဆောင် ပဥ္စမမြောက် ခလီဖာသခင် ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် ဟာ ( ၂၀၁၅ ) ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ Humanity First (လူသားချင်းစာနာထောက်ထားရေး ဦးစားပေး) လူမှုကူညီရေးအဖွဲ့ရဲ့ နိုင်ငံတကာ ညီလာခံမှာ အရေးပါတဲ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

လန်ဒန်မှာရှိတဲ့ ဘိုင်တုလ် ဖူတူ (Baitul Futuh) ဗလီမှာ ၂ ရက်ကြာ ကျင်းပတဲ့ ဒီညီလာခံကို ကမ္ဘာအနှံ့ နိုင်ငံ ၁၅ နိုင်ငံက ကိုယ်စားလှယ်ပေါင်း (၁၃၀) တက်ရောက်ခဲ့ပါတယ်။

မိန့်ခွန်းပြောကြားရာမှာ  ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် သခင်က လူသားအကျိုးပြုတာဝန်ထမ်းဆောင်ခြင်းဟာ အစ္စလာမ့် အခြေခံသွန်သင်ချက်ဖြစ်ပြီး Humanity First လူမှုကူညီရဲ့အဖွဲ့အစည်းဟာ ဒီသွန်သင်ချက်ရဲ့ နှိုးဆော်မှုကြောင့်ဖြစ်တယ်လို့ပြောဆိုပါတယ်။ သခင်က ဒီအဖွဲ့အစည်းရဲ့ နာမည်ကိုယ်၌က ရည်ရွယ်ချက်နဲ့ ဦးတည်ချက်တွေကိုဖော်ပြနေပြီး .... လူတစ်ဦးတစ်ယောက်ဟာ မိမိရဲ့ ပုဂ္ဂလလိုအပ်ချက်ထက် အခြားသူတွေရဲ့ လိုအပ်ချက်တွေကို စဉ်းစားအလေးထားဖို့ ညွှန်းဆိုနေပါတယ်။

သခင်က အဟ်မဒီယာမွတ်စလင်အဖွဲ့ကို တည်ထောင်သူ ဟာဇရတ် မီရ်ဇာ ဂူလာမ် အဟ်မဒ် သခင် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ရဲ့ ရေးသားချက်ကို ညွှန်းဆိုပြီး မိန့်ခွန်းကို စတင်ပါတယ်။

"အီမာန်ယုံကြည်မှုနဲ့ ပတ်သတ်လို့ အပိုင်းနှစ်ပိုင်းပဲရှိပါတယ်။ အဲ့ဒီမှာ တစ်ခုက ဘုရားသခင်ကို ချစ်ဖို့နဲ့ အခြားတစ်ခုက လူသားချင်းမေတ္တာထားဖို့ဖြစ်ပါတယ်။ လူသားချင်းမေတ္တာထားတဲ့နေရာမှာ တခြားသူတစ်ဦးတစ်ယောက် ရင်ဆိုင်တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ စမ်းသပ်ချက်တွေကို မိမိခံစားနေရတဲ့အလား စဉ်းစားတွေးတောပြီး သူတို့အတွက် သင့်တော်တာကိုလုပ်ကိုင်ဆောင်ရွက်ပြီး ဘုရားသခင်ထံ ဆုတောင်းပေးတဲ့ အတိုင်းအတာအထိဖြစ်ရပါမယ်။"



ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် သခင်က အဟ်မဒီ မွတ်စလင်တွေဟာ အလ္လာဟ်အရှင်မြတ် နှစ်သက်ဖို့အတွက် နိုးကြားကြတာဖြစ်တဲ့အလျှောက် ဒီလူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လှူဒါန်းမှု ဆောင်ရွက်ချက်တွေအတွက်လည်း အရှင်မြတ်ထံကပဲ အကူအညီတောင်းခဲ့ကြတယ်။


ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် သခင်ပြောကြားရာမှာ ..

"အဟ်မဒီမွတ်စလင်တွေဟာ စစ်မှန်တဲ့စာနာထောက်ထားမှုစိတ်ဓာတ်၊ ကရုဏာ လူသားချင်းမေတ္တာတရားထားရှိ ကူညီနိုင်တဲ့အင်အားရရှိဖို့ အလ္လာဟ်အရှင်ရှေ့မှောက်မှာ ရိုသားစွာ ဦးညွတ်ဆုတောင်းမှုတွေပြုခဲ့ကြတယ်။ သူတို့ဟာ ကိုယ်ကျိုးမဖက်တဲ့စိတ်ဓာတ်နဲ့ တခြားသူတွေရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို သူတို့ကိုယ်တိုင်ရဲ့ နာကျင်ပူဆွေးမှုတွေအလား စဉ်းစားပြီး အရှင်မြတ်ထံမှာ အကူအညီတောင်းခံခဲ့ကြတယ်။ သူတို့ဟာ တခြားသူတွေရဲ့ စမ်းသပ်ချက်တွေနဲ့ နာကျင်ခံစားရမှုတွေကို ဖယ်ရှားပေးနိုင်ဖို့ ဆုတောင်းကြတယ်။ "

သခင်က ကတိတော်ရ မဆီဟ်သခင်ဟာ အဟ်မဒီယာ မွတ်စလင်အဖွဲ့ကို  မိမိနဲ့ဘဝတူလူသားတွေရဲ့အကျိုးကိုဆောင်ရွက်ဖို့ စဉ်ဆက်မပြတ် တိုက်တွန်းနှိုးဆော်ခဲ့တယ်လို့ပြောပါတယ်။ 

ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် သခင်ပြောကြားတာက ...

" မှတ်သားကြပါ ... ကတိတော်ရ မဆီဟ်သခင်က သူ့ရဲ့နောက်လိုက်တွေကို ဝကဖ် စွန်လွှတ်လှူဒါန်းမှု ပုံစံတစ်မျိုးကို သွန်သင်ခဲ့တယ်။ အဲ့ဒါဟာ အရှင်မြတ်အတွက် မိမိဘဝကို ပုံအပ်ခြင်းပဲဖြစ်တယ်။ ဘုရားရှင်ရဲ့ ဖန်ဆင်းခံတွေကို အကျိုးပြုဖို့ ဒီနောက် သူတို့အပေါ်မေတ္တာထားဖို့ပဲဖြစ်တယ်။ ဒီအတွက် အစစ်အမှန် ကိုယ်ကျိုးမဖက်မှုနဲ့ အခြားသူတွေကို ချစ်မြတ်နိုးမှုလိုအပ်တယ်။"

ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် သခင်က

"လူသားချင်းစာနာထောက်ထားကူညီရာမှာ လူတစ်ယောက်ဟာ တခြားသူတစ်ဦးတစ်ယောက်ရဲ့ အခက်အခဲတွေနဲ့  ဝန်ထုပ်ဝန်ပိုးကို သူ့ရဲ့ပုခုံးပေါ်တင်ပြီး ဖြေရှင်းခြင်းမပြုရသေးသမျှကာလပတ်လုံး အနားမယူဘဲနေထိုင်ဖို့လိုတယ်။ တစ်ဦးတစ်ယောက်ရဲ့ နှလုံးသားမှာ အခြားသူတွေကို ချစ်ခင်တဲ့ စိတ်နဲ့ပြည့်နေပြီး မိမိသက်တောင့်သက်သာရှိဖို့ကို ဂရုမထားဘဲ အခြားသူတွေသက်သာရာရဖို့အတွက် စဉ်းစားပေးတာဖြစ်တယ်။ တစ်ဦးတစ်ယောက်ဟာ တခြားသူတွေရဲ့ စိတ်ပျက်အားငယ်မှုတွေကို မိမိကိုယ်တိုင်ခံစားရတဲ့အလား စဉ်းစားပြီး ဒီအတွက် ကြံ့ကြံ့ခံဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေတာဖြစ်တယ်။ သူဟာ တခြားသူတွေ အေးချမ်းရောင်ရဲ့စွာနေနိုင်ဖို့ မိမိကိုယ်တိုင် စိုးရိမ်ပူပန်မှုတွေကို သည်းခံ ခံယူဖို့အတွက် အဆင့်သင့်ဖြစ်နေတာဖြစ်တယ်။ "

"ဒီအခြေခံအကျဆုံး ရည်ရွယ်ချက်နဲ့ Humanity First (လူသားချင်း စာနာထောက်ထားရေး ဦစားပေး) ကို အမည်ပေးထားတာဖြစ်တယ်။ လူသားထုတစ်ရပ်လုံးက ပထမ မိမိကိုယ်ပိုင်ပျော်ရွှင်မှုနဲ့ သက်တောင့်သက်သာရှိဖို့က ဒုတိယဖြစ်တယ်။ ဒါကြောင့် Humanity First နဲ့ ဆက်စပ်လုပ်ကိုင်နေကြတဲ့သူတွေ စီမံခန့်ခွဲရေးပိုင်းဆိုင်ရာကဖြစ်စေ၊ ပါဝင်လုပ်ဆာင်သူတွေ၊ လုပ်အားပေးတွေဖြစ်စေ ဒီသဘောတရားနဲ့ ဒီစိတ်ဓာတ်ကို နားလည်ထားဖို့လိုအပ်တယ်။ "




သခင်က Humanity First ရဲ့ အောင်မြင်မှု သော့ချက်ဟာ ဝတ်ပြုဆုတောင်းခြင်းသာ ဖြစ်တယ်လို့ နိဂုံးချုပ်ပြောကြားပါတယ်။ သမိုင်းဟာ Humanity First ရဲ့ လုပ်ငန်းဆောင်တာတွေမှာ အလ္လဟ်အရှင်မြတ်ရဲ့ ကောင်းချီးပေးမှုရှိတယ်ဆိုတာ သက်သေခံနေပြီလည်းဖြစ်ပါတယ်။

"အဖွဲ့ဝင်တိုင်း သတိရရမှာက ဝတ်ပြုခြင်းသာဖြစ်ပြီး ၊ ဝတ်ပြုခြင်းသက်သက်ကသာ တစ်ဦးတစ်ယောက်ရဲ့ ကြိုးစားဆောင်ရွက်ချက်တွေကို ကောင်းချီးပေးခြင်းခံရစေမှာဖြစ်တယ်။ ကောင်းမွန်တဲ့ အကျိုးရလာဒ်တိုင်းဟာ အရှင်မြတ်ရဲ့ ကောင်းချီးသက်သက်သာဖြစ်တယ်။ ကျွန်တော်တို့ ကြိုးပမ်းအားထုတ်မှုတွေအပေါ် ကောင်းချီးပေးခံရခြင်းရဲ့ ခိုင်မာတဲ့ အကြောင်းအရင်းဟာလည်း ဝတ်ပြုခြင်းသာဖြစ်ပြီး အင်ရှာအလ္လာ အရှင်မြတ်အလိုတော်နဲ့ အမြဲတမ်း ဒီလိုဖြစ်သွားပါစေ။ သေချာတာက Humanity First အဖွဲ့ရရှိတဲ့ ငွေကြေးထက် လုပ်ကိုင်ဆောင်ရွက်မှုရလာဒ်တွေဟာ သာလွန်လျှက်ရှိပါတယ်။ "

ဟာဇရတ်မီရ်ဇာ မတ်စ်ရူး အဟ်မဒ် သခင်က ဆုတောင်းနဲ့ မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။



"အလ္လာဟ်အရှင်မြတ်က Humanity First အဖွဲ့ကို အင်အား တိုးသထက် တိုးတက်ပြီး၊ ကတိတော်ရ မဆီဟ် ပျိုးထောင်သင်ကြားပေးခဲ့တဲ့အတိုင်း ရိုးသားတဲ့စိတ်ဓာတ်၊ လူသားခြင်း စာနာမေတ္တာထားမှုတို့ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အင်အားပေးပါစေ။ " (အာမင်)

Thursday, January 29, 2015

ဒုတိယခလီဖတွလ်မဆီဟ် – အသိပညာ ပုလဲလုံးများ ၁


အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဦးစီးခေါင်းဆောင် အစ္စလာမ့်ခလီဖာမှ ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၁၅ (သောကြာနေ့) တွင် ဟောကြားခဲ့သော မိန့်ခွန်းဖြစ်ပါသည်။



၊ ပန်ဒစ်လက္ခရာမ် နှုတ်ဆက်နေတာကို သခင်မမြင်လောက်ဘူးထင်ပြီး သခင့်ကို
လက္ခရာမ်က 'စလာမ်'ဆိုနေကြောင်း တချို့က အသိပေးကြပါတယ်။ ထိုအခါမှာ
သခင်က အလွန်မခံချင်စိတ်ဖြင့် 'သူ မရှက်ဘူးလား၊ ကျွန်ုပ်ရဲ့သခင်ကို ဆဲရေး
ပြောဆိုပြီး ကျွန်ုပ်ကိုတော့ 'စလာမ်'ဆိုနေရသလား'လို့ မိန့်တော်မူပါတယ်။
၊ အကယ်၍ အကြီးအကဲတစ်ဦးက ကျွန်တော်တို့ရဲ့သခင် တမန်တော်မြတ်(ဆွ)နဲ့
စပ်လျဉ်းလို့ မလျော်ကန်တဲ့စကား တစ်စုံတစ်ရာပြောတယ်ဆိုရင် သူဟာ ဘယ်
လောက်ပင် ကြီးကဲသူဖြစ်ပါစေ သူ့ကို အလေးပေးဆက်ဆံစရာ မလိုပါဘူး။
၊ 'အာထမ်အတွက် ကြိုတင်ဗျာဒိတ်ပေးချက်ကို အာထမ်ကြားရသည်နှင့် အမြောက်
အမြား စုရုံးရောက်ရှိနေသော လူစုလူဝေးရှေ့မှောက်၌ သူသည် နားကိုကိုင်လျက်
တုန်လှုပ်ခြင်းကြီးစွာဖြင့် ဝန်ချတောင်းပန်မှုအသွင်ကို ပြသခဲ့ပေသည်။ ထို့နောက်
သူသည် ကြောက်ရွံ့ခြင်းဖြစ်လျက် အမြို့မြို့အရွာရွာ ရွှေ့ပြောင်းတိမ်းရှောင်ခဲ့ပေ
သည်။ သူသည် ဆန့်ကျင်မှုကို စွန့်လွှတ်ခဲ့ပြီး မည်သည့်အခါတွင်မျှ အစ္စလာမ်ကို
ဆန့်ကျင်ပြီး တစ်စုံတစ်ရာ ရေးသားထုတ်ဝေခြင်းမပြုတော့ချေ။ ထို့နောက် ဆုငွေ
ထုတ်ထားသည့် စာစောင်ကိုပို့လျက် ကျိန်ဆိုသက်သေထူရန် ဖိတ်ခေါ်သည့်အခါ
တွင် သူသည် ကျိန်ဆိုရန်ရောက်မလာခဲ့ချေ။ အမှန်တရား၏သက်သေကို ဖုံးကွယ်
မှုကြောင့် နောက်ဆုံးတွင် သူ့အတွက် ထုတ်ပြန်ထားသော ကြိုတင်ဗျာဒိတ်အတိုင်း
ပင် သူသည် ပျက်စီးခဲ့ရပေသည်။'
၊ 'လူကြီးမင်းက နာဇရက်မြို့သား မဆီဟ်ရဲ့ပုံရိပ်အဖြစ် ကြွေးကြော်ထားတယ်
မဟုတ်လား။ နာဇရက်မြို့သား မဆီဟ်က အကန်းတွေကို မြင်အောင်လုပ်ပေးခဲ့
တယ်။ အပင်းတွေကို ကြားစေခဲ့တယ်။ အကျိုးတွေကို ကောင်းစေခဲ့တယ်။
ကျွန်တော်တို့က လူကြီးမင်း အခက်အခဲမရှိရအောင် ယခု အကန်း၊ အပင်း၊ အအ၊
အကျိုးတွေ စုရုံးခေါ်ဆောင်လာပါတယ်။ အကယ်၍ လူကြီးမင်းဟာ တကယ်ပဲ
မဆီဟ်ရဲ့ပုံရိပ်ဖြစ်တယ်ဆိုရင် သူတို့ကို အကောင်းပကတိဖြစ်အောင် ပြုလုပ်ပြ
သပါ' ... ခရစ်ယာန်သာသနာပြုများ၏တောင်းဆိုချက်အပေါ် သခင်၏
ဖြေကြားပုံ။

မဆီဟ်မော်အူးဒ် (အ.စ)သခင်နဲ့စပ်လျဉ်းလို့ မွတ်စ်လေမော်အူးဒ်(W)သခင်ရဲ့
ဆင့်ပြန်ချက်တချို့ကို ယနေ့ တင်ပြပါမယ်။ တမန်တော်မြတ်(ဆွ)အပေါ် ချစ်ခင်
လေးစားမှုက သခင့်ထံမှာ ဘယ်အတိုင်းအတာထိရှိသလဲ၊ ကိုယ်တော်မြတ်(ဆွ)နဲ့
စပ်လျဉ်းလို့ သခင့်ရဲ့ တုံ့ပြန်မှုတွေက ဘယ်လိုရှိသလဲဆိုတာကို မွတ်စ်လေ
မော်အူးဒ်သခင်က တစ်နေရာမှာ ခုလို မိန့်တော်မူပါတယ်။
တစ်ခါက လာဟို သို့မဟုတ် အမ်ရစ်ဆာဘူတာရုံမှာ သခင်ကြီးရှိနေခိုက် ပန်ဒစ်
လက္ခရာမ် ရောက်လာပါတယ်။ သူက သခင့်ထံရောက်လာပြီး သခင့်ကို နှုတ်ခွန်း
ဆက် 'စလာမ်'ဆိုပါတယ်။ ပန်ဒစ်လက္ခရာမ်ဟာ အာရီယာစမာဂ်ျအဖွဲ့မှာ အရေး
ပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် မဆီဟ်မော်အူးဒ် (အ.စ)သခင်ထံ ခုလို 'စလာမ်'
ဆိုဖို့ ရောက်လာခြင်းကိုမြင်ရတဲ့အခါ သခင်နှင့်အတူလိုက်ပါလာကြသူတွေက
အလွန်ဝမ်းသာပီတိဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ မဆီဟ်မော်အူးဒ် (အ.စ)သခင်က သူ့
ဘက်ကို နည်းနည်းမှ အာရုံမထားခဲ့ပါဘူး။ ပန်ဒစ်လက္ခရာမ် နှုတ်ဆက်နေတာကို
သခင်မမြင်လောက်ဘူးထင်ပြီး သခင့်ကို လက္ခရာမ်က 'စလာမ်'ဆိုနေကြောင်း
တချို့က အသိပေးကြပါတယ်။ အဲဒီအခါမှာ သခင်က အလွန်မခံချင်စိတ်ဖြင့် 'သူ
မရှက်ဘူးလား၊ ကျွန်ုပ်ရဲ့သခင်ကို ဆဲရေးပြောဆိုပြီး ကျွန်ုပ်ကိုတော့ 'စလာမ်'
ဆိုနေရသလား'လို့ မိန့်တော်မူပါတယ်။
တစ်နည်းဆိုရရင် သခင်က မိမိထံ လက္ခရာမ် ရောက်လာတယ်ဆိုတာကိုတောင်
နည်းနည်းမှ ဂရုမစိုက်ခဲ့ပါဘူး။ သာမန်လူတွေမှာတော့ အကြီးအကဲတစ်ယောက်၊
ခေါင်းဆောင်တစ်ယောက်နဲ့ တွေ့ဆုံခွင့်ရတာကိုပဲ သူတို့အတွက် အောင်မြင်မှု
တစ်ခုလို သဘောထားကြပါတယ်။ အရာရှိအရာခံတစ်ဦး၊ လူကြီးတစ်ဦး ရောက် 
 လာတယ်ဆိုရင် သူတို့ရဲ့စကားကို သေသေချာချာ ဂရုတစိုက် နားထောင်တတ်
ကြပေမဲ့ သူဆင်းရဲတစ်ဦးရောက်လာရင်တော့ ဂရုမစိုက်ဘဲနေတတ်ကြပါတယ်။
ဒီအဖြစ်အပျက်ကို တင်ပြလျက် တစ်နေရာမှာ မွတ်စ်လေမော်အူးဒ်သခင်က ခုလို
မိန့်တော်မူပါတယ်။ 'အာရီယာအဖွဲ့မှာ လက္ခရာမ်ရဲ့တန်ခိုးဩဇာကြောင့် အကြီး
အကဲတွေကအစ သူနဲ့တွေ့ဆုံခွင့်ရတာကိုပဲ ဂုဏ်သိက္ခာတစ်ခုလို သဘောထားကြ
ပါတယ်။ သို့သော် မဆီဟ်မော်အူးဒ် (အ.စ)သခင်ရဲ့ (သာသနာအတွက်) မခံချင်စိတ်
ကိုကြည့်ပါ။ ပန်ဒစ်လက္ခရာမ်ကိုယ်တိုင်က သခင်နဲ့တွေ့ဆုံဖို့ရောက်လာခဲ့ပေမဲ့
လည်း သခင်က 'ကျွန်ုပ်ရဲ့သခင်အပေါ် ဆဲရေးပြောဆိုမှုကို စွန့်လွှတ်မှသာ သူနဲ့
တွေ့ဆုံမယ်'လို့ မိန့်တော်မူခဲ့ပါတယ်။
ဒီအဖြစ်အပျက်မှာ တမန်တော်မြတ်(ဆွ)နဲ့ပတ်သက်လို့ သခင့်ရဲ့ မခံချင်စိတ်ကို
တွေ့ရသလို၊ မိမိအဖို့ ဂုဏ်သိက္ခာရှိစေမယ်ဆိုတဲ့အတွေးဖြင့် အရာရှိအရာခံ
တစ်ဦးဦးကို တွေ့ဆုံနှုတ်ဆက်ခြင်းမျှဖြင့် မလုံလောက်ဘဲ ဆင်းရဲနွမ်းပါးသူရဲ့
ဂုဏ်သိက္ခာကို ငဲ့ညှာခြင်းရှိဖို့လိုအပ်ကြောင်းကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင်
မိမိတို့ရဲ့ မခံချင်စိတ်ကို ပြသဖို့လိုအပ်ကြောင်းလည်း သိရပါတယ်။ 
အကယ်၍ အကြီးအကဲတစ်ဦးက ကျွန်တော်တို့ရဲ့သခင် တမန်တော်မြတ်(ဆွ)နဲ့
စပ်လျဉ်းလို့ မလျော်ကန်တဲ့စကား တစ်စုံတစ်ရာပြောတယ်ဆိုရင် သူဟာ ဘယ်
လောက်ပင် ကြီးကဲသူဖြစ်ပါစေ သူ့ကို အလေးပေးဆက်ဆံစရာ မလိုပါဘူး။
မည်သို့ဆိုစေ ဒီဖြစ်ရပ်မှာ ရှုထောင့်အမျိုးမျိုးရှိနေပါတယ်။
ထိုနည်းတူ အခြားအဖြစ်အပျက်တစ်ခုကိုပြောပြလျက် မွတ်စ်လေမော်အူးဒ်
သခင်က မိန့်တော်မူပါတယ်။ 'မဆီဟ်မော်အူးဒ် (အ.စ)သခင်ဟာ သားသမီးတွေ
အပေါ် ပြုမူဆက်ဆံပုံက အလွန်မြင့်မားတဲ့အဆင့်မှာရှိပါတယ်။ ဒီလိုကြောင့်
သခင်ဟာ သားသမီးတွေအပေါ် အမျက်ဒေါသဖြစ်လိမ့်မယ်လို့တောင် စဉ်းစားလို့
ရနိုင်မှာမဟုတ်ပါဘူး။ မဆီဟ်မော်အူးဒ် (အ.စ)သခင် အမျက်ဒေါသထွက်တာကို
ကျွန်တော်တို့ ငယ်စဉ်ကတည်းက မမြင်ခဲ့ရပါဘူး။ သားသမီးတွေအပေါ် 
 ချစ်တဲ့စိတ်က ဘယ်လောက်တောင် မြင့်မားသလဲဆိုရင် ဟာဇရတ် မော်လဝီ
အဗ်ဒွလ်ကရီမ်ဆာဟိဘ်(W)က အဖြစ်အပျက်တစ်ခုကို ဆင့်ပြန်ပြောပြပါတယ်။ 
တစ်ခါမှာ မဆီဟ်မော်အူးဒ် (အ.စ)သခင်က လဲလျောင်းတဲ့အခါ မိမိရဲ့နံရိုးနားမှာ
နာကြင်ကြောင်း၊ ကြပ်ထုတ်ထိုးပေမဲ့လည်း မသက်သာကြောင်းပြောပါတယ်။
သေချာကြည့်လိုက်တဲ့အခါ သခင့်ရဲ့အိတ်ကပ်ထဲမှာ အင်္ဂတေလုံးတစ်ခုကို တွေ့ရ
ပါတယ်။ ဒါကြောင့်ပဲ နံရိုးမှာနာကြင်နေရခြင်းဖြစ်ပါတယ်။ ဒါနဲ့ ဒီအင်္ဂတေလုံး
က သခင့်အိတ်ကပ်ထဲကို ဘယ်လိုရောက်နေတာပါလဲလို့ မေးလျှောက်ကြည့်ပါ
တယ်။ သခင်က 'မာဟ်မူးဒ်က သေသေချာချာသိမ်းထားပါ'ဆိုပြီး ကျွန်ုပ်ကို ပေး
ထားတာ၊ ဒါကြောင့် ကျွန်တော်က သူတောင်းတဲ့အချိန် ပြန်ပေးနိုင်အောင် အိတ်
ကပ်ထဲထည့်ထားတာပါ'လို့ဖြေပါတယ်။ မော်လဝီ အဗ်ဒွလ်ကရီမ်ဆာဟိဘ်က
ထိုအင်္ဂတေလုံးကို မိမိကိုပေးထားဖို့နဲ့ မိမိသိမ်းထားပေးမယ်လို့ ပြောပါတယ်။ ဒါနဲ့
သခင်က 'နေပါစေ၊ ကျွန်တော်ပဲ သိမ်းထားလိုက်ပါမယ်'လို့ ပြောကြားပါတယ်။
သခင်ဟာ သားသမီးတွေအပေါ် အလွန်ချစ်ခင်ပြီး အထူးသဖြင့် ကျွန်တော်တို့ရဲ့
ညီအငယ်ဆုံးဖြစ်တဲ့ မီရ်ဇာ မိုဘာရက်အဟ်မဒ်ကို ပိုပြီးချစ်ပါတယ်။ သခင်ဟာ
သူ့ထက်ပိုပြီး ဘယ်သူ့ကိုမှ ချစ်မှာမဟုတ်ဘူးလို့တောင် ကျွန်တော်တို့ ထင်ခဲ့ပါ
တယ်။ ဒါပေမဲ့ သားသမီးအပေါ် ချစ်တဲ့စိတ်က တမန်တော်မြတ်(ဆွ)အပေါ်
ထားရှိတဲ့ချစ်စိတ်ကို မလွှမ်းမိုးနိုင်ခဲ့ပါဘူး။ တစ်ခါမှာ သိတတ်စအရွယ်မျှသာ
ရှိသေးတဲ့ မိုဘာရက်အဟ်မဒ်က မသိနားမလည်မှုကြောင့် တမန်တော်မြတ်(ဆွ)ရဲ့
ဂုဏ်တော်နှင့်ဆန့်ကျင်ဘက်သဘောဆောင်တဲ့ စကားတစ်ခွန်းပြောမိတာကြောင့်
မဆီဟ်မော်အူးဒ် (အ.စ)သခင်ဟာ သူ့ကို ခပ်နာနာ ရိုက်နှက်ခဲ့ပါတယ်။
တစ်ဖန် မွတ်စ်လေမော်အူးဒ်သခင်က မိန့်တော်မူပါတယ်။
လာဟိုမှာ အာရီယာတွေက အခမ်းအနားတစ်ခု ကျင်းပပါတယ်။ ထိုအခမ်းအနား
သို့ တက်ရောက်ပါရန် မဆီဟ်မော်အူးဒ် (အ.စ)သခင်ကိုလည်း ဖိတ်ကြားလိုက်ပါ
တယ်။ ဒါ့အပြင် အခမ်းအနားကျင်းပသူတွေက မိမိတို့အနေဖြင့် တမန်တော်မြတ်
(ဆွ)နဲ့စပ်လျဉ်းလို့ထိပါးပြောဆိုမည်မဟုတ်ကြောင်း ကတိပြုထားပါတယ်။ ဒါပေမဲ့ 
 အခမ်းအနားမှာ သူတို့ဟာ များစွာ တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့
ဂျမာအတ်က ပုဂ္ဂိုလ်အချို့လည်း ထိုအခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။
ထိုအထဲမှာ မော်လဝီ နူရွတ်ဒင်းန်ဆာဟိဘ်လည်း ပါဝင်ပါတယ်။ မော်လဝီ
ဆာဟိဘ်ကို မဆီဟ်မော်အူးဒ် (အ.စ)သခင်က အမြဲတမ်း တလေးတစား ဆက်ဆံ
ပါတယ်။ အခမ်းအနားမှာ တမန်တော်မြတ်(ဆွ)အပေါ် များစွာထိပါးပြောဆိုခဲ့
ကြောင်း သခင်ကြီးသိရတဲ့အခါ မော်လဝီဆာဟိဘ်ကို - 'အဲဒီမှာ ထိုင်ရတာကို
ခင်ဗျားရဲ့စိတ်က ဘယ်လိုလုပ်ပြီး သည်းခံနိုင်သလဲဆိုတာ ကျွန်တော်ဖြင့် မပြော
တတ်ဘူး။ ခင်ဗျား ဘာကြောင့် ထမပြန်ခဲ့တာလဲ'လို့ မိန့်ကြားပါတယ်။ 
အဲဒီအချိန်မှာ သခင်ကြီးဟာ အလွန်မခံမရပ်နိုင်ဖြစ်နေတာကြောင့် မော်လဝီ
ဆာဟိဘ်ကို လုံးဝစိတ်ဆိုးသွားပြီလို့တောင် ထင်ရပါတယ်။ မော်လဝီဆာဟိဘ်က
'သခင်ကြီး ကျွန်တော်မျိုး မှားသွားပါတယ်'လို့လျှောက်ပါတယ်။ သခင်က
'ဘာမှားတာလဲ၊ တမန်တော်မြတ်(ဆွ)ကို ထိပါးပြောဆိုနေတာတောင် ခင်ဗျားက
အဲဒီမှာ ထိုင်နေရသလား'လို့ မိန့်တော်မူပါတယ်။
ဟာဇရတ် မွတ်စ်လေမော်အူးဒ်သခင်က မိန့်ကြားပါတယ်။ 'ထိုအခမ်းအနားကို
ပထမခလီဖာဟ်သခင်နဲ့အတူ ကျွန်တော်လည်း လိုက်သွားပါတယ်။ မဆီဟ်မော်
အူးဒ် (အ.စ)သခင်က ကျွန်တော့်ကိုလည်း 'မင်းကရော အဲဒီမှာ ဘာကြောင့်
ထိုင်နေရသလဲ'ဆိုပြီး ပြင်းပြင်းထန်ထန် မာန်မဲခဲ့ပါတယ်။
ယနေ့ မဆီဟ်မော်အူးဒ် (အ.စ)သခင်ကို တမန်တော်မြတ်(ဆွ)ထက် ကြီးကျယ်
မြင့်မြတ်ကြောင်း ကြွေးကြော်ပါတယ်လို့ မတရားစွပ်စွဲနေသူတွေဟာ တမန်
တော်မြတ်(ဆွ)နဲ့ပတ်သက်လို့ သခင့်ရဲ့ ခုလို စိတ်အားပြင်းပြမှု၊ ခံပြင်းမှုတွေကို
ယှဉ်ပြိုင်နိုင်ပါ့မလား။ မတရားစွပ်စွဲသူတွေအနေနဲ့ တမန်တော်မြတ်(ဆွ)အပေါ်
ထားရှိတဲ့ မဆီဟ်မော်အူးဒ် (အ.စ)သခင်ရဲ့ချစ်စိတ်ကို ကြည့်ရှုသုံးသပ်ကြမယ်
ဆိုရင် ဘယ်လောက်ကောင်းလေမလဲ။
တစ်ဖန် အဗ်ဒွလ္လာဟ်အာထမ်နဲ့ဖြစ်ပွားခဲ့တဲ့ စကားစစ်ထိုးပွဲအကြောင်းကို
ရေးသားထားပါတယ်။ 

 အဗ်ဒွလ္လာဟ်အာထမ်နဲ့စကားစစ်ထိုးပွဲအကြောင်းရေးထားတဲ့ 'ဂျန်ဂေမိုကာဒါစ်'
(မြင့်မြတ်သောစစ်ပွဲ) စာအုပ်ထွက်လာပါပြီ။ ဒီစကားစစ်ထိုးပွဲ ကျင်းပချိန်မှာ
သခင်ကြီးဘက်က မဆီဟ်မော်အူးဒ်ဖြစ်ကြောင်း ကြေညာပြီးဖြစ်သလို မော်လဝီ
တွေဘက်ကလည်း သခင့်ကို 'ကာဖဲရ်'ဖြစ်ကြောင်းကြေညာလျက် 'ဝါဂျီဘွလ်
ကတာလ်' သတ်ဖြတ်စီရင်ထိုက်ကြောင်း ဖတ္တဝါထုတ်ပြန်ထားပါတယ်။
(ဒီအဖြစ်အပျက်ကို မွတ်စ်လေမော်အူးဒ်သခင်က ၁၉၃၁ ခုနှစ်မှာ ပြောကြားနေ
ခြင်းဖြစ်ပါတယ်။) ယနေ့ ဂျမာအတ်အတွက် လုံခြုံငြိမ်းချမ်းမှုမျိုးရှိသလို ထိုစဉ်က
မရှိခဲ့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ခရစ်ယာန်တစ်ယောက်နဲ့ ဂိုင်းရ်အဟ်မဒီ
(အဟ်မဒီမဟုတ်သူ)တွေကြားမှာ စကားစစ်ထိုးပွဲပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။
ဒီစကားစစ်ထိုးပွဲမှာ မူလက ဂိုင်းရ်အဟ်မဒီတွေနဲ့ပြုလုပ်ဖို့ စီစဉ်ခဲ့ခြင်းဖြစ်ပါ
တယ်။ သူတို့ကပဲ မဆီဟ်မော်အူးဒ် (အ.စ)သခင်ကို မိမိတို့ဘက်မှ ကိုယ်စားပြုပြီး
စကားစစ်ထိုးဖို့ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
ပထမပိုင်း အဟ်မဒီမဟုတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ ခရစ်ယာန်တို့ကြားမှာ စကားစစ်
ထိုးခဲ့ပါတယ်။ ထိုစဉ်မှာပဲ ဂိုင်းရ်အဟ်မဒီပုဂ္ဂိုလ်က မဆီဟ်မော်အူးဒ် (အ.စ)သခင်
ကို မိမိနေရာမှ ဝင်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒီအချိန်မှာ မဆီဟ်မော်
အူးဒ် (အ.စ)သခင်က မဆိုင်းမတွဘဲ ရှေ့တန်းထွက်ခဲ့ပါတယ်။
ထိုအချိန်မှာ သခင်က 'ဂိုင်းရ်အဟ်မဒီတွေလောက် ခရစ်ယာန်တွေက မိမိအပေါ်
မှာ ရန်ငြှိုးမထားတာကြောင့် ဒီပွဲမှာပြောစရာမလိုဘူး'ဆိုပြီး မငြင်းလိုက်ပါဘူး။
(သခင့်ကို သတ်ဖြတ်သင့်ကြောင်း ဖတ္တဝါက ခရစ်ယာန်တွေဘက်က ထုတ်ပြန်
ထားတာမဟုတ်ဘဲ ဂိုင်းရ်အဟ်မဒီမော်လဝီတွေက ထုတ်ပြန်ထားတယ်ဆိုတာကို
ဆိုလိုခြင်းဖြစ်ပါတယ်။) ဒါပေမဲ့ ခုလို ဂိုင်းရ်အဟ်မဒီတွေဘက်က ဖိတ်ခေါ်ချက်
ပင်ဖြစ်လင့်ကစား တမန်တော်မြတ်(ဆွ)ရဲ့ဂုဏ်သိက္ခာတော်ကို စိုက်ထူဖို့နဲ့
အလ္လာဟ်အရှင်မြတ်ရဲ့'တောင်ဟီးဒ်'ကို တည်တံ့စေဖို့အတွက် သခင်ဟာ
စကားစစ်ထိုးပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ကာဒီယာန်ပြင်ပ မြို့ရွာ
တွေကိုလည်း သွားရောက်ခဲ့ပါတယ်။ ဒါဟာ အီမာန်နဲ့ပတ်သက်လို့ သခင့်ရဲ့ မခံ
ချင်စိတ်ပြင်းပြမှုဖြစ်ပါတယ်။ ဒိအတွက် သခင်ဟာ ဘာကိုမှအရေးမစိုက်ခဲ့ပါဘူး။

 ထို(ဂျန်ဂေမိုကာဒါစ်)စကားစစ်ထိုးပွဲက အလွန်ရှည်လျားပြီး ၁၅ ရက်တာမျှ
ကြာမြင့်ခဲ့ပါတယ်။ သခင်က နောက်ဆုံးမှာ ဒိုအာပြုလုပ်လျက် ကန့်သတ်ချက်
အတိုင်းအတာတစ်ခုသတ်မှတ်ပြီး ကြိုတင်ဗျာဒိတ်ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြိုတင်
ဗျာဒိတ်နဲ့စပ်လျဉ်းလို့ မဆီဟ်မော်အူးဒ် (အ.စ)သခင်က မိန့်တော်မူပါတယ်။ 
'ယနေ့ ညတွင် ကျွန်ုပ်အား အထင်အရှားပြသခြင်းခံရသည်မှာ ကျွန်ုပ်သည်
အလွန်ကျိုးနွံနှိမ့်ချပြီး ငိုကြွေးမြည်တမ်းလျက် အလ္လာဟ်အရှင်မြတ်ထံတော်တွင်
အရှင်မြတ်ဘက်မှ ဤအရေးကိစ္စအတွက် အဆုံးအဖြတ်ပေးတော်မူရန်၊ ကျွန်ုပ်မှာ
ကား မည်သို့မျှမစွမ်းသာသော လူသားတစ်ဦးမျှသာဖြစ်ပြီး အရှင်မြတ်၏ ဆုံးဖြတ်
ချက်မရှိဘဲလျက် ဘာတစ်ခုမျှဖြစ်မလာနိုင်ကြောင်း ဒိုအာပြုလုပ်နေ၏။  ထိုအခါ
တွင် အရှင်မြတ်သည် ဤနိမိတ်လက္ခဏာတော်ကို သတင်းကောင်းတစ်ရပ်အဖြစ်
ပေးတော်မူ၏။ ဤစကားစစ်ထိုးပွဲတွင် မုသာဝါဒကို ပေါ်ပေါ်ထင်ထင် လက်ခံ
ကျင့်သုံးပြီး စစ်မှန်သော ဘုရားရှင်အား စွန့်ပယ်ထားသည့်ဘက်မှပုဂ္ဂိုလ်သည်
အမှန်တရားဘက်သို့ တိမ်းညွတ်ခြင်းမပြုခဲ့သော် ၁၅ လအတွင်း ငရဲတွင်
ထည့်သွင်းခြင်းခံရပေမည်။ ထို့ပြင် သူသည် ဂုဏ်သရေပျက်စီးရလိမ့်မည်။ အမှန်
တရားပေါ်တွင်ရှိပြီး စစ်မှန်သော ဘုရားရှင်ကို ယုံကြည်သက်ဝင်သူမှာကား
ယင်းအားဖြင့် ဂုဏ်သိက္ခာကို ရရှိပေမည်။'
စစ်မှန်တဲ့ ဘုရားရှင်ကို သက်ဝင်ယုံကြည်သူဆိုတာက မဆီဟ်မော်အူးဒ် (အ.စ)
သခင်ကိုရည်ညွှန်းခြင်းဖြစ်ပါတယ်။ ခရစ်ယာန်တွေကတော့ ယေရှုကို ဘုရား
သခင်အဖြစ် ပြုလုပ်ထားသူတွေဖြစ်ပြီး ထိုကိစ္စအတွက် စကားစစ်ထိုးနေခြင်း
ဖြစ်ပါတယ်။ မည်သို့ဆိုစေ ထိုစကားစစ်ထိုးပွဲက အလွန်ရှည်လျားပါတယ်။ ဒါရဲ့
နိဂုံးရလဒ်ကိုလည်း တစ်လောကလုံး မြင်ခဲ့ကြရပါတယ်။
မွတ်စ်လေမော်အူးဒ်(W)သခင်က ဒါနဲ့ပတ်သက်တဲ့ အဖြစ်အပျက် တချို့ကို
တင်ပြပါတယ်။ 'အဗ်ဒွလ္လာဟ်အာထမ်နဲ့စပ်လျဉ်းလို့ မဆီဟ်မော်အူးဒ် (အ.စ)သခင်
က သတိပေး ပြောကြားတဲ့ ကြိုတင်ဗျာဒိတ်မှာ သတ်မှတ်ထားတဲ့အတိုင်း ၁၅ လ
လွန်မြောက်သွားပေမဲ့လည်း အာထမ်သေဆုံးခြင်းမရှိတာကြောင့် ရုပ်ပိုင်းအမြင်
သက်သက်ရှိသူတွေကြားမှာ 'မီရ်ဇာဆာဟိဘ်ရဲ့ကြိုတင်ဗျာဒိတ် မပြည့်စုံဘူး' 
 ဆိုပြီး ဂယက်ရိုက်သွားပါတယ်။ တစ်ခါက ဘဟာဝရ်ပူးရ်မှ နဝါဗ်ဆာဟိဘ်ရဲ့
အိမ်တော်မှာလည်း လူအချို့က 'မီရ်ဇာဆာဟိဘ်ရဲ့ကြိုတင်ဗျာဒိတ် မပြည့်စုံခဲ့ပါ
လား၊ အာထမ်ကတော့ ခုထက်ထိ အသက်ရှင်နေတုန်းပဲ'ဆိုပြီး သရော်ခဲ့ကြပါ
တယ်။ ထိုအချိန်က အိမ်တော်အတွင်းမှာ ခွာဂျာဂိုလာမ်ဖရီးဒ်ဆာဟိဘ်လည်း
ရှိနေပါတယ်။ နဝါဗ်ဆာဟိဘ်က သူ့ရဲ့'မူရီးဒ်'(တပည့်)ဖြစ်ပါတယ်။ စကားပြောဆို
နေကြရင်းက နဝါဗ်ဆာဟိဘ်ရဲ့နှုတ်မှလည်း အာထမ်အသက်ရှင်နေသေးကြောင်း
ပြောမိပါတယ်။ ဒီအခါမှာ ခွာဂျာဂိုလာမ်ဖရီးဒ်ဆာဟိဘ်က မခံမရပ်နိုင်ဖြစ်ပြီး
အလွန်ရဲရင့်ခန့်ညားစွာဖြင့် 'အာထမ် အသက်ရှင်နေသေးတယ်လို့ ဘယ်သူပြော
သလဲ၊ ကျွန်ုပ်ကတော့ သူ့အလောင်းကိုပဲ မြင်နေရတယ်'လို့ ပြောကြားခဲ့ပါတယ်။
ဒီအခါမှာ နဝါဗ်ဆာဟိဘ် လုံး၀နှုတ်ဆိတ်သွားပါတယ်။
ဒီအဖြစ်အပျက်ကိုပြောပြလျက် မွတ်စ်လေမော်အူးဒ်သခင် မိန့်တော်မူတာက-
အချို့ဟာ အပြင်ပန်းအရတော့ အသက်ရှင်နေသယောင်မြင်ရပေမဲ့ တကယ်
တမ်းတော့ သူတို့ဟာ အသေလောင်းတွေဖြစ်ပါတယ်။ အချို့ကလည်း အသေလို
ထင်ရပေမဲ့ အမှန်တော့ သူတို့ အသက်ရှင်နေကြပါတယ်။ အလ္လာဟ်အရှင်မြတ်
လမ်းတော်မှာ အသက်ပေးခဲ့ကြသူတွေဟာ တကယ်တော့ ရှင်နေသူတွေသာ
ဖြစ်ပါတယ်။ သို့သော် အသက်ရှင်သူတွေထဲက ထောင်ပေါင်းများစွာသော
လူတွေကတော့ နာမ်တရားမျက်စိရှိသူတွေရှေ့မှာ အသေကောင်တွေလိုပါပဲ။
သူတော်စင်တစ်ယောက်အကြောင်း လာရှိပါတယ်။ သူဟာ သုသာန်မှာပဲ အမြဲ
နေလေ့ရှိပါတယ်။ တစ်ခါမှာ လူတစ်ယောက်က 'ရှင်သူတွေကိုစွန့်ပြီး ဘာကြောင့်
သုသာန်မှာနေရတာပါလဲ'လို့ သူ့ကို မေးပါတယ်။ သူက 'ကျုပ်ဟာ မြို့မှာတော့
လူသေအလောင်းတွေကိုပဲ တွေ့ရတယ်၊ ဒီနေရာမှာ ရှင်သူတွေကိုတွေ့ရတယ်'လို့
ပြောပါတယ်။ ဒါကြောင့် နာမ်တရားဆိုင်ရာ သေသူနဲ့ နာမ်တရားဆိုင်ရာ ရှင်သူ
တွေကို ခွဲခြားသိမြင်နိုင်ဖို့ လူတိုင်းမှာမစွမ်းပါဘူး။ စစ်မှန်တဲ့ မို့အ်မင်န်တစ်ဦး
အနေဖြင့် ဒါကို သိမြင်နိုင်ဖို့အတွက် ကြိုးပမ်းသင့်ပါတယ်။
အကယ်၍ ဝိညာဉ်ပိုင်းဆိုင်ရာ မျက်စိရှိမယ်ဆိုရင် သေသူနဲ့ ရှင်သူကို ကွဲကွဲပြား
ပြား မြင်ရပါတယ်။ ကျွန်တော်တို့အနက် တစ်ဦးချင်းစီက ဒီအဆင့်ကို ရရှိအောင်
ကြိုးပမ်းရပါမယ်။

 အဗ်ဒွလ္လာဟ် အာထမ်ဟာ နာမ်တရားဆိုင်ရာ သေဆုံးမှုတစ်ခုတည်းမဟုတ်ဘဲ
ကြိုတင်ဗျာဒိတ်ပါ သတ်မှတ်ချက်အတိုင်း ရုပ်ပိုင်းအရလည်း သေခြင်းတရား
ဆိုက်ရောက်ခဲ့ပါတယ်။ သူရရှိခဲ့တဲ့ အနည်းငယ်မျှသော ဆိုင်းငံ့ခွင့်ကလည်း
မဆီဟ်မော်အူးဒ် (အ.စ)သခင်ရဲ့ ကြိုတင်ဗျာဒိတ်မှာပါရှိတဲ့ ကန့်သတ်ချက်နဲ့
တစ်ထပ်တည်းပါပဲ။
တစ်ဖန် အာထမ်နဲ့ပတ်သက်လို့ ကြိုတင်ဗျာဒိတ်အကြောင်းကို တစ်နေရာမှာ
မွတ်စ်လေမော်အူးဒ်သခင်က ခုလို မိန့်တော်မူပါတယ်။
'မို့အ်မင်န်ရဲ့တာဝန်က အလ္လာဟ်အရှင်မြတ်အပေါ် ယုံပုံကိုးစားခြင်းပြုဖို့ပါပဲ။
အလုပ်တွေကို အလ္လာဟ်အရှင်မြတ်က လုပ်ဆောင်လျက်ရှိပါတယ်။ ဒါပေမဲ့
ကျွန်တော်တို့တာဝန်က အလ္လာဟ်အရှင်မြတ် မိန့်ကြားသမျှကိုသာ ပြုလုပ်ရမယ်၊
တွေးတောရမယ်၊ ပြောဆိုရပါမယ်။ မဆီဟ်မော်အူးဒ် (အ.စ)သခင်က အာထမ်နဲ့
ပတ်သက်လို့ ကြိုတင်ဗျာဒိတ်ထုတ်ပြန်ပြီး ဗျာဒိတ်မှာဖော်ပြထားတဲ့ ကာလ
သတ်မှတ်ချက် လွန်မြောက်လာပါတယ်။' 
မွတ်စ်လေမော်အူးဒ်သခင်က မိန့်ကြားပါတယ်။ 'ထိုစဉ်က ကျွန်တော်ဟာ
အသက် ခြောက်နှစ်၊ ခုနစ်နှစ်ခန့်သာ ရှိပါသေးတယ်။ ထိုစဉ်က မြင်ကွင်းကို
ကျွန်တော် ကောင်းကောင်းမှတ်မိပါတယ်။ ယခင် ကာဒီယာန်ရဲ့ ပုံနှိပ်တိုက်
ရှိတဲ့နေရာနဲ့ တွဲလျက်အခန်းမှာ မော်တော်ကားတစ်စီးရပ်ထားပါတယ်။ သူ့ရဲ့
အနောက်ဘက်အခန်းမှာ ပထမခလီဖတွလ်မဆီဟ်သခင်က 'ဒရဆ်'ပြုလုပ်လေ့
ရှိပါတယ်။ ဒါနဲ့တစ်ဆက်တည်းမှာပဲ အဆောင်တစ်ခုရှိပြီး အဲဒီမှာ မဆီဟ်
မော်အူးဒ် (အ.စ)သခင်ရဲ့ ပုံနှိပ်စက်တစ်ခုရှိပါတယ်။ ထိုနေရာမှာ ပထမခလီဖာဟ်
သခင်ရဲ့ တပည့်တချို့လည်းနေကြပါတယ်။ ထိုစဉ်အချိန်က လူနည်းပါးတာ
ကြောင့် များသောအားဖြင့် ရောက်လာသမျှလူတွေဟာ ပထမခလီဖာဟ်သခင်ရဲ့
တပည့်ဖြစ်သွားပါတယ်။ ထိုနေရာကိုသာလျှင် စာသင်ကျောင်းအဖြစ်အသုံးပြု
ခဲ့ပြီး ပထမခလီဖာဟ်သခင်က သင်ကြားပေးပါတယ်။ ဒိအပြင် တခြား
ဘယ်ကျောင်းမှမရှိပါဘူး။ သူတို့ဟာ သခင့်ရဲ့တပည့်တွေလည်းဖြစ်ကြသလို
အသင်းတော်ရဲ့အကျိုးဆောင်တွေလည်းဖြစ်ပါတယ်။ ကျွန်တော် ကောင်းစွာ


 မှတ်မိပါတယ်။ အာထမ်နဲ့ပတ်သက်လို့ ကြိုတင်ဗျာဒိတ် ကန့်သတ်ကာလ
ပြည့်သွားချိန်၊ ၁၈၉၄ နှစ်ကုန်ပိုင်း ဒါမှမဟုတ် ၁၈၉၅ နှစ်ဆန်းပိုင်း ဖြစ်ပါ
လိမ့်မယ်။ ထိုစဉ်က ကျွန်တော့်အသက် ၆ နှစ်ခန့်သာရှိပါတယ်။ ဒီကနေ့ထိ
ကျွန်တော်ဟာ အဲဒီတုန်းက မြင်ကွင်းကို မှတ်မိပါသေးတယ်။ ထိုစဉ်တုန်းကတော့
ကျွန်တော် အသက်ငယ်သေးတာကြောင့် အဲဒီဖြစ်ရပ်ကို နားမလည်ခဲ့ပါဘူး။
ဒါပေမဲ့ ယနေ့ ထိုအဖြစ်အပျက်အကြောင်းကို ကျွန်တော် ကောင်းကောင်း
သဘောပေါက်ခဲ့ပါပြီ။ အာထမ်အတွက် ကြိုတင်ဗျာဒိတ်ပြည့်စုံဖို့ နောက်ဆုံးနေ့
ကို ရောက်လာပြီး သတ်မှတ်ထားတဲ့ ၁၅ လ ကုန်လွန်တော့မှာ ဖြစ်ပါတယ်။
ထိုနေ့က ဘယ်လောက်တောင် ပွက်လောရိုက်နေသလဲဆိုရင် လူတွေဟာ
အော်ဟစ်ငိုကြွေးကြလျက် 'အို-အလ္လာဟ်၊ အာထမ်သေသွားပါစေ'လို့ ဒိုအာလုပ်
နေကြပါတယ်။ ဒါက အဆရ်နဲ့ မဂ်ရီဗ် အချိန်ကြားမှာဖြစ်ပါတယ်။ အဲဒီနောက်
နမာဇ်အချိန်ရောက်တဲ့အခါ မဆီဟ်မော်အူးဒ် (အ.စ)သခင်က ဦးဆောင်ဝတ်ပြုပါ
တယ်။ နမာဇ်ပြီးတဲ့အခါ သခင်က စကားဝိုင်းထိုင်ပါတယ်။ အဲဒီအရွယ်တုန်းက
ကျွန်တော်ဟာ စကားဝိုင်းတွေမှာ ပုံမှန်တော့ထိုင်လေ့မရှိပါဘူး။ တစ်ခါတစ်ရံ
တော့ ထိုင်တတ်ပါတယ်။ အဲဒီနေ့က ကျွန်တော်လည်း ထိုစကားဝိုင်းမှာ ထိုင်ခဲ့ပါ
တယ်။ ထိုနေ့က လူတွေဟာ ငိုကြွေးမြည်တမ်းလျက် ဒိုအာပြုလုပ်ခဲ့တာကြောင့်
မဆီဟ်မော်အူးဒ် (အ.စ)သခင်က သူတို့ရဲ့လုပ်ရပ်အပေါ် စိတ်ဆိုးကြောင်း ပြသခဲ့
ပါတယ်။ သခင်က မိန့်တော်မူပါတယ်။ 'အရှင်မြတ်ရဲ့ဗျာဒိတ်စကားအတွက်
လူသားတစ်ဦးတစ်ယောက်ထံမှာရှိတဲ့ မခံချင်စိတ်က အလ္လာဟ်ထက်ပိုနိုင်ပါ့
မလား။ အရှင်မြတ်က 'ဒီလိုဖြစ်မယ်'ဆိုပြီး မိန့်တော်မူထားပြီဆိုရင် ထိုအတိုင်း
မုချဖြစ်လိမ့်မယ်ဆိုတာကို ကျွန်တော်တို့ သက်ဝင်ယုံကြည်ကြရမယ်။ အကယ်၍
ကျွန်တော်တို့က အလ္လာဟ်အရှင်မြတ်ရဲ့ ဗျာဒိတ်စကားတော်ကို နားလည်မှုလွဲခဲ့
တာဆိုရင် အရှင်မြတ်ကလည်း ကျွန်တော်တို့ လွဲမှားနားလည်ထားတဲ့ပုံစံအတိုင်း
ဆုံးဖြတ်ချက်ပေးရမယ်လို့ အရှင်မြတ်ကို ကန့်သတ်လို့မရနိုင်ပါဘူး။ ကျွန်တော်တို့
တာဝန်က- 'ပုဂ္ဂိုလ်တစ်ဦးကို ဖြောင့်မတ်မှန်ကန်သူအဖြစ် လက်ခံယုံကြည်ပြီးပြီ
ဆိုရင် သူ့ရဲ့ပြောကြားချက်တွေကို အကြွင်းမဲ့ယုံကြည်ရမယ်။ ဒါကြောင့် မို့အ်မင်န် 
 ရဲ့အလုပ်က အလ္လာဟ်အရှင်မြတ်အပေါ် အပြည့်အဝ ယုံပုံကိုးစားရမယ်။
အလ္လာဟ်အရှင်မြတ်ရဲ့ဗျာဒိတ်စကားတို့မည်သည် မည်သို့ဆိုစေ ပြည့်စုံတာပါပဲ။'
ကျွန်တော်အထက်မှာ တင်ပြခဲ့သလိုပဲ ထိုကြိုတင်ဗျာဒိတ်ဟာ အလွန်ခမ်းနားစွာ
ပြည့်စုံခဲ့ပါတယ်။ အာထမ်ရဲ့'တောင်ဘာ'ဝန်ချတောင်းပန်မှုကြောင့် အခိုက်
အတန့်မျှ ဆိုင်းငံ့ခွင့်ရခဲ့ပေမဲ့ နောက်ဆုံးတော့ သူဟာ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ 
ဒါနဲ့စပ်လျဉ်းလို့ မဆီဟ်မော်အူးဒ် (အ.စ)သခင်က နေရာတော်တော်များများမှာ
ဖော်ပြမိန့်ကြားထားပါတယ်။ အကြောင်းအရာတစ်ခုနှစ်ခုမျှကို တင်ပြပါ့မယ်။ 
သခင်က အာထမ်ရဲ့ကြိုတင်ဗျာဒိတ်နဲ့စပ်လျဉ်းလို့ မိန့်တော်မူပါတယ်။
'ကျွန်ုပ်၏ဂျမာအတ်သားများအနေဖြင့် ဤအရေးကိစ္စများကို အစဉ်သဖြင့်
သတိတရရှိနေရမည်။ အာထမ်အတွက် ကြိုတင်ဗျာဒိတ်ပေးချက်ကို အာထမ်
ကြားရသည်နှင့် အမြောက်အမြား စုရုံးရောက်ရှိနေသော လူစုလူဝေးရှေ့မှောက်၌
သူသည် နားကိုကိုင်လျက် တုန်လှုပ်ခြင်းကြီးစွာဖြင့် ဝန်ချတောင်းပန်မှုအသွင်ကို
ပြသခဲ့ပေသည်။ ထို့နောက် သူသည် ကြောက်ရွံ့ခြင်းဖြစ်လျက် အမြို့မြို့အရွာရွာ
ရွှေ့ပြောင်းတိမ်းရှောင်ခဲ့ပေသည်။ သူသည် ဆန့်ကျင်မှုကိုစွန့်လွှတ်ခဲ့ပြီး မည်သည့်
အခါတွင်မျှ အစ္စလာမ်ကိုဆန့်ကျင်လျက် တစ်စုံတစ်ရာ ရေးသားထုတ်ဝေခြင်း
မပြုတော့ချေ။ ထို့နောက် ဆုငွေထုတ်ထားသည့် စာစောင်ကိုပို့လျက် ကျိန်ဆို
သက်သေထူရန် ဖိတ်ခေါ်သည့်အခါတွင် သူသည် ကျိန်ဆိုရန်ရောက်မလာခဲ့ချေ။
အမှန်တရား၏သက်သေကို ဖုံးကွယ်မှုကြောင့် နောက်ဆုံးတွင် သူ့အတွက်
ထုတ်ပြန်ထားသော ကြိုတင်ဗျာဒိတ်အတိုင်းပင် သူသည် ပျက်စီးခဲ့ရပေသည်။
ဤအကြောင်းကို မျှတသော အတွေးအခေါ်ပိုင်ရှင် ခရစ်ယာန်တစ်ဦးရှေ့တွင်
တင်ပြမည်ဆိုပါက သူသည်လည်း ဤကိစ္စကိုဝန်ခံရပေမည်။ သို့ဖြစ်ရာ ဤကဲ့သို့
သော ဖြစ်ရပ်များကို မှတ်သားခြင်းသည်လည်း တာဝန်တစ်ရပ်ဖြစ်ပြီး ကျမ်းစာ
အုပ်များကို ဖတ်ရှုလေ့လာခြင်းကလည်း မုချ လိုအပ်ပေသည်။' (မဆီဟ်မော်အူးဒ်
သခင်ရဲ့ ကျမ်းစာအုပ်တွေကို ဖတ်ရှုမှတ်သားဖို့ ရည်ညွှန်းခြင်းဖြစ်ပါတယ်။)
တစ်ဖန် အခြားတစ်နေရာမှာ သခင်က ခုလို မိန့်တော်မူပါတယ်။

 'ဤကြိုတင်ဗျာဒိတ်တွင် ကန့်သတ်ချက်ရှိ၏။ သူသည် အမြို့မြို့အရွာရွာသို့
လှည့်လည်တိမ်းရှောင်ခဲ့၏။ အကယ်၍ သူသည် ယေရှုကို ဘုရားသခင်အဖြစ်
ယုံကြည်ပြီး သူ့ကို အားကိုးအားထားပြုပါလျှင် ဤမျှလောက် အဘယ်ကြောင့်
တုန်လှုပ်ရပါသနည်း။ သို့ရာတွင် သူသည် အမှန်တရားကို ဖုံးကွယ်ခဲ့ပြီး လောက
တစ်ခုကို လမ်းလွဲအောင်ပြုလို၏။ အကြောင်းမူ အမှန်တရားကို ဖုံးကွယ်ခြင်း
သည် အချို့မသိနားမလည်သူတို့အတွက် တိမ်းချော်အောင်ပြုနိုင်သည့် ခလုတ်
ကန်သင်းတစ်ခုဖြစ်စေနိုင်ပေသည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် မိမိ၏
မှန်ကန်သော ကတိတော်အတိုင်းပင် ကျွန်ုပ်၏နောက်ဆုံး ကြော်ငြာစာ ထုတ်ဝေ
ပြီး ၇ လအတွင်းမှာပင် သူ့အား လောကမှဖယ်ထုတ်သွားခဲ့၏။ သူ ကြောက်ရွံ့
နေခဲ့သည့် သေခြင်းတရားသည် သူ့ထံသို့ရောက်လာခဲ့၏။ အာထမ်၏အရေးကိစ္စ
တွင် လူတို့အတွက် အဘယ်သို့သော အခက်အခဲများရှိနိုင်ကြောင်း ကျွန်ုပ်
နားမလည်နိုင်ချေ။ သူနှင့်စပ်လျဉ်း၍ ခိုင်လုံသော သက်သေခံများရှိပြီး၊ ထိုသို့
ခိုင်လုံသော သက်သေခံများရှိပြီဆိုလျှင် တရားရုံး၌ တရားခံကို ကြိုးမိန့်ပေးသည်
ချည်းသာဖြစ်၏။ ဤသည် အာထမ်နှင့်စပ်လျဉ်း၍ ကြီးကျယ်သော နိမိတ်
လက္ခဏာတစ်ရပ်ဖြစ်ပေသည်။ ထိုပြဿနာနှင့်စပ်လျဉ်း၍ ဘရာဟီနေအဟ်မဒီ
ယာကျမ်းတွင် အလွန်ထင်ရှားရှင်းလင်းသော စကားလုံးများဖြင့် အိလ်ဟာမ်
ဗျာဒိတ်ကို ဖော်ပြထားပြီးဖြစ်ပေသည်။'
တစ်ဖန် အခြားတစ်နေရာမှာ သခင်က ထိုကြိုတင်ဗျာဒိတ်နဲ့ပတ်သက်လို့ ခုလို
မိန့်တော်မူပါတယ်။ 'ကြိုတင်ဗျာဒိတ်၌ 'အမှန်တရားဘက်သို့ တိမ်းညွတ်ခြင်းမပြု
ခဲ့သော်..'ဆိုသည့် ကန့်သတ်ချက်ပါရှိပြီး 'သူသည် မွတ်စလင်မဖြစ်ခဲ့သော်'ဟူ၍
ဖော်ပြထားခြင်းမဟုတ်ချေ။ ထိုသည့်အလျင်က သူသည် တမန်တော်မြတ်(ဆွ)နှင့်
စပ်လျဉ်း၍ 'ဒဂျာလ်'ဆိုသည့် စကားလုံးဖြင့် သုံးနှုန်းရေးသားခဲ့သည်။ ထို့အတွက်
ကြောင့်ပင် စကားစစ်ထိုးပွဲပြုခဲ့ရခြင်းဖြစ်၏။ သူ့အား ကြိုတင်ဗျာဒိတ်ကို ပြောပြ
သည့်အခါ သူသည် ထိုအချိန်မှာပင် နားကိုင်လျက် 'တောင်ဘာ၊ တောင်ဘာ၊
ကျွန်တော် ဒဂျာလ်လို့ မပြောခဲ့ပါဘူး'ဆိုပြီး ပြောဆိုခဲ့ပေသည်။ ခရစ်ယာန်ဖြစ်
ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းအမှုသက်သက်ကြောင့် ကမ္ဘာလောကသို့ ပြစ်ဒဏ်ကျ
ရောက်ခြင်းမဟုတ်ကြောင်းကို ၎င်းတို့နားမလည်ကြချေ။ ထိုကဲ့သို့သော 'အဇာဘ်'


 ပြစ်ဒဏ်များအတွက် 'ကေယာမတ်'နေ့ကို သတ်မှတ်ထားပြီးဖြစ်၏။ ပြစ်ဒဏ်
သည် အစဉ်သဖြင့် မောက်မာပလွှားချိန်တွင်ကျရောက်လေ့ရှိ၏။ အကယ်၍
အဘူဂျဟလ် အစရှိသူတို့သည် ဆိုးသွမ်းသောင်းကျန်းခြင်းမပြုပါလျှင် ပြစ်ဒဏ်
လည်း ကျရောက်ခဲ့မည်မဟုတ်ချေ။ အတုအယောင် သာသနာတစ်ခုကိုလက်ခံ
ခြင်းကြောင့် ပြစ်ဒဏ်တစ်စုံတစ်ရာ ကျရောက်ခြင်းမရှိသကဲ့သို့၊ ယင်းအတွက် ကြို
တင်ဗျာဒိတ်ထုတ်ပြန်ရန်လည်း မလိုအပ်ပေ။ အစဉ်သဖြင့် အတိုင်းထက်အလွန်
မောက်မာပလွှားမှုကြောင့်သာ ကြိုတင်ဗျာဒိတ်များကို ထုတ်ပြန်ရခြင်းဖြစ်၏။'
တစ်ဖန် သခင်က မိန့်တော်မူသည်မှာ- 'လူသားသည် အဘယ်မျှပင် ရုပ်တုကိုး
ကွယ်သူ၊ လူကိုးကွယ်သူဖြစ်စေ ဆိုးသွမ်းမိုက်မဲမှုမပြုလေသမျှ ပြစ်ဒဏ်ကျရောက်
ခြင်းလည်းမရှိချေ။ အကယ်၍ ထိုအကြောင်းကိစ္စများအတွက်လည်း ဤလောက
၌ပင် ပြစ်ဒဏ်ကျရောက်ရမည်ဆိုပါမူ 'ကေယာမတ်'နေ့တွင် ထင်ရှားရန် မည်
သည့်အရာ ကျန်မည်နည်း။'
တစ်ဖန် သခင်က မိန့်တော်မူသည်မှာ- 'ကာဖဲရ်များအတွက် အမှန်ဖြစ်သော
အကျဉ်းထောင်မှာ ကေယာမတ်နေ့သာလျှင်ဖြစ်၏။ ဤတွင် လောက၌ အဘယ်
ကြောင့် ပြစ်ဒဏ်ကျရောက်ရသနည်းဟု မေးရန်ရှိလာ၏။ အဖြေကား- ယင်းတို့၏
မောက်မာထောင်လွှားမှုများကြောင့်သာ ပြစ်ဒဏ်ကျရောက်ရခြင်းဖြစ်သည်ဟု
ဆိုရပေမည်။'
ထိုစကားစစ်ထိုးပွဲအချိန်မှာ ခရစ်ယာန်သာသနာပြုတွေက ပရိယာယ်တစ်ခုသုံးပြီး
မဆီဟ်မော်အူးဒ် (အ.စ)သခင်ကို အရေးနိမ့်သွားအောင်ပြုဖို့ ကြိုးစားခဲ့ကြပါတယ်။
ဒါပေမဲ့ အလ္လာဟ်အရှင်မြတ်က သူတို့ရဲ့လှည့်ကွက်ကို သူတို့ဘက်သာ ပြန်လှည့်
ပေးခဲ့ပါတယ်။ ထိုအခါမှာ သူတို့ဟာ အလွန်ထိတ်ထိတ်ပြာပြာဖြစ်သွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကို မွတ်စ်လေမော်အူးဒ်သခင်က ပြောပြပါတယ်။
ထိုစဉ်တုန်းက ကျွန်တော် အသက်ငယ်ပါတယ်။ ထိုဖြစ်ရပ်နဲ့ပတ်သက်လို့ ပထမ
ခလီဖာဟ်သခင်က ပြောပြပါတယ်။ 'အာထမ်နဲ့စကားစစ်ထိုးပွဲမှာ ကျွန်တော်မြင်ခဲ့
ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော်တို့ရဲ့ အသိဉာဏ်တွေ မင်သက်အံ့ဩသွားပြီး
ကျွန်တော်တို့ ဦးနှောက်ကလည်း အလွန်ဝေးလံတဲ့တစ်နေရာကို ရောက်သွားပါ

 တယ်။ ခရစ်ယာန်တွေက ဘေးကျပ်နံကျပ်ဖြစ်လာတဲ့အခါ၊ သူတို့ဘက်က
ဘယ်လိုမှထွက်ပေါက်မရှိတော့တဲ့အခါမှာ သူတို့ဟာ မွတ်စလင်တချို့နဲ့ပူးပေါင်း
ပြီး လှောင်ပြောင်ပြက်ရယ်ပြုဖို့ရာ ပရိယာယ်ဆင်ခဲ့ပါတယ်။ မျက်မမြင်တွေ၊
နားမကြားသူတွေ၊ ဆွံ့အနေသူတွေနဲ့ အကျိုးတွေကို ခေါ်လာပါတယ်။ စကား
ပြောဆိုမှုမစတင်မီမှာ သူတို့ကို ဘေးတစ်ဖက်မှာ ထိုင်ခိုင်းထားလိုက်ပါတယ်။
မဆီဟ်မော်အူးဒ် (အ.စ)သခင် ကြွမြန်းလာတဲ့အခါ အကန်း၊ အပင်း၊ အအ၊ အကျိုး
တွေကို သခင့်ရှေ့မှာ ထိုင်ခိုင်းလိုက်ပြီး သူတို့က ပြောပါတယ်။ 'စကားပြောဆိုမှု
တွေအားဖြင့် ဒီပြဿနာက ပြေလည်သွားမှာမဟုတ်ဘူး၊ လူကြီးမင်းက နာဇရက်
မြို့သား မဆီဟ်ရဲ့ ပုံရိပ်လို့ ကြွေးကြော်ထားတယ်မဟုတ်လား။ နာဇရက်မြို့သား
မဆီဟ်က အကန်းတွေကို မြင်အောင်လုပ်ပေးခဲ့တယ်။ အပင်းတွေကို ကြားစေခဲ့
တယ်။ အကျိုးတွေကို ကောင်းစေခဲ့တယ်။ ကျွန်တော်တို့က လူကြီးမင်း အခက်
အခဲမရှိရအောင် ယခု အကန်း၊ အပင်း၊ အအ၊ အကျိုးတွေ စုရုံးခေါ်ဆောင်
လာပါတယ်။ အကယ်၍ လူကြီးမင်းဟာ တကယ်ပဲ မဆီဟ်ရဲ့ပုံရိပ်ဖြစ်တယ်
ဆိုရင် သူတို့ကို အကောင်းပကတိဖြစ်အောင် ပြုလုပ်ပြသပါ'လို့ ပြောပါတယ်။
ပထမခလီဖာဟ်သခင်က ပြောပြလေ့ရှိပါတယ်။ 'သူတို့ရဲ့ ဒီစကားကို ကြားရ
တော့ ကျွန်တော်တို့ အလွန်ပဲ စိတ်သောကဖြစ်ခဲ့ရပါတယ်။ ကနေ့တော့ ဒီလူတွေ
အတွက် ပြောင်လှောင်ပြက်ရယ်ပြုဖို့အခွင့်အရေး ရသွားလေမလားဆိုပြီး စိုးရိမ်မိ
ခဲ့ပါတယ်။ ဒါပေမဲ့ မဆီဟ်မော်အူးဒ် (အ.စ)သခင်ရဲ့မျက်နှာတော်ကို ကြည့်လိုက်တဲ့
အခါ သခင့်မျက်နှာမှာ မနှစ်မြို့မှုသော်လည်းကောင်း၊ စိုးရိမ်ပူပန်မှုသော်လည်း
ကောင်း အရိပ်အယောင်တောင် မတွေ့ရပါဘူး။ သူတို့ဘက်က စကားဆုံးသွားတဲ့
အခါ သခင်က မိန့်တော်မူပါတယ်။ 'ဒီမယ် သာသနာပြုကြီး၊ အစ္စလာမ့်သင်ပြ
ချက်အရတော့ ကျွန်တော် ရည်ညွှန်းတဲ့ မဆီဟ်က ခုလို အကန်းတွေ၊ အပင်းတွေ၊
ဆွံ့အသူတွေ၊ အကျိုးတွေကို ကောင်းစေခဲ့တာမဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့
မှာတော့ မဆီဟ်ဟာ ရုပ်ပိုင်းအရ မျက်စိကန်းသူတွေ၊ နားပင်းသူတွေ၊ ဆွံ့အသူ
တွေ၊ အကျိုးတွေကို ကောင်းစေခဲ့ကြောင်း ယုံကြည်ချက်ရှိပါတယ်။ ဒါ့အပြင်
ခင်ဗျားတို့ရဲ့ကျမ်းစာမှာပဲ ဆိုထားပါတယ်။ 'အကယ်၍ အသင်တို့ထံတွင် မုံညှင်း
စေ့ခန့်မျှဖြစ်စေ ယုံကြည်ခြင်းရှိလျှင် ဤတောင်ကို နေရာမှရွေ့စေဟုပြောပါက

 လည်း ယင်းသည် ရွေ့လျားလိမ့်မည်။ ကျွန်ုပ်(ယေရှု)ပြသသည့် တန်ခိုးနိမိတ်များ
ကို အသင်တို့လည်း ပြသနိုင်လိမ့်မည်'လို့ လာရှိပါတယ်။ ဒါကြောင့် ဒီကိစ္စတွေ
အတွက် ကျွန်တော့်ထံမှာ တောင်းဆိုလို့မရနိုင်ပါဘူး။ ကျွန်တော့်ထံက ကျွန်တော့်
ဆရာသခင် တမန်တော်မြတ်(ဆွ)ပြသခဲ့တဲ့ တန်ခိုးပြာဋိဟာတွေကို တောင်းခံမယ်
ဆိုရင်တော့ ကျွန်တော်ပြသပါ့မယ်။ ဒါ့ပေမဲ့ ခုလို တန်ခိုးနိမိတ်တွေနဲ့ပတ်သက်
လို့ကတော့ ခင်ဗျားတို့ကျမ်းစာမှာ- မုံညှင်းစေ့ခန့်မျှဖြစ်စေ ယုံကြည်ခြင်းရှိတဲ့
ဘယ်ခရစ်ယာန်မဆို နာဇရက်မြို့သား မဆီဟ်ပြသခဲ့သလိုပဲ တန်ခိုးနိမိတ်ပြသ
နိုင်ကြောင်း ရေးထားပါတယ်။ ဒီတော့ ခင်ဗျားက ကျွန်တော် အခက်အခဲ မဖြစ်
အောင် ခုလို အကန်းတွေ၊ အပင်းတွေ၊ အအတွေ၊ အကျိုးတွေကို စုထားခဲ့တာ
ဟာဖြင့် အလွန်ကောင်းပါတယ်။ အခု သူတို့ ခင်ဗျားရှေ့မှာရှိပါတယ်။ အကယ်၍
ခင်ဗျားထံမှာ မုံညှင်းစေ့ခန့်မျှဖြစ်စေ ယုံကြည်ခြင်းရှိတယ်ဆိုရင် သူတို့ကို
အကောင်းပကတိဖြစ်အောင် ပြုလုပ်ပြီးပြသပါ။'
ပထမခလီဖာဟ်သခင် ပြောပြပါတယ်။ 'ဒီအဖြေကြောင့် ခရစ်ယာန်သာသနာပြု
တွေဟာ အလွန်အမင်း အံ့ဩသွားကြပါတယ်။ သာသနာပြုတွေထဲက အကြီးဆုံး
တစ်ယောက်က ဆွံ့အနားမကြားအုပ်စုထဲက လူတွေကို တစ်ယောက်ချင်း
ဆွဲထုတ်ပြီး လူစုခွဲပစ်လိုက်ပါတယ်။' 
အလ္လာဟ်အရှင်မြတ်ဟာ မိမိနှင့်နီးစပ်သူတွေကို နေရာတိုင်းမှာ ဂုဏ်သိက္ခာ
ချီးမြှင့်တော်မူပါတယ်။ ရန်သူတွေ လုံး၀နှုတ်ဆိတ်သွားစေလောက်တဲ့ အဖြေမျိုး
သူတို့ကို အရှင်မြတ်က သင်ပေးတော်မူပါတယ်။
မဆီဟ်မော်အူးဒ် (အ.စ)သခင်ကို ယုံကြည်သက်ဝင်တဲ့ မီရ်အဘားစ်အလီဆိုတဲ့
ပုဂ္ဂိုလ်တစ်ဦးရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ သူဟာ အယူတိမ်းပါးသွားပါတယ်။ သူနဲ့
ပတ်သက်လို့ မွတ်စ်လေမော်အူးဒ်သခင်က ပြောပြပါတယ်။
'လူဒီယာနာမှာ မီရ်အဘားစ်အလီအမည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးရှိပါတယ်။ သူဟာ
မဆီဟ်မော်အူးဒ် (အ.စ)သခင်အပေါ် အလွန်ဖြူစင်သဒ္ဓါတရားပြည့်ဝစွာ ယုံကြည်
သူ ဖြစ်ပါတယ်။ ဘယ်လောက်ထိဆိုရင် သူ့ရဲ့အခြေအနေကို သခင်ကြီးထံ
အိလ်ဟာမ်ဗျာဒိတ်ဖြင့် အသိပေးခြင်းခံရပါတယ်။ လူဒီယာနာမြို့မှာ မဆီဟ်မော်

 အူးဒ် (အ.စ)သခင်နဲ့ မော်လဝီမိုဟမ္မဒ်ဟူစိန် ဘတာလဝီတို့ စကားစစ်ထိုးပွဲ
ပြုလုပ်ချိန်မှာ မီရ်အဘားစ်အလီက သခင်ကြီးရဲ့စကားတစ်ခုကို ပို့ဆောင်ဖို့
အတွက် မော်လဝီတွေထံ ရောက်သွားပါတယ်။ မော်လဝီ မိုဟမ္မဒ်ဟူစိန် အစရှိတဲ့
မော်လဝီတစ်စုက တရိုတသေနဲ့ သူ့လက်ကိုနမ်းပြီး 'ခင်ဗျားက တမန်တော်မြတ်ရဲ့
အနွယ်ထဲကပဲ။ ခင်ဗျားထံမှာ ကျွန်တော်တို့ ဘိုင်အတ်ယူပါ့မယ်။ ဒါပေမဲ့ အခု
ဒီမဂိုပုဂ္ဂိုလ်က ဘယ်ကပေါ်လာတာလဲ။ အရှင်မြတ်ဘက်က ပွင့်ပေါ်လာရောက်ဖို့
ရှိရင်လည်း တမန်တော်မြတ်ရဲ့အနွယ်ထဲကပဲ ဖြစ်ရမှာပေါ့'လို့ပြောကြပါတယ်။
အဲဒီနောက် သူတို့က ဆူဖီလမ်းစဉ်နဲ့ ဆူဖီတွေအကြောင်း ပြောပြန်ပါတယ်။
မီရ်အဘားစ်အလီဆာဟိဘ်ဟာ ဆူဖီတွေကို အလွန်ကြည်ညိုသူဖြစ်ပါတယ်။
မော်လဝီတွေက ဟိုတစဒီတစ ပုံပြင်တွေကိုပြောပြပြီး ဆူဖီတွေက ခုလို အံ့ဩ
ဖွယ်ရာတွေကို ပြသကြောင်း၊ အကယ်၍ မီရ်ဇာဆာဟိဘ်ကလည်း အဆင့်
တစ်ခုခုမှာရှိတယ်ဆိုရင် သူလည်းပဲ ခုလို ပြာဋိဟာတွေ ပြသသင့်ကြောင်း၊ ဒီလို
ပြသမယ်ဆိုရင် ယနေ့ပင် မိမိတို့လည်း သူ့ကိုလက်ခံမှာဖြစ်ကြောင်း ပြောကြပါ
တယ်။ မီရ်အဘားစ်အလီရဲ့စိတ်ထဲမှာ ဒီစကားတွေက စွဲသွားပါတယ်။ သူဟာ
သခင်ကြီး ထံရောက်လာပြီး အကယ်၍ သခင်ကြီးကသာ တန်ခိုးပြာဋိဟာ တစ်ခု
ခုပြသမယ်ဆိုရင် မော်လဝီတွေအားလုံး လက်ခံလိမ့်မှာဖြစ်ကြောင်း ပြောပါတယ်။
သခင်ကြီး မိန့်ကြားပါတယ်။ 'မီရ်ဆာဟိဘ်ရဲ့နှုတ်မှ 'ကရာမတ်'ဆိုတဲ့ စကားလုံး
ထွက်လာတဲ့အခါ မီရ်ဆာဟိဘ်ကတော့ မော်လဝီတွေရဲ့ထောင်ချောက်ထဲ ပိတ်မိ
သွားပြီဆိုတာ အသေအချာသိလိုက်ပါတယ်။ မဆီဟ်မော်အူးဒ် (အ.စ)သခင်က
သူ့ကို တော်တော်ရှင်းပြပါသေးတယ်။ ဒါပေမဲ့ သူဟာ သဘောမပေါက်ခဲ့ပါဘူး။
နောက်ဆုံးတော့ သူ့ရဲ့ အီမာန်ပျက်စီးသွားပါတယ်။ သူ့ထံမှာရှိတဲ့ ယုံကြည်မှု
တွေ၊ ဖြူစင်မှုသဒ္ဓါတရားတွေ အားလုံးပျောက်ဆုံးသွားပါတော့တယ်။
တစ်ဖန် မီရ်အဘားစ်အလီရဲ့အဖြစ်အပျက်ကိုပဲ ပြောပြလျက် တစ်နေရာမှာ
သခင်က ခုလိုမိန့်ကြားပါတယ်။ 'မီရ်အဘားစ်အလီနဲ့ပတ်သက်ပြီး သူဟာ 'ဖြူစင်
သဒ္ဓါတရားပြည့်ဝသူ'ဖြစ်တယ်လို့ မဆီဟ်မော်အူးဒ် (အ.စ)သခင်ကို အသိပေးခြင်း
ခံရပါတယ်။ ဒီအခါမှာ သခင်က သူ့ကို ချီးမွမ်းပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့
နောက်ဆုံးအခြေအနေကို ထိုစဉ်က မသိခဲ့ရတဲ့အတွက် သူဟာ တစ်နေ့မှာ အယူ

 တိမ်းပါးသွားမယ်ဆိုတာကို သခင်မသိခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ အလ္လာဟ်
အရှင်မြတ်က ဒီအကြောင်းကိုလည်း သခင့်ကို အသိပေးခဲ့ပါတယ်။ ဒါကြောင့်
လူသားရဲ့သိနိုင်စွမ်းက အတိုင်းအတာတစ်ခုအတွင်းမှာသာရှိပါတယ်။ အလ္လာဟ်
အရှင်မြတ်သာလျှင် အရာအားလုံးအပေါ်လွှမ်းခြုံထားတဲ့ ပြည့်၀သော အသိ
ပညာကို ပိုင်ဆိုင်တော်မူတဲ့အရှင်ဖြစ်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်မှ
အရှင်မြတ်ရဲ့အသိကို လွှမ်းခြုံငုံမိနိုင်မှာ မဟုတ်ပါဘူး။'
မီရ်အဘားစ်အလီနဲ့ပတ်သက်လို့ပဲ ထပ်မံပြောပြပါတယ်။ 'သူ့ထံမှာ ဝိညာဉ်ရေး
ဆိုင်ရာ စွမ်းအားတွေရှိကြောင်း မဆီဟ်မော်အူးဒ် (အ.စ)သခင်ထံ အိလ်ဟာမ်
ဗျာဒိတ်ရရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူဟာ အယူတိမ်းပါးသွား
ခဲ့ပါတယ်။ သူနဲ့ပတ်သက်လို့ အလ္လာဟ်အရှင်မြတ်ရဲ့အိလ်ဟာမ်ထဲမှာ ချီးမွမ်း
ပြောဆိုထားပါလျက် သူဟာ ဘာကြောင့် 'မူရ်တဒ်'(အယူတိမ်းပါးသူ) ဖြစ်ရသလဲ
ဆိုပြီး မဆီဟ်မော်အူးဒ် (အ.စ)သခင်ကို အချို့က ဝေဖန်ကြပါတယ်။ သခင်က
မိန့်ကြားပါတယ်။ 'သူနဲ့ပတ်သက်လို့ အိလ်ဟာမ်ထဲမှာ ချီးမွမ်းပြောဆိုမှုပါရှိတာ
မှန်ပါတယ်။ ပြီးတော့ သူ့မှာ မြင့်မားတဲ့ ဝိညာဉ်ရေးရာ စွမ်းအားတွေရှိကြောင်း
အရှင်မြတ်ရဲ့ဗျာဒိတ်တော်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ သူဟာ ထိုစွမ်းအင်
တွေကို လွဲမှားစွာအသုံးပြုတဲ့အခါ၊ တစ်ဖန် သူ့ထံမှာ မာန်မာနဖြစ်ပေါ်လာတဲ့
အခါ အလ္လာဟ်အရှင်မြတ်ရဲ့အမျက်တော်ကလည်း သူ့အပေါ်သို့ ကျရောက်လာ
ပါတယ်။ ဒီလိုနဲ့ သူဟာ 'မူရ်တာဒ်'ဖြစ်တဲ့အခြေအနေကို ရောက်ခဲ့ရပါတယ်။'
မွတ်စ်လေမော်အူးဒ်သခင်က မိန့်ကြားပါတယ်။ 'ဆူရာဟ် ဖာတေဟာကလည်း
ကျွန်တော်တို့ကို လင်းပြလျက်ရှိပါတယ်။ အယောင်ဆောင်ခြင်းနှင့် ငြင်းပယ်ခြင်း
တွေဟာ လူသားထံမှာ အစဉ်သဖြင့်ရှိနေပြီးဖြစ်တယ်။ လူသားဟာ ကောင်းချီး
ဆုလာဘ်များခံစားရရှိသူတို့အုပ်စုမှာ ပါဝင်သွားပြီဆိုတဲ့အခါမှသာ ထိုရောဂါ
နှစ်ခုက တိုက်ခိုက်ပါတော့တယ်။ ဒီအတွက် သက်သေအဖြစ် ဆူရာဟ်ဖာတေဟာ
မှာ ရဟူဒီတွေ၊ ခရစ်ယာန်တွေအကြောင်းကို ပြောကြားထားပါတယ်။ တကယ်
တော့ သူတို့ထံ ကောင်းချီးဆုလာဘ်ကျရောက်ပြီးနောက်မှာပဲ သူတို့ဟာ ဒီအခြေ
အနေကို ရောက်ရှိသွားခြင်းဖြစ်ပါတယ်။ အကယ်၍ ကောင်းချီးဆုလာဘ်ရရှိသူ

 ဟာ မိမိရဲ့အခြေအနေမှန်ကို နားမလည်ဘူးဆိုရင်၊ သူ့ရဲ့ မာန်မာနကြောင့်
အလ္လာဟ်အရှင်မြတ်က သူ့ကို အမျက်တော်စူးရှခြင်းခံရသူတို့အုပ်စုထဲမှာ ပါဝင်
သူအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါမှမဟုတ် 'ဒွါလီးန်'လမ်းလွဲလမ်းမှားသူတို့ရဲ့
အုပ်စုထဲမှာ ပါဝင်စေပါတယ်။
ဒါကြောင့် ဒီအချက်ကိုလည်း ကောင်းစွာ သိထားဖို့လိုပါတယ်။ ဆူရာဟ်
ဖာတေဟာရဲ့ နောက်ဆုံးပိုင်းမှာ မကောင်းမှုများမှ လွတ်မြောက်မှုရဖို့အတွက်
အလ္လာဟ်အရှင်မြတ်က ဒိုအာတစ်ခုသင်ပေးထားပါတယ်။ ဒါကြောင့် အလ္လာဟ်
အရှင်မြတ်က မိမိတို့ကို အရှင်မြတ်ရဲ့ ကောင်းချီးဆုလာဘ်ပေးသနားခြင်းခံရသူ
တို့ အုပ်စုအတွင်းမှာသာ အပါအဝင်ပြုစေဖို့နဲ့ ဒါရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ
ဟာ ဘယ်သောအခါမှ ပေါက်ဖွားမလာစေဖို့ အစဉ်သဖြင့် ဒိုအာပြုလုပ်ရပါမယ်။
တစ်ဖန် ကြီးကဲမြင့်မြတ်သူအဖြစ်အသိအမှတ်ပြုဖို့အတွက် အပေါ်ယံ ပညာပိုင်း
ကိုသာ အခြေခံ၍မရကြောင်း သခင်က ခုလို မိန့်တော်မူပါတယ်။ 
'အကယ်၍ ကြီးကဲမြင့်မြတ်မှုအတွက် အပေါ်ယံပညာပိုင်းကိုသာ အခြေခံမည်ဆို
ပါက (နအူဇုဘီလ္လာဟ်) ကမ္ဘာပေါ်တွင် ပွင့်လေခဲ့သမျှ တမန်တော်အားလုံးကို
လူလိမ်လူညာများဟုသာ ဆိုရမလိုဖြစ်နေပါတယ်။ အကြောင်းကတော့ သူတို့ကို
ဆန့်ကျင်ရင်ဆိုင်သူတွေဟာ ပညာရှင်'အိုလမာ'တွေချည်းပဲဖြစ်တာကြောင့်ပါ။
မဆီဟ်မော်အူးဒ် (အ.စ)သခင်ကိုလည်း ဒီလိုလူတွေကပဲ ယှဉ်ပြိုင်အံတုခဲ့ကြတာ
ဖြစ်ပါတယ်။ သူတို့က မိမိတို့ကိုယ်ကို ရုပ်ပိုင်းပညာအရ အလွန်ကြီးကျယ်တဲ့
ပညာရှင်တွေအဖြစ် မှတ်ယူထားသူတွေဖြစ်ပါတယ်။ ဘယ်လောက်ထိလဲဆိုရင်
မော်လဝီမိုဟမ္မဒ်ဟူစိန်ဘတာလဝီက မဆီဟ်မော်အူးဒ် (အ.စ)သခင်ကို အလွန်
နှိမ့်ချလျက် 'မွန်ရှီ ဂိုလာမ်အဟ်မဒ်'ဆိုပြီး ရေးသားလေ့ရှိပါတယ်။ သူဆိုလိုတာက
(နအူဇုဘီလ္လာဟ်) သခင်ဟာ ပညာရှင်မဟုတ်ဘဲ စာအနည်းငယ်မျှလောက်သာ
ရေးသားတတ်တဲ့ စာရေးတစ်ယောက်ပါလို့ ပြောတာဖြစ်ပါတယ်။ သူက ခုလို
ရေးသားခေါ်ဝေါ်ရတာကို အလွန်ဝမ်းသာပီတိဖြစ်နေပါတယ်။'
မွတ်စ်လေမော်အူးဒ်သခင်က ဆက်လက်ပြောပြပါတယ်။ 'မော်လဝီ စိုင်ယဒ်
အဟ်ဆာန်ဆာဟိဘ် အမ်ရိုဟီ'က စကားဝိုင်းတစ်ခုမှာ ပြောပြနေတာကို

 ကျွန်တော်ငယ်စဉ်က ကြားခဲ့ဖူးပါတယ်။ မော်လဝီ မိုဟမ္မဒ်ဟူစိန် ဘတာလဝီက
သူ့ကို 'မော်လဝီ'ဆိုတဲ့ဘွဲ့နာမတပ်၍စာရေးသားလေ့ရှိပြီး မဆီဟ်မော်အူးဒ် (အ.စ)
သခင်ကိုတော့ 'မွန်ရှီ'ဆိုတဲ့ စကားလုံးတပ်ပြီး ရေးသားလေ့ရှိကြောင်း ပြောပြခဲ့ပါ
တယ်။ ထိုစဉ်က ကျွန်တော် အသက်ငယ်ပေမဲ့လည်း သူ့အနေနဲ့ ဒီကိစ္စကို
ခုလိုစကားဝိုင်းမျိုးမှာ ပြောပြတာကို ကျွန်တော်မနှစ်သက်ခဲ့ပါဘူး။ ထိုစဉ်တုန်းက
မနှစ်သက်ခဲ့သလိုပဲ ခုလည်း ကျွန်တော် မနှစ်မြို့မှုဖြစ်နေတုန်းပါပဲ။'
(ယုံကြည်သက်ဝင်သူတွေကလည်း အဖြစ်အပျက်ဟူသမျှကို စကားလုံးရွေးချယ်
သုံးစွဲမှုမပြုဘဲ ဆင့်ပြန်ပြောပြတာမျိုးမလုပ်သင့်ကြောင်း ရည်ညွှန်းခြင်း ဖြစ်ပါ
တယ်။)
မဆီဟ်မော်အူးဒ် (အ.စ)သခင်ရဲ့ ဖြောင့်မတ်မှန်ကန်မှုနဲ့စပ်လျဉ်းလို့ မွတ်စ်လေမော်
အူးဒ်သခင်က ခုလို ပြောပြပါတယ်။
'တစ်ခါမှာ သခင်ကြီးက ပါဆယ်ထုပ်တစ်ခုထဲမှာ စာတစ်စောင်ထည့်လိုက်ပါ
တယ်။ စာတိုက်ဥပဒေအရ ဒီလိုပြုလုပ်တာကို တားမြစ်ထားပါတယ်။ ဒါပေမဲ့
သခင်က ဒီအကြောင်းကို မသိထားပါဘူး။ စာတိုက်က သခင့်ကို တရားစွဲပါတယ်။
ပြီးတော့ ဒီအမှုအတွက် သခင့်ကိုအပြစ်ပေးနိုင်အောင် အထူးအရာရှိ
တစ်ယောက်ကို ခန့်ထားခဲ့ပါတယ်။ တခြားသူတွေ သတိဝီရိယရှိလာအောင်
ဒီအမှုမှာ သခင့်ကို မဖြစ်မနေ အပြစ်ပေးနိုင်ဖို့ သူက အထူးတလည် ကြိုးပမ်းခဲ့ပါ
တယ်။ မဆီဟ်မော်အူးဒ် (အ.စ)သခင်ရဲ့ရှေ့နေက သခင့်ကိုပြောပါတယ်။ 'ဒီကိစ္စ
က အလွယ်လေးပါ၊ သခင့်ရဲ့ ပါဆယ်ထုပ်ကို သက်သေတွေရှေ့မှာ ဖွင့်ခဲ့တာမှ
မဟုတ်တာ၊ ဒီတော့ သခင်က စာကိုသီးသန့်ပို့လိုက်တာဖြစ်ကြောင်း၊ ပါဆယ်ထုပ်
ထဲမှာ စာထည့်ပြီးပို့တယ်ဆိုတာက မတရားစွပ်စွဲမှုသာဖြစ်ကြောင်း ပြောပါလို့ဆို
ပါတယ်။ သခင်ကြီးက 'ဒါက လိမ်တာပဲ'လို့ ပြောပါတယ်။ ရှေ့နေက 'ဒိအပြင်
တော့ သခင့်အတွက် လွတ်လမ်းမရှိဘူး'လို့ပြောပါတယ်။ သခင်က 'ဘာပဲဖြစ်ပါ
စေ၊ ကျွန်တော် လိမ်မပြောနိုင်ဘူး'လို့ပြောပါတယ်။ ဒီလိုနဲ့ တရားခွင်မှာ သခင့်ကို
တရားသူကြီးက 'ပါဆယ်ထုပ်ထဲ စာထည့်ခဲ့သလား'လို့ မေးမြန်းတဲ့ အခါ သခင်က
'ဟုတ်ပါတယ်၊ ကျွန်တော် ထည့်ခဲ့ပါတယ်။ ဒါပေမဲ့ စာတိုက် ဥပဒေကို ကျွန်တော်
 မသိထားလို့ပါ'လို့ ပြန်ဖြေခဲ့ပါတယ်။ ဒီအခါမှာ တရားလို ဘက်မှ ရှေ့နေက
အလွန်ရှည်လျားတဲ့ စကားတွေပြောပြီး အခြားသူတွေ သင်ခန်း စာရစေဖို့အတွက်
မဖြစ်မနေ အပြစ်ပေးသင့်ကြောင်း လျှောက်ပါတယ်။ 
ထိုနေ့က ဖြစ်ရပ်နဲ့ပတ်သက်လို့ သခင်ကြီး မိန့်တော်မူပါတယ်။ 'ရှေ့နေက
အင်္ဂလိပ်လို ပြောနေတာကြောင့် ကျွန်တော် တစ်ခုမှနားမလည်ခဲ့ပါဘူး။ ဒါပေမဲ့
သူပြောနေစဉ်အတောအတွင်းမှာ တရားသူကြီးဘက်က ဒဩယ ဩ.ဒ ဆိုတဲ့ အဖြေ
ကိုပဲ ကျွန်တော်နားလည်ပါတယ်။ နောက်ဆုံး ရှေ့နေရဲ့လျှောက်ထားချက်
ပြီးဆုံးသွားတဲ့အခါ တရားသူကြီးက 'အမှုမှတရားသေလွှတ်သည်'လို့ ကြေညာ
လိုက်ပါတယ်။ ဒါ့အပြင် 'ဒီပုဂ္ဂိုလ်က ခုလို အမှန်အတိုင်း ဖွင့်ဟပြောဆိုနေမှဖြင့်
ကျွန်ုပ်က တရားသေလွှတ်ရတော့မှာပဲ'လို့ ပြောကြားခဲ့ပါတယ်။ 
ဒီအဖြစ်အပျက်ကို ကျွန်တော်တို့ အကြိမ်ကြိမ်ကြားဖူးပါတယ်။ အကြိမ်ကြိမ်
ဖတ်ဖူးပါတယ်။ ကျွန်တော့်ဘက်ကလည်း အကြိမ်များစွာ တင်ပြဖူးပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ဟာ နားထောင်ပြီး အရသာခံရုံသက်သက်ဖြစ်နေပါတယ်။
ဒါဟာ ဖြောင့်မတ်မှန်ကန်မှုနဲ့စပ်လျဉ်းလို့ မဆီဟ်မော်အူးဒ် (အ.စ)သခင်က
ကျွန်တော်တို့အတွက် ပြသခဲ့တဲ့ စံနမူနာတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ မိမိတို့
အကျိုးစီးပွားတစ်ခုအတွက် မှန်ကန်မှုစံချိန်စံညွှန်းကနေ ကျဆင်းသွားသူတွေဟာ
မိမိတို့ကိုယ်ကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ ဒီအနောက်နိုင်ငံတွေမှာ အစိုးရ
ထံက အမြတ်ထုတ်ဖို့အတွက်၊ ခိုလှုံခွင့်တောင်းခံဖို့အတွက်၊ အာမခံကုမ္ပဏီတွေ
ကနေ အမြတ်ထုတ်ဖို့အတွက် လွဲမှားတဲ့နည်းလမ်းတွေကို အသုံးချနေသူတွေရှိ
ပါတယ်။ အဟ်မဒီတွေထဲကမှ ခုလိုပြုလုပ်သူတွေရှိခဲ့ရင် သူတို့အနေနဲ့ စဉ်းစား
သုံးသပ်ဖို့လိုပါတယ်။ လွဲမှားတဲ့နည်းလမ်းတွေနဲ့ လောကီအကျိုးအမြတ်ရယူဖို့
ကြိုးစားခြင်းဟာ အဟ်မဒီတစ်ဦးရဲ့ ဂုဏ်အင်္ဂါနဲ့မကိုက်ညီပါဘူး။
သခင်က ရေးသားပါတယ်။ 'မဆီဟ်မော်အူးဒ် (အ.စ)သခင်က ဟာဇရတ်
အဘူဟူရိုင်ရာ(W)အကြောင်းကို အမြဲလိုလိုပြောပြပါတယ်။ အခြားသာဝကတွေ
နဲ့ယှဉ်လိုက်ရင် အဘူဟူရိုင်ရာသခင်ရဲ့ထိုးထွင်းသိမြင်မှုက အားနည်းပါတယ်။
ဒီလိုပြောကြားချက်ကို မော်လဝီတွေက အုတ်အော်သောင်းနင်းဝေဖန်ကြပါတယ်။

 ဒါက အမှန်အတိုင်းပြောဆိုခြင်းသာဖြစ်ပါတယ်။ ယနေ့ ခရစ်ယာန်တွေအတွက်
အထောက်အပံ့ဖြစ်နေတဲ့ ဟဒီးစ်ဟူသမျှကိုကြည့်လိုက်ရင် အားလုံးက အဘူဟူ
ရိုင်ရာသခင်ရဲ့ ဆင့်ပြန်ချက်တွေချည်းပါပဲ။ ဒီလိုဖြစ်ရခြင်းအကြောင်းက သူဟာ
ရှေ့နောက်ဖြစ်စဉ်တွေကို မလေ့လာသလို၊ စကားအစိတ်အပိုင်းတွေကိုလည်း
အပြည့်အဝ နားမလည်ဘဲ ဆင့်ပြန်ပြောပြတတ်တာကြောင့်ပါပဲ။ ဒါပေမဲ့ ကျန်တဲ့
သာဝကတွေကတော့ ရှေ့နောက်ဖြစ်စဉ် အကျိုးအကြောင်းချိတ်ဆက်မှုတွေကို
နားလည်သိရှိပြီးမှသာ ဆင့်ပြန်ပြောပြတတ်ကြပါတယ်။
မွတ်စ်လေမော်အူးဒ်သခင်က ဆက်လက်မိန့်ကြားပါတယ်။ ထိုနည်းတူစွာပဲ ယခု
မဆီဟ်မော်အူးဒ် (အ.စ)သခင်နဲ့ဆက်နွယ်တဲ့ ဆင့်ပြန်ချက်တွေကို စုစည်းရိုက်နှိပ်
နေကြပါပြီ။ ဒီထဲမှာ တွေးခေါ်မြော်မြင်မှုပြည့်ပြည့်၀ဝမရှိသူတွေရဲ့ ဆင့်ပြန်ချက်
တွေလည်း ပါဝင်နေပါတယ်။ ဒီလိုကြောင့် တချို့လူတွေအတွက် ဝေဖန်ထောက်
ပြစရာဖြစ်နိုင်တဲ့ ဆင့်ပြန်ချက်တွေကိုပါ ထည့်သွင်းပုံနှိပ်ထားကြပါတယ်။
တစ်ခါမှာ ဆင့်ပြန်ချက်တစ်ခုကို ရိုက်နှိပ်ဖြန့်ချိခဲ့ပါတယ်။ မဆီဟ်မော်အူးဒ် (အ.စ)
သခင်က အာထမ်အတွက် သတ်မှတ်ထားတဲ့ အချိန်ကာလကုန်ဆုံးဖို့ တစ်ရက်
အလိုမှာ သခင်က ဘယ်ဆူရာဟ်ကိုဖြင့် ပဲစေ့အဘယ်မျှတွင် အရေအတွက်
ဘယ်၍ဘယ်မျှ ရွတ်ဖတ်ကြလျက် သခင့်ထံယူလာခဲ့ဖို့ လူတချို့ကို မှာလိုက်
ကြောင်း၊ သူတို့ဟာ ထိုသို့ရွတ်ဖတ်ကြပြီး သခင့်ထံ ပဲစေ့များယူလာကြတဲ့အခါ
သခင်က ထိုပဲစေ့တွေကို ကာဒီယာန်မြို့ပြင်သို့ ယူသွားလျက် လူသူဆိတ်သုဉ်းတဲ့
နေရာက ရေတွင်းပျက်တစ်ခုထဲသို့ပစ်ချပြီး အလျင်အမြန် မျက်နှာလွှဲလျက်
ပြန်လာခဲ့ကြောင်း ရေးထားပါတယ်။
မွတ်စ်လေမော်အူးဒ်သခင်က မိန့်ကြားပါတယ်။ 'ဒါနဲ့ပတ်သက်လို့ ကျွန်တော့်ထံ
စောဒကပြု မေးမြန်းလာကြပါတယ်။ ကျွန်တော်က ရေးသားမှတ်တမ်းတင်သူ
တွေကို ဒီဆင့်ပြန်ချက်ကို ဘာကြောင့်ရေးသားခဲ့တာလဲလို့ မေးခဲ့ပါတယ်။ ဒါဟာ
မဆီဟ်မော်အူးဒ် (အ.စ)သခင်ရဲ့ အမှန်တကယ် လုပ်ဆောင်ချက်နဲ့ ဖြောင့်ဖြောင့်
ကြီး ဆန့်ကျင်နေကြောင်း၊ (နအူဇုဘိလ္လာဟ်) မဆီဟ်မော်အူးဒ် (အ.စ)သခင်လည်း
ယတြာချေတယ်လို့ ဆိုလိုရာရောက်ကြောင်း ပြောပြခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့
 စုံစမ်းလေ့လာလိုက်တဲ့အခါမှာ အဖြစ်မှန်က- ပုဂ္ဂိုလ်တစ်ယောက်က ခုလို
အိပ်မက်တစ်ခုမြင်မက်ထားပြီး မဆီဟ်မော်အူးဒ် (အ.စ)သခင်ထံမှာ ထိုအိပ်မက်
အကြောင်းကိုပြောပြတာကြောင့် သခင်က ဒီအိပ်မက်ကို ရုပ်ပိုင်းအရလည်း
ပြည့်စုံအောင်ပြုလုပ်လိုက်ပါဆိုပြီး မိန့်ကြားပါတယ်။ ယခု အိပ်မက်တစ်ခုကို
ပြည့်စုံစေဖို့လုပ်ဆောင်ခြင်းနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းတွေဟာ မတူညီ
တဲ့ သီးခြားကိစ္စတွေဖြစ်ပါတယ်။ တချို့အခါတွေမှာ အိပ်မက်ကို ရုပ်ပိုင်းအရ
လည်း ခုလိုပြည့်စုံအောင်ပြုလုပ်လေ့ရှိပါတယ်။ ဒီလိုအားဖြင့် အလ္လာဟ်အရှင်
မြတ် အလိုရှိတော်မူမယ်ဆိုရင် ထိုအိပ်မက်ကရည်ညွှန်းတဲ့ ဆိုးကျိုးရှုထောင့်
တွေက ရုပ်ပိုင်းအားဖြင့် ထင်ရှားမလာစေဖို့ဖြစ်ပါတယ်။ အိပ်မက်တိတ္ထုံဆရာ
တွေရဲ့ဖွင့်ဆိုချက်အရ- အိပ်မက်ထဲက ဆုံးရှုံးမှုတစ်စုံတစ်ရာကို ရုပ်ပိုင်းအားဖြင့်
ဖြည့်ဆည်းခဲ့မယ်ဆိုရင် ထင်ရှားမလာနိုင်ကြောင်းနှင့် အလ္လာဟ်အရှင်မြတ်က
ထိုအိပ်မက်ကို ရုပ်ပိုင်းအရဖြည့်ဆည်းခြင်းကိုပဲ လုံလောက်ပြီလို့ သတ်မှတ်တော်
မူကြောင်း ရေးထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ဥပမာတွေကိုလည်း ကျွန်တော်တို့ ဟဒီးစ်တော်တွေမှာ
တွေ့ရနိုင်ပါတယ်။ တမန်တော်မြတ်(ဆွ)က ဆူရာကာဘင်န်မာလိက်ရဲ့လက်မှာ
ပါရှင်ပြည့်ရှင် ကစ္စရာရဲ့ ရွှေလက်ကောက်ဝတ်ဆင်ထားကြောင်း မြင်မက်ခဲ့ရပါ
တယ်။ ဒီမြင်ကွင်းမှာ တစ်ဖက်က အီရန်ကိုအောင်နိုင်မယ့်အကြောင်း သတင်း
ကောင်းလည်းဖြစ်သလို၊ အခြားတစ်ဖက်မှာ အီရန်ကိုအောင်နိုင်ပြီးတဲ့အခါ အီရန်
မျိုးနွယ်ဘက်မှ ဒုက္ခအခက်အခဲတချို့နဲ့ ရင်ဆိုင်ရနိုင်ကြောင်းကိုလည်း ရည်ညွှန်း
ထားပါတယ်။ အိပ်မက်မှာ ရွှေကိုမြင်ရတယ်ဆိုရင် 'ဝမ်းနည်းခြင်းနှင့် ဆင်းရဲဒုက္ခ'
ကို ဆိုလိုပါတယ်။ ဟာဇရတ် အူမရ်(W)က တမန်တော်မြတ်(ဆွ)ရဲ့ အိပ်မက်
အနက်သဘောကို နားလည်ခဲ့ပါတယ်။ ဒါကြောင့် ဆူရာကာကိုဆင့်ခေါ်ပြီး ရွှေ
လက်ကောက်ကိုဝတ်ဆင်ဖို့နဲ့ မဝတ်ပါက ကြိမ်ဒဏ်ပေးမှာဖြစ်ကြောင်း ပြောပါ
တယ်။ အကြောင်းကတော့ အမျိုးသားတွေ ရွှေလက်ကောက်မဝတ်ဖို့ တားမြစ်
ထားတာကြောင့်ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ရခြင်းက တမန်တော်မြတ်(ဆွ)ရဲ့
အိပ်မက်မြင်ကွင်းကို ပြည့်စုံစေဖို့သက်သက်မျှမဟုတ်ပါဘူး။ ဒီအိပ်မက်မှာ
ဆုံးရှုံးမှုတစ်စုံတစ်ရာပါရှိခဲ့မယ်ဆိုရင် ဖယ်ခွာသွားစေဖို့ဖြစ်ပါတယ်။ ဒါကြောင့်
 ဟာဇရတ်အူမရ်(W)က ဆူရာကာကို ဝတ်ဆင်ခိုင်းခြင်းဖြစ်ပါတယ်။ ဒီလိုနည်း
ဖြင့် ဟာဇရတ်အူမရ်(W)က တမန်တော်မြတ်(ဆွ)ရဲ့အိပ်မက်မှာပါရှိတဲ့ 'ဝမ်းနည်း
မှုနှင့် ဆင်းရဲဒုက္ခ'ဆိုတဲ့ အစိတ်အပိုင်းကို ဖယ်ရှားလိုတာကြောင့် ဖြစ်ပါတယ်။'
(အဓိကအားဖြင့်- တချို့ဖြစ်ရပ်တွေကို ရှေ့နောက်ဖြစ်စဉ်တွေ မသိနားမလည်ဘဲ
ဆင့်ပြန်ပြောဆိုခဲ့ရင် ရှုပ်ထွေးမှုဖြစ်စေကြောင်း ဆိုလိုခြင်းဖြစ်ပါတယ်။)
၁၉၃၁ ခုနှစ်ဝန်းကျင်က အဖြစ်အပျက်တစ်ခုရှိပါတယ်။ မွတ်စ်လေမော်အူးဒ်(W)
သခင်က ခွတ္တဘာမြွက်ကြားလျက် ဂျမာအတ်အဖွဲ့ဝင်တွေကို ပြဿနာတွေ၊
ခိုက်ရန်ဖြစ်ပွားမှုတွေကနေ ရှောင်ကြဉ်ဖို့နှိုးဆော်ပါတယ်။ ဂျမာအတ်က ယခု
အရွယ်ရောက်ပြီမို့ မိမိတို့ရဲ့ အီမာန်ယုံကြည်မှုနဲ့ ကျင့်သုံးတည်ဆောက်မှုတွေကို
မိမိတို့ရဲ့ သာသနာ့အသိပညာတွေအတိုင်းရှိနေစေဖို့ သွန်သင်ဆုံးမခဲ့ပါတယ်။ 
သခင်က ခွတ္တဘာမှာ ခုလိုဆုံးမစကားပြောကြားပြီး ဒီလိုပြဿနာတွေကြောင့်
ပုဂ္ဂိုလ်တစ်ဦးကို ဂျမာအတ်မှအရေးယူထုတ်ပယ်လိုက်ရကြောင်း ပြောကြားခဲ့ပါ
တယ်။ အဲဒီနောက် ပထမခွတ္တဘာပြီးဆုံးလို့ ဒုတိယခွတ္တဘာကို ဖတ်ကြားပါ
တယ်။ ဒီလိုဖတ်ကြားနေစဉ်အတွင်းမှာ ပုဂ္ဂိုလ်တစ်ဦးက မတ်တတ်ရပ်ပြီး
'အရေးယူခံရတဲ့ ပုဂ္ဂိုလ်က ဘယ်သူပါလဲ'လို့မေးပါတယ်။ ဒီအခါမှာ နောက်
ပုဂ္ဂိုလ်တစ်ယောက်က 'ခွတ္တဘာအတွင်းမှာ စကားမပြောရဘူး'လို့ လှမ်းပြောပါ
တယ်။ မွတ်စ်လေမော်အူးဒ်သခင်က ပြုံးရယ်လျက် မဆီဟ်မော်အူးဒ် (အ.စ)သခင်
လက်ထက်က အဖြစ်အပျက်တစ်ခုကို ပြောပြပါတယ်။
တစ်ခါမှာ မဆီဟ်မော်အူးဒ် (အ.စ)သခင်က စကားဝိုင်းတစ်ခုမှာ ပန်ဒစ်လက္ခရာမ်
သေဆုံးမှုနဲ့ဆက်နွယ်ပြီး ရှာဖွေစစ်ဆေးခံရတဲ့ အချိန်က အဖြစ်အပျက်ကို ပြောပြ
ပါတယ်။ ဒီလိုရှာဖွေရေးအတွက် ဂူရ်ဒါစ်ပူရ်ခရိုင်က ရဲမှူးတစ်ယောက်ကို တာဝန်
ပေးထားပါတယ်။ သခင်က မိန့်ကြားပါတယ်။ 'ရဲမှူးက တံခါးပေါက်ငယ်တစ်ခု
ကနေ ဖြတ်တဲ့အခါ သူ့ခေါင်းက တံခါးဘောင်နဲ့တိုက်မိပြီး မူးမိုက်သွားပါတယ်။
ကျွန်တော်က သူ့ကို နို့တိုက်ဖို့ပြောပါတယ်။ ဒါပေမဲ့ သူက ယခု မိမိဟာ ရှာဖွေ
စုံစမ်းဖို့ရောက်လာတာဖြစ်ကြောင်း၊ ခုလို သောက်သုံးခဲ့မယ်ဆိုရင် တာဝန်
ပျက်ကွက်မှုဖြစ်နိုင်ကြောင်းပြောဆိုလျက် ငြင်းပါတယ်။' 

 မွတ်စ်လေမော်အူးဒ်သခင်က ပြောပြပါတယ်။ 'အဲဒီအချိန်မှာ စောစောက
ဒီ(ခွတ္တဘာအတွင်းမေးမြန်းသူ)ပုဂ္ဂိုလ်ကပဲ ရုတ်တရက် မဆီဟ်မော်အူးဒ် (အ.စ)
သခင်ကို- 'သခင်ကြီး သူ့ခေါင်းမှာ သွေးထွက်သွားသလား'လို့မေးပါတယ်။ သခင်
ကပြုံးလျက် 'ကျွန်တော် သူ့ဦးထုပ်ကိုချွတ်ပြီးမကြည့်လိုက်ရဘူး'လို့ ဖြေပါတယ်။
ဆိုလိုတာက- တချို့လူတွေဟာ တစ်ခါတစ်ရံ အကြောင်းမဲ့ ဝင်ရောက်ပြောဆို
တတ်တဲ့ အကျင့်ရှိတယ်ဆိုတာကို ဖော်ပြလိုခြင်းဖြစ်ပါတယ်။ မည်သို့ဆိုစေ
ခွတ္တဘာဖတ်ကြားနေစဉ်အချိန်မှာ စကားပြောခြင်းမပြုဖို့တားမြစ်ထားပါတယ်။
ဒါပေမဲ့ နောက်တစ်ဦးက 'ခွတ္တဘာဖတ်ကြားနေစဉ်အတွင်း စကားမပြောရဘူး'လို့
ဝင်ရောက်ပြောဆိုခြင်းကလည်းမှားပါတယ်။ ထိုအချိန်မှာ အရိပ်အခြေပြပြီးတော့
သာ သတိပေးရမှာဖြစ်ပြီး နောက်ပိုင်းမှာမှ နားလည်အောင် ပြောပြရပါမယ်။
ဒါနဲ့ပတ်သက်လို့ မွတ်စ်လေမော်အူးဒ်သခင်က နောက်ထပ် ဟာသတစ်ပုဒ်
ပြောပြပါတယ်။ 'နမာဇ်စုပေါင်းဝတ်ပြုနေချိန်အတွင်း ဗလီကို ပုဂ္ဂိုလ်တစ်ဦး
ရောက်လာပါတယ်။ သူက အသံကျယ်ကျယ်နဲ့ စလာမ်ဆိုပါတယ်။ နမာဇ်
ဝတ်ပြုသူတွေထဲမှ တစ်ယောက်က အသံကျယ်ကျယ်နဲ့ပဲ 'ဝါအလိုင်းကွန်မ်
စလာမ်'ဆိုပြီး အဖြေပေးလိုက်ပါတယ်။ သူ့ဘေးမှာရပ်နေတဲ့ တစ်ယောက်က
အဲဒီလူကို 'နမာဇ်ဝတ်ပြုနေချိန် စကားမပြောရဘူးဆိုတာ ခင်ဗျားမသိဘူးလား'လို့
လှမ်းပြီးသတိပေးလိုက်ပါတယ်။
မည်သို့ဆိုစေ သိထားရမှာက- ခွတ္တဘာကလည်း နမာဇ်ရဲ့အစိတ် အပိုင်းတစ်ခု
ဖြစ်ပါတယ်။ ဒါကြောင့် ခွတ္တဘာအတွင်းမှာ စကားပြောခြင်းကိုလည်း တားမြစ်
ထားပါတယ်။ တစ်ခုခုပြောစရာရှိရင် ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဟန့်တား
ဖို့လိုအပ်လာတယ်ဆိုရင် ခွတ္တဘာဖတ်ကြားနေတဲ့ အေမာမ်က ပြောလို့ရပါတယ်။
တခြားသူတွေ ပြောလို့မရပါဘူး။ ဒါနဲ့ပတ်သက်လို့ အဟ်မဒီတွေရဲ့ နေအိမ်တွေ
မှာ အထူးသဖြင့် သွန်သင်ပဲ့ပြင်ပေးဖို့လိုပါတယ်။ နမာဇ်ဝတ်ပြုနေစဉ်အတွင်း
စကားမပြောဖို့တားမြစ်ထားသလိုပဲ၊ ခွတ္တဘာဖတ်ကြားစဉ်အတွင်း စကားပြော
ခြင်းကိုလည်း တားမြစ်ထားပါတယ်။
ဆွ = ဆွလ္လလ္လာဟူ အလိုင်ဟိစလ္လာမ် - တမန်တော်မြတ်ကြီးအပေါ်သို့ အလ္လာဟ်အရှင်မြတ်၏ ချီးမွမ်းထောပနာပြုခြင်းနှင့် ငြိမ်းချမ်းသာယာခြင်းသက်ရောက်ပါစေ။
အ.စ = အလိုက်ဟိစ္စလာမ် - အရှင်မြတ်၏ ကောင်းချီးမင်္ဂလာ သက်ရောက်ပါစေ။
ရ.ဟ = ရဒိယလ္လာဟို အန္နဟူ - အရှင်မြတ်၏ ကူညီမှုရရှိပါစေ ။

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-