Thursday, March 6, 2014

ကုရ်အာန့်သွန်သင်ချက်သည် တရားမျှတမှုကိုဖော်ကျူးသော အမြင့်မား အခမ်း နားဆုံး သွန်သင်မှုဖြစ်ကြောင်း ဟားဗတ်ဥပဒေတက္ကသိုလ်မှ အသိအမှတ်ပြု

ဟားဗတ် ဥပဒေတက္ကသိုလ်
-ကမ္ဘာတစ်လွှား တက္ကသိုလ်ကျောင်းများအနက် ဩဇာအရှိဆုံး တက္ကသိုလ်
တစ်ခုအဖြစ်အသိအမှတ်ပြုခံရသော ဟားဗတ်ဥပဒေကျောင်းက ကျမ်းမြတ်
ကုရ်အာန်မှ အလွန်အသိဉာဏ်နှင့်ယှဉ်သော တရားမျှတခြင်းဆိုင်ရာ
မုက္ခပါဌ်တော်တစ်ပုဒ်အား တရားမျှတခြင်းနှင့်ပတ်သက်၍ သမိုင်းတွင်
အမြင့်မားအခမ်းနားဆုံး တရားမျှတမှုကို ဖော်ကျူးသော မုက္ခပါဌ်တော်
တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

- ကျမ်းမြတ်ကုရ်အာန်မှ ဆူရာဟ် အလ်-နီဆာ(အမျိုးသမီးကဏ္ဍ) ၄း၁၃၆ ပါ
မုက္ခပါဌ်တော်သည် အသိဉာဏ်နှင့်အပြည့်၀ဆုံး၊ အမြင့်မားဆုံးဖြစ်သော
တရားမျှတမှုဆိုင်ရာ မုက္ခပါဌ်တော်ဖြစ်ကြောင်း ထုတ်နုတ်တင်ပြခဲ့သည်။
ထ "အို- သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သက်သေခံရာတွင် မိမိကိုယ်တိုင်နှင့်
ဆန့်ကျင်သည်ဖြစ်စေ၊ သို့တည်းမဟုတ် မိဘနှင့်(မိမိ၏) နီးစပ်သော ဆွေမျိုး
သားချင်းတို့နှင့်ဆန့်ကျင်သည်ဖြစ်စေ အလ္လာဟ့်အတွက်သက်သေခံသူများ
ဖြစ်ကြပြီး တရားမျှတမှုကို ခိုင်မြဲစွာကျင့်သုံးဆောက်တည်သူများဖြစ်ကြကုန်။
ချမ်းသာသူဖြစ်စေ သို့မဟုတ် ဆင်းရဲသူဖြစ်စေ နှစ်ဦးစလုံးကို အလ္လာဟ်
သည်ပင် အကောင်းဆုံးကာကွယ်စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်-
မူ၏။ သို့ဖြစ်ရာ မိမိတို့၏အလိုဆန္ဒများနောက်သို့ မလိုက်ကြကုန်လင့်။
သို့မဟုတ်ပါလျှင် တရားမျှတမှုမှကင်းကွာသွားပေမည်။ အကယ်၍
အသင်တို့သည် စကားကိုလှည့်ပတ်၍ပြောဆိုလျှင် သို့မဟုတ် ရှောင်ဖယ်
သွားခဲ့လျှင် ဧကန်စင်စစ် အလ္လာဟ်သည် အသင်တို့ပြုလုပ်သည်တို့ကို
လွန်စွာ သတင်းရရှိတော်မူ၏။" (၄း၁၃၆)

- ဟားဗတ်တက္ကသိုလ်တွင် ပညာသင်ကြားနေသော ဆော်ဒီအာရေဗျ နိုင်ငံ
သား ကျောင်းသားတစ်ယောက်က  ထိုမုက္ခပါဌ်တော်ကို စတင်သတိပြုမိပြီး
သူ၏တွစ်တာစာမျက်နှာပေါ်တွင် တင်လိုက်မိပုံနှင့်စပ်လျဉ်း၍ ယခုလို
ပြောကြားခဲ့ကြောင်း ဆော်ဒီနိုင်ငံထုတ် ဒေးလီးသတင်းစာမှ ဖော်ပြသည်။
ထ "ဒီမုက္ခပါဌ်တော်ဟာ တရားမျှတမှုနဲ့ပတ်သက်လို့ လွန်စွာ အမြော်အမြင်
ပြည့်၀ပြီး သမိုင်းမှာအမြင့်ဆုံးနဲ့ အခမ်းနားဆုံး တရားမျှတမှုဆိုင်ရာ
သွန်သင်ချက်ကို ပေးစွမ်းနိုင်တဲ့ မုက္ခပါဌ်တော်ဖြစ်ကြောင်း  ကျွန်တော်သတိ
ပြုမိခဲ့ပါတယ်" ဟု ဟားဗတ်ကျောင်း၌ပညာသင်ကြားနေသူ ဆော်ဒီနိုင်ငံသား
အဗ်ဒွလ္လာဟ်ဂျွမ္မာက ပြောကြားခဲ့သည်။

- ဟားဗတ်တက္ကသိုလ်သည် အမေရိကန်နိုင်ငံတွင် ၁၈၁၇ ခုနှစ်တွင် စတင်
တည်ထောင်သည့် ရှေးအကျဆုံးကျောင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် ဥပဒေ
ဆိုင်ရာ အကြီးဆုံးအကယ်ဒမီကျောင်းနှင့် စာကြည့်တိုက်ကို ဖွင့်လှစ်ထား
သော တက္ကသိုလ်လည်းဖြစ်သည်။
ထ ထိုကျောင်းမှပင် လက်ရှိအမေရိကန်သမ္မတ ဘားရက်အိုဘားမား၊
အကျော်ဒေယျဖြစ်လှသော သတင်းစာဆရာများ၊ စာရေးဆရာများ၊ မီဒီယာ
သမားများ၊ စီးပွားရေးပညာရှင်များနှင့် ပရောဖက်ရှင်နယ် အားကစားသမား
များကိုပင် မွေးထုတ်ပေးနိုင်ခဲ့သည်။
- "တရားမျှတမှု"ဆိုသည့်စကားလုံးကို ဖွင့်ဆိုရှင်းလင်းရာတွင် လူသားထု
တစ်ရပ်လုံးအကြား တရားမျှတမှုရှိရေးနှင့် လူ့ဂုဏ်သိက္ခာနှင့် တန်ဖိုးကို
ဥပဒေမှတစ်ဆင့် မြှင့်တင်ခြင်းဟု ရှင်းလင်းဖွင့်ဆိုကြောင်း ၎င်းတို့၏
ဝက်ဘ်ဆိုက်မှ သိရသည်။

- "ဝက်ဘ်ဆိုက်ပေါ်မှ တရားမျှတမှုဆိုင်ရာဖွင့်ဆိုချက်စကားလုံးများသည်
တရားမျှတမှုနှင့်ပတ်သက်၍ အလွန်အင်အားကောင်းသော၊ ချိုးဖျက်၍
မရနိုင်သော အယူအဆများဖြစ်ကြောင်း အခိုင်အမာပြောဝံ့ပါသည် "ဟု
၎င်းတို့ကပြောကြားသည်။

- နှစ်ဒါဇင်ခန့်ရှိသော တရားမျှတမှုဆိုင်ရာအကိုးအကားများကို ထိုတက္ကသိုလ်
ကျောင်းမှ  Art Installation ဖြင့် ဝက်ဘ်ဆိုက်ပေါ်တွင် ခင်းကျင်းပြသ
ခဲ့ကြသည်။ ထိုခင်းကျင်းပြသမှုများထဲမှ အထင်ရှားဆုံး အကိုးအကားများ
မှာ စိန့်ဩဂတ်စတင်း၏ပြောကြားချက်၊ ကျမ်းမြတ်ကုရ်အာန်မိန့်ဆိုချက်နှင့်
မဂ်နာကာတာ ကြေညာစာတမ်းတို့ပင် ဖြစ်သည်။

- ကမ္ဘာတစ်ခုလုံးနှင့်ဆိုင်သော တရားမျှတမှုဆိုင်ရာ ဤအယူအဆသည်
အချိန်ကာလအကန့်အသတ်မရှိ၊ ယဉ်ကျေးမှုအသီးသီးအတွက် အကျိုးသက်
ရောက်စေသောအယူအဆဖြစ်ကြောင်း ဟားဗတ်ဥပဒေတက္ကသိုလ်မှ
ထုတ်ပြန်ချက်အရ သိရသည်။  

- တရားမျှတမှုနှင့်ဆိုင်သော ထိုအကိုးအကားများကို ပညာရှင်များ၊
ထိုကျောင်းမှ ဝန်ထမ်းများနှင့် ကျောင်းသားများ စုစုပေါင်း ၁၅၀ ကျော်က
ဝိုင်းဝန်းစုဆောင်းပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

- စာကြည့်တိုက်သမားများက တရားမျှတရေးဆိုင်ရာ အကိုးအကား တစ်ခု
ချင်းစီအတွက် သမိုင်းဆိုင်ရာအဆက်အစပ်များ၊ အကိုးအကားများ မှန်ကန်
ကြောင်း အထောက်အထားများကို ဝက်ဘ်ဆိုက်တစ်ခုတည်ဆောက်ကာ
မေအ ငညျအallအေငသည သို့ဝင်ရောက်ကြည့်ရှုလေ့လာသူများအနေဖြင့် ဤ
သုတေသနပြုချက်များကို မျှဝေနိုင်ရန် သုတေသနပြုခဲ့ကြခြင်းဖြစ်သည်။

Source (http://www.themuslimtimes.org)

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-