Sunday, January 12, 2014

အဟ်မ်ဒီယာအဖွဲမှကြီးမှူးကျင်းပသော ဘာသာပေါင်းစုံညီလာခံ (ဖေဖော်ဝါရီလ ၁၁ ရက် ၂ဝ၁၄)


လွန်ခဲ့သောရာစုနှစ်များမှ စတင်ကာ ရရှိဆွတ်ခူးလာခဲ့သမျှသော အောင်မြင်မှုများ၊ တိုးတက်ဖွံ့ဖြိုးမှုများ၏ ရလဒ်​ကြောင့် ကမ္ဘာကြီးသည် ယနေ့ ၂၁ ရာစုရောက်လာသည့်အခါ မငြိမ်မသက်မှုများ အကြမ်းဖက်မှုများ ပဋိပက္ခများ ဆီသို့ ဆိုက်ဆိုက်မက်မက်ကို ဦးတည်သွားနေခဲ့ပြီဖြစ်သည်။

ကမ္ဘာကြီးမငြိမ်မသက်ဖြစ်နေမှု၊ ငြိမ်ချမ်းရေးနှင့် တရားမျှတမှုကင်းမဲ့ခြင်းတို့
အား အဆုံးသတ်နိုင်ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ကြိုးစားရုန်းကန်လျက်ရှိနေပါသော်လည်း ငြိမ်းချမ်းမှုဆီသို့ ခရီးမပေါက်နိုင်ရုံသာမက ကမ္ဘာကြီးကစဉ့်ကလျားဖြစ်မှုနှင့် မငြိမ်မသက်မှုများ ခြိမ်းချောက်လျှက်ရှိသော အကြမ်းဖက်အန္တရာယ်များ စသည်တို့သာ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာလျက်ရှိနေသည်။

ထို့သို့နိုင်ငံရေးနှင့် လောကီရေးတွင် မငြိမ်မသက်ဖြစ်ကာ ဆုတ်ယုတ်ကျဆင်းလာနေမှုကို အဆုံးသတ်နိုင်ရန် ဘာသာတရားက တစ်စုံတစ်ရာ စွမ်းဆောင်ပေးနိုင်ပါမည်လော။ သို့သော် ထိုသည့် မငြိမ်မသက်မှုများနှင့် တရားမျှတမှုမရှိခြင်းများ၊ ငြိမ်းချမ်းရေး ပျောက်ဆုံးနေခြင်းများအား ကုစားနိုင်ရန် ဘာသာတရား၌ မည်သို့မျှ အင်အားမရှိဟူ၍ အနောက်ကမ္ဘာနှင့် အင်အားကြီးနိုင်ငံတိုင်းလိုလိုကက တွေးထင်ယူဆလျှက်ရှိနေသည်မှာအံ့ဩစရာမဟုတ်ပါ။

သို့သော် မျက်မှောက်ကာလ အခြေအနေဆိုးများနှင့် ထိပ်တိုက်ရင်ဆိုင်နေရသော ကမ္ဘာကြီးသည်လည်းကောင်း၊ ကမ္ဘာသူကမ္ဘာသားများသည်လည်းကောင်း ဤအရှုပ်အထွေးအလုံးစုံကို ဖြေရှင်းပေးနိုင်သော စွမ်းအား
တစ်မျိုးသည် ဘာသာတရား၌သာ တည်ရှိနေကြောင်းကို တစ်စတစ်စနှင့်
မဖြစ်မနေ လက်ခံလာနေကြရပြီဖြစ်သည်။

ထို့ကြောင့် လူသားထုတစ်ရပ်လုံးအား ငြိမ်းချမ်းရေးလမ်းမဆီသို့ တွန်းတင် ပို့ဆောင်ပေးနိုင်သောဆေးမှာ သာသနာတွင်ရှိပါ၏လော။ ကမ္ဘာကြီး တစ်ခုလုံးကို အလွန်အန္တရာယ်များသော ချောက်ကမ်းပါးမှ ကယ်တင်နိုင်ပါမည်လော။ ကမ္ဘာကြီးကို တိုးတက်မှုအစစ်အမှန် ပေးအပ်နိုင်ပါမည်လော။ထို့ပြင် သာသနာသည် မျှော်လင့်ချက် တစ်စုံတစ်ရာ ပေးစွမ်းနိုင်ပါမည်လော စသည့်မေးခွန်းများကို စိတ်၀င်တစား မေးလာကြပြီဖြစ်သည်။

ထို့ကြောင့် ဘာသာမဲ့မှုနှင့် ရုပ်တရားကိုးကွယ်မှုတို့ကို အဆုံးသတ်ကာ ဘုရားသခင်ကိုလက်ခံခြင်းဘက်သို့ပြန်လည် ဦးလှည့်သွားကြရမည်ဖြစ်ပြီးအရှင်မြတ်၏ သွန်သင်ချက်နှင့်အညီ လူသားအားလုံးအပေါ်တွင် ကိုယ်ချင်းစာနာစိတ်ထားကာ တအူတုံဆင်း ညီရင်းအစ်ကိုဖွဲ့လျှက် တွဲလက်ညီစွာဖြင့် ငြိမ်းချမ်းရေးဆီသို့ ဦးတည်သွားကြရမည်ဖြစ်သည်။

ဤသည့်ရည်ရွယ်ချက်များကို ရှေးရှုလျှက် အဟ်မဒီယာ မွတ်စလင်အဖွဲ့မှ ကြီးမှူးကာ ဘာသာပေါင်းစုံညီလာခံကို ကျင်းပသွားမည်ဖြစ်သည်။ကမ္ဘာသို့ငြိမ်းချမ်းရေးသတင်းကို ဆောင်ယူလာသော ဘာသာပေါင်းစုံမှတည်ထောင်သူအရှင်သူမြတ်များအကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့ပုံများကို  သက်ဆိုင်ရာဘာသာတရား၏ အကြီးအကဲများမှ မျက်မှောက်ကမ္ဘာအတွက်လိုအပ်သော ငြိမ်းချမ်းရေးသော့ချက်များကို ထိုအခမ်းအနားတွင်တင်ပြကြမည်ဖြစ်သည်။


တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-