Monday, July 9, 2012

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဝိညာဉ်ရေးရာခေါင်းဆောင်၊ အစ္စလာမ့်ခလီဖာမှ ကမ္ဘာ့ခေါင်းဆောင်များထံ ယနေ့ကမ္ဘာ့အခြေအနေ နှင့်စပ်လျဉ်း၍ ပေးပို့ခဲ့သော စာများ (၂)





ကမ္ဘာကြီးတွင် လက်ရှိဖြစ်ပျက်နေသော ပဋိပက္ခအခြေအနေများကြောင့် အဟ်မဒီယာမွတ်စလင်မ် အဖွဲ့၏ ဝိညာဉ်ရေးရာခေါင်း ဆောင် အစ္စလာမ့်ခလီဖာ၊ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်မှ ကမ္ဘာ့ ခေါင်းဆောင်များထံ စာများပေးပို့ သတိပေးခဲ့ရာ ထိုစာ များထဲမှ အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မ ရွန်းထံ ပေးပို့ခဲ့သော စာ၏မြန်မာပြန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Source: Click
 


16 Gressenhall Road
Southfields, London
SW18 5QL, UK
ဧပြီလ ၁၅ ရက်          ၊ ၂၀၁၂
ဂရိတ်ဗြိတိန်နှင့် မြောက်အိုင်ယာလန်တို့၏
ဝန်ကြီးချုပ်ဖြစ်သော Rt. Hon. ဒေးဗစ် ကင်မရွန်း
၁၀ ဒေါင်းနင်းလမ်း၊ လန်ဒန်
SW1A 2AA
United Kingdom

ချစ်ခင်ရပါသော ဝန်ကြီးချုပ် -

ယနေ့ကမ္ဘာလောကကြီးဖြတ်သန်းနေရသော အန္တရာယ်များပြည့်နှက်နေပြီး လုံခြုံမှုကင်းသည့် အခြေ အ နေများ၏ မီးမောင်းထိုးပြမှုကြောင့် ကျွန်ုပ်အနေဖြင့် လူကြီးမင်းထံ စာရေးသားရန် လိုအပ် ကြောင်း ခံစားမိ ခဲ့ပါသည်။ လူကြီးမင်းအနေဖြင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံတော်၏ ဝန်ကြီးချုပ်ဖြစ် ၍ နိုင်ငံတော်၏ အနာဂတ် အရေးကို အကျိုးသက်ရောက်စေနိုင်သော ဆုံးဖြတ်ချက်များအား ချမှတ် ရန်လူကြီးမင်းထံတွင် အခွင့်အာဏာရှိနေ၏။ (ထိုဆုံးဖြတ်ချက်များကား) ကမ္ဘာလောကကြီးတစ်ခုလုံး ကျယ်ပြောလောက်အောင် လည်း (အကျိုးသက် ရောက်စေနိုင်ပါသည်။) ကမ္ဘာတခွင်တပြင်လုံး၌ စစ်ငွေ့စစ်ရိပ်များ ပြိုးပျက်လျက်ရှိ နေသဖြင့် ယနေ့ကမ္ဘာ ကြီးသည် ငြိမ်းချမ်းရေးအား စိုးရိမ်ထိတ် လန့်ဖွယ် ကောင်းလောက်အောင် လိုအပ် လျက်ရှိပါသည်။ တိုင်းပြည်နိုင်ငံများအကြား ဖြစ်ပွားနေ သော သေးငယ်လှသည့် မပြေလည်မှုများမှသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာရပ်ကြီးအဖြစ် ပေါက်ကွဲ ထွက်လာဖို့ ခြိမ်းခြောက်နေ၏။ ယနေ့ကမ္ဘာ၏ နိုင်ငံရေး နှင့် စီးပွားရေးတို့၏ အခြေအနေမှာ ၁၉၃၂ ခုနှစ်က အခြေအနေအတိုင်း ဖြစ်ကြောင်း ကျွန်ုပ်တို့ လေ့လာ သုံးသပ်ရပေသည်။ ထို့ပြင် ပြိုင်မျဉ်း နှစ်ကြောင်း ကဲ့သို့ တူညီနေမှုများစွာလည်း ရှိနေရာ ထိုကိစ္စရပ်များ ပေါင်းစုံ စုဝေးသွားပါက ဒုတိယ ကမ္ဘာစစ်ကြီးအဖြစ် ပေါက်ကွဲထွက်လာသော သဏ္ဌာန်အတိုင်း ဖြစ်နေ ကြောင်း ယနေ့ကမ္ဘာ့ပုံရိပ်က သက်သေပြုနေပါသည်။ ထိုအခြင်းအရာများက အမှန်တကယ် လောင်ကျွမ်း လာခဲ့သော် ကျွန်ုပ်တို့ အနေဖြင့် တတိယကမ္ဘာစစ်တည်းဟူသော ကြောက်ရွံ့ထိတ်လန့်ဖွယ် ဖြစ်စဉ်ကို ကြုံတွေ့ရပါမည်။ ကမ္ဘာနိုင်ငံကြီးငယ်အသွယ်သွယ်တို့မှာ နူးကလီးယားလက်နက်များ ပိုင်ဆိုင် နေကြသ ဖြင့် ထိုတတိယကမ္ဘာစစ်ကြီးမှာ နူးကလီးယားစစ်ပွဲကြီးပင် ဖြစ်လိမ့်မည့်အကြောင်း သံသယပွားဖွယ် မရှိပါ။ ယနေ့လက်နက် များသည် အဖျက်စွမ်းအား အလွန်ြကီးမားသဖြင့် မျိုးဆက်တဆက်ပြီး တဆက် မွေးဖွားလာမည့်ကလေး များအတွက် မျိုးရိုးဗီဇနှင့် ရုပ်ခန္ဓာချို့ယွင်းမှုများ ခံစားရနိုင်သည်။ ဂျပန်နိုင်ငံ သည် စက်ဆုပ်ဖွယ်ရာ နူးကလီးယား စစ်ပွဲဒဏ်ကို ခံစားရဖူးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာ စစ်၌ နူးကလီးယားဗုံး ဒဏ်ကြောင့် မြို့ကြီးနှစ်မြို့ တိပ်မြုပ်ပျောက်ကွယ်ခဲ့ရသည်။ ထိုစဉ်က ဖြစ်ပေါ်ခဲ့ သော ကျယ်ပြောလှသည့် ကြောက်လန့်ဖွယ်ဖြစ်စဉ်များမှာ နူးကလီးယားဗုံးများ ကြောင့်ဖြစ်ပြီး ထိုဗုံးများ၏ စွမ်းရည်သတ္တိမှာ ယနေ့အချို့နိုင်ငံငယ်ကလေးများကပင် ပိုင်ဆိုင်ထား သည့် နူးကလီးယား လက်နက်များ ၏ စွမ်းရည်ထက် အဆပေါင်းများစွာ နိမ့်ကျပေသည်။ ထို့ကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံ များက စားပွဲ ဝိုင်းထိုင်ကာ ထိုကပ် ဆိုးကြီးမှ ကမ္ဘာ့လူထုကို ကယ်တင်ဖို့ အဖြေတစ်ခုအား ရှာဖွေရန် တာဝန်တင်ရှိနေ ပါသည်။

အထူးထိတ်လန့်ဖွယ်ကောင်းသည်မှာ နိုင်ငံငယ်ကလေးများရှိ နူးကလီးယားလက်နက်များသည် အကျိုး ဆက်ကို မငဲ့ကွက်၊ ငဲ့ကွက်နိုင်စွမ်းလည်းမရှိသည့် လက်နက်ကျူးနေကြသော သူများလက် တွင်းသို့ ရောက်ရှိသွားမည့်အရေးပင်။ အင်အားကြီးနိုင်ငံများက တရားမျှတမှုကိုမကျင့်သုံး၊ နိုင်ငံငယ် များ၏ ထိတ်လန့်ဖွယ်အခြေအနေများကို မဖယ်ရှားပေး၊ ကြီးမြင့်ပြီး အမြော်အမြင်နှင့်ပြည့်စုံသည့် ပေါ်လစီများ ကို မကျင့်သုံးပါမူ အခြေအနေသည် ထိမ်းချုပ်မှုကင်းမဲ့ခြင်းဆီသို့ တစိုက်မတ်မတ်ရွေ့ လျောကာ ထိုသည့် နောက် ဖြစ်ပေါ်လာမည့် အပျက်အဆီးများကား ကျွန်ုပ်တို့နားမလည်နိုင်၊ စိတ်ကူး စိတ်သန်းထဲတွင်ပင် မြင်နိုင်စွမ်းမည်မဟုတ်ပေ။ ကမ္ဘာပေါ်ရှိ လူများစုဖြစ်သော ငြိမ်းချမ်းရေးမြတ်နိုး သူများသည်လည်း ထိုစိတ် ပျက်ဖွယ် အန္တရာယ်ကြောင့် အကျိုးဆက်ကို တပေါင်းတပါတည်း ခံစားရနိုင်ပါသည်။ 

သို့ဖြစ်ရကား၊ လူကြီးမင်းနှင့် အခြားသော ထိပ်သီးနိုင်ငံခေါင်းဆောင်များအနေဖြင့် ထိုသည့် ကြောက်မက် ဖွယ် အခြေအနေ၏ အမှန်တကယ်ဖြစ်တည်လာမည့်အရေးကို နားလည်သဘောပေါက် ကာ လူကြီးမင်း တို့၏ ရည်ရွယ်ယာထားချက်များ အောင်မြင်ရေးအတွက် ရန်လိုသည့် သဘောထား များနှင့် အင်အားသုံး ဖြေရှင်း မှုများအစား တရားမျှတမှုကို တိုးမြှင့်ပေးသည်သာမက လုံခြုံမှုကိုပါ ပေးသည့် ပေါ်လစီများကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါသည်။ ဤသည် ကျွန်ုပ်၏ ပြင်းပျ သောခံစားချက်နှင့် ဆုတောင်း ပတ္ထနာဖြစ်သည်။

အတိတ်ကို ပြန်ပြောင်းကြည့်ပါမူ ဗြိတိန်အနေဖြင့် နိုင်ငံပေါင်းများစွာကို အုပ်ချုပ်ခဲ့ပြီး အထူးသဖြင့် အိန္ဒိယတိုက်ငယ်နှင့် ပါကစ္စတန်တို့ကဲ့သို့သော နိုင်ငံများတွင် တရားမျှတမှု၏ စံပုံစံနှင့် သာသနာရေး လွတ်လပ်ခွင့်များကို ချန်ထားရစ်ခဲ့ပေသည်။ အဟ်မဒီယာမွတ်စလင်မ်အသင်းကြီးအား လက်မွန်မဆွ တည်ထောင်အုတ်မြစ်ချခဲ့သူ အရှင်သူမြတ်က ဘုရင်မကြီး ဗစ်တိုးရီးယားအား သူမ၏ စိန်ရတုသဘင် အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာနှင့် အစ္စလာမ့်သတင်းစကားကို ပေးပို့ခဲ့ရာတွင် သခင်ကြီး အနေ ဖြင့် ဗြိတိသျှအစိုးရ၏ တရားမျှတညီမျှစွာ အုပ်စိုးမှုအတွက် ဘုရားရှင်ထံတော်ပါးမှ ကောင်းချီးမင်္ဂလာ ဆုလာဘ်များ ချီးမြှင့်ပါစေကြောင်းကို အထူးအလေးထား ဆုတောင်းပေးခဲ့ပါ သည်။ သခင်ကြီးက ဗြိတိသျှ အစိုးရအား တရားမျှတမှုနှင့် ဘာသာရေးလွတ်လပ်ခွင့်တို့အတွက် အထူးချီးကျူးခဲ့ပါသည်။ ယနေ့ကမ္ဘာ တွင်မူ ဗြိတိသျှအစိုးရက ထိုတိုက်ငယ်ကို အစိုးရအုပ်ချုပ်မှု မရှိတော့သော်လည်း ဘာသာရေး လွတ်လပ် ခွင့်နည်းနာများကမူ ဗြိတိသျှတို့၏ အသိုင်းအဝန်းနှင့် ဥပဒေများထဲတွင် နက်ရှိုင်းစွာအမြစ်တွယ် လျက် ရှိနေပါသည်။ ထိုဥပဒေမှ လူသားတိုင်း သာတူညီ မျှဖြစ်ရေးနှင့် ဘာသာရေးလွတ်လပ်ခွင့်တို့ကို ပြဌာန်း ပေးပါသည်။ ယခုနှစ်တွင်မူ ဘုရင်မကြီး အဲလိဇဘက်နံပါတ် ၂ ၏ စိန်ရတုသဘင် စီရင်ကျင်းပခြင်းလည်း ရှိနေပေရာ ဗြိတိန်နိုင်ငံအား ကမ္ဘာ့ အလယ်တွင် တရားမျှတမှု၏စံပုံစံနှင့် ရိုးသားမှုတို့အား ပြသဖို့ရာ အခွင့်အလမ်းတစ်ခုပင် ဖြစ်ပါသည်။ ဗြိတိန်က ထိုသည့်တရားမျှတမှုအား ထုတ်ဖော်ပြသည့်အခါတိုင်း အဟ်မဒီယာမွတ်စ လင်မ်အသင်းအဖွဲ့က အမြဲတစေအသိအမှတ်ပြုခဲ့သည်ချည်းဖြစ်ကြောင်း အဟ်မဒီယာ မွတ်စလင်မ် တို့၏သမိုင်းက လျစ်ဟပြသလျက်ရှိပါသည်။ အနာဂတ်တွင်လည်း ဘာသာရေးယုံကြည်မှုနယ်ပယ် တွင်သာမက လူကြီးမင်းတို့နိုင်ငံတော်၏ ကောင်းမွန်လှသော အတိတ်သမိုင်းကို (လူကြီးမင်း တို့ အနေဖြင့်) မည်သည့်အခါမှမမေ့မလျော့ဘဲ ယနေ့ကမ္ဘာကြီးတွင် ဗြိတိန်နိုင်ငံက ကမ္ဘာအနှံ့ ငြိမ်းချမ်း ရေးကို အစပြုနိုင်သည့်နယ်ပယ်တိုင်းတွင်လည်း တရားမျှတနေမည်မှာ ဗြိတိသျှအစိုးရ၏ ဝိသေသ ဖြစ် နေဦးမည့် အကြောင်း ကျွန်ုပ်တို့ မြော်လင့်ပါသည်။ 

မည်သည့်အဆင့်၊ မည်သည့်ဦးတည်ချက်တွင်ရှိနေစေကာမူ ကျွန်ုပ်တို့အနေဖြင့် အမုန်းတရားများ၏ အငွေ့အသက်များအား ပယ်ရှားပစ်ဖို့ အကောင်းဆုံးကြိုးစားနေရမည်ဖြစ်ကြောင်းကို ကျွန်ုပ်အနေ ဖြင့် တောင်းဆိုလိုပါသည်။ ယင်းသို့ ဆောင်ရွက်အောင်မြင်မှသာ ကျွန်ုပ်တို့အနေဖြင့် ရောက်ရှိလာ မည့် မျိုးဆက်များအတွက် လှပသည့်အနာဂတ်အား သေချာရေရာစေပါလိမ့်မည်။ အကယ်၍ ကျွန်ုပ် တို့ ထိုသည့် လုပ်ငန်းဆောင်တာ၌ ကျရှုံးခဲ့ပါသော် ရလဒ်မှာ နူးကလီးယားစစ်ပွဲပင်ဖြစ်လိမ့်မည့် အကြောင်း ကျွန်ုပ်တို့၏စိတ်တွင်းဝယ် သံသယဖြစ်စရာပင်မရှိတော့ပါ။ ကျွန်ုပ်တို့၏ အနာဂတ်မျိုး ဆက်မှာလည်း ကျွန်ုပ်တို့၏ အပြုအမူကြောင့် ဖြစ်ပေါ်လာသည့် ထိုကြောက်စရာကောင်းသည့် ဆိုးကျိုးကို နေရာတိုင်း တွင်ခံစားရလိမ့်မည်ဖြစ်ကာ သူတို့၏ ရှေးကျသော အကြီးအကဲများက ကမ္ဘာကြီးအား ကပ်ဆိုးကြီးထဲသို့ ခေါ်ယူသွားခဲ့သည့်အဖြစ်အား ဘယ်သောအခါမှ ခွင့်လွှတ်နိုင်လိမ့် မည်မဟုတ်ပါ။ ကျွန်ုပ်ထပ်မံ၍လူကြီး မင်းအား သတိပေးလိုသည်မှာ ဗြိတိန်သည် ဖွံ့ဖြိုးပြီးနိုင်ငံများ သာမက ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်တွင်ပါ ဩဇာ လွှမ်းမိုးနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ လူကြီး မင်းအနေဖြင့် အလိုရှိပါမူ ဤကမ္ဘာကြီးအား တရားမျှ တမှုနှင့် သာတူညီမျှရှိစေရေး လိုအပ်ချက် များကို ဖြည့်ဆီးကာ လမ်းညွှန်နိုင်ပါသည်။ သို့ကြောင့် ဗြိတိန်နိုင်ငံနှင့် အခြားအင်အားကြီးနိုင်ငံ များအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ရွက်ရန် ၎င်းတို့ကိုယ် ပိုင်တာ ဝန်များကို ထမ်းရွက်သင့်ပါ သည်။ အနန္တတန်ခိုးတော်ရှင် ဘုရားသခင်က အသင်နှင့် အခြားကမ္ဘာ့ ခေါင်းဆောင်များကို ဤသတင်းစကားအား နားလည်သဘောပေါက်စေဖို့ စွမ်းအားချီးမြှင့်ပါစေ။

တောင်းဆုများနှင့် ဆန္ဒမွန်ဖြင့် -
အသင်၏ စစ်မှန်လှသော
မီရ်ဇာမဆ်ရူးဆ်အဟ်မဒ်
ပဉ္စမမြောက် ခလီဖတွလ်မဆီဟ်
ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်မ်အသင်းအဖွဲ့ကြီး၏ ခေါင်းဆောင်

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဝိညာဉ်ရေးရာခေါင်းဆောင်၊ အစ္စလာမ့်ခလီဖာမှ ကမ္ဘာ့ခေါင်းဆောင်များထံ ယနေ့ကမ္ဘာ့အခြေအနေ နှင့်စပ်လျဉ်း၍ ပေးပို့ခဲ့သော စာများ (၁)



ကမ္ဘာကြီးတွင် လက်ရှိဖြစ်ပျက်နေသော ပဋိပက္ခအခြေအနေများကြောင့် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဝိညာဉ်ရေးရာခေါင်း ဆောင် အစ္စလာမ့်ခလီဖာ၊ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်မှ ကမ္ဘာ့ခေါင်းဆောင်များထံ စာများပေးပို့ သတိပေးခဲ့ရာ ထိုစာ များထဲမှ အမေရိကန် သမ္မတအိုဘားမားထံ ပေးပို့သော စာ၏ မြန်မာပြန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Source: Click



16 Gressenhall Road
Southfields, London
SW18 5QL, UK
မတ်လ ၈ ရက် ၊ ၂၀၁၂
သမ္မတအိုဘားမား
အမေရိကန်ပြည်ထောင်စု
အိမ်ဖြူတော်
1600 Pennsylvania Avenue NW
Washington D.C.

ချစ်ခင်ရပါသော သမ္မတ 

ကမ္ဘာပေါ်၌ ဖြစ်ပျက်နေသော မတည်ငြိမ်မှုများကြောင့် လူကြီးမင်းထံ စာရေးသားဖို့ လိုအပ်ကြောင်း ကျွန်ုပ်ခံစား မိခဲ့ပါသည်။ ကမ္ဘာ့ အင်အားကြီးနိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စု၏ သမ္မတတစ်ဦး အနေဖြင့် လူကြီးမင်း ၏ အခွင့်အာဏာဖြင့်ချမှတ်သော ဆုံးဖြတ်ချက်များမှာ လူကြီးမင်း၏တိုင်းပြည်ကို သာမက ကမ္ဘာတဝှမ်းလုံးကိုပါ အကျိုးသက်ရောက်စေနိုင်ပါသည်။

တည်ငြိမ်မှုကင်းပြီး ဆူပူသောင်းကျန်းမှုများက ယနေ့ကမ္ဘာလောကကြီးတွင် ဖြစ်ပျက်လျက်ရှိသည်။ အချို့သော နေရာများ၌ အရွယ် အစားသေးငယ်သော စစ်ပွဲများလည်း ဖြစ်ပွားနေခဲ့ပါပြီ။ ထိုဆူပူ သောင်းကျန်း မတည်ငြိမ်မှု များ ဖြစ်ပွားလျက်ရှိသော နေရာဒေသ များတွင် ငြိမ်းချမ်းရေးရရှိအောင် အင်အားကြီးနိုင်ငံများ၏ အင်အားစိုက် ထုတ်ကြိုးပမ်းမှုမှာ မျှော်မှန်းထားသလောက် အကြောင်းမ လှခဲ့ပါ။ ကမ္ဘာ့နိုင်ငံများ အားလုံးလိုလိုက အခြား နိုင်ငံများ(မတည်ငြိမ်မှုများ ဖြစ်ပွားနေသည့်နိုင်ငံများ) ကို ထောက်ပံ့ပေးရန်သို့ မဟုတ်ကန့်ကွက်ရန်စသည့် လုပ်ငန်းဆောင်တာများတွင် ပါဝင်ကြကြောင်း ကျွန်ုပ်တို့ တွေ့ရှိနိုင်သော်လည်း တရားမျှတမှုလိုအပ် ချက်ကိုမူ ဖြည့်ဆီးနေကြသည်မဟုတ်ပါ။ ကမ္ဘာလောကကြီး၏ လက်ရှိအဖြစ်အပျက်များကို ယခုပင်ရှုမှတ်စိစစ်ကြည့်ပါက ကမ္ဘာစစ်ကြီး တစ်ခု ဖြစ်လာဖို့ အမြစ်တွယ်ပြီးဖြစ်ကြောင်း သံဝေဂရဖွယ် တွေ့ရှိရပါမည်။ နိုင်ငံကြီးငယ်မဟူတွင် နူးကလီးယား လက်နက်များပိုင် ဆိုင်နေသည်သာမက နိုင်ငံအချင်းချင်း မကောင်းကြံဆည်မှုများနှင့် မိတ်သင်္ဂဟ ပျက်ပြားစေမည့် တင်းမာမှုများသည်လည်း တိုးပွား လျက်သာ ရှိပါသည်။ ထိုသို့သော အခြေအနေဆိုးကြီးကြောင့် တတိယကမ္ဘာစစ်ကြီးသည် ကျွန်ုပ်တို့၏မျက်မှောက်၌ ဖြစ်လုဆဲဆဲ ရှိနေပါပြီ။ ထိုသည့် တတိယကမ္ဘာစစ်မှာကား မလွဲဧကန် နူးကလီးယားစစ်ပွဲကြီးဖြစ်မည်သာ။ ထို့ကြောင့် ကျွန်ုပ်တို့မှာ ကမ္ဘာလောက ကြီးသည် ကြောက်မက် ဖွယ်အဖျက်စွမ်းအားကြီးဆီသို့ ဦးတည်နေကြောင်း မျက်မြင်ဒိဌိ မြင်တွေ့နေရသူများ ဖြစ်ပါသည်။ အကယ်၍ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် သာတူညီမျှမှုနှင့် တရားမျှတမှုတို့ကို ကျင့်သုံးခဲ့ပါမူ ယခုကဲ့သို့ တတိယကမ္ဘာစစ် ၏ အငွေ့အသက်များ ဖုန်းလွှမ်းလာခြင်း ရှိမည်မဟုတ်ပါ။ 

၁၉၃၂တွင် စတင်သည့်ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့ရခြင်း၏ အဓိကအချက်မှာ စီးပွားရေးအကြပ်အတည်းများ နှင့် နိုင်ငံများအကြား ပေါင်းစည်းမှုပြိုကွဲခြင်းကြောင့်ဖြစ်ပါသည်။ ယနေ့ ထိပ်သီးစီးပွားရေး (လုပ်ငန်းများ၏) အခြေအနေမှာ ၁၉၃၂ ခုနှစ်က ဖြစ်ပျက်ခဲ့ သည့် အကြပ်အတည်းများနှင့် ပြိုင်မျဉ်းများသဖွယ် ထပ်တူကျလျက် ရှိပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးပြဿနာ များကြောင့် နိုင်ငံ ငယ်များအကြား စစ်ပွဲများဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း ကျွန်ုပ်တို့ ရှုမှတ်စိစစ်ကြည့်နိုင်သလို ထိုနိုင်ငံများအတွင်း၌ ဘုံသဘောတူညီမှု ကင်းပြီး မကျေနပ်ချက်များမှာ စထက်တပိုး တိုးပွားမြင့်တက် လာနေပါသည်။ ထိုမှတဆင့် အစိုးရအဖွဲ့များအတွင်း အင်အားအချို့ ထွက်ပေါ် လာကာ ထိုအင်အားမှ ကျွနု်ပ်တို့အား ကမ္ဘာစစ်ဆီဦးဆောင်သွားပါလိမ့်မည်။ နိုင်ငံငယ်များ၏ ပြဿနာများကို နိုင်ငံရေး နှင့် သံတမန်နည်းများဖြင့် မဖြေရှင်းနိုင်ပါက ကမ္ဘာပေါ်တွင် ဥပဒေပြုနိုင်ကြသူများထဲ၌ အုပ်စုခွဲများ သာမက အခြားအုပ်စုများလည်း ဖြစ်ပေါ်လာလိမ့်မည်။ ထိုသည် တတိယကမ္ဘာစစ်အဖြစ် ပေါက်ကွဲထွက်လာမည့် ရှေ့ပြေးပင်ဖြစ်လိမ့်မည်။ ထို့ကြောင့် ယခုအချိန်တွင် ကမ္ဘာလောကတိုးတက်ရေးကို အာရုံစိုက်ရမည့်အစား ကမ္ဘာကြီးအား ဤသည့်အဖျက်စွမ်းအားမှ ကယ်တင်ရန် ကျွန်ုပ်တို့၏အင်အား များ အချိန်မှီတိုးမြှင့်ကြဖို့ မရှိ မဖြစ်၊ အရေးတကြီးလိုအပ်နေပြီဟု ကျွန်ုပ်ယုံကြည်ပါသည်။ လူသားထုကြီးတစ်ရပ်လုံး အသက်ရှင်ကျန် ရစ် နေဖို့အတွက် အာမခံချက်တစ်ခုတည်းဖြစ်သည့် ကျွနု်ပ်တို့၏ ဖန်ဆင်းရှင်၊ တစ်ဆူတည်းသော ဘုရားရှင်အား လူသားထုကြီး တစ်ရပ်လုံးက သိရှိနားလည်လာနိုင်ဖို့ အပူတပြင်း လိုအပ်လျက် ရှိပါသည်။ သို့မဟုတ်ပါက ကမ္ဘာကြီးသည် မိမိကိုယ်ကို မိမိဖျက်ဆီး မည့်လမ်းကြောင်းဆီသို့ အလျင်အမြန်ပင် ဆက်လက်လျောက်လှမ်း သွားပါလိမ့်မည်။

ကျွန်ုပ်အနေဖြင့် လူကြီးမင်းအပါအဝင်၊ ကမ္ဘာ့ခေါင်းဆောင်များသို့ မေတ္တာရပ်ခံလိုသည်မှာ အခြားနိုင်ငံများအား အင်အားကို အသုံး ပြုပြီး အကျဉ်းအကြပ်ထဲတွန်းပို့သည်ထက် သံခင်းတမန်ခင်းနည်းများ၊ ဆွေးနွေးညှိနှိုင်းမှုနှင့် အမြော်အမြင်တို့ကို အသုံးချသင့်ပါ သည်။ အမေရိကန်ပြည်ထောင်စုကဲ့သို့သော ကမ္ဘာ့အင်အားကြီးနိုင်ငံအနေ ဖြင့် ငြိမ်းချမ်းရေးစတင်နိုင်ဖို့ရာ မိမိ၏အခန်းကဏ္ဍကို ထမ်းရွက်သင့်ပါသည်။ အမေရိကန်ပြည်ထောင်စုအနေ ဖြင့် အခြားနိုင်ငံငယ်များ၏ ပြုမူဆောင်ရွက်ပုံအတိုင်း ကမ္ဘာပေါ်ရှိ ညီညွတ်မျှ တ သဟဇာတဖြစ်နေခြင်းအား အနှောက်အယှက်ပေးခြင်းမျိုးဖြင့် ထွက်ပေါက်မယူသင့်ပါ။ ယခုအချိန်၌ အမေရိကန်အပါအဝင် အင်အားကြီး နိုင်ငံများကသာ နူးကလီးယားစွမ်းအင်ကို ပိုင်ဆိုင်ထားသည်မဟုတ်မူဘဲ အသေအချာ စဉ်းစားဆင်ခြင် ခြင်းကင်းပြီး မကြာခဏလက်နက်ကျူးသည့် အုပ်ချုပ်သူ ခေါင်းဆောင်များရှိနေသော အခြားနိုင်ငံငယ်များ ကလည်း အဖျက်စွမ်းအားကြီးမားသည့် လက်နက်များကို ပိုင်ဆိုင်နေကြသည်။ သို့ဖြစ်ရကား တတိယကမ္ဘာစစ် သို့ ပေါက်ကွဲစေနိုင်သည့် အဓိကရော၊ သာမညစွမ်းအင်များ ကိုပါမကျန် အစွမ်းကုန်တားမြစ်ဖို့ရာ လူကြီးမင်း အနေဖြင့် အင်ပြည့်အားပြည့်ကြိုးစားပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့ဘက်က ယင်းသို့ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါမူ ဖြစ်ပေါ်လာမည့် ထိုစစ်ပွဲကြီးမှာ အာရှ၊ ဥရောပနှင့် အမေရိက တို့ရှိ ဆင်းရဲသောနိုင်ငံများကိုသာ ရိုက်ခတ်လိမ့်မဟုတ်ဘဲ ကျွန်ုပ်တို့၏ အနာဂတ်မျိုးဆက်များမှာ ကျွန်ုပ်တို့ကိုယ်တိုင် ပြုမူလိုက်သော အပြုအမူများ၏ ကြောက်လန့်ဖွယ်ရာ ဆိုးကျိုးကို ခံစားရပါမည်။ ထိုမျှသာမက ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို ကိုယ်လက်အင်္ဂါ ချို့တဲ့ပြီး ပုံစံမကျဖြစ်နေသည့် ကလေးများ မွေးဖွားလာပါလိမ့်မည်။ ထိုကလေးများကား သူတို့၏ရှေ့ဆောင် ဘိုးဘွားဘီဘင်များကို ကမ္ဘာလောကကြီးအား ထိုသည့်ကြမ္မာဆိုးကြီးထဲ သို့ ဆွဲခေါ်ယူသွားခဲ့မှုအတွက် မည်သည့်အခါမှ ခွင့်လွှတ်နိုင်ကြလိမ့်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ ပုဂ္ဂလိက အရေးများကို အာရုံစိုက်နေမည့်အစား ကျွနု်ပ်တို့သည် နောင်လာနောက်သားများအတွက် စဉ်စားပေးသင့်ပြီး သူတို့၏အနာဂတ် တောက်ပဖို့ရာ အထူးအင်အားစိုက်ထုတ်သင့်ပါသည်။ လူကြီးမင်းအပါအဝင် ကမ္ဘာ့ခေါင်း ဆောင်များအား တန်ခိုးတော်ရှင် ဘုရားသခင်က ဤသည့်သတင်းစကားကို နားလည်သိမြင်နိုင်စွမ်း ပေးသနား ပါစေ။

အသင်၏ စစ်မှန်လှသော
မီရ်ဇာမဆ်ရူးရ်အဟ်မဒ်
ပဉ္စမမြောက် ခလီဖတွလ် မဆီဟ်
ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်မ်အသင်းအဖွဲ့ကြီး၏ ခေါင်းဆောင်

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-