Wednesday, May 16, 2012

အမေရိကန် စစ်သင်တန်းများ၌ သင်ကြားပို့ချမှု : အစ္စလာမ်အား ဘုံစစ်ပွဲဆင်နွှဲဖို့ ဟီရိုရှီးမားဗျူဟာကို သုံးကြစို့


မေလ ၁၀ ရက် ၊ ကြာသပတေး နေ့စွဲဖြင့် www.wired.com သတင်းဖော်ပြချက်

မေလ ၁၁ ရက် သောကြာနေ့ နေ့စွဲဖြင့် ဖော်ပြခဲ့သော ယူကေထုတ်ဂါးဒီးယန်းသတင်းစာ အွန်လိုင်း စာမျက်နှာပါ “အမေရိကန်စစ်သင်တန်းများ၌ အစ္စလာမ်ကို ရန်သူအဖြစ်သင်ကြားနေ” ဆိုသည့် သတင်းကို နေရာတွင်ဖော်ပြခဲ့ ပါသည်။

ဟုခေါင်းစဉ်တပ်ကာ အမေရိကန်စစ်ဘက်ဆိုင်ရာအရာရှိ လက်ထောက်ဗိုလ်မှူးကြီး မက်သရူးဒူးလေး ၏ စစ်ဘက်ဆိုင်ရာသင်တန်းများတွင်ပို့ချသည့် သင်ခန်းစာအစိတ်အပိုင်းများကို ဖော်ထုတ်ရေးသားခဲ့ ပြီးနောက်တွင်မှ ယူကေအခြေစိုက် နာမည်ကြီးဂါးဒီးယန်းသတင်းက ထိုအကြောင်းကို တင်ပြခဲ့ခြင်း ဖြစ်သည်။

www.wired.com က မက်သရူးဒူးလေး၏ အစ္စလာမ်မိုဖိုးဘစ်၊ အစ္စလာမ်သာသနာနှင့်ထိပ် တိုက်ရင်ဆိုင်ရန် အစီအစဉ်ချမှတ်လုပ်ဆောင်မှုများ၊ ဝါဒဖြန့်ချိမှုများရေးသားထားသည့် အမေရိကန် စစ်ဘက်ဆိုင်ရာ သင်ခန်းစာများကို ပီဒီအက်ဖ်ဖိုင်အဖြစ် တင်ဆက်ထားသည်။  (ဒေါင်းလုပ် ရယူရန် http://goo.gl/We5wo)

www.wired.com က တင်ပြသည်မှာ အန္တရာယ်အခန်းဟုအမည်ပေးထားသည့် သတင်းအရင်း အမြစ်မှတ်တမ်းမှတ်ရာများအရ အမေရိကန်စစ်ဘက်ဆိုင်ရာများတွင် ၁.၄ ဘီလီယံရှိသော မွတ်စလင်မ်များအပေါ် ဘုံစစ်ပွဲဆင်နွှဲဖို့ လိုအပ်လာမည်ဖြစ်ကြောင်း၊ သို့အားဖြင့် အစ္စလာမ်မစ် အကြမ်းဖက်သမားများရန်မှ အမေရိကန်ကို ကာကွယ်ရန်မည်ကြောင်း စသဖြင့်သိရှိရကြောင်း ဖော်ပြ ထားသည်။ ထိုသို့ဘုံစစ်ပွဲဆင်နွှဲရာတွင် အခြေခံရွေးချယ်ရမည့်မဟာဗျူဟာများကို ချပြထားရာ ဟီရိုရှီးမားဗျူဟာ ဖြစ်သော မြို့တစ်ခုလုံးကို တပြိုင်နက်သုတ်သင်သည့်သင်ခန်းစာကို ထည့်သွင်းဖော် ပြထားပြီး ထိုသင်ခန်းစာ၌ပင် သာမာန်အရပ်သားများကိုပါ လိုအပ်လျှင်သုတ်သင်ရန် ပစ်မှတ်အဖြစ် ယာထားမည့် အကြောင်းလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့်လအတွင်းက အန္တရာယ်ခန်းမှပထမဆုံးသတင်းပေးပို့ခဲ့ရာ၌ (အမေရိကန်) ကာကွယ်ရေး ဌာန Defense Department’s Joint Forces Staff College တွင် ထိုသည့်သင်ခန်းစာကို ပို့ချခဲ့ ကြောင်း ၊ ထို့နောက်ယင်းသင်တန်းကို ပင်တဂွန်မှ ပယ်ဖျက်ခဲ့ကြောင်းနှင့် ယခုမူ ထိုသင်တန်း၏ အသေးစိတ်အချက်အလက်များကို သိရှိရပြီဖြစ်ကြောင်း wired.com ကဖော်ပြသည်။ အန္တရာယ်ခန်း မှ သင်တန်း၏ ရာပေါင်းများစွာသော သင်ခန်းစာအချက်အလက်များကို လက်ခံရရှိခဲ့ ကြောင်းလည်း သိရသည်။

ထို့နောက်တွင်မူ ဂါးဒီးယန်းသတင်းစာက ဖော်ပြသည့်အတိုင်း ဝန်ထမ်းအကြီးအကဲဖြစ်သူမှ ထိုသင်တန်းကို ပိတ်ပြစ်ခဲ့ပြီး သင်ခန်းစာများ၌ အမုန်းတရားပွားများစေရေးအချက်အလက်များ မပါ ဝင်စေဖို့ ညွှန်ကြားခဲ့ကြောင်း သိရသည်။ မက်သရူးဒူးလေးကိုမူ စုံစမ်းစစ်ဆေးဖို့ ဆောင်ရွက်နေဆဲ အချိန်ထိ သူ၏လက်ရှိရာထူးတွင် ဆက်လက်ခန့်ထားမြဲဖြစ်ကြောင်း သိရသည်။

တပ်ကြပ်များ၊ လက်ထောက်ဗိုလ်မှူးကြီးများ၊ ကပ္ပတိန်များနှင့် ဗိုလ်မှူးကြီးအဆင့်ရှိသူများပါ မက်သရူး ဒူးလေးပို့ချသည့် သင်တန်းကို တက်ရောက်ခဲ့ကြောင်း၊ စစ်သွေးကြွစေသည့် ( wired.com ကမူ inflammatory ဟုသုံးနှုံးထား) သင်ခန်းစာများကို တပတ်ပြီးတပတ်နားထောင်ခဲ့ရကြောင်း၊ ယခုမူ ထိုသင်တန်းသားများကို ပိုမိုအဆင့်မြင့်သည့် သင်ခန်းစာများသင်ကြားရန် ပြောင်းရွှေ့ပြီးဖြစ်ကြောင်း သိရှိရသည်။


 (မက်သရူးဒူးလေး၏ သင်တန်း၌ သုံးစွဲခဲ့သော ပြဌာန်းစာအုပ်များ မျက်နှာဖုံး)

လွန်ခဲ့သည့် ဆယ်စုနှစ်အတွက် အမေရိကန်၏ စစ်ဘက်ဆိုင်ရာ၊ ထောက်လှမ်းရေးနှင့် ဥပဒေစိုးမိုး ရေးဌာနကြီးများတွင် တာဝန်ထမ်းရွက်ခဲ့ကြသည့် အကြမ်းဖက်တိုက်ဖျက်ရေး ပုဂ္ဂလိက အုပ်စုတစ်ခု က အမေရိကန်၏ အစစ်အမှန်အကြမ်းဖက်ရန်သူမှာ အလ်ကိုင်ဒါမဟုတ်ကြောင်းနှင့် အစ္စလာမ်သာ သနာသာဖြစ်ကြောင်း သက်သေပြဖို့ ကြိုးစားမှုများရှိခဲ့သည်။ မက်သရူးဒူးလေးက သူ၏သင်တန်းသို့ ထိုအုပ်စုမှ အန္တီမွတ်စလင်မ်နိုင်ငံရေးသမားများကို ဧည့်သရုပ်ပြဆရာများအဖြစ် သင်ကြားပို့ချစေခဲ့ သည်။ အထက်ပါပုံတွင် ထိုသင်တန်းဆရာများအသုံးပြုခဲ့သည့် စာအုပ်ပုံများကို wired.com (http://www.wired.com/dangerroom/2011/09/fbi-islam-domination/) မှတဆင့် ကူးယူ ဖော်ပြပေးထားပါသည်။

မက်သရူးဒူးလေး၏ အကျည်းတန်လှသော ကောက်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

“ကျွန်တော်တို့ အခုတော့ နားလည်နိုင်လာပြီ၊ မော်ဒရိတ်အစ္စလာမ်ဆိုတဲ့ အလယ်အလတ်အစ္စလာမ် ဆိုတာ မရှိပါဘူး” ဟု သူ၏သင်ခန်းစာ ပီဒီအက်ဖ်ဖိုင်တွင်ဖော်ပြထားသည်။ မက်သရူးဒူးလေးက အမေရိကန်၏ ရန်သူများကို ဘုံရည်ရွယ်ချက်တစ်ခုဖြင့် (ချေမှုန်းရန်) ဆက်လက်အကြံပြုသည်မှာ “အခုတော့ အမေရိကန်ဟာ မိမိရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းဖြစ်စေရပါတော့မယ်၊ ရိုင်းစိုင်း တဲ့ အတွေးအခေါ်အယူအဆတွေကို ဆက်လက်သည်းခံနေမှာတော့မဟုတ်ဘူး၊ အစ္စလာမ်က ပြောင်း လဲရမယ် ဒါမှမဟုတ် သူ့ဟာသူပြိုလဲသွားစေဖို့ ကျွန်တော်တို့က ဧည့်ခံပေးပါလိမ့်မယ်။ ”

မက်သရူးဒူးလေးကို ဆက်သွယ်မေးမြန်းခြင်းမပြုလုပ်နိုင်ခဲ့ကြောင်းနှင့် Joint Forces Staff College ၏ ပြောခွင့်ရပုဂ္ဂိုလ် စတီဗင်ဝီလီယံကမူ ဒူးလေး၏ သရုပ်ပြသခန်းစာများနှင့် သင်တန်း ကျောင်းအခြေ အနေကို ဆွေးနွေးဖို့ ငြင်းဆန်သွားခဲ့သည်ဟု wired.com က ဖော်ပြသည်။ သင်ခန်း စာများနှင့်ပတ် သတ်၍ ဒူးလေး၌ တာဝန်ရှိမရှိမေးမြန်းရာ၌လည်း သူမသိကြောင်း၊ ထိုကိစ္စနှင့်ပတ်  သတ်၍ ကျောင်း ၏ ညွှန်ကြားရေးအကြီးအကဲ မေဂျာဂျင်နရယ် ဂျိုးဆက် ဝါးဒ် ကသာ ပြောပြနိုင် လိမ့်မည်ဖြစ်ကြောင်း ဖြေကြားသွားသည်။

ဒူးလေး၏ သင်ခန်းစာများတွင် မက္ကာနှင့်မဒီနာကို ဟီရိုရှီမားအတိုင်း တိုက်ခိုက်ဖျက်ဆီးဖို့နှင့် အရပ် သားများပါမကျန် သုတ်သင်ပစ်ဖို့ လှုံဆော်မှုများပါဝင်သည်။


မက်သရူး ဒူးလေး၏ သင်ခန်းစာများ ကောက်နုတ်ချက်

မက္ကာနှင့် မဒီနာကို ချေမှုန်းရန်၊ အစ္စလာမ်အား သာသနာတစ်ခုအဖြစ်မှ သာမာန်အဖွဲ့တစ်ခု အဖြစ်အဆင့် လျော့ပြစ်ရန်၊ ဆော်ဒီအာရေဗျကို အငတ်ဘေးသင့်စေခြင်းဖြင့် ခြိမ်းခြောက်ရန်။ ဒရက်စ်ဒန်၊ တိုကျို၊ ဟီရိုးရှီးမားနှင့် နာဂါစကီမြို့များတွင် ဖြစ်ပျက်ခဲ့သည့် အရပ်ဘက်ပစ်မှတ်များအား တိုက်ခိုက်သည့်ပုံစံအား မက္ကာနှင့်မဒီနာကို ဖျက်ဆီးပြစ်ရန် ဆုံးဖြတ်ချက်ချသည့်အခါ ထည့်သွင်းစဉ်းစားရန်။ စသည်​ဖော်ပြချက်များ။

dooley_presentation_slide1

Lt. Col. Matthew A. Dooley's Joint Staff Forces College presentation on "A Counter-Jihad Op Design Model" (.pdf) calls for violent measures in a war against Islam. (emphasis added)


အလယ်အလတ်မွတ်စလင်မ်ဆိုသည်မှာ မည်သူများကိုဆိုလိုခြင်းဖြစ်ကြောင်း မက်သရူးဒူးလေးက လှောင်ပြောင်တင်ပြထား။
dooley_moderate2

A second slide from Lt. Col. Dooley's presentation (.pdf) mocks the idea of moderate Muslims.


ဂျီဟဒ်ဆိုသည်မှာ တစ်ကမ္ဘာလုံးကို မွတ်စလင်မ်များဖြစ်စေဖို့ စစ်ခင်းရန်ဟု အဓိပ္ပါယ်ရကြောင်း၊ မွတ်စလင်မ်မဟုတ်သူများကို ဆန့်ကျင်စစ်ခင်းရန်ဟု အဓိပ္ပါယ်ရကြောင်း တင်ပြထားချက်။ အစ္စလာမ်သည် ဤမျှလောက်ဆိုးသွမ်းနေပါလျှင် အဘယ်မှာ ငြိမ်းချမ်းသည့်မွတ်စလင်မ်ရှိမည်နည်း ဟု မေးခွန်းထုတ်ကာ ရှရီယာဥပဒေတွင် အစ္စလာမ်ပျံ့နှံဖို့ စစ်ပွဲဆင်နွှဲရန် လမ်းညွှန်ချက်ပါရှိကြောင်း တင်ပြထားချက်။
slide3

John Guandolo offered to military officers this list of "Usual Responses From the Enemy When Presenting the Truth" (.pdf), asserting that Muslims are bent on world domination. (emphasis added)

ဂျီဟဒ်ကို သရုပ်ဖော်ထားပုံ။
our_response4

A cartoon included in Shireen Burki's Joint Staff Forces College presentation on "Jihad: Defined and Operationalized" (.pdf) contains a number of ugly stereotypes.


ကုရ်အာန်တွင် ခရစ်ယာန်နှင့်ဂျူးများကို အဆက်အဆံမလုပ်ရန်သင်ထားကြောင်း၊ ထို့ကြောင့် မွတ်စလင်မ်များအနေဖြင့် ခရစ်ယာန်နှင့်ဂျူးများကို မဆက်ဆံဖို့တာဝန်တင်နေကြောင်း ဖော်ပြထားချက်။
understanding5

John Guandolo's primer on "Understanding Shari'ah's Role in The War" (.pdf), distributed to students at the Joint Staff Forces College. (emphasis added)

အစ္စလာမ့် ဥပဒေအား ဖော်ထုတ်တင်ပြထားချက် (သို့မဟုတ်) သင်မျှော်လင့်နေသော အတိုချုံးပုံစံ များကို ဤနေရာတွင်မရှိဟု ရေးသားထား။
coughlin_driods6

Stephen Coughlin's presentation to the Joint Staff Forces College on "Imposing Islamic Law" (.pdf) began with a nod to Star Wars.


အစ္စလာမ်အား သူ(မက်သရူးဒူးလေး) မြင်သည့်အတိုင်း မမြင်သောသူများကို ဒူးလေးက သရော်ထားပုံ။
coughlin_dog7

A later slide from Coughlin's presentation (.pdf) made fun of people who didn't see Islam in the same way he did.

ငါတို့သည် စစ်ဆင်နွှဲနေကြပြီ။ သင်သည် ခိုင်ကျည်မြဲမြံသည့် လှုပ်ရှားမှု၏အစိတ်အပိုင်းဖြစ်သည်။ သင်သည် လူမှုရေးအသင်းအဖွဲ့မှ အစိတ်အပိုင်းတစ်ခုမဟုတ်။ စသဖြင့် စစ်သွေးကြွဖို့ လှုံဆော်ထား ချက်များ။
slide8

John Guandolo's action items for military officers (.pdf) on what they can do to fight Guandolo's perceived enemies. (emphasis added) 


Source: http://goo.gl/Ez0YR

2011 Muslims for Life ၏ အင်တာဗျူးဗွီဒီယို : စီအင်အင်အိုင်ရီပို့တ် ၊ နောက်ဆုံးဆန်ခါတင် ဗွီဒီယိုအဖြစ် ရွေးချယ်ခံရ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ယူနီယံကွင်းပြင်တွင်ပြုလုပ်ခဲ့သည့် “Muslim for life” ဟုအမည် ပေးထားသည့် သွေးလှူဒါန်းခြင်းဖြင့် လူ့အသက်ကယ်ရန် အဟ်မဒီယာမွတ်စလင်မ်လူငယ်များ အဖွဲ့မှ ကြီးမှူးပြုလုပ်ခဲ့သည့် လှုံဆော်ပွဲ ဗွီဒီယိုအင်တာဗျူးမှာ စီအင်အင်သတင်းဌာန၊ iReport ၏ အကောင်း ဆုံးစကာတင်ဗွီဒီယို ၃၆ ခုတွင် တစ်ခုအဖြစ်ရွေးချယ်ခံထားရသည်။ 

 Muslim for Life မှ လှုံ့ဆော်ခဲ့သည့် ပိုစတာတစ်ခု

ထိုဗွီဒီယိုအင်တာဗျူးဖိုင်ကို အဟ်မဒီယာမွတ်စလင်မ်လူငယ်များအဖွဲ့မှ အဟ်မဒ်ချောင်ဒရီနှင့် စလာမ် ဘတ္ထီတို့မှ တင်ဆက်ခဲ့ကြခြင်းဖြစ်သည်။

ဗွီဒီယိုဖိုင်ပေါင်း ၁၅၀၀၀ အနက်မှ ၃၆ ခုကိုသာ နောက်ဆုံးဆန်ကာတင်အဖြစ်ရွေး ချယ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ “Muslim for life” ဗွီဒီယိုမှာ အင်တာဗျူးဗွီဒီယိုကဏ္ဌတွင် ရွေးချယ်ခံရခြင်းဖြစ် သည်။ ထိုဗွီဒီယိုဖိုင်ကို “NY Muslims Commemorate 9/11 with Blood Drive” ဟုအမည် ပေးထားသည်။

CNN iReport မှဖော်ပြသည်မှာ “Muslims for Life blood drive” မှအိုင်ရီပိုတာ အဟ်မဒီချောင်ဒရီ ပေးပို့သည့် သတင်းအရ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှု၏ ၁၀ နှစ်မြောက်အောက်မေ့ဖွယ် အဖြစ် သွေးလှူးဒါန်းကုသိုလ်ပြုကြရန် လှုံဆော်ဆောင်ရွက်မှု၌ ပါဝင်ဆောင်ရွက်သူများနှင့် လမ်းသွား လမ်းလာပရိသတ်များကို အင်တာ ဗျူးအမေးအဖြေပြုလုပ်ထားကြောင်း၊ ပါဝင်ဆောင်ရွက်သူများ အနေဖြင့် နာရီအနည်းငယ်အတွင်းတွင် သွေးအိတ်ပေါင်း ၁၃၁ အိတ်လက်ခံရရှိပြီးဖြစ်ကြောင်း သိရ သည်။ ချောင်ဒရီအနေဖြင့် “ Muslims for Life ” တွင်ပါဝင်ရသည်မှာ ၂၀၀၁ စက်တင်ဘာလ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားစဉ် အမေရိကန် နိုင်ငံ နယူးယောက်တွင် သူနေထိုင်ခဲ့ကြောင်း၊ ယခုမူ သူ့အနေဖြင့် တစ်ခုခုကိုပြန်လည်ပေးဆပ်ရန် ရည်ရွယ်ရင်းဖြစ်ကြောင်း သိရသည်။

အသင့်အနေဖြင့် “Muslims for Life blood drive 2011” ၏ ဗွီဒီယိုဖိုင်ကို မဲပေးရန်အတွက် ဤလင့်ခ်သို့ http://ireport.cnn.com/docs/DOC-671618

Muslims for Life ၏ တရားဝင်ဝက်ဘ်ဆိုဒ်မှာ http://muslimsforlife.org/ ဖြစ်သည်။


တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-