Thursday, April 26, 2012

အဟ်မဒီမွတ်စလင်မ်များ၏ အရည်အသွေးမြင့်စိတ်ဓာတ်ကျယ်ပြောများပြား ပါစေသော်ဝ်

နယ်လ်ဆင် ပရိုက်စ်: အဟ်မဒီမွတ်စလင်မ်များ၏ အရည်အသွေးမြင့်စိတ်ဓာတ်ကျယ်ပြောများပြား ပါစေသော်ဝ်


ဘပ္ပတစ္စတွေလိုပါပဲ၊ မွတ်စလင်မ်တွေထဲမှာလည်း အသင်းခွဲတွေ အများကြီးပါ။ သတင်းတွေထဲမှာ တော့ စွန္နီနဲ့ ရှီယာဆိုပြီး အများဆုံး ပါရှိတတ်ပါတယ်။ စွန္နီတွေထဲမှာ ဟနဖီ၊ ရှာဖီ၊ မာလိကီနဲ့ ဟမ်ဘလီဆို တဲ့ ဥပဒေပြုကျောင်းကြီးများရှိပါတယ်

ဆော်ဒီအာရေဗျမှာအဓိကအခြေပြုတဲ့ အသင်းကတော့ ရန်လိုမှုအများ ဆုံးရှိတတ်တဲ့ ၀ဟာဘီပါပဲ။ အမေရိကန်ရဲ့ထောင်တွေထဲမှာတော့ ၀ဟာဘီတွေက prison chaplain လို့ခေါ်တဲ့ ထောင်သားများကို တရားဟောတဲ့မွတ်စလင်မ်ဘာသာရေးဆရာများဖြစ်ကြပြီး ထောင် တွေမှာသူတို့ကိုပဲအများဆုံး ခန့်ထားတတ်ပါတယ်။

လူသိနည်းတဲ့ အသင်းအဖွဲ့တစ်ခုရှိပါတယ်။ အဲဒါကတော့ အဟ်မဒီယာ မွတ်စလင်မ်လှုပ်ရှားမှုပါ။ အဟ်မဒီမှာလည်း နှစ်သင်းကွဲပါသေးတယ်။ ၁၉၂၀ ပြည့်လွန်နှစ်တွေက အမေရိကန်မှာ အစပြုခဲ့တဲ့ အဟ်မဒီမွတ်စလင်မ် တွေကတော့ အမေရိ ကန်ရဲ့ ရှေးဦးအကျဆုံး မွတ်စလင်မ်အသင်းအဖွဲ့ပါပဲ။ အခြားတစ်သင်းကတော့ အစ္စလာမ်ပြန့်ပွားရေး အတွက်ရည်သန်တဲ့ လာဟိုရ်အဟ်မဒီလှုပ်ရှားမှုဖြစ်ပါတယ်။

အဟ်မဒီတွေက သူတို့ကိုယ်သူတို့ အစ္စလာမ်သာသနာအား မူရင်းအတိုင်းကျင့်သုံးတဲ့ မွတ်စလင်မ် များအဖြစ် အသိအမှတ်ပြုထားပါတယ်။ ဒါပေမယ့် ဆော်ဒီအာရေဗျနဲ့ ပါကစ္စတန်စတဲ့နိုင်ငံအချို့မှာ တော့ သူတို့ကို မွတ်စလင်မ်အဖြစ် ထည့်သွင်းစဉ်းစားခြင်းမရှိပါ။ ကျွန်တော့်အနေနဲ့ကတော့ ဒီပြဿ နာကို မွတ်စလင်မ်တွေဖာသာ ဆုံးဖြတ်ဖို့ ချန်ထားရစ်ခဲ့ပါ့မယ်။

သေးငယ်လှတဲ့အဟ်မဒီမွတ်စလင်မ်လှုပ်ရှားမှုကတော့ ငြိမ်းချမ်းရေးမြတ်နိုးဖို့ဆောင်ရွက်ကြသလို ဓားလက်နက်ကိုင်ဆောင်တဲ့ဂျီဟားဒ်ကိုလည်း မယုံကြည်ကြပါ။ ကျွန်တော်တို့ (အမေရိကန်) အသိုင်း အဝန်းမှာတော့ သူတို့ကတက်ကြွစွာလှုပ်ရှားတဲ့အဖွဲ့ဖြစ်ပြီး ကြက်ခြေနီသွေးလှူဒါန်းဌာန တွေကိုစပွန် ဆာပေးခြင်းစတဲ့ လူ့အသိုင်းအဝန်းအကျိုးပြုအစီအစဉ်တွေ အမျိုးမျိုးကို ပြုလုပ်ကြပါတယ်။

ဂျီဟားဒ်ကိုယုံကြည်လက်ခံတဲ့ အစ္စလာမ်အများစုကြီးနဲ့ရောပြီး သူတို့(အဟ်မဒီများ) ကိုသတ်မှတ် ကြတာကို သူတို့က sensitive (မလိုလား) ဖြစ်တတ်ပါတယ်။ ကျွန်တော်နားလည်ပေးနိုင်ပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း ဘပ္ပတစ္စတွေထဲက အချို့အဖွဲ့အစည်းဝင်အဖြစ် (သမုတ်ခံရရင်) ခါးခါး သီးသီးဖြစ်တတ်လို့ပါ။ ဒါပေမယ့် ဒါမျိုးကိစ္စတွေကတော့ ထိုနည်းလည်းကောင်းပါပဲ။ ကံမကောင်းအ ကြောင်းမလှ (ဘူးလို့ပြောရမှာပဲ)၊ အစ္စလာမ်မစ်ဂျီဟားဒ်နဲ့ဆက်စပ်တဲ့သတင်းတွေ့တိုင်း (မွတ်စ လင်မ်တွေဘက်ကဆန့်ကျင်) သတိပေးမှုပြုလုပ်တာမျိုး မျှော်လင့်မနေပါနဲ့။ အဖွဲ့အစည်းတစ်ခုဆီ ကလွဲလို့ပေါ့။

သူတို့တွေ(မွတ်စလင်မ်တွေ)က ဂျီဟားဒ်လှုပ်ရှားသူတွေကိုဆန့်ကျင်ပြီး ပွင့်ပွင့်လင်းလင်းပြောဆို မယ်ဆိုရင်တော့ အပြုသဘောဆောင်သတင်းမွှေးတွေထွက်ရှိလာနိုင်မှာပါ။ သူတို့တွေက ခရစ်ယာန် များ နဲ့အဆက်အဆံရှိနေခြင်းပတ်သတ်ပြီး သူတို့ကိုယ်သူတို့ငြင်း ချက်ထုတ်အကာအကွယ်ယူဖို့ အတွက် အင်အားစိုက်ထုတ်ကြပါတယ်။ အစ္စလာမ်မစ်ဂျီးဟားဒ်လှုရှားသူတွေနဲ့ဆန့်ကျင်ပြီးတော့ အသံမထွက်ကြတာဘာကြောင့်လဲ။

အကြောင်းပြချက်တစ်ခုကတော့ အဲဒါမျိုးနေနေကြရတာက သူတို့အတွက်ပျော်ရွှင်စရာဖြစ်ကောင်း ဖြစ်နေမှာပါ။ ဂျီဟားဒ်ကိုယုံကြည်ကြတဲ့မွတ်စလင်မ်တွေက ဂျီဟားဒ်ဆန့်ကျင်သူတွေကို ရန်သူတွေ လို့သဘောထားတတ်ကြပြီး ကျိန်စာပို့ကြပါတယ်။ အဲဒီလိုအလုပ်ခံရသူတွေထဲမှာ အဟ်မဒီတွေပါပါ လိမ့်မယ်။

အဟ်မဒီတွေက လှပခန့်ညားတဲ့အဖြစ်အပျက်တစ်ခုကို(အခုလို) ပြောကြပါတယ်။ တစ်ရံရောအခါမှာ ခရစ်ယာန်ကိုယ်စားလှယ်အဖွဲ့က တမန်တော်မုဟမ္မဒ်ကိုတွေ့ဆုံဖို့ရောက်လာခဲ့ပါတယ်။ တွေ့ဆုံနေ စဉ်အတွင်းမှာ ခရစ်ယာန်တွေကဘုရားဝတ်တက်ချိန်ရောက်လို့ ဘုရားဝတ်တက်ပါရစေကြောင်း ပြောတဲ့အခါ တမန်တော်မုဟမ္မဒ်က ကျွန်ုပ်၏ဗလီထဲမှာပဲ ဘုရားဝတ်တက်နိုင်ကြောင်းပြောဆိုခဲ့သလို ခရစ်ယာန်တွေကလည်း ဗလီထဲမှာပဲ ဘုရားဝတ်တက်ခဲ့ကြပါတယ်။

ကျွန်တော်တို့ဗလီထဲကိုဝင်တဲ့အခါ ရရှိတဲ့အတွေ့အကြုံနဲ့ယှဉ်ရင် အထက်ပါဖော်ပြချက်က ဆန့်ကျင် ဘက်ပါပဲ။ ကျွန်တော်တို့တွေဟာ ခရစ်ယာန်အမှတ်အသားလက်ဝတ်လက်စားတွေဝတ်ပြီး ဗလီတွေ ထဲဝင်လို့မရပါဘူး။

ဖော်ပြပါအဟ်မဒီတွေပြောပြတဲ့အဖြစ်အပျက်က မွတ်စလင်မ်တိုင်းပြည်တွေမှာ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းတွေကို ဗုံးထောင်မှု၊ မီးရှို့မှုစတာတွေနဲ့ယှဉ်ရင်လည်း ပြဒါးတလမ်းသံတလမ်းဆိုသလို အဆန့်ကျင်ကြီးဆန့်ကျင်နေပါတယ်။

မွတ်စလင်မ်တိုင်းပြည်တွေမှာ ခရစ်ယာန်စစ်သားတွေအတွက်တာဝန်ထမ်းဆောင်ရတဲ့ ဘုန်းတော် ကြီးတွေ၊ သူတို့ရဲ့ခရစ်ယာန်အဆောင်အယောင်တွေဝတ်ခွင့်မရတာကလည်း စိတ်အတွင်း အဇ္ဈတ္တက နေ ဖော်ထုတ်ပြသလိုက်တဲ့ (ခံစားချက်များ) ပဲမဟုတ်ပါလား။

ကျွန်တော်တို့ရဲ့ဖယ်ဒရယ်အစိုးရကတော့ မွတ်စလင်မ်တိုင်းပြည်တွေမှာ ဗလီတွေပြန်လည်တည် ဆောက်ဖို့အတွက် အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးကို အသုံးပြုနေပါတယ်။ ကုရ်အာန်ကို (မီးရှို့) ဖျက်ဆီးခံရတယ်ဆိုရင်လည်း မိမိတို့ရဲ့ ဝမ်းနည်းမှုနဲ့ ရှက်ရွံ့မှုကို ဖော်ပြကြပါတယ်။

အဟ်မဒီမွတ်စလင်မ်လှုပ်ရှားမှု၏အရည်အသွေးမြင့်စိတ်ဓာတ်များ များပြားလာပါစေ။

သူတို့သည် နိုင်ငံတကာပြဿနာများတွင် ဩဇာလွှမ်းမိုးသော အသံတစ်သံဖြစ်လာပါစေ။

အမေရိကန်အများစုက မွတ်စလင်မ်များကို မေးငေါ့နေခြင်းများအား သူတို့နားလည်သဘောပေါက် နိုင်ပါစေ။ ကျွန်ုပ်တို့ကဲ့သို့မွတ်စလင်မ်မဟုတ်သူများကလည်း အဟ်မဒီမွတ်စလင်မ်များနှင့် တွေ့ဆုံ ကြုံကြိုက်သည့်အခါ သူတို့၏ ကွဲပြားခြားနားသော အရည်အသွေးကို  သက်သေခံများဖြစ်ပါစေ။

ကျွန်တော်၏ဝက်ဘ်ဆိုဒ်မှ အစ္စလာမ်နှင့် အချိန်အလိုက်တင်ဆက်နေသည့်အခြားအကြောင်း အရာ များကိုလည်း လာရောက်ဖတ်ကြည့်လှည့်ပါ။ www.nelsonprice.com.

The Rev. Dr. Nelson Price is pastor emeritus of Roswell Street Baptist Church. Contact Price at nlprice@aol.com.

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-