Monday, April 23, 2012

အာရပ်အမျိုးသမီးများအတွက် ပြောရေးဆိုခွင့်ဘာကြောင့်မရှိသေးတာလဲ


 Arab Spring ခေါ် အာရပ်နွေဦးတော်လှန်ရေးများက လွတ်လပ်ခွင့်နှင့်သာတူညီမျှအခွင့်အရေးတွေ အတွက် ပိုမိုဦးဆောင်ပေးနိုင်ပါသလား။

အမားအလ်မက္ကီဟု အမည်ရသည့် အာရပ်ကမ္ဘာတွင်အမျိုးသမီးများအခွင့်အရေးအတွက် စိတ်ဝင်စား သူ ကာတာစာရေးဆရာမက အထက်ပါမေးခွန်းနှင့်ပတ်သတ်၍ အမျိုးသမီးများအတွက်မူ ဆန့်ကျင် ဘက်အဖြစ်ရှိနေဆဲပါဟု တုန့်ပြန်ခဲ့သည်။

သူမကလတ်တလောတိုးတက်ဖြစ်ထွန်းမှုများအားသံသယရှိနေပြီး အာရပ်နွေဦးတော်လှန်ရေးကနယ် ပယ်ဒေသအတွင်းအမျိုးသမီးများအား ဒုတိယတန်းစားနိုင်ငံသားများအဖြစ်သာဆက်လက်မီးမောင်း ထိုးနေဆဲဖြစ်ကြောင်း ပြောကြားသည်။

သူမက အာရပ်အမျိုးသမီးများအရေးတွင် အချို့သောတိုးတက်မှုများရှိသော်လည်း (စီးပွားရေး၊ နိုင်ငံ အုပ်ချုပ်ရေးစသည့်) အများပြည်သူများနှင့်သက်ဆိုင်သော ကိစ္စရပ်များတွင်မူ အမျိုးသမီးအခွင့် အရေးကြီးမားစွာချို့တဲ့နေကြောင်း မေးခွန်းထုတ်ဝေဖန်ခဲ့သည်။

"ကျွန်မတို့မှာ ပြောဆိုနိုင်ခွင့်နဲ့အမြင်တွေကိုချပြနိုင်ခွင့်မရှိဘူး။ ကျွန်မပြောချင်တာကဒါကြောင့် အမျိုးသမီးအခွင့်အရေးဆိုတာကို အဖွဲ့အစည်းတစ်ရပ်ဖွဲ့ပြီးကို ဆောင်ရွက်သင့်နေပါပြီ။ စက္ကန့်ပိုင်း အတွင်းအပြောင်းအလဲဖြစ်သွားနိုင်တဲ့ နိင်ငံအုပ်ချုပ်နေတဲ့သူတွေရဲ့လက်ထဲကို အဲဒီအဖွဲ့အစည်းအား ၀ကွက်အပ်နှံဖို့လည်း မလုပ်သင့်ပါဘူး။ အစိုးရအနေနဲ့ အမျိုးသားနဲ့အမျိုးသမီးများအား တန်းတူ ဆက်ဆံရေးဆိုတဲ့ တာဝန်၀တ္တရားကြီးကို ထမ်းရွက်သင့်ပါတယ်။" ဟု သူမကပြောကြားသည်။

အာရပ်နွေဦးတော်လှန်ရေးက လူတိုင်းအတွက်ပေးထားတဲ့ကတိကဝတ်တွေကို တကယ်ပဲဖြည့်ဆီး ပေးလိမ့်မလား? ဒါမှမဟုတ် အမျိုးသမီးတွေကိုနောက်မှချန်ခဲ့ဖို့အတွက် အကြောင်းပြချက်တစ်ခုခု များရှိနေပြီလား? အာရပ်ကမ္ဘာမှာ အမျိုးသမီးတွေအတွက် ဘာတွေများအပြောင်းအလဲဖြစ်ခဲ့ပြီလဲ?

တွဲဆက်ပါရှိသည့်လင့်ခ်တွင် အလ်ဂျဇီးရားရုပ်မြင်သံကြားဌာနမှ အစ္စလာမ်မစ်အမျိုးသမီးရေးရာ၊ လူမှုရေးအခွင့်အာဏာ၊ နိုင်ငံရေးနယ်ပယ်များနှင့် အာရပ်ကမ္ဘာ၌ အမျိုးသမီးအခွင့်အရေးအကြောင်း သတိပေးခေါင်းလောင်းသံထိုးရန် မကြောက်ရွံ့သော အမားအလ်မလ်ကီနှင့် စကားစမြည်ပြော ဆိုထားခြင်းမှတ်တမ်းအား အင်္ဂလိပ်ဘာသာဖြင့်ကြည့်ရှုနိုင်ပါသည်။

ဗွီဒီယို - http://aje.me/JmvQAz

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-