Monday, April 30, 2012

တယ်ရီဂျုံးစ်ကို အဟ်မဒီတစ်ဦး စိန်ခေါ်ပြီ

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ဝင် ကျော်ကြားလှသည့် ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာဇီယာ အိပ်ခ်ျရှားက ကုရ်အာန်စာအုပ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့သော ခရစ်ယာန်ဘုန်းတော်ကြီး တယ်ရီ ဂျုံးစ်အား  စာအုပ်များကို မီးရှို့ခြင်းကြောင့်မရရှိနိုင်သည့် လူထုပရိသတ်၏အဇ္ဈတ္တအာရုံခံစား ချက်ကို လွှမ်းမိုးနိုင်ရန်အတွက် ကုရ်အာန်နှင့် ဘိုင်ဘလ်ယှဉ်၍ စကားစစ်ထိုးရန် စိန်ခေါ်ကမ်းလှမ်းလိုက် သည်။

ဒေါက်တာ ဇီယာက http://www.themuslimtimes.org မှာ အောက်ပါအတိုင်းကြေငြာထားပါ တယ်။

ကျွန်တော်ဒီနေ့ ဖလော်ရီဒါက ခရစ်ယာန်ဘုန်းကြီး တယ်ရီဂျုံးစ်ရဲ့ ချာခ်ျအပြင်ဘက်မှာ ကုရ်အာန်မီး ရှို့တဲ့သတင်းကို စူးစူးစိုက်စိုက် ဖတ်မိခဲ့ပါတယ်။ သူက ကျွန်တော်တို့ချစ်မြတ်နိုးတဲ့တိုင်းပြည် အမေရိ ကန်မှာ ငြိမ်းချမ်းခြင်းနဲ့ ငြိမ်ဝပ်ပိပြားရေးကိုအငွေ့အသက်များကို ဖျက်ဆီးပြစ်လိုက်ပြန်ပါပြီ။ ကျွန်တော် သူ(တယ်ရီဂျုံးစ်) ကိုဒါမှမဟုတ် အမေရိကန်မှာရှိတဲ့ ခရစ်ယာန်စကောလာတွေထဲက ဘယ်သူကိုမဆို စိန်ခေါ်ပါတယ်၊ ကုရ်အာန်စုစောင်းပုံ၊ ဖွဲ့စည်းပုံနဲ့ ထိန်းသိမ်းပုံတွေကို ဘိုင်ဘလ်စု စောင်းပုံ၊ ဖွဲ့စည်းပုံနဲ့ ထိန်းသိမ်းပုံများနဲ့နှိုင်းယှဉ်ပြီး အပြန်အလှန်ဆွေးနွေး စကားစစ်ထိုးပါ့မယ်။ ဒီစကားစစ်ထိုးပွဲကို အကြိမ်အရေအတွက် သတ်မှတ်ကာ နိုင်ငံရဲ့ မဂ္ဂဇင်းတွေမှာ အာတီကယ်လ် များအပြန်အလှန် ရေးသားတဲ့ပုံစံနဲ့ ယှဉ်ပြိုင်သွားလိုပါတယ်။ အသေးစိတ်ကိုတော့ စေ့စပ်ဆွေးနွေး နိုင်ပါတယ်။ အစ္စလာမ်နဲ့ ခရစ်ယာန်ဘာသာတွေထဲက လုံလောက်တဲ့အရည်အသွေးရှိ ကျောင်းသား များလည်း ဒီဦးဆောင်မှုကို နောက်လိုက်ကြ လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဒါနည်းလမ်းကသာ စာအုပ်တွေမီးရှို့နေ တာထက်ပိုပြီး ကျွန်ုပ်တို့လေးစားတန်ဖိုးထားတဲ့ ကျမ်းစာ များ ရဲ့မြင့်မြတ် တင့်တယ်ပုံကို လူထုပရိသတ်ဆီ ပိုမိုဆီလျော်အပ်စပ်တဲ့နည်းနဲ့ တင်ဆက်နိုင်ပါ လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ စာအုပ်တွေမီးရှို့တဲ့နေရာမှာ တစ်နေ့ကျရင် လူတွေကိုလည်းမီးရှို့ လာပါလိမ့် မယ်။ 

အောက်ပါပုံကတော့ ဟီရာလှိုဏ်ဂူရဲ့ပုံပါ။



ဒေါက်တာ ဇီယာ အိပ်ခ်ျ ရှား။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-