Wednesday, May 9, 2012

ဆော်ဒီအာရေဗျ : ကမ္ဘာ့ပထမဆုံး ရေအောက်ဗလီဝတ်ကျောင်းတော်တည်ဆောက်ပြီးစီး

ကမ္ဘာ့ပထမဆုံး ရေအောက်ဗလီဝတ်ကျောင်းတော်မှာ ဝတ်ပြုဆုတောင်းရန် အသင့်အနေထားဖြစ် နေပြီ ဟု Emirates24/7.com မှဖော်ပြသည်။ ထိုရေအောက်ဗလီဝတ်ကျောင်းတော်ကို ဆော်ဒီအာ ရေဗျနိုင်ငံ၊ တာဘုခ်မြို့တွင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ဗလီကျောင်းကိုလက်စသတ်တည်ဆောက်မှုအပြီးမှာတော့ နေ့လည်ဘက်ဇဟိုရ် (မွန်းလွဲပိုင်းတွင်ဝတ်ပြုရသည့် အစ္စလာမ့်ဘုရားဝတ်တတ်ချိန်) အချိန်ရောက်နေပါပြီ။ ဒါကြောင့် သမိုင်းမှာ ပထမဆုံးပေါ်ပေါက်လာတဲ့ ရေအောက်ဗလီထဲမှာ အုပ်စုလိုက်ဘုရားဝတ်တတ်ခဲ့ကြ ပါတယ်။" ဟုရေငုပ်သမားတစ်ဦးဖြစ်သူ ဟမဒန်ဘင်ဆလင်းမ် အလ်မာဆောင်ဒီက ပြောပြခဲ့ သည်။

ဆော်ဒီအာရေဗျလူမျိုး၊ ပုဂ္ဂလိကရေငုပ်သမားများအဖွဲ့တစ်ဖွဲ့က ထိုရေအောက်ဗလီကိုသဲများဖြည့် တင်းထားသည့် ပိုက်များဖြင့်တည်ဆောက်ခဲ့ကြောင်း၊ ဗလီမှာ ဂျော်ဒန်နိုင်ငံဘော်ဒါစည်းအနီးရှိ ပင်လယ်အတွင်းတည်ရှိကြောင်း Arabian Business ကရှင်းလင်းပြောကြားသည်။

ထိုရေအောက်ဗလီမှာ အာရေဗျကျွန်းဆွယ်၌ ရေအောက်ဟော်တယ်များနှင့် တဆက်တည်းရှိနေ သည့် ရေအောက်အတွင်း နောက်ဆုံးတည်ဆောက်ခဲ့သည် အဆောက်အဦဖြစ်သည်။

source: http://goo.gl/YOqSb

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-