Monday, May 28, 2012

Humanity First မှ ဖီဂျီရေဘေးဒုက္ခသည်များကို ကူညီထောက်ပံ့



၂၅ရက် မေလ ၂၀၁၂

လူသားချင်းစာနာထောက်ထားရေးဦးစားပေးဟု အမည်ပေးထားသည့် Humanity First မှာ လူသားအကျိုးပြု အလှူဒါနပြုသည့် အသင်းအဖွဲ့တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၃၆ (တိုက်ကြီး ၆ တိုက်) နိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော အဖွဲ့အစည်းလည်းဖြစ်ပါသည်။ ရရှိသည့်လှူဒါန်းငွေများ၏ ၉၃ ရာခိုင်နှုန်းကို လူသားအကျိုးပြုလုပ်ငန်းများ၌ တိုက်ရိုက်အသုံးချပါသည်။ ဖီဂျီနိုင်ငံမှ အဟ်မဒီယာမွတ်စလင်မ်လူငယ်များအဖွဲ့ (ခွဒ္ဒါမ်မွလ်အဟ်မဒီယာ) နှင့် နယူးဇီလန်နိုင်ငံ Humanity First တို့ပူးပေါင်းပြီး ဖီဂျီနိုင်ငံမှ ရေဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရ သည်။


အထောက်အပံ့အနေဖြင့် တာရှည်ခံစားသောက်ဖွယ်များ၊ အိပ်ယာအစုံ ၁၂၀၊ လူသုံးကုန်ပစ္စည်း အထုပ်ပေါင်း ၃၀၊ အဝတ်အစား ၁.၂ တန်၊ လေ့ကျင့်ခန်းစာအုပ် ၁၀၀၀ နှင့် စာရေးကိရိယာ များပါဝင်ကြောင်းသိရသည်။

ဖီဂျီနိုင်ငံ နာဒီမြို့ရှိ အမျိုးသားသဘာ၀ဘေးဒုက္ခများစီမံခန့်ခွဲရေး (DISMAC) သို့ သွားရောက် ပေးပို့လှူဒါန်းခဲ့ကြောင်း၊ ထိုမြို့ရှိဒုက္ခသည်များကို အခြား NGO အသင်းအဖွဲ့များ အကူအညီ မပေးနိုင်သေးမီ မိမိတို့က ကနဦးစတင်အကူအညီပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမြို့ရှိ ဒုက္ခသည်စခန်း ပေါင်း ၄ ခုကို အကူအညီပေးနို်င်ခဲ့ကြောင်း၊ အဟ်မဒီယာလူငယ်များအသင်း ဖီဂျီ၏ ဥက္ကဌဖြစ်သူ အရ်ှရဖ်အဟ်မဒ်ခန်းက ပြောပြသည်။ ထို့ပြင် Humanity First အဖွဲ့၌ အမျိုးသမီး အဖွဲ့တစ်ခုလည်းပါဝင်ခဲ့ပြီး ထိုအဖွဲ့မှ ဒုက္ခသည်များကို တစ်အိမ်တက်ဆင်း အားပေးကူညီမှုများ ပြုလုပ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

အဟ်မဒီယာလူငယ်များအဖွဲ့ ဖီဂျီနှင့် နယူးဇီလန် Humanity First အဖွဲ့တို့အနေဖြင့် လူသားချင်း စာနာထောက်ထားကုသိုလ်ယူခြင်းမှာ ဘုရားရှင်၏ သွန်သင်ချက်များအား လိုက်နာနေခြင်းသာ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖီဂျီဒုက္ခသည်များကို အခြားနည်းလမ်းပေါင်းစုံဖြင့် အကူအညီထပ်မံ ပေးသွားရန် မြော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-