Sunday, June 24, 2012

ဇီယွန်သမိုင်းမှ မွတ်စလင်မ်များ၏ အစိတ်အပိုင်း




ဘုရားရှင်ထံတော်ပါးမှ ဆုတောင်းခံခြင်းဖြင့် အဆုံးအဖြတ်ယူခြင်းက ဇီယွန်သမိုင်းမှာ အငြင်းအခုံ အဖြစ် ရှိနေဆဲပါ။  



 အဟ်မဒ်သခင်နှင့် ဒိုဝီတို့၏ Prayer Duel တွင် အဟ်မဒ်သခင်(အ) ဘက်မှ အနိုင်ရရှိခဲ့ခြင်း အကြောင်းကို အမေရိကန် သတင်းစာတစ်စောင်၌ ဖော်ပြထားစဉ်

အမေရိကန်နိုင်ငံက ဇီယွန်မြို့တော်ကို ၁၉၀၀ ပြည့်နှစ်မှာ မိမိကိုယ်ကို ခရစ်ယာန်ဝါဒအတွက် ကောင်းကင်ယံမှ ကြွလာတဲ့ ဝိညာဉ်ရေးရာခေါင်းဆောင်အဖြစ် ကြွေးကြော်ခဲ့တဲ့ ဂျွန်အလက် ဇန္ဒါးဒိုဝီက တည်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီမြို့ရဲ့ မြေနေရာ၊ စာသင်ကျောင်းများနဲ့ လူမှုရေးဌာန များ စတဲ့ အရာအားလုံးဟာ ဒိုဝီရဲ့ ချာခ်ျကျောင်းကနေ အစပြုခဲ့ခြင်းဖြစ်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာကြာလာတဲ့အခါ ချာခ်ျကျောင်းများရဲ့ ဩဇာအာဏာပိုမိုကြီးထွားလာတော့ အစိုးရက သာသနာရေးနဲ့ နိုင်ငံရေးကို ခွဲခြားပြစ်ဖို့ ဥပဒေတွေ ထုတ်ပြန်ခဲ့ရပါတယ်။

ဒိုဝီရဲ့ ခရစ်ယာန်သာသနာနဲ့ပတ်သတ်တဲ့ စိတ်ကူးစိတ်သန်းများဟာ အိန္ဒိယက မွတ်စလင်မ် အဖွဲ့အစည်း တစ်ခုရဲ့ ခေါင်းဆောင်ကို ဆွဲဆောင်ခဲ့ပါတယ်။ ၁၉၀၂ မှာတော့ အဲဒီမွတ်စလင်မ်ခေါင်း ဆောင်က ဒိုဝီရဲ့ အစ္စလာမ်သာသနာအပေါ် ကျူးလွန်စော်ကားမှုများအတွက် ဘုရားသခင်ထံတော်ပါး မှာ တောင်းဆုပြုခြင်းအားဖြင့် အဆုံးအဖြတ်ခံယူရန် ဒိုဝီကို ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ်။

အစ္စလာမ်သာသနာထဲမှာ အဟ်မဒီယာမွတ်စလင်မ်လှုပ်ရှားမှုအသင်းကြီးအား တည်ထောင်ခဲ့တဲ့ ဟာဇရသ်မီရ်ဇာဂူလာမ်အဟ်မဒ် (အ)က ဒိုဝီထံ စာနှစ်ကြိမ်ရေးသားခဲ့ပါတယ်။ အဲဒီအခါမှာ ဇီယွန် မြို့မှ ခရစ်ယာန်သာသနာပိုင် ဒိုဝီက ပိုပြီး စိတ်ဓာတ်အားမာန်တွေ ခက်ထန်လာကာ သူ၏အပတ်စဉ် ထုတ် နိုင်ငံတကာစာစောင် "Leaves of Healing" မှာ တန်ပြန်ရေးသားလာခဲ့ပါတယ်။

အဟ်မဒ်သခင်က မိမိသည် မဆီဟ်အစစ်အမှန်ဖြစ်ကြောင်း ကြွေးကြော်ခဲ့ပါတယ်။ ဒိုဝီကလည်း သူ့အနေဖြင့် ဘုရားထံမှ စေလွှတ်ခြင်းခံရတဲ့ တမန်တော် အီလီးယားစ်(Elijah the Restorer) ဖြစ်ကြောင်း ကြွေးကြော်ခဲ့ပါတယ်။

အတိုချုပ်ရရင်တော့ ဒိုဝီရှုံးနိမ့်ခဲ့ပါတယ်။ ၁၉၀၇ ခုနှစ်မှာ  ဂုဏ်သိက္ခာညှိုးနွမ်းစွာ သေဆုံးခဲ့သလို သူရဲ့ ချာခ်ျကလည်း သူ့ကို ထုတ်ပြစ်ခဲ့ပါတယ်။

အဲဒီကတည်းကစပြီး အဟ်မဒ်သခင်ရဲ့ နောက်လိုက်အဟ်မဒီများဟာ မိမိတို့ရဲ့ စာအုပ်စာတမ်းငယ် များမှာ ဒိုဝီရဲ့ ရှုံးနိမ့်မှုကို ဖော်ပြကြပြီး အဟ်မဒ်သခင်ဟာ ယနေ့ခေတ်ကာလအတွက် ပွင့်ပေါ်လာတဲ့ ဘုရားရှင်ထံတော်ပါးမှ ခန့်အပ်ခြင်းခံရသူ အစစ်အမှန်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။

"ဘုရားရှင်ထံတော်ပါးမှ ဆုတောင်းခံခြင်းဖြင့် အဆုံးအဖြတ်ယူခြင်းက တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေလို ဖြစ်လာရင် ထွက်ပေါက်ရယူတဲ့ နည်းလမ်းတစ်ခုပါ။ မိမိရင်ဆိုင်ရတဲ့ တခြားတစ် ဘက်က ဘုရားရှင်ဘက်က လူသားဖြစ်ရင်တော့ မိမိအနေနဲ့ ဘုရားရှင်ကိုယ်တော်တိုင်ရဲ့ ရန်သူရဲ့ အဆင့်မျိုးနဲ့ ညီမျှနေပြီဆိုတာ (သဘောပေါက်ရပါမယ်)။ ဒိုဝီရဲ့ လွဲမှားမှုကို ဘုရားရှင်ရဲ့ လက်တော် က တုန့်ပြန်ခဲ့တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ သူရဲ့ အဆုံးသတ်ကို ကမ္ဘာပြည်သူလူထုရဲ့ အတွေးအထင်တွေပေါင်းစု ကိုယ်စားပြုဆုံးဖြတ်တဲ့ နိုင်ငံတကာတရားရုံးမှာ တရားသဖြင့်အဆုံး အဖြတ် ခံယူနိုင်ပါတယ်။" လို့ လိတ်ကောင်တီ၊ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ အထွေထွေအတွင်း ရေးမှူးဖြစ်သူ နာဆီရ်ရွတ်ဒင်းရှမ့်စ်က ပြောကြားခဲ့ပါတယ်။

အဟ်မဒီယာအသင်းက ဇီယွန်မြို့မှာ ဗလီဝတ်ကျောင်းတော်တစ်လုံးကို ၁၉၈၂ မှာ ဖွင့်လှစ်ခဲ့ပြီး အဖွဲ့ဝင် ပေါင်း ၂၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ အသင်းသားများက ဒိုဝီရဲ့သမိုင်းဝင်နေအိမ်ရှိရာကို မကြာခဏ လာရောက်ကြပါတယ်။ သူတို့ (အဟ်မဒီများ)ဟာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်သူများ ဖြစ်ကြောင်း၊ စိတ်သဘောထား ပြည့်၀သူများဖြစ်ပြီး ဇီယွန်မြို့ရဲ့ စည်ပင်သာယာရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီကြကြောင်း မြို့တော်ကော်မစ်ရှင်နာဖြစ်သူ ရှန်တန်တေလာက ဆိုပါတယ်။

ကမ္ဘာနိုင်ငံပေါင်း ၂၀၀ မှာ အဖွဲ့ခွဲများရှိတဲ့ အဟ်မဒီများဟာ မကြာသေးမီက ငြိမ်းချမ်းရေးမြှင့် တင်ရန် ရည်ရွယ်ပြီး ဒိုဝီကိစ္စကို အခြေခံကာ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ 

ဇီယွန်မြို့က သမိုင်းသုတေသီတွေကတော့ ဒိုဝီကို စိန်ခေါ်ခဲ့တဲ့ အဟ်မဒ်သခင်ရဲ့ စိန်ခေါ်မှုကတော့ တဘက်သတ်ဖြစ်ကြောင်း၊ ထိုစိန်ခေါ်မှုကို ဒိုဝီက လျစ်လျူပြုခဲ့တယ်လို့ ဆိုကြပါတယ်။

" ဒိုဝီက ဒီ(စိန်ခေါ်မှု) ကို အသိအမှတ်ပြုလက်ခံခဲ့ပါတယ်။ ဘယ်လိုလဲဆိုရင် သူ့ရဲ့ Leaves of Healing မှာ ဒိုဝီက မှတ်ချက်တစ်ခုရေးသားခဲ့ပါတယ်။ (အဲဒီမှာ) ဒိုဝီက ဘယ်သူဘယ်ဝါဆိုတာကို အမည်မဖော်ပြထားပါဘူး၊ ခင်ဗျားက ဘာမှမသိဘူးဆိုရင်တော့လည်း၊ (ဒိုဝီရည်ညွှန်းခဲ့သူ) က ဘယ်သူဆိုတာလဲ ခင်ဗျားသိလိမ့်မယ်မဟုတ်ဘူး" ဟု ဇီယွန်သမိုင်းဆိုစိုက်တီမှ တင်မ်မော်ဆေးက ဆိုပါတယ်။

မော်ဆေးက အဟ်မဒီယာမွတ်စလင်မ်များ တင်ပြခဲ့တဲ့ အချက်အလက်များကို အခြေခံပြီး "အချက် အလက် အများကြီးက တော်တော်လေး မှန်ကန်ပါတယ်။ သူတို့ ဆုတောင်းခြင်းဖြင့် အဆုံးအဖြတ် ခံယူတဲ့နေရာမှာတော့ ကျွန်တော်တို့က နည်းလမ်းအသွယ်အသွယ် ကွဲကုန်ကြတာပါ" ဟု ကောက်ချက်ချခဲ့ပါတယ်။




0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-