Wednesday, June 13, 2012

အာရေဗျဈေးကွက်အတွက် Facebook ပေါ်မှာ အင်ရှာအလ္လာဟ်ခလုတ်ကလေးများ တပ်ဆင်



Facebook က သူတို့ရဲ့ဆိုရှယ်မီဒီယာဆိုဒ်ကို ပြောင်းလဲမှုအများအပြားပြုလုပ်သွားမယ်လို့ ဆိုထားတဲ့ အတိုင်း ဒူဘိုင်းမှာ ရုံးခွဲဖွင့်ပြီးတဲ့နောက် အာရပ်ဈေးကွက်နဲ့သင့်တော်မယ့် ပထမဆုံးအပြောင်းအလဲကို ဆောင်ရွက်ခဲ့ပါတယ်။ နောက်တစ်ပတ်ကနေစပြီးတော့ အရှေ့အလယ်ပိုင်း နဲ့ မြောက်အာဖရိကမှာ ဖေ့စ်ဘွတ်သုံးစွဲနေကြသူများအတွက် အခမ်းအနားဖိတ်ကြားချက်ကလေးတွေ ကို တုန့်ပြန်ရာမှာ "အင်ရှာအလ္လာဟ်" ဆိုတဲ့ တုန့်ပြန်မှုမျိုးကို "Join, Maybe, Decline" တို့နဲ့အတူ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။


ဖေ့စ်ဘွတ်ရဲ့ အာရေဗျဒေသဆိုင်ရာ မန်နေဂျာတစ်ဦးဖြစ်တဲ့ မာဂျစ်ဂျော်ဆင်က "ဒါကတော့ ဒေသတ ဝှမ်းမှာ ရှိနေတဲ့ စူးစမ်းလေ့လာရေးအုပ်စုများကြောင့် ဖြစ်ပေါ်လာတဲ့ရလဒ်ကလေးပါ။ အင်ရှာအလ္လာဟ် ခလုတ်ကလေးကို တော်တော်ကြာကြာကပဲ ထင်ထင်ပေါ်ပေါ်တောင်းဆိုခဲ့ကြတာပါ။" ဟု ပြောကြားခဲ့ သည်။

ပင်လယ်ကွေ့ဒေသအတွက် ပလက်တီနမ်အပြောင်းအလဲအစီအစဉ်ကိုလည်း ဖေ့စ်ဘွတ်အာရေဗီးယား က ကြေငြာခဲ့ပါတယ်။

"ကျနော်တို့ရဲ့ အထူးလေ့လာမှုအုပ်စုထဲမှာ ဒါကကြီးမားတဲ့အောင်မြင်မှုပါ။ ဖေ့စ်ဘွတ်ပလက်တီနမ် မှာတော့ ဆိုရှယ်မီဒီယာကို တစိုက်မတ်မတ်သုံးစွဲသူများအတွက် ပရီမီယံရွေးချယ်မှုတွေပါရှိပါလိမ့်မယ်။ အဲဒီမှာ မှတ်ပုံတင်ကြေး၊ အကောင်းဆုံးပြောဆိုသူ၏ဝေါလ်၊ ၂၄ နာရီ စောင့်ကြည့်ပြီး status message တင်နိုင်သူစတဲ့ ကြယ်ငါးပွင့်ဝန်ဆောင်မှုမျိုးတွေ ပါဝင်ပါလိမ့်မယ်။ တစ်ကြိမ်မှာ အသုံးပြုသူအယောက် ၅၀ အတွက် နေရာလပ်တွေကို ဖန်တီးထားပါသေးတယ်။" ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။

ဖေ့စ်ဘွတ်ပလက်တီနမ်ကို လာမည့်နိုဝင်ဘာတွင် လွှင့်တင်မည်ဖြစ်သည်။

ဒီပေ့ခ်ျမှာ လေ့လာနိုင်ကြပါတယ်။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-