Monday, July 2, 2012

အစ္စလာမ့်ခလီဖာမှ အမေရိကန်နိုင်ငံရေးအမတ်များနှင့် ဥပဒေပြုအရာရှိများအား မိန့်ခွန်းမြွက်ကြား

အဟ်မဒီယာတိုင်းမ်စ်၊ ၂၇ ရက် ဇွန်လ၊ ၂၀၁၂

အီမ်ရားန်ဂျတာလာ

အစ္စလာမ့်ခလီဖာမှ အနောက်နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို တကိုယ်ကောင်းမဆန်ဘဲ စိတ် ရင်းမှန်ဖြင့် ကူညီမှုများပြုလုပ်ရာ၌ မိမိတို့၏ ရေရှည်ဆွဲကိုင်ထားသော စိတ်ဝင်စားမှုများကို တဘက် တွင်ထားခဲ့ရမည်ဖြစ်ကြောင်း အကြံပေးပြောကြားခဲ့သည်။



အမေရိကန်နိုင်ငံ၊ ကတ္ပီတဲလ်တောင်ကုန်းတွင်ပြုလုပ်သည့် အထူးဧည့်ခံပွဲတွင် အဟ်မဒီယာမွတ်စ လင်မ် အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင် ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်က “ကျွန်တော်တို့ရဲ့ လူမျိုးရေး ကွဲပြားမှုတွေ၊ မိခင်နိုင်ငံအသွယ်သွယ်ကနေ (ဒီကိုရောက်ရှိအခြေချနေထိုင် နေကြ ပေမယ့်) ၊ ကျွန်တော်တို့ဟာ ကိုယ်ပိုင်စံပုံစံကို စတင်ရမှာဖြစ်ပြီး (ဘယ်သူကတော့ဖြင့် ဘယ်သူ့ထက် ပိုပြီး) ကြီးမြတ်ပါတယ်ဆိုတဲ့ကိစ္စကို အကောင်အထည်ဖော်ရမှာ မဟုတ်ပါဘူး။” ဟု မိမိ၏ မိန့်ခွန်း တွင် ထည့်သွင်းမြွက်ကြားခဲ့သည်။

ထိုအခမ်းအနားသို့ အမေရိကန်နိုင်ငံ၏ ဆီးနိတ်အမတ်များလည်း တက်ရောက်ခဲ့သည်။ အမေရိကန် နိုင်ငံမှ လူနည်းစုများ၏ အကြီးအကဲဖြစ်သူ နန်ဆီပီလိုဆီ၊ ကိုယ်စားလှယ် ကိတ်အဲလီဆန်၊ ဆီးနိတ် အမတ် ရောဘတ်ကေစီနှင့် ကိုယ်စားလှယ် မိုက်ဟွန်ဒါတို့လည်း တက်ရောက်ကြသည်။

နန်ဆီပီလိုဆီက အဟ်မဒီယာမွတ်စလင်မ်များ၏ ခေါင်းဆောင်ခလီဖာအား ထင်ရှားသည့် အသိဉာဏ် ဟု ကင်ပွန်းတပ်ခဲ့ပြီး ဆီးနိတ်အမတ် ရောဘတ်ကေစီကမူ အောက်လွှတ်တော်အမတ် များနှင့်ဆီး နိတ် အမတ်များအတူတကွပူးတွဲဖိတ်ကြားခဲ့သဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ သည်။

ကေစီကမူ အဟ်မဒီယာမွတ်စလင်မ်များ၏ ခေါင်းဆောင်ခလီဖာအား အမေရိကန်သို့ မကြာခဏ လာရောက်ပါရန်လည်း မှတ်ချက်ပြုဖိတ်ကြားခဲ့သည်။

အောက်လွှတ်တော်ကိုယ်စားလှယ် ကိတ်အဲလီဆန်ကမူ ပါကစ္စတန်၊ အီဂျစ်၊ အင်ဒိုနှင့် ဆော်ဒီ အာရေဗျနိုင်ငံများမှ အဟ်မဒီမွတ်စလင်မ်များ၏ အညှဉ်းပမ်းခံနေရသည့် အဖြစ်ကို ဆွေးနွေးခဲ့သည်။

အဲလီဆန်က အဟ်မဒီမွတ်စလင်မ်အဖွဲ့သည် အမေရိကအတွက် ကောင်းချီးတစ်ခုပင်ဖြစ်ကြောင်း၊ အဟ်မဒီအဖွဲ့ကြီးက ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က အမေရိကန်နိုင်ငံအနှံ့အပြားမှ သွေးအိတ်ပေါင်း ၁ သောင်း ၂ ထောင်ကို စုဆောင်းလှူးဒါန်းပေးနိုင်ခဲ့သည့် စက်တင်ဘာ ၁၁ အောက်မေ့ဖွယ် “Muslim for Life” လှုပ်ရှားမှုအတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ နိုင်ငံရေးနယ်ပယ်မှ ဂုဏ်သရေရှိသူများ စုစုပေါင်း ၃၀၀ တက်ရောက်ခဲ့ကြသလို လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် အဟ်မဒီမွတ်စလင်မ်များလည်း တက်ရောက်ခဲ့ကြသည်။ အစ္စလာမ့်ခလီဖာမှ နိုင်ငံများအချင်းချင်း ငြိမ်းချမ်းမှုတာရှည်ရေးအတွက် လက်တွဲဆောင်ရွက်ရန် လိုအပ်နေသည့် အခြေအနေကို မီးမောင်းထိုးပြခဲ့သည့် မိန့်ခွန်းအား တက်ရောက်လာကြသူအားလုံး က စိတ်အားထက်သန်စွာဖြင့် နားသောတဆင်ခဲ့ကြသည်။ 

အစ္စလာမ့်ခလီဖာမှ ဆင်းရဲနွမ်းပါးသူများ၏ စိတ်ပျက်အားလျော့မှုများမှာ အစွန်းရောက်အုပ်စုများ၏ လက်ထဲတွင် လိုသလိုအသုံးချခံနေရကြောင်းကို လူတန်းစားအားလုံး အခွင့်အရေးတန်း တူ ရရှိရေး ကဏ္ဌကို တင်ပြရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ခလီဖာသခင်မှ တင်ပြရာတွင် အကျိုးအခွင့် လက်လွှတ်ဆုံးရှုံးနေရသည့် လူတန်းစား၏ ပေါက်ကွဲမှုကို အစွန်းရောက်များက အသုံးချပြီး အခွင့်ကောင်းရယူသွားဖို့ နည်းလမ်းများရှိနေကြောင်း၊ ယနေ့ ကမ္ဘာတွင် လူသားတိုင်းအတွက် တရားမျှတမှုလိုအပ်လျက်ရှိကြောင်း၊ မိမိတင်ပြသည့် ငြိမ်းချမ်းရေး နှင့် ကမ္ဘာနိုင်ငံများအားလုံးဆိုင်ရာ သာတူညီမျှဖြစ်ရေးတို့မှာ ကျမ်းမြတ်ကုရ်အာန်၏ သွန်သင် ချက်များ အပေါ်တွင်သာ အခြေခံကြောင်း တင်ပြခဲ့သည်။ 

အစ္စလာမ့်ခလီဖာမှ အစ္စလာမ်သာသနာတွင်တည်သည့် ရိုးသားမှုအား အလေးကရုပြုဖော်ပြခဲ့ပြီး ထိုသည် မွတ်စလင်မ်တစ်ယောက်အတွက် မိမိ၏မိသားစုသာမက ဆွေမျိုးများနှင့် ဆန့်ကျင်၍ပါ အစမ်းသပ်ခံနိုင်ရမည်ဖြစ်ကြောင်း တင်ပြသည်။

သခင်ကြီးမှ အခြေခံတရားမျှတမှုကင်းမဲ့သွားခဲ့၍ ဖြစ်ပျက်ခဲ့သော ဒုတိယကမ္ဘာစစ်ကြီးကိုလည်း သုံးသပ်ပြောဆိုသွားခဲ့သည်။

နိဂုံးတွင်မူ အစ္စလာမ့်ခလီဖာက “ဘုရားရှင်၏ ဥပဒေမှာ တရားမျှတမှုအပေါ်၌သာ လုံး၀အခြေခံ” ကြောင်း မြွက်ကြားခဲ့သည်။



0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-