ကမ္ဘာကြီးတွင် လက်ရှိဖြစ်ပျက်နေသော ပဋိပက္ခအခြေအနေများကြောင့် အဟ်မဒီယာမွတ်စလင်မ် အဖွဲ့၏ ဝိညာဉ်ရေးရာခေါင်း ဆောင် အစ္စလာမ့်ခလီဖာ၊ ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်မှ ကမ္ဘာ့ ခေါင်းဆောင်များထံ စာများပေးပို့ သတိပေးခဲ့ရာ ထိုစာ များထဲမှ အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မ ရွန်းထံ ပေးပို့ခဲ့သော စာ၏မြန်မာပြန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Source: Click
Source: Click
16 Gressenhall Road
Southfields, London
SW18 5QL, UK
Southfields, London
SW18 5QL, UK
ဧပြီလ ၁၅ ရက် ၊ ၂၀၁၂
ဂရိတ်ဗြိတိန်နှင့် မြောက်အိုင်ယာလန်တို့၏
ဝန်ကြီးချုပ်ဖြစ်သော Rt. Hon. ဒေးဗစ် ကင်မရွန်း
၁၀ ဒေါင်းနင်းလမ်း၊ လန်ဒန်
SW1A 2AA
United Kingdom
United Kingdom
ချစ်ခင်ရပါသော ဝန်ကြီးချုပ် -
ယနေ့ကမ္ဘာလောကကြီးဖြတ်သန်းနေရသော အန္တရာယ်များပြည့်နှက်နေပြီး လုံခြုံမှုကင်းသည့် အခြေ အ နေများ၏ မီးမောင်းထိုးပြမှုကြောင့် ကျွန်ုပ်အနေဖြင့် လူကြီးမင်းထံ စာရေးသားရန် လိုအပ် ကြောင်း ခံစားမိ ခဲ့ပါသည်။ လူကြီးမင်းအနေဖြင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံတော်၏ ဝန်ကြီးချုပ်ဖြစ် ၍ နိုင်ငံတော်၏ အနာဂတ် အရေးကို အကျိုးသက်ရောက်စေနိုင်သော ဆုံးဖြတ်ချက်များအား ချမှတ် ရန်လူကြီးမင်းထံတွင် အခွင့်အာဏာရှိနေ၏။ (ထိုဆုံးဖြတ်ချက်များကား) ကမ္ဘာလောကကြီးတစ်ခုလုံး ကျယ်ပြော လောက်အောင် လည်း (အကျိုးသက် ရောက်စေနိုင်ပါသည်။) ကမ္ဘာတခွင်တပြင်လုံး၌ စစ်ငွေ့စစ်ရိပ်များ ပြိုးပျက်လျက်ရှိ နေသဖြင့် ယနေ့ကမ္ဘာ ကြီးသည် ငြိမ်းချမ်းရေးအား စိုးရိမ်ထိတ် လန့်ဖွယ် ကောင်းလောက်အောင် လိုအပ် လျက်ရှိပါသည်။ တိုင်းပြည်နိုင်ငံများအကြား ဖြစ်ပွားနေ သော သေးငယ်လှသည့် မပြေလည်မှုများမှသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာရပ်ကြီးအဖြစ် ပေါက်ကွဲ ထွက်လာဖို့ ခြိမ်းခြောက်နေ၏။ ယနေ့ကမ္ဘာ၏ နိုင်ငံရေး နှင့် စီးပွားရေးတို့၏ အခြေအနေမှာ ၁၉၃၂ ခုနှစ်က အခြေအနေအတိုင်း ဖြစ်ကြောင်း ကျွန်ုပ်တို့ လေ့လာ သုံးသပ်ရပေသည်။ ထို့ပြင် ပြိုင်မျဉ်း နှစ်ကြောင်း ကဲ့သို့ တူညီနေမှုများစွာလည်း ရှိနေရာ ထိုကိစ္စရပ်များ ပေါင်းစုံ စုဝေးသွားပါက ဒုတိယ ကမ္ဘာစစ်ကြီးအဖြစ် ပေါက်ကွဲထွက်လာသော သဏ္ဌာန်အတိုင်း ဖြစ်နေ ကြောင်း ယနေ့ကမ္ဘာ့ပုံရိပ်က သက်သေပြုနေပါသည်။ ထိုအခြင်းအရာများက အမှန်တကယ် လောင်ကျွမ်း လာခဲ့သော် ကျွန်ုပ်တို့ အနေဖြင့် တတိယကမ္ဘာစစ်တည်းဟူသော ကြောက်ရွံ့ထိတ်လန့်ဖွယ် ဖြစ်စဉ်ကို ကြုံတွေ့ရပါမည်။ ကမ္ဘာနိုင်ငံကြီးငယ်အသွယ်သွယ်တို့မှာ နူးကလီးယားလက်နက်များ ပိုင်ဆိုင် နေကြသ ဖြင့် ထိုတတိယကမ္ဘာစစ်ကြီးမှာ နူးကလီးယားစစ်ပွဲကြီးပင် ဖြစ်လိမ့်မည့်အကြောင်း သံသယပွားဖွယ် မရှိပါ။ ယနေ့လက်နက် များသည် အဖျက်စွမ်းအား အလွန်ြကီးမားသဖြင့် မျိုးဆက်တဆက်ပြီး တဆက် မွေးဖွားလာမည့်ကလေး များအတွက် မျိုးရိုးဗီဇနှင့် ရုပ်ခန္ဓာချို့ယွင်းမှုများ ခံစားရနိုင်သည်။ ဂျပန်နိုင်ငံ သည် စက်ဆုပ်ဖွယ်ရာ နူးကလီးယား စစ်ပွဲဒဏ်ကို ခံစားရဖူးသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာ စစ်၌ နူးကလီးယားဗုံး ဒဏ်ကြောင့် မြို့ကြီးနှစ်မြို့ တိပ်မြုပ်ပျောက်ကွယ်ခဲ့ရသည်။ ထိုစဉ်က ဖြစ်ပေါ်ခဲ့ သော ကျယ်ပြောလှသည့် ကြောက်လန့်ဖွယ်ဖြစ်စဉ်များမှာ နူးကလီးယားဗုံးများ ကြောင့်ဖြစ် ပြီး ထိုဗုံးများ၏ စွမ်းရည်သတ္တိမှာ ယနေ့အချို့နိုင်ငံငယ်ကလေးများ ကပင် ပိုင်ဆိုင်ထား သည့် နူးကလီးယား လက်နက်များ ၏ စွမ်းရည်ထက် အဆပေါင်းများစွာ နိမ့်ကျပေသည်။ ထို့ကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံ များက စားပွဲ ဝိုင်းထိုင်ကာ ထိုကပ် ဆိုးကြီးမှ ကမ္ဘာ့လူထုကို ကယ်တင်ဖို့ အဖြေတစ်ခုအား ရှာဖွေရန် တာဝန်တင်ရှိနေ ပါသည်။
အထူးထိတ်လန့်ဖွယ်ကောင်းသည်မှာ နိုင်ငံငယ်ကလေးများရှိ နူးကလီးယားလက်နက်များသည် အကျိုး ဆက်ကို မငဲ့ကွက်၊ ငဲ့ကွက်နိုင်စွမ်းလည်းမရှိသည့် လက်နက်ကျူးနေကြသော သူများလက် တွင်းသို့ ရောက်ရှိသွားမည့်အရေးပင်။ အင်အားကြီးနိုင်ငံများက တရားမျှတမှုကိုမကျင့်သုံး၊ နိုင်ငံငယ် များ၏ ထိတ်လန့်ဖွယ်အခြေအနေများကို မဖယ်ရှားပေး၊ ကြီးမြင့်ပြီး အမြော်အမြင်နှင့်ပြည့်စုံသည့် ပေါ်လစီများ ကို မကျင့်သုံးပါမူ အခြေအနေသည် ထိမ်းချုပ်မှုကင်းမဲ့ခြင်းဆီသို ့ တစိုက်မတ်မတ်ရွေ့ လျောကာ ထိုသည့် နောက် ဖြစ်ပေါ်လာမည့် အပျက်အဆီးများကား ကျွန်ုပ်တို့နားမလည်နိုင်၊ စိတ်ကူး စိတ်သန်းထဲတွင်ပင် မြင်နိုင်စွမ်းမည်မဟုတ်ပေ။ ကမ္ဘာပေါ်ရှိ လူများစုဖြစ်သော ငြိမ်းချမ်းရေးမြတ်နိုး သူများ သည်လည်း ထိုစိတ် ပျက်ဖွယ် အန္တရာယ်ကြောင့် အကျိုးဆက်ကို တပေါင်းတပါတည်း ခံစားရနိုင်ပါသည်။
သို့ဖြစ်ရကား၊ လူကြီးမင်းနှင့် အခြားသော ထိပ်သီးနိုင်ငံခေါင်းဆောင်များ အနေဖြင့် ထိုသည့် ကြောက်မက် ဖွယ် အခြေအနေ၏ အမှန်တကယ်ဖြစ်တည်လာမည့်အရေးကို နားလည်သဘောပေါက် ကာ လူကြီးမင်း တို့၏ ရည်ရွယ်ယာထားချက်များ အောင်မြင်ရေးအတွက် ရန်လိုသည့် သဘောထား များနှင့် အင်အားသုံး ဖြေရှင်း မှုများအစား တရားမျှတမှုကို တိုးမြှင့်ပေးသည်သာမက လုံခြုံမှုကိုပါ ပေးသည့် ပေါ်လစီများကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါ သည်။ ဤသည် ကျွန်ုပ်၏ ပြင်းပျ သောခံစားချက်နှင့် ဆုတောင်း ပတ္ထနာဖြစ်သည်။
အတိတ်ကို ပြန်ပြောင်းကြည့်ပါမူ ဗြိတိန်အနေဖြင့် နိုင်ငံပေါင်းများစွာကို အုပ်ချုပ်ခဲ့ပြီး အထူးသဖြင့် အိန္ဒိယတိုက်ငယ်နှင့် ပါကစ္စတန်တို့ကဲ့သို့သော နိုင်ငံများတွင် တရားမျှတမှု၏ စံပုံစံနှင့် သာသနာရေး လွတ်လပ်ခွင့်များကို ချန်ထားရစ်ခဲ့ပေသည်။ အဟ်မဒီယာမွတ်စလင်မ်အသင်းကြီးအား လက်မွန်မဆွ တည်ထောင်အုတ်မြစ်ချခဲ့သူ အရှင်သူမြတ်က ဘုရင်မကြီး ဗစ်တိုးရီးယားအား သူမ၏ စိန်ရတုသဘင် အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာနှင့် အစ္စလာမ့်သတင်းစကားကို ပေးပို့ခဲ့ရာတွင် သခင်ကြီး အနေ ဖြင့် ဗြိတိသျှအစိုးရ၏ တရားမျှတညီမျှစွာ အုပ်စိုးမှုအတွက် ဘုရားရှင်ထံတော်ပါးမှ ကောင်းချီးမင်္ဂလာ ဆုလာဘ်များ ချီးမြှင့်ပါစေကြောင်းကို အထူးအလေးထား ဆုတောင်းပေးခဲ့ပါ သည်။ သခင်ကြီးက ဗြိတိသျှ အစိုးရအား တရားမျှတမှုနှင့် ဘာသာရေးလွတ်လပ်ခွင့်တို့အတွက် အထူးချီးကျူးခဲ့ပါသည်။ ယနေ့ကမ္ဘာ တွင်မူ ဗြိတိသျှအစိုးရက ထိုတိုက်ငယ်ကို အစိုးရအုပ်ချုပ်မှု မရှိတော့သော်လည်း ဘာသာရေး လွတ်လပ် ခွင့်နည်းနာများကမူ ဗြိတိသျှတို့၏ အသိုင်းအဝန်းနှင့် ဥပဒေများထဲတွင် နက်ရှိုင်းစွာအမြစ်တွယ် လျက် ရှိနေပါသည်။ ထိုဥပဒေမှ လူသားတိုင်း သာတူညီ မျှဖြစ်ရေးနှင့် ဘာသာရေးလွတ်လပ်ခွင့်တို့ကို ပြဌာန်း ပေးပါသည်။ ယခုနှစ်တွင်မူ ဘုရင်မကြီး အဲလိဇဘက်နံပါတ် ၂ ၏ စိန်ရတုသဘင် စီရင်ကျင်းပခြင်းလည်း ရှိနေပေရာ ဗြိတိန်နိုင်ငံအား ကမ္ဘာ့ အလယ်တွင် တရားမျှတမှု၏စံပုံစံနှင့် ရိုးသားမှုတို့အား ပြသဖို့ရာ အခွင့်အလမ်းတစ်ခုပင် ဖြစ်ပါသည်။ ဗြိတိန်က ထိုသည့်တရားမျှတမှုအား ထုတ်ဖော်ပြသည့်အခါတိုင်း အဟ်မဒီယာမွတ်စ လင်မ်အသင်းအဖွဲ့က အမြဲတစေအသိအမှတ်ပြုခဲ့သည်ချည်း ဖြစ်ကြောင်း အဟ်မဒီယာ မွတ်စလင်မ် တို့၏သမိုင်းက လျစ်ဟပြသလျက်ရှိပါသည်။ အနာဂတ်တွင်လည်း ဘာသာရေးယုံကြည်မှုနယ်ပယ် တွင်သာမက လူကြီးမင်းတို့နိုင်ငံတော်၏ ကောင်းမွန်လှသော အတိတ်သမိုင်းကို (လူကြီးမင်း တို့ အနေဖြင့်) မည်သည့်အခါမှမမေ့မလျော့ဘဲ ယနေ့ကမ္ဘာကြီးတွင် ဗြိတိန်နိုင်ငံက ကမ္ဘာအနှံ့ ငြိမ်းချမ်း ရေးကို အစပြုနိုင်သည့်နယ်ပယ်တိုင်းတွင် လည်း တရားမျှတနေမည်မှာ ဗြိတိသျှအစိုးရ၏ ဝိသေသ ဖြစ် နေဦးမည့် အကြောင်း ကျွန်ုပ်တို့ မြော်လင့်ပါသည်။
မည်သည့်အဆင့်၊ မည်သည့်ဦးတည်ချက်တွင်ရှိနေစေကာ မူ ကျွန်ုပ်တို့အနေဖြင့် အမုန်းတရားများ၏ အငွေ့အသက်များအား ပယ်ရှားပစ်ဖို့ အကောင်းဆုံးကြိုးစားနေရမည်ဖြစ် ကြောင်းကို ကျွန်ုပ်အနေ ဖြင့် တောင်းဆိုလိုပါသည်။ ယင်းသို့ ဆောင်ရွက်အောင်မြင်မှသာ ကျွန်ုပ်တို့အနေဖြင့် ရောက်ရှိလာ မည့် မျိုးဆက်များအတွက် လှပသည့်အနာဂတ်အား သေချာရေရာစေပါလိမ့်မည်။ အကယ်၍ ကျွန်ုပ် တို့ ထိုသည့် လုပ်ငန်းဆောင်တာ၌ ကျရှုံးခဲ့ပါသော် ရလဒ်မှာ နူးကလီးယားစစ်ပွဲပင်ဖြစ်လိမ့် မည့် အကြောင်း ကျွန်ုပ်တို့၏စိတ်တွင်းဝယ် သံသယဖြစ်စရာပင်မရှိတော့ပါ။ ကျွန်ုပ်တို့၏ အနာဂတ်မျိုး ဆက်မှာလည်း ကျွန်ုပ်တို့၏ အပြုအမူကြောင့် ဖြစ်ပေါ်လာသည့် ထိုကြောက်စရာကောင်းသည့် ဆိုးကျိုးကို နေရာတိုင်း တွင်ခံစားရလိမ့်မည်ဖြစ်ကာ သူတို့၏ ရှေးကျသော အကြီးအကဲများက ကမ္ဘာကြီးအား ကပ်ဆိုးကြီးထဲသို့ ခေါ်ယူသွားခဲ့သည့်အဖြစ်အား ဘယ်သောအခါမှ ခွင့်လွှတ်နိုင်လိမ့် မည်မဟုတ်ပါ ။ ကျွန်ုပ်ထပ်မံ၍လူကြီး မင်းအား သတိပေးလိုသည်မှာ ဗြိတိန်သည် ဖွံ့ဖြိုးပြီးနိုင်ငံများ သာမက ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်တွ င်ပါ ဩဇာ လွှမ်းမိုးနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ လူကြီး မင်းအနေဖြင့် အလိုရှိပါမူ ဤကမ္ဘာကြီးအား တရားမျှ တမှုနှင့် သာတူညီမျှရှိစေရေး လိုအပ်ချက် များကို ဖြည့်ဆီးကာ လမ်းညွှန်နိုင်ပါသည်။ သို့ကြောင့် ဗြိတိန်နိုင်ငံနှင့် အခြားအင်အားကြီးနိုင်ငံ များအနေ ဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ရွက်ရန် ၎င်းတို့ကိုယ် ပိုင်တာ ဝန်များကို ထမ်းရွက်သင့်ပါ သည်။ အနန္တတန်ခိုးတော်ရှင် ဘုရားသခင်က အသင်နှင့် အခြားကမ္ဘာ့ ခေါင်းဆောင်များကို ဤသတင်းစကားအား နားလည်သဘောပေါက်စေဖို့ စွမ်းအားချီးမြှင့်ပါစေ။
တောင်းဆုများနှင့် ဆန္ဒမွန်ဖြင့် -
အသင်၏ စစ်မှန်လှသော
မီရ်ဇာမဆ်ရူးဆ်အဟ်မဒ်
ပဉ္စမမြောက် ခလီဖတွလ်မဆီဟ်
ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်မ်အသင်းအဖွဲ့ကြီး၏ ခေါင်းဆောင်
0 comments :
Post a Comment