Monday, July 16, 2012

ဂျာမန်အဓိပတိ အိန်ဂျလာမာကဲလ်အစိုးရမှ အရေပြားလှီးဖြတ်ခြင်းအတွက် သာသနာရေးဆိုင်ရာအခွင့်အရေးရှိနေကြောင်း ပြောဆို


ဘီဘီစီ
ဇူလိုင်လ ၁၃ရက်၊ ၂၀၁၂
source: www.bbc.co.uk/news/world-europe-18833145



Scalpel


လွန်ခဲ့သော ရက်ပိုင်းအတွင်း ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့တွင် သာသနာရေးဆိုင်ရာ အရေပြားလှီးဖြတ်ခြင်း မျိုး ကို ပိတ်ပင်တားမြစ်ခဲ့သည်။

သာသနာရေးဆိုင်ရာ တရားရုံးမှ အရေပြားလှီးဖြတ်ခြင်း ကြောင့် ရုပ်ခန္ဓာနာကျင်မှုဝေဒနာ ခံစားရ သဖြင့် ထိုသို့ပြုလုပ်ခြင်းကို ပိတ်ပင်ဖို့ဆုံးဖြတ်အပြီးနောက် ဂျာမန်အစိုးရက ဂျူးများနှင့် မွတ်စလင်မ် များ၏ သာသနာရေးဆိုင်ရာ အရေပြားလှီးမင်္ဂလာကို ဆက်လက်ဆောင်ရွက်နိုင်ခွင့် ရှိသင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဂျာမန်အဓိပတိ အိန်ဂျယ်လာမာကယ်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ယင်းကိစ္စမှာ သာသနာရေးဆိုင်ရာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရမည့်အနေအထားဖြစ်ကြောင်း ပြောဆိုခဲ့သည်။

စတီဗင် ဆိုင်ဘာဂ်က "အရေပြားလှီးဖြတ်ခြင်းကို တစုံတရာအရေးယူအပြစ်ပေးခြင်းမျိုး မလုပ်နိုင်ဖို့ တာဝန်သိသိ သတိရှိရှိဆောင်ရွက်ရပါမယ်။" ဟု ပြောကြားခဲ့သည်။

ဥရောပနေ ဂျူးနှင့်မွတ်စလင်မ်များက ကိုလုံးမြို့၊ တရားရုံး၏ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ကြသည်။

အသက်လေးနှစ်အရွယ် ကလေးတစ်ဦးကို ဆရာဝန်တစ်ဦးက အရေပြားလှီးဖြတ်ပေးရာမှတဆင့် မလိုလားအပ်သည့် ဆေးပညာပိုင်းဆိုင်ရာ အရှုပ်အထွေးတစ်ခု ပေါ်ပေါက်လာခဲ့ဖူးသည်။

တရားရုံးကမူ ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာအကာအကွယ်ရှိမှု အခွင့်အရေးက ဘာသာရေးနှင့် မိဘများ၏အခွင့်အရေးထက် ပိုမိုကြောင်းဆိုသည်။

သို့သော် မစ္စတာ ဆိုင်ဘာဂ်က "ဂျာမနီမှာ ကျွန်တော်တို့တွေက မွတ်စလင်မ်တွေ၊ ဂျူးတွေရဲ့ သာသနာ ရေးဆိုင်ရာ ဘ၀ကြောင်းလမ်းပုံမျိုး အလိုရှိတယ်ဆိုတာ အစိုးရအဖွဲ့ထဲက ပုဂ္ဂိုလ်တိုင်းအတွက် လုံး၀ ရှင်းလင်းတဲ့ အချက်ပါ။ ဒီကိစ္စအတွက် ဦးစားပေးရွေးချယ်စရာအခြားနည်းလမ်း မရှိပါဘူး။ သာသနာ ရေးဆိုင်ရာကိစ္စတွေကို လွတ်လွတ်လပ်လပ် ကျင့်သုံးနိုင်ခြင်းမျိုးက တရားဝင် နည်းဥပဒေအတွက် အကာအကွယ်ပေးထားပါတယ်။" ဟု ပြောခဲ့သည်။

ဂျာမန် ဆေးဘက်ဆိုင်ရာအဖွဲ့ကမူ တရားရုံး၏ဆုံးဖြတ်ချက်ကို လိုက်နာခြင်းဖြင့် ဆရာဝန်များ၊ အရေ ပြားလှီးဖြတ်ပေးခြင်းမျိုး မပြုလုပ်ကြဖို့ မှာကြားထားကြောင်း သိရသည်။

ထိုကိစ္စမျိုး၌ ပါဝင်ပတ်သတ်ခဲ့သည့်ဆရာဝန်ကို ဥပဒေမလေးစားမှုဖြင့် အလုပ်ထုတ်ပစ်ခဲ့သည်။ သို့သော် ဝေဖန်ရေးသမားများက ထိုသည့်ဥပဒေမျိုး ဂျာမနီနိုင်ငံ၏ အခြားတရားရုံးများတွင် ကျင့်သုံး လာမည့်အရေး စိုးရိမ်နေကြသည်။

ဥရောပရှိ ဂျူးနှင့်မွတ်စလင်မ်များက အရေပြားလှီးမင်္ဂလာဆောင်ရွက်ခြင်းကို အကာအကွယ်ပေးရန် လက်တွဲကြိုးပမ်းလျက်ရှိကြသည်။

ဥရောပ ဂျူးအသင်း၊ ဥရောပ ရဗ္ဗီများ စင်တာ၊ ဥရောပ ဂျူးပါလီမန်၊ သာသနာရေးဆိုင်ရာ ဂျာမန် အခြေစိုက် တူရကီအစ္စလာမ်မစ် သမဂ္ဂနှင့် ဘရပ်ဆဲလ်မြို့ရှိ အစ္စလာမ်မစ်စင်တာတို့မှ လက်မှတ်ရေး ထိုးထားသော ပုံမှန်ခြေအနေများတွင် တွေ့မြင်ရဖို့ခက်ခဲသည့် ကြေငြာစာတမ်းတစ်ခုကိုလည်းထုတ်ပြန် ခဲ့ကြသည်။

ထိုကြေငြာစာတမ်းက ယင်းအရေပြားလှီးဖြတ်ခြင်းဓလေ့အား သာသနာရေးဆိုင်ရာနှင့် လူသားရေး ဆိုင်ရာ အခြေခံအခွင့်အရေးဖြစ်ကြောင်း ဖော်ပြသည်။

ဘာလင်ရှိ ဘီဘီစီသတင်းထောက်ကမူ ဂျာမန်ပြည်သူများအနေဖြင့် သဘောထားအမြင်မှာ ရောထွေး လျက်ရှိကြောင်း၊ စစ်တမ်းတစ်ခုအရ အရေပြားလှီးဖြတ်ခြင်းပိတ်ပင်မှုဘက်မှ အသာစီးရနေကြောင်း သတင်းပေးပို့သည်။ ထို့ပြင် ဂျာမန်ပြည်သူများက နာဇီကာလအတွင်း ဂျူးများကို သတ်ဖြတ်ခဲ့ခြင်းကို အကြောင်းပြု၍ ယင်းသို့ဂျူးများကိုဆန့်ကျင်ဥပဒေထုတ်ပြန် ခြင်းမျိုးကို ကန့်သတ်နေကြောင်း ထင်မြင်ကြကာ အမျက်ထွက်နေကြကြောင်း ၎င်းသတင်းထောက်ကပင် တင်ပြခဲ့သည်။

ဂျာမနီ၌ နှစ်စဉ်ထောင်ပေါင်းများစွာသော မွတ်စလင်မ်နှင့်ဂျူးများ အရေပြားလှီးမင်္ဂလာခံယူကြသည်။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-