Saturday, February 8, 2014

မွတ်စလင်ကမ္ဘာရဲ့ အမေ့ခံ ဒေါက်တာ အဗ်ဒူစလာမ်



ဒေါက်တာ အဗ်ဒူစလာမ်၏ (၈၈)နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပချိန်
ကျွန်တော့်မှာ မျက်ရည်တွင်တွင်ကျလျက် ဖြေမဆည်နိုင်အောင် ဖြစ်ရသည်။
ပါကစ္စတန်နိုင်ငံအတွက်သာမက မွတ်စလင်ကမ္ဘာအတွက်ပင်လျှင်
သူရဲကောင်းအဖြစ် ဂုဏ်ဆောင်ရပ်တည်ပေးနိုင်ခဲ့သော အဗ်ဒူစလာမ်အား
ပါကစ္စတန်နိုင်ငံရော မွတ်စလင်ကမ္ဘာကပါ မေ့လျော့လိုက်ကြသည်။

ဒေါက်တာစလာမ်သည် ၁၉၇၄ ခုနှစ်တွင် Electroweak Theory ဖြင့်
နိုဗယ်ဆုရရှိခဲ့သော ပထမဦးဆုံး မွတ်စလင် ရူပဗေဒပညာရှင်ဖြစ်သည်။
သူသည် ၁၉၆ဝ မှ ၁၉၇၄ ခုနှစ်ထိ ပါကစ္စတန်နိုင်ငံအစိုးရ၏ သိပ္ပံဆိုင်ရာ
အကြံပေးအရာရှိအဖြစ် ခန့်အပ်ခြင်းခံရပြီး ထိုသို့ရာထူး ခန့်အပ်ခံရခြင်း
ကြောင့် သူသည် ပါကစ္စတန်နိုင်ငံ၏ အဓိကနေရာနှင့် ထိပ်တန်းသိပ္ပံရှင်
အဖြစ် ထင်ရှားလာခဲ့သည်။

ထို့ပြင် သူသည် အမိနိုင်ငံအတွက် သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်
ရည်သန်လျက်လည်ကောင်း၊ ရူပဗေဒဆိုင်ရာ အချက်အလက်များကို
ကျယ်ကျယ်ပြန့်ပြန့် သုတေသနလုပ် စုဆောင်းနိုင်ရန် ကြိုးပမ်းခြင်း၌
လည်းကောင်း အထူး တာဝန်ထမ်းဆောင်ပေးခဲ့သူဖြစ်သည်။

" သူသည် ငြိမ်းချမ်းရေးအတွက် အက်တမ်ဟူသည် " ကို အခိုင်အမာယုံကြည်
သည့်အတွက် ပါကစ္စတန်နိုင်ငံအတွက် အဏုမြူလက်နက် ဖော်မြူလာကို
ဖော်ဆောင်ပေးခဲ့သူ ဖြစ်သည်။

သို့သော် ၁၉၇၄ ခုနှစ်တွင် ပါကစ္စတန်လွှတ်တော်က အဟ်မဒီယာအဖွဲ့အား
မွတ်စလင်မဟုတ်သော အဖွဲ့အစည်းအဖြစ် ဥပဒေထုတ်ပြန်လိုက်သည့်
အခါတွင် အရာရာသည် ပြောင်းလဲလာခဲ့တော့သည်။ ထို့ကြောင့် စလာမ်
ကိုယ်တိုင်ပင်လျှင် ကြေကွဲဝမ်းနည်းစွာဖြင့် အမိနိုင်ငံမှ ထွက်ခွာခဲ့ရသည်။
သို့သော် နိုင်ငံတော်သည် သူ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့်
ယနေ့တိုင် နည်းပညာ၊ ပညာရေးနှင့် သိပ္ပံတွင် ခံစားစံစားလျက်ရှိကြသည်။
စလာမ်အား နိုင်ငံ့ဂုဏ်ဆောင်သိပ္ပံပညာရှင်အဖြစ် အသိအမှတ်ပြုရမည့်
အစား သူ့အား မျက်ကွယ်ပြုခဲ့ကြတော့သည်။

သူသည် ပါကစ္စတန်နိုင်ငံတွင် သိပ္ပံစူးစမ်းလေ့လာရေး အကယ်ဒမီ စင်တာ
ဖွင့်လှစ်ကာ နိုင်ငံ၏ပညာရေးနှင့် သိပ္ပံနယ်ပယ်တွင် တိုးတက်စေချင်ခဲ့သော်
လည်း အဟ်မဒီဖြစ်သည့်အတွက် အခွင့်အရေးမပေးခဲ့ကြပေ။ 

ထို့ပြင် ပါကစ္စတန်အစိုးရသည်လည်း သူ၏ ထိုပရောဂျက်စီမံကိန်းကို
စိတ်ဝင်စားမှုမပြသည့်အပြင် သူ့ကိုပါ ကာဒီယာနီ(အဟ်မဒီ)ဖြစ်သော
ကြောင့်ဟုုဆိုကာ ငြင်းပယ်ကန့်ကွက်လျက်  သူ၏ ဆောင်ရွက်ကြိုးပမ်း
ပေးခဲ့မှုများကို မေ့လျော့လိုက်ကြသည်။

သို့သော် လွန်ခဲ့သည့် နှစ်နှစ်ခန့်က ရူပဗေဒလောကမှ God Partical
ပေါ်ပေါက်လာသည်ကို အကြောင်းပြု၍ အဗ်ဒူစလာမ်ကို သတိရလာကြ
တော့သည်။ ယနေ့ ပါကစ္စတန်နိုင်ငံ၏ကျောင်းများတွင် ပြဋ္ဌာန်းစာအုပ်များ
၌ စလာမ်အကြောင်းကို ထည့်သွင်းဖော်ပြသင်ကြားခြင်းများမပြုလုပ်ဘဲ
ချန်လှပ်မေ့လျော့ထားလိုက်ကြသည်။ တကယ်ဆိုလျှင် Higg Boson အား
ထိုသည့် God Partical တွေ့ရှိလာစေရန် နည်းပေးလမ်းညွှန်ပြုခဲ့သည့်
ရှေ့ပြေးမှာ ဒေါက်တာ အဗ်ဒူစလာမ်သာလျှင် ဖြစ်ပေတော့သည်။ 

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-