Saturday, March 15, 2014

ဩစတြေးလျနိုင်ငံ၏ ပထမဦးဆုံး အစ္စလာမ့်အမွေအနှစ်ပြတိုက် ဖွင့်လှစ်


ဩစတြေးလျှ နိုင်ငံ Melbourne မြို့တွင် နိုင်ငံ့ ပထမဆုံးဖွင့်လှစ်သည့် အစ္စလာမ့် ဗိသုကာနှင့် အနုပညာပြတိုက်

Melbourne မြို့တွင် ကုန်ကျစရိတ် ၁၀ သန်းခန့်ဖြင့် ထိုပြတိုက်ကို
တည်ဆောက်ခဲ့သည်။ ပြတိုက်တွင် အမျိုးမျိုးသော အစ္စလာမ့်ခေတ်ဦး
(အမွေအနှစ်)အနုပညာလက်ရာများကို တင်ဆက်ပြသထားသည်။
ထ ဩစတြေးလျနိုင်ငံတွင် ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်နှင့်
အစ္စလာမ့်ယဉ်ကျေးမှုအမွေအနှစ် နှစ်ခုအကြား ဒွေးရောယှက်တင်ဖြစ်နေမှု
ကို ခွဲခြားလိုက်သည့်အနေဖြင့် အဆိုပါနိုင်ငံတွင် အများပြည်သူတို့ ခွဲခြား
သိမြင်နိုင်စေရန် စစ်မှန်သောအစ္စလာမ့်ပုံရိပ်နှင့် အစ္စလာမ့်ယဉ်ကျေးမှု
(အမွေအနှစ်) အနုပညာပြတိုက်ကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
ထ ]အနုပညာဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်ပြီး ကိုးကွယ်ယုံကြည်မှုတိုင်း၊ ယဉ်ကျေးမှု
တိုင်းကို အမှန်တကယ်ပေါင်းစပ်ပေးနိုင် စွမ်းရှိတယ်လို့ ကျွန်တော်ထင်ပါ
တယ်။ အကယ်၍ တစ်စုံတစ်ဦးအနေနဲ့ တစ်ကြိမ်တစ်ခါမျှ ဒါကိုသင်ယူ
လေ့လာပြီး တကယ်နားလည်ခဲ့မယ်ဆိုရင် ထိုသူ့အနေနဲ့ ဒီလိုကွဲပြာခြားနား
မှုတွေကိုပဲ တခမ်းတနား ဂုဏ်ယူနေမှာဖြစ်ပါတယ်}ဟု အစ္စလာမ့်သမိုင်းပြ
တိုက် ပူးတွဲတည်ထောင်သူ Moustafa Fahour က ABC သို့ မတ်လ ၃
ရက် တနင်္လာနေ့တွင်ပြောကြားခဲ့သည်။

 "ဩစတြေးလျ ယဉ်ကျေးမှုအမွေအနှစ်နဲ့ အစ္စလာမ့်ယဉ်ကျေးမှုအမွေအနှစ်
နှစ်ခုကြား ရောထွေးယှက်တင်ဖြစ်မှုကို ခွဲခြားပြလိုက်ခြင်းလို့ဆိုပေမဲ့လည်း
မြောက်များစွာသောအစ္စလာမ့်အခြေခံပညာရပ်များဖြစ်သည့် ရိုးရာလက်ရေး
လှအတတ်ပညာကနေ ဂျီဩမေတြီလက်ရာတွေထိဟာ သူတို့ယဉ်ကျေးမှု
တွေထဲမှာပါ ဝင်ရောက်နေပါပြီ" ဟု ပြတိုက်ပူးတွဲတည်ထောင်သူ အဆိုပါ
ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

 ထိုသို့တည်ဆောက်ရန်အစီအစဉ်ကို ၂၀၁၀ ခုနှစ်ကတည်းက စတင်
စီမံကိန်းချခဲ့သော်လည်း ဩစတြေးလျနိုင်ငံ၏ ပထမဦးဆုံး ထိုအစ္စလာမ့်
အမွေအနှစ်ပြတိုက်ဖွင့်လှစ်ရေးအိပ်မက်သည် ယခုလတွင်မှ အောင်မြင်စွာ
ပြည့်စုံခြင်းသို့ ရောက်နိုင်ခဲ့သည်။ ထို့ပြင် ထိုသို့ဖွင့်လှစ်လိုက်သည့်အတွက်
အစ္စလာမ်အပေါ် အထင်အမြင်လွဲမှားနေသည်ကိုလည်း သူ့မူရင်း အမှန်
အတိုင်း မီးမောင်းထိုးပြရာရောက်ခဲ့သည်။

 ထိုပြတိုက်တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဩစတြေးလျနိုင်ငံသည်
အစ္စလာမ်အပေါ် အမြင်မှန်ရနိုင်လာလိမ့်မည်ဖြစ်ကြောင်းနှင့် တစ်ဖက်နှင့်
တစ်ဖက် ဆက်ဆံရေးပေါင်းကူးတံတားကိုလည်း တည်ဆောက်ပေးနိုင်လိမ့်
မည်ဖြစ်ကြောင်း မျှော်လင့်ရသည်။

 ထို့ပြင် ပြတိုက်တွင် အစ္စလာမ့်ဗိသုကာလက်ရာနှင့် အနုပညာလက်ရာ
ပြခန်းများကိုလည်း ခင်ကျင်းပြသထားသည်။

Official Website of Australia Islamic Museum => http://www.islamicmuseum.org.au/


Source (www.themuslimtimes.org)

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-