Sunday, March 2, 2014

မလေးရှားနိုင်ငံ၊ ကွာလာလန်ပူတွင် PATH TO PEACE အမည်ရှိ ငြိမ်းချမ်းရေးစင်ပိုစီယမ်ဆွေးနွေးပွဲ မတ် ၂၇ တွင်ကျင်းပမည်




Islamic Renaissance Front နှင့် အင်္ဂလန်အခြေဆိုက် နိုင်ငံတကာ လူ့အခွင့်အရေးကော်မတီ (HRC) တို့ ဦးဆောင်ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလန်ပူမြို့၊ ကော်ရပ်ဟိုတယ်တွင် မတ်လ ၂၇ ရက်၊ ကြာသပတေးတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို ဆွေးနွေးပွဲကို Path to Peace ဟု အမည်ပေးထားပြီး ဘာသာရေးလွတ်လပ်ခွင့်၊ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ကြရာ၌ ဘာသာရေး၏ အရေးပါပုံ၊ ငြိမ်းချမ်းရေးနှင့် အတူတကွယှဉ်တွဲနေထိုင်​ရေးအကြောင်းတို့သာမက ကမ္ဘာကြီးအား လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် ဘာသာရေးနှိပ်ကွပ်မှုများမှ ကင်းဝေးအောင် မည်သို့ဆောင်ရွက်သွားကြမည် စသည့်အကြောင်းများ ဆွေးနွေးသွားမည်ဖြစ်သည်။


ဆွေးနွေးတင်ပြကြမည့်ပုဂ္ဂိုလ်များမှာ -

၁) နိုင်ငံတကာ လူ့အခွင့်အရေးကော်မတီ၊ အင်္ဂလန် (HRC - UK) ဉက္ကဌ နှင့် ကုလသမဂ္ဂ၏ အမြဲတမ်းငြိမ်းချမ်းရေးသံတမန် ဒေါက်တာ အိဖ်သိကားရ် အာယားဇ် (OBE)

ဒေါက်တာ အိဖ်သိကားရ် အာယားဇ် (OBE) မှာ N Human Rights Commission ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။

၂) Malaysian Institute for Policy Research ၏ ဦးဆောင်ဒါရိုက်တာ မစ္စတာ ခါလစ် ဂျာဖဲရ်။

၃) International Islamic University of Malaysia (IIUM) ၏ တွဲဖက် ပရောဖက်ဆာ ဒေါက်တာ ကမားရ် အိုနီယာ ကာမာရုဇမန်။

၄) လူ့အခွင့်အရေးလှုပ်ရှားသူနှင့် University of Malaya ၏ ဥပဒေပညာရပ်ဆိုင်ရာ အကြီးတန်းကထိက၊ တွဲဖက် ပရောဖက်ဆာ ဒေါက်တာ အက်ဇ်မီ ရှာရောမ်

၅) Islamic Renaissance Front (IRF) ၏ တည်ထောင်သူနှင့် ဉက္ကဌဖြစ်သူ ဒေါက်တာ အဟ်မဒ် ဖာရွတ် မူဆာ။

၆) Canadian's Office of Religious Freedom ၏ သံတမန် ဒေါက်တာ အန်ဒရူး ဘန်းနတ်

ထို ဆွေးနွေးပွဲသို့ တက်ရောက်လိုပါက

NAME
POSITION
ORGANIZATION
CONTACT NUMBER

တို့ဖြည့်စွက်ပြီး peacesymposiumkl@gmail.com သို့ ပေးပို့နိုင်ကြောင်း သိရသည်။ အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။

PATH TO PEACE SYMPOSIUM KUALA LUMPUR
27 MARCH 2014 : CORUS HOTEL
(FREE ADMISSION : SYMPOSIUM + DINNER)

The program : 4.00 pm - Registration 4.30 pm - Refreshment and Exhibition 5.00 -- 8.00 pm - Symposium 8.00 -- 9.00 pm - Dinner / Press Conference

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-