Wednesday, September 17, 2014

လန်ဒန်တွင် ကျင်းပခဲ့သော အဟ်မဒီယာ မွတ်စလင် ရုပ်သံအစီစဉ်၏ နိုင်ငံတကာ ညီလာခံအကြောင်း


 အဟ်မဒီယာ မွတ်စလင် ရုပ်သံအစီစဉ်၏ တတိယအကြိမ်မြောက် နိုင်ငံတကာ ညီလာခံ ပိတ်ပွဲအခမ်းအနားကို ကမ္ဘာ့အဟ်မဒီယာ မွတ်စလင်အဖွဲ့၏ ခေါင်းဆောင် ခလီဖာ ဟဇရသ် မိရ်ဇာ မတ်စ်ရူရ် အဟ်မဒ် မိန့်ခွန်းဖြင့် ပိတ်သိမ်းခဲ့ပါတယ်။

နိုင်ငံပေါင်း (၂ဝ) ကျော်မှ ကိုယ်စားလှယ် (၃၉) ဦးတက်ရောက်ခဲ့ပြီး လန်ဒန်မြို့ အနောက်တောင်ဘက် (Baitul Futuh) ဗလီတွင် သုံးရက်ကြာကျင်းပခဲ့ပါတယ်။



နိုင်ငံတကာ အဟ်မဒီယာ မွတ်စလင်ရုပ်သံအဖွဲ့ရဲ့ အစီအစဉ်နဲ့ ကိုယ်စားလှယ်တွေဟာ ဆွေးနွေးပွဲတွေ၊ ပြခန်းတွေအမြောက်အများကို တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတကာက ကိုယ်စားလှယ်တွေဟာ နိုင်ငံတကာရုပ်သံအစီအစဉ်တွေက သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တစ်ယောက်ချင်း ဆွေးနွေးမေးမြန်းမှုတွေမှာလည်း ပါဝင်နိုင်ခဲ့ကြပါတယ်။

ညီလာခံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ဟာဇရသ် မိရ်ဇာ မတ်စ်ရူရ် အဟ်မဒ်က ကမ္ဘာအနှံ့က  အဟ်မဒီယာ မွတ်စလင် ရုပ်သံ အဖွဲ့သားတွေအနေနဲ့ ထုတ်လုပ်မှုအရည်အသွေးကို စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်အောင် ကြိုးစားကြဖို့နဲ့ တက်ရောက်လာကြတဲ့ နိုင်ငံတကာက ဆိုင်ရာတာဝန်ရှိသူတွေကလည်း အစ္စလာမ့်ရဲ့ စစ်မှန်ပြီး ငြိမ်းချမ်းတဲ့ တရားဒေသနာကို ကမ္ဘာအနှံ့မှာ ဖြန့်ချီကြဖို့ အသိပေးမိန့်ကြားခဲ့ပါတယ်။

အဟ်မဒီယာ မွတ်စလင်ရုပ်သံရဲ့ အစီအစဉ်အမျိုးအစားတွေနဲ့ ပတ်သတ်ပြီး ဟဇရသ် မိရ်ဇာ မတ်စ်ရူရ် အဟ်မဒ် ပြောကြားရာမှာ ....

" မှတ်သားကြပါ ... အသင်တို့ ထုတ်လွှင့်တဲ့ အစီအစဉ်တိုင်းဟာ အရည်အသွေးအမြင့်အမားဆုံးဖြစ်ပြီး ခေတ်ကာလရဲ့ လိုအပ်ချက်ကို ဖြည့်စည်းနိုင်တဲ့အစီအစဉ်မျိုးတွေဖြစ်ကြပါစေ။ ဆိုလိုတာက အသင်တို့ ထုတ်လွှင်တဲ့အစီအစဉ်တွေဟာ လူကြီး၊လူငယ်၊လူရွယ် လူလတ်မရွေး လူသားအားလုံးအတွက်  (ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ) ပဲ့ပြင်ထိမ်းသိမ်းစေမယ့် အစီအစဉ်မျိုးတွေဖြစ်ပါစေ။ "



" ဒါ့အပြင် စစ်မှန်တဲ့ အစ္စလာမ်သာသနာကို သင်ကြားပေးတဲ့ အစီအစဉ်မျိုးတွေပြုလုပ်သင့်ပါတယ်။ ဒီလိုနဲ့ အထူးသဖြင့် လူငယ်တွေရဲ့ စိတ်ထဲမှာ ပေါ်ပေါက်နိုင်တဲ့ သံသယနဲ့ ထင်မှားမှုတွေကို ဖယ်ရှားပစ်နိုင်မှာဖြစ်တယ်။ ဒါ့ကြောင့် လက်ရှိခေတ်ကာလလူ့အဖွဲ့အစည်းနဲ့ ဆိုင်တဲ့ အမေးအဖြေတွေ၊ ယနေ့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို သက်ဆိုင်ရာ အလိုက် အချိန်မှန် ထုတ်လွှင့်သွားဖို့ လိုအပ်ပါတယ်။ "


ခလီဖာသခင်က ကျမ်းတော်မြတ်ကိုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က အမှန်တရားကို ဖြန့်ချီတဲ့သူတွေကို အရှင်ကောင်းချီးပေးတဲ့အကြောင်းပါရှိကြောင်းနဲ့ ယနေ့အချိန်အခါမှာ MTA ဟာ အမှန်တရားကိုဖြန့်ချီတဲ့နေရာနဲ့ စစ်မှန်တဲ့အစ္စလာမ်သွန်သင်ချက်ကို ကမ္ဘာအနှံ့ ပျံ့နှံ့အောင်ပြုလုပ်တဲ့ အဓိကအခန်းကဏ္ဍမှာပါဝင်နေတယ်လို့ မိန့်ကြားပါတယ်။

 ဟဇရသ် မိရ်ဇာ မတ်စ်ရူရ် အဟ်မဒ် က ...
" ယခုအချိန်ကာလမှာ တမန်တော်မိုဟမ္မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) နဲ့ ကျမ်းမြတ်ကိုရ်အာန်ရဲ့ မှန်ကန်တဲ့ သွန်သင်ချက်တွေကို ပြန်လည် လန်းဆန်းအောင် ပြုလုပ်ဖို့ ကတိတော်ရ မဆီဟ်သခင်ကို စေလွှတ်ခဲ့ပါတယ်။ ဒီအတွက် အစွမ်းကုန်ကြိုးစားအားထုတ်မှုနဲ့ ရည်ရွယ်ချက်ဖြည့်စည်းခြင်းမှာ အသင်တို့(MTA အဖွဲ့သားတွေ)ဟာ ကူညီဖို့ အခွင့်အရေးရရှိနေကြတာပဲဖြစ်ပါတယ်။ "

" တကယ်လို့ သင်ဟာ ကင်မရာနောက်မှာ ငြိမ်ငြိမ်လေးရပ်ပြီး ကူညီတဲ့သူဖြစ်တယ် ဆိုရင် သင်ဟာ ကံကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်။ ဒါမှ သင်ဟာ MTA ဌာန တစ်ခုခုရဲ့ ဝန်းထမ်းအဖြစ်လုပ်ကိုင်နေတယ်ဆိုရင် ကံထူးသူဖြစ်တယ်။ MTA ပရိုဂရမ်တ်စခုမှာ အစီစဉ် တင်ဆက်သူ ဒါမှမဟုတ် ဆွေးနွေးမေးမြန်းသူ တစ်ယောက်ဖြစ်မယ်ဆိုရင် အလားတူ ကံထူးသူဖြစ်ပါတယ်။"

" သင်ဟာ အစီအစဉ် ထုတ်လုပ်ရေးနဲ့ နည်းစနစ်သစ်တွေဖန်တီးရှာဖွေတဲ့သူဖြစ်မယ်ဆိုရင်လည်း ကံထူးသူပါပဲ။ ဒါမှမဟုတ် တည်းဖြတ်သူဖြစ်ဖြစ်၊ အစီအစဉ်တွေ လေလှိုင်းကို ထုတ်လွှင့်တဲ့ ဌာနမှာဖြစ်ဖြစ် လုပ်ကိုင်ဆောင်ရွက်နေမယ်ဆိုရင်လည်း အလွန်ကံထူးသူတွေဖြစ်ပါတယ်။ "

"တကယ်တော့ MTA နဲ့ ဆက်စပ်ပြီး ဘယ်အပိုင်းကဖြစ်ဖြစ် စွမ်းနိုင်သမျှဆောင်ရွက်ကြတဲ့ သင်တို့ဟာ အရှင်မြတ်ရဲ့ ကောင်းချီးမင်္ဂလာပေးခံရသူတွေဖြစ်တယ်။ အကြောင်းကတော့ သင်တို့ဟာ စစ်မှန်တဲ့ အမှန်တရားကို ဖြန့်ချီတဲ့သူတွေဖြစ်ကြလို့ပါပဲ။ သင်တို့ဟာ အိမ်တိုင်ရာရောက် ဝိညာဉ်ရေးရာ သို့ နာမ်ပိုင်းဆိုင်ရာ အသိတရားတွေကို ဖြန့်ဖြူးပို့ဆောင်ကြတဲ့သူတွေဖြစ်လို့ပါပဲ။"

MTA ရုပ်သံထုတ်လွှင့်မှုရဲ့ ဒါရိုက်တာဖြစ်သူ မူနီးရူဒင် ရှမ် ( Munir-ud-Shams) က နှစ်စဉ်အစီရင်ခံစာကို ပြောပြရာမှာ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ရုပ်သံအစီအစဉ်ပေါင်း (၅၀၀၀) ကို ထုတ်လုပ်နိုင်ခဲ့တယ်လို့ တင်ပြထားပါတယ်။ ဒါဟာ နာရီပေါင်း ၂၅၀၀ ကျော် ရုပ်သံထုတ်လွှင့်မှုနဲ့ညီမျှပါတယ်။

ကိုယ်စားလှယ်တွေကိုလည်း လွန်ခဲ့တဲ့ နှစ် (၂၀) အတွင်း MTA ရုပ်သံအစီအစဉ်ရဲ့ စဉ်ဆက်မပြတ်တိုးတက်မှုမှတ်တမ်းကို ၁၅ မိနစ်ကြာမျှပြသခဲ့ပါတယ်။



http://www.alislam.org

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-