Friday, December 5, 2014

စင်္ကာပူ အဟ်မဒီယာ မွတ်စလင်အဖွဲ့၏ (၂၇) ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံကျင်းပ

 စင်္ကာပူမှာရှိတဲ့ အဟ်မဒီယာ မွတ်စလင်အဖွဲ့ရဲ့ ၂၇ ကြိမ်မြောက် ငြိမ်းချမ်းရေး နှစ်ပတ်လည်ညီလာခံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က(မနေ့က) စတင်ကျင်းပခဲ့ပါတယ်။   (၃) ရက်ကြာကျင်းပတဲ့ ဒီအစီအစဉ်မှာ မလေးရှား၊အင်ဒိုနီးရှားစတဲ့ အရှေ့တောင်အာရှနိုင်ငံတွေက အများစုတက်ရောက်ကြပြီး အဟ်မဒီယာ အသင်းတော်ရဲ့စံနမူနာဖြစ်တဲ့ အချင်းချင်းကူညီရိုင်းပင်းမှု၊ အကြမ်းမဖက်မှု၊ နဲ့ လူသားချင်းစာနာတဲ့ အလှူဒါန အကြောင်းအရာတွေအကြောင်း ဆွေးနွေးတင်ပြမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။

အခမ်းအနားကို ကျမ်းတော်မြတ်ကိုရ်အာန် ရွတ်ဖတ်မှုနဲ့ စတင်ခဲ့ပြီး၊ ကတိတော်လာမဆီဟ်သခင်ရဲ့ ကဗျာ အူရဒူနဲ့ ဘာသာပြန်တို့ကို ရွတ်ဆိုဖတ်ကြားခဲ့ပါတယ်။ အဲ့ဒီနောက် စင်္ကာပူ အဟ်မဒီယာ မွတ်စလင်အသင်း ဥက္ကဌ က ပဥ္စမမြောက် ခလီဖာ အဟ်မဒီယာ မွတ်စလင်အဖွဲ့၏ ခေါင်းဆောင် ခလီဖာ ဟဇရသ် မိရ်ဇာ မတ်စ်ရူရ် အဟ်မဒ် သခင် ညီလာခံကို ပေးပို့တဲ့ သတင်းစကားကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ကြားခဲ့ပါတယ်။



ခလီဖာသခင်ရဲ့ သတင်းစကားကတော့ ညီလာခံကိုတက်ရောက်တဲ့ အဟ်မဒီမွတ်စလင်တိုင်းဟာ ဒီညီလာခံဟောပြောမှုတွေကနေ အကျိုးကျေးဇူးရယူရမှာဖြစ်ပြီး ယုံကြည်မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာအပြုအမှုတွေကို မိမိနဲ့ပတ်ဝန်းကျင်မှာ အကောင်းဆုံးဖော်ထုတ်သွားဖို့ပဲဖြစ်ပါတယ်။

ဒီဇင်ဘာ (၇) ရက် နေ့အထိကျင်းပမယ့်ညီလာခံဟာ အရှေ့တောင်အာရှမှာ အဟ်မဒီအသင်းရဲ့ အကြီးဆုံးစုဝေးမှုဖြစ်ပြီး အဟ်မဒီမွတ်စလင်များနဲ့ အခြားအဟ်မဒီမဟုတ်သူ များလည်းတက်ရောက်သွားမှာဖြစ်ပါတယ်။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-