Monday, April 30, 2012

တယ်ရီဂျုံးစ်ကုရ်အာန်ကို မီးရှို့ပြန်

အစ္စလာမ်နှင့် မွတ်စလင်မ်များအား အသားလွတ်မုန်းတီနေသူ ခရစ်ယာန်ဘုန်းကြီး တယ်ရီဂျုံးစ်

အစ္စလာမ်သာသနာကို မုန်းတီးတဲ့ အမေရိကန်နိုင်ငံ ဖလော်ရီဒါက ခရစ်ယာန်ဘုန်းကြီး တယ်ရီ ဂျုံးစ်က မီးနဲ့ ကစားလိုက်ပြန်ပါတယ်။ ၂၀၁၀ တုန်းက နိုင်ငံတကာမှာ ကုရ်အာန်ကိုမီးရှို့ဖို့ ကြိုးပမ်း မှုကြောင့် နာမည်ဆိုးနဲ့ ကျော်ြကားဖူးတဲ့ ခရစ်ယာန်ဘုန်းကြီးကတော့ စနေနေ့ညဘက်က သူ့ကိုယ် ပိုင်နေထိုင်ရာ Dove World Outreach Center အပြင်ဘက်မှာ အစ္စလာမ်သာသနာဝင်တွေအမြတ် နိုးထားတဲ့ ကုရ်အာန်စာအုပ်များကို မီးရှို့ပြခဲ့တယ်လို့ Gainsville Sun ကဆိုပါတယ်။

တခါက သူ့အနေနဲ့ ကုရ်အာန်ကို ဘယ်တော့မှမီးရှို့တော့မှာမဟုတ်ပါလို့ ဝန်ခံကတိပြုဖူးတဲ့ ဂျုံးစ်က တော့ ခုတစ်ခေါက်မီးရှို့ခဲ့ရာမှာ တမန်တော်မုဟမ္မဒ်ရဲ့ ရုပ်ပုံဆွဲထားတဲ့ စာရွက်တွေပါ မီးရှို့ပြခဲ့ခြင်းဖြစ် တယ်လို့ ဆိုပါတယ်။

ဂျုံးစ်နဲ့အတူ အခြားလူ ၂၀ ခန့်က အဲဒီလိုမီးရှို့ခဲ့တာဖြစ်ပြီး အကြောင်းရင်းကတော့ ၂၀၀၉ ခုနှစ်က စပြီး အီရန်နိုင်ငံမှာ ဘာသာရေးယုံကြည်ချက်ကြောင့် ထောင်သွင်းအကျဉ်းချခံထားရတဲ့ ခရစ်ယာန် ဘုန်းကြီး Youcef Nadarkhani အတွက်ဖြစ်တယ်လို့ သိရပါတယ်။

ဂျုံးစ်က "ကျွန်တော်တို့ရဲ့ နောက်ဆုံးရလဒ်အဖြစ်မျှော်မှန်းထားခြင်းက ဒီလိုမီးရှို့ခြင်းတွေကို ကုလသမဂ္ဂရှေ့မှာ ပြုလုပ်သွားခြင်းပါပဲ" ဟု nydailynews ကိုပြောခဲ့ပါတယ်။

ဂျုံးစ်က အစ္စလာမ်မစ်နိုင်ငံများမှာ အနည်းဆုံး လွတ်လပ်စွာပြောဆိုခွင့်၊ ယုံကြည်ကိုးကွယ်ခွင့်၊ တသီးပုဂ္ဂလဆိုင်ရာနဲ့ မြို့ပြလူမှုနေထိုင်ရေးအခွင့်အရေးများ၊ လူ့အခွင့်အရေးတွေ အနည်းဆုံးကျင့် သုံးလာနိုင်စေချင်ကြောင်း၊ ဤသည်သာ သူ၏လိုအင်ဆန္ဒရလဒ်တစ်ခုဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်စစ်ဌာနချုပ် ပန်တဂွန်တာဝန်ရှိသူတွေကတော့ ဂျုံးစ်ကိုကုရ်အာန်မီးရှို့ပြီး ဆန္ဒမပြဖို့နဲ့ ယင်းသို့ပြုလုပ်ခြင်းကြောင့် အာဖဂန်ရောက်အမေရိကန်စစ်သားများအတွက် အန္တရာယ်ရှိကြောင်း ကြိုတင်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဘုန်းကြီးဂျုံးစ်အနေနဲ့ ကုရ်အာန်ကို မတ်လ ၂၀၁၁ ကနောက်ဆုံးမီးရှို့မှုတွေလုပ်ခဲ့တော့ အဲဒီလုပ်ရပ် ကို ဆန့်ကျင်ဆန္ဒပြကြရာမှာ လူ ၁၆ ကျော်သေဆုံးပြီး လူ ၉၀ လောက်ဒဏ်ရာ ရရှိခဲ့ပါတယ်လို့ ပန်တဂွန် ပြောရေးဆိုခွင့်ရ ဘီလ်စပိခ်စ် က ယူကေထုတ် ဂါးဒီးယန်းသတင်းစာကို ပြောသွားခဲ့ပါ တယ်။ ဂျုံးစ်အနေနဲ့တာဝန်ထမ်းနေကြရတဲ့ အမေရိကန်စစ်သားများရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ချောင် ချိရေးတို့ကို ရှေးရှုပြီး ဒါမျိုးလုပ်ရပ်ကို နောက်ထပ်မလုပ်ဖို့မျှော်လင့်ကြောင်းလည်း ပြောသွား ခဲ့ပါတယ်။

ဂျုံးစ်ကတော့ သူ့လုပ်ရပ်ဟာ ကြမ်းတမ်းခက်ထန်တဲ့ ဆန္ဒပြမှုတွေအတွက် တစ်စုံတစ်ရာမှ တာဝန် မတင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ဂျုံးစ်က စနေနဲ့ညက အဲဒီလိုမီးရှို့ခဲ့ရာမှာ Gainsville ရဲ့ မီးသတ် တပ်ဖွဲ့မှ အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းရောက်လာခဲ့သလို ဂျုံးစ်ကိုလည်း အခွင့်မရှိမီးရှို့မှု ကြောင့် ဒဏ်ငွေဒေါ်လာ ၃၀၀ ထက်မနည်း တပ်ရိုက်ခဲ့ပါတယ်။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-