Friday, May 18, 2012

အဟ်မဒီမွတ်စလင်များ အစ္စလာမ့်ငြိမ်းချမ်းရေးသတင်းစကားအတွက် အိမ်တိုင်ရာရောက် တံခါးခေါက်ခြင်း


  
အဟ်မဒီယာမွတ်စလင်အဖွဲ့ဟာ မေလ ၆ ရက် နေ့က ကနေဒါနိုင်ငံရဲ့ မြို့တော်ပေါင်း ၈၀ ခန့်နဲ့ အခြားအနီးဝင်းကျင်တွေမှာ အစ္စလာမ်နဲ့ ပတ်သက်လို့ မှားယွင်းစွာ နားလည်လက်ခံထားမှုတွေကို ဖယ်ရှားဖို့အတွက် လူထုရှိရာအိမ်တွေအထိ သတင်းစကားပါးခဲ့ကြပါတယ်။ သူတို့ဟာ အစ္စလာမ့် ငြိမ်းချမ်းရေးသတင်းစကားပါးတဲ့ နေ့တစ်နေ့အဖြစ်ပြုလုပ်ခဲ့ကြတာပါ။ အဲ့ဒီကျင်းပမှုက တကယ်ပဲထူးခြားပါတယ်။ အကြောင်းက ထောင်နဲ့ချီတဲ့ အဟ်မဒီယာ မွတ်စလင်အဖွဲ့သားတွေဟာ ဒီ Love for All - Hatred for None (အားလုံးအပေါ်မေတ္တာထား မည်သူ့ကိုမျှအမုန်းမပွား) ဆိုတဲ့ လှုပ်ရှားမှုအောက်မှာ ပါဝင်ခဲ့ကြပြီး အစ္စလာမ့်သဘောတရား အစစ်အမှန် ပါဝင်တဲ့ လက်ကမ်းစာစောင်တွေကို ဝေငှခြင်းအားဖြင့် အစ္စလာမ့်ငြိမ်းချမ်းရေးသဘောကို တိုးမြှင့်ထင်ရှားစေခဲ့ပါတယ်။ အမျိုးသား၊ အမျိုးသမီး နဲ့ လူငယ် လူရွယ်တွေ အမြောက်အများလည်း ဒီငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ အားတက်သရော ပါဝင်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုထဲမှာ အင်္ဂလိပ်ဘာသာဖြင့် အပြည့်အစုံ ပြန်ဆိုထားတဲ့ ကိုရ်အာန်ကျမ်းစာ (Holy Qur'an) စာအုပ်တွေကိုလည်း အလိုရှိတဲ့ ပရိတ်သတ်တွေဆီ အခမဲ့ဝေငှပေးမှုတွေလည်း ပါဝင်ခဲ့ပါတယ်။  ကမ္ဘာလောကမှာ စစ်မှန်တဲ့ ယုံကြည်မှုပြန်လည်ရှင်သန်လာစေဖို့အတွက် (၁၈၈၉) ခုနှစ်မှာ ပွင့်ပေါ်လာတဲ့ အဟ်မဒီယာ မွတ်စလင်အဖွဲ့ကို ထူထောင်သူ ကတိတော်လာ မဆီဟ်သခင် ရေးသားချက်တွေထဲမှ ကောက်နှုတ်ချက်တွေကိုလည်း နိုင်ငံအနှံ့ ဖြန့်ချီတဲ့ ဒီလက်ကမ်းစာစောင်တွေထဲမှာထည့်သွင်း ဖြန့်ချီခဲ့ပါတယ်။

Source: www.themuslimtimes.org
အဟ်မဒီယတ် သို့မဟုတ် အစ္စလာမ်ပြန်လည်ဆန်းသစ်ခြင်း

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-