Tuesday, May 15, 2012

ကာဇက်စတန် : အဟ်မဒီမွတ်စလင်မ်များ၏ ဘုရားဝတ်ပြုရာနေရာများ အင်အားသုံးပိတ်ပင်ခံရ၊ မက်သဒစ်ဘုရားကျောင်း များလည်း စိုးရိမ်ပူပန်နေရ။

Ahmadiyya Times | News Watch | Int'l Desk
Source/Credit: Forum 18 News Service
By Mushfig Bayram | April 24, 2012


ကာဇက်စတန်တွင် အဟ်မဒီယာမွတ်စလင်မ်များ၏ ဘုရားဝတ်ပြုရာနေရာများအားလုံးကို အာဏာပိုင် များက ပိတ်ပစ်ခဲ့ကြကြောင်း သိရသည်။ အဟ်မဒီယာမွတ်စလင်မ်များ၏ ဘုရားဝတ်ပြုရာနေရာများ မှာ လူနေအိမ်များတွင်ဖြစ်၍ ယင်းသို့ပိတ်ပြစ်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်များက Forum 18 News Service တွင် ဖော်ပြထားသည်။

မတ်လ ၂ ရက်နေ့၌ ကာဇက်စတန်၏ စီးပွားရေးအချက်အချာမြို့ဖြစ်သော အလ်မာတီရှိ အဟ်မဒီယာ မွတ်စလင်မ်များ၏ ဝတ်ပြုဆုတောင်းသည့်နေအိမ်ကို နယ်မြေထောက်လှမ်းရေးအဖွဲ့က အင်အားသုံး ပိတ်ပြစ်ခဲ့ကြောင်း၊ ထိုသို့မပိတ်ပစ်မီ လူနေအိမ်ကို ဘုရားဝတ်ပြုရာနေရာပြုလုပ်ထားမှုအတွက် ဒဏ်ငွေတပ်ရိုက်ခဲ့သေးကြောင်း သိရသည်။

ထိုသို့သောဆောင်ရွက်ချက်များကို နယ်မြေထောက်လှမ်းရေးအဖွဲ့နှင့်အခြားအာဏာပိုင်အဖွဲ့များက စစ်ဆင်ရေးတစ်ခုသဖွယ်လုပ်ဆောင်နေကြခြင်းဖြစ်ပြီး သာသနာရေးဆိုင်ရာ တွေ့ဆုံဝတ်ပြုပွဲများကို လူနေအိမ်များ၌ပြုလုပ်ခြင်းအား အပြစ်ပေးအရေးယူနေကြခြင်းဖြစ်ကြောင်း Forum 18 notes ၌ဖော်ပြသည်။

၂၀၁၂ အစောပိုင်းကတည်းက မှတ်ပုံတင်ထားသောသာသနာရေးအဖွဲ့အစည်းများကိုလည်းကောင်း၊ မှတ်ပုံမတင်ထားသည့်အဖွဲ့များကိုလည်းကောင်း ထိုစစ်ဆင်ရေးဖြင့် ဝင်ရောက်စစ်ဆေးအရေး ယူလျက်ရှိသည်။

အလ်မာတီအနီးရှိ အခြားမြို့တစ်မြို့ဖြစ်သော တယ်လ်ဒီကောဂန်ရှိ လူနေအိမ်တွင် ပြုလုပ်ထားသော မက်သဒစ်ချာခ်ျအသေးစားတစ်ခုကိုလည်း ပိတ်ပစ်မည်ဟု နယ်မြေထောက်လှမ်းရေးများဘက်မှ ခြိမ်းခြောက်ခဲ့ကြောင်း၊ ဧပြီလတွင် လူနေအိမ်၌ ချာခ်ျပြုလုပ်ထားမှုအတွက် အိမ်ပိုင်ရှင်ကို ဒဏ်ငွေ တပ်ရိုက်ခဲ့ကြောင်းသိရသည်။

ချာခ်ျရှိ ခရစ်ယာန်ဘုန်းကြီးက သူ၏ဘုရားကျောင်းအပိတ်ခံရမည်ကိုစိုးရိမ်ကြောင်း Forum 18 တွင် ဖော်ပြထားသည်။

နယ်မြေထောက်လှမ်းရေးများကမူ သူတို့အနေဖြင့် အလ်မာတီနှင့်ပတ်ဝန်းကျင်မြို့များရှိ လူနေအိမ် များ၌ ဝတ်ပြုရာဘုရားကျောင်းပြုလုပ်ထားခြင်းများအား စုံစမ်းစစ်ဆေးနေကြောင်း Forum 18 သို့ ပြောကြားသည်။

သာသနာရေးဝတ်တက်မှုများအတွက် ခွင့်ပြုချက်မရှိသော အဆောက်အအုံပိုင်ရှင်များအနေဖြင့် သူတို့၏အဆောက်အအုံများတွင် သာသနာရေးရာဆောင်ရွက်ချက်များကို ရပ်ဆိုင်းပစ်ရန်လိုကြောင်း၊ သို့မဟုတ်ပါက အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နယ်မြေထောက်လှမ်းရေးအဖွဲ့သားတစ်ဦးက ထိုသို့သောအမိန့်ကို ဥပဒေရေးရာဌာမှထုတ်ပြန် ခြင်း ဖြစ်ကြောင်းပြောကြားသော်လည်း ဥပေဒရေးရာဌာနကမူ Forum 18 ၏တွေ့ဆုံမေးမြန်းမှုအား တုန့်ပြန်ဖို့ငြင်းဆန်ခဲ့သည်။

ကာဇက်စတန်အာဏာပိုင်များအနေဖြင့် ဘက်ပ်တစ္စခရစ်ယာန်ချာခ်ျကျောင်းများကဲ့သို့ မှတ်ပုံတင် ထားခြင်းမရှိသော သာသနာရေးဆိုင်ရာအသင်းအဖွဲ့များကို လူနေအိမ်များ၌ ဘုရားဝတ်ပြုနေကြ ခြင်းမှ တားမြစ်ပိတ်ပင်သွားဖို့ အစီအစဉ်ရှိနေကြောင်းသိရသည်။

ထိုဘက်ပ်တစ္စခရစ်ယာန်အသင်းအဖွဲ့များကမူ လူစုလူဝေးဖြင့် လူနေအိမ်များတွင် ဘုရားဝတ်ပြုနေ ကြခြင်းအား ဒဏ်ငွေများတပ်ရိုက်ခံရသည့်တိုင် ဆက်လက်ပြုလုပ်နေကြဆဲဖြစ်သည်။

မကြာသေးမီက ကာဇက်စတန်၊ ကော်စ်တနိုင်းဒေသရှိ ဘက်ပ်တစ္စချာခ်ျတစ်ခုအား အာဏာပိုင်များ က သာသနာရေးကိစ္စရပ်များကို လူနေအိမ်များတွင်မဆောင်ရွက်ရန်နှင့် မှတ်ပုံတင်ထားခြင်းမရှိပဲ သာသနာရေးအဖွဲ့အစည်းအဖြစ် လူစုလူဝေးမပြုလုပ်ရန် သတိပေးမှုရှိခဲ့ကြောင်း သိရသည်။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-