လူသားချင်းစာနာထောက်ထားကုသိုလ်ယူမှုများအတွက်ဆောင်ရွက်နေသည့် အမေရိကန်နိုင်ငံ Humanity First ၏ ရန်ပုံငွေညစာ စားပွဲကို ကာလီဖိုးနီးယားပြည်နယ်၊ ယော်ဘာလင်ဒါကွန်မြူနတီ အဆောက်အအုံတွင် မေလ ၂၀ ရက် ၂၀၁၂ ၌ ကျင်းပမည်ဖြစ်သည်။ ၎င်းညစာစားပွဲကို အမေရိ ကန် Humanity First ၏ ပုံမှန်အစီအစဉ်များနှင့် ဘေးအန္တရာယ်ကျရောက်ခံဒေသများ ပြန်လည်ထူ ထောင် ရေးလုပ်ငန်းများအတွက် ရန်ပုံငွေရရှိရန် ရည်စူးကျင်းပခြင်းဖြစ်သည်။
အမေရိကန် Humanity First  မှ ဆာအတ် ကရာမတ်က ဂါနာနိုင်ငံတွင် ဆောင်ရွက်နေသည့် Water for Life  ပရောဂျက်နှင့်စပ်လျဉ်း၍ တင်ပြမည်ဖြစ်သည်။ ဆာအတ်ကရာမတ်သည် ၂၀၁၁ ဒီဇင်ဘာမှ ၂၀၁၂ ဖေဖော်ဝါရီအထိ Humanity First USA နှင့် Humanity First Ghana တို့တွင် ပရောဂျက်ရရှိရေး၊ လုပ်ငန်းများပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ကာလရှည်ပံ့ပိုးနိုင်ရေးတို့ တွင် တာဝန် ယူခဲ့သည်။ ကာလီဖိုးနီးဘာကလေတက္ကသိုလ်မှ မကြာသေးမီက ဘွဲ့ရရှိခဲ့သူ ဆာအတ် သည် လက်ရှိ လုပ်ဆောင် နေသော Humanity First USA ၏ လုပ်ငန်းဆောင်တာများအတွက် ကာလီဖိုးနီး ဘာကလေတက္ကသိုလ်၊ Clausen Center for International Business and Policy မှ အသိအမှတ်ပြုအထောက်အပံ့ရရှိ ထားသူလည်းဖြစ်သည်။
Humanity First ၏အခမဲ့လုပ်အားပေး ကိုင်းလ် ဒယ်နီဆင်မာတင် (Kyle Denison Martin) က ကျောင်းတစ်ကျောင်းဆောက်လုပ်နေသည့်လုပ်ငန်းစဉ်အပါအဝင် ဟိုင်တီတွင် လက်ရှိလုပ်ဆောင် နေ မှုများကို တင်ပြဆွေးနွေးမည်ဖြစ်သည်။ ၂၀၁၀ ဇန်နဝါရီ ၁၂ တွင် ဟိုင်တီတွင်လှုပ်ခတ်ခဲ့သည့် မြေငလင်အပြီးမှစတင်ကာ Humanity First တွင်လုပ်အားပေးနေသူ မာတင်သည် ဟိုင်တီ အရှေ့ တောင်ဘက် တောင်ကုန်းများတွင် အဓိကဆေးပေးခန်းများဖွင့်ရန်အတွက် ဒေါက်တာ ကလေတန် ဘဲလ်နှင့်အတူ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။ ထိုဆေးခန်းများက လူနာပေါင်း ၈ ထောင်ကျော်ကို ကြည့်ရှုစောင့်ရှောက်ပေးနိုင်ခဲ့သည်သာမက လူထုကျန်းမာရေးပရောဂျက်များ၊ တနိုင်တပိုင်ရေ ရရှိရေးလုပ်ငန်းများနှင့် အသိုင်းအဝန်းအတွင်း စွန့်ပြစ်ပစ္စည်းများ ထိန်းသိမ်းရေးနည်းနာများကိုပါ ပို့ချဆောင်ရွက်ပေးနိုင်ခဲ့သည်။ ဟိုင်တီတွင် ကာလ၀မ်းရောဂါပျံ့နှံ့နေသဖြင့် ဒေါက်တာ ကလေတန် ဘဲလ်နှင့် မာတင်တို့က ဆေးပေးခန်းများအနီး၌ ကာလဝမ်းရောဂါကာကွယ်ကုသရေးစင်တာတစ်ခု ကို Doctors Without Borders (MSF) နှင့် ပူးပေါင်းဖွင့်လှစ်နိုင်ခဲ့ပါသည်။ မာတင်သည် ဘွဲ့လွန် ဒီဂရီနှစ်ခုပိုင်ဆိုင်ထားသူဖြစ်ပြီး လက်ရှိတွင်လည်း မစ်ချီဂန်စတိတ်တက္ကသိုလ်ကောလိပ်တွင် ပညာ ဆည်းပူးနေသည့် တတိယနှစ်ဆေးကျောင်းသားတစ်ဦးလည်းဖြစ်သည်။ 
မေလ ၂၀ ရက် တနင်္ဂနွေ နေ့ ၅:၃၀ နာရီ ၂၀၁၂
Dine for Humanity
Sunday, May 20, 2012 at 5:30pm
Yorba Linda Community Center - Imperial Room
4501 Casa Loma Avenue
Yorba Linda, CA 92886
Sunday, May 20, 2012 at 5:30pm
Yorba Linda Community Center - Imperial Room
4501 Casa Loma Avenue
Yorba Linda, CA 92886
သင့်အနေဖြင့်မတက်ရောက်နိုင်ပါက Humanity First USA ကိုအလှူငွေများထည့်ဝင် လှူဒါန်းနိုင် ပါသည်။
 
 
 
 May 05, 2012
May 05, 2012
 admin
admin
 

 Posted in:
                                Posted in:  
                                
 
 
 
 
 
0 comments :
Post a Comment