Wednesday, May 16, 2012

2011 Muslims for Life ၏ အင်တာဗျူးဗွီဒီယို : စီအင်အင်အိုင်ရီပို့တ် ၊ နောက်ဆုံးဆန်ခါတင် ဗွီဒီယိုအဖြစ် ရွေးချယ်ခံရ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ယူနီယံကွင်းပြင်တွင်ပြုလုပ်ခဲ့သည့် “Muslim for life” ဟုအမည် ပေးထားသည့် သွေးလှူဒါန်းခြင်းဖြင့် လူ့အသက်ကယ်ရန် အဟ်မဒီယာမွတ်စလင်မ်လူငယ်များ အဖွဲ့မှ ကြီးမှူးပြုလုပ်ခဲ့သည့် လှုံဆော်ပွဲ ဗွီဒီယိုအင်တာဗျူးမှာ စီအင်အင်သတင်းဌာန၊ iReport ၏ အကောင်း ဆုံးစကာတင်ဗွီဒီယို ၃၆ ခုတွင် တစ်ခုအဖြစ်ရွေးချယ်ခံထားရသည်။ 

 Muslim for Life မှ လှုံ့ဆော်ခဲ့သည့် ပိုစတာတစ်ခု

ထိုဗွီဒီယိုအင်တာဗျူးဖိုင်ကို အဟ်မဒီယာမွတ်စလင်မ်လူငယ်များအဖွဲ့မှ အဟ်မဒ်ချောင်ဒရီနှင့် စလာမ် ဘတ္ထီတို့မှ တင်ဆက်ခဲ့ကြခြင်းဖြစ်သည်။

ဗွီဒီယိုဖိုင်ပေါင်း ၁၅၀၀၀ အနက်မှ ၃၆ ခုကိုသာ နောက်ဆုံးဆန်ကာတင်အဖြစ်ရွေး ချယ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ “Muslim for life” ဗွီဒီယိုမှာ အင်တာဗျူးဗွီဒီယိုကဏ္ဌတွင် ရွေးချယ်ခံရခြင်းဖြစ် သည်။ ထိုဗွီဒီယိုဖိုင်ကို “NY Muslims Commemorate 9/11 with Blood Drive” ဟုအမည် ပေးထားသည်။

CNN iReport မှဖော်ပြသည်မှာ “Muslims for Life blood drive” မှအိုင်ရီပိုတာ အဟ်မဒီချောင်ဒရီ ပေးပို့သည့် သတင်းအရ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှု၏ ၁၀ နှစ်မြောက်အောက်မေ့ဖွယ် အဖြစ် သွေးလှူးဒါန်းကုသိုလ်ပြုကြရန် လှုံဆော်ဆောင်ရွက်မှု၌ ပါဝင်ဆောင်ရွက်သူများနှင့် လမ်းသွား လမ်းလာပရိသတ်များကို အင်တာ ဗျူးအမေးအဖြေပြုလုပ်ထားကြောင်း၊ ပါဝင်ဆောင်ရွက်သူများ အနေဖြင့် နာရီအနည်းငယ်အတွင်းတွင် သွေးအိတ်ပေါင်း ၁၃၁ အိတ်လက်ခံရရှိပြီးဖြစ်ကြောင်း သိရ သည်။ ချောင်ဒရီအနေဖြင့် “ Muslims for Life ” တွင်ပါဝင်ရသည်မှာ ၂၀၀၁ စက်တင်ဘာလ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားစဉ် အမေရိကန် နိုင်ငံ နယူးယောက်တွင် သူနေထိုင်ခဲ့ကြောင်း၊ ယခုမူ သူ့အနေဖြင့် တစ်ခုခုကိုပြန်လည်ပေးဆပ်ရန် ရည်ရွယ်ရင်းဖြစ်ကြောင်း သိရသည်။

အသင့်အနေဖြင့် “Muslims for Life blood drive 2011” ၏ ဗွီဒီယိုဖိုင်ကို မဲပေးရန်အတွက် ဤလင့်ခ်သို့ http://ireport.cnn.com/docs/DOC-671618

Muslims for Life ၏ တရားဝင်ဝက်ဘ်ဆိုဒ်မှာ http://muslimsforlife.org/ ဖြစ်သည်။


0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-