Monday, July 2, 2012

ဟာဇရသ်မီရ်ဇာမဆ်ရူးရ်အဟ်မဒ်၊ အဟ်မဒီမွတ်စလင်မ်များ၏ ဝိညာဉ်ရေးရာခေါင်းဆောင်မှ အမေရိကန်ကွန်ဂရက်အား မိန့်ခွန်းပြောကြား



Religion News Service
By Lauren Markoe
၂၈ရက်၊ ဇွန်လ၊ ၂၀၁၂

ဝါရှင်တန် (RNS) : အဟ်မဒီမွတ်စလင်မ်တွေကတော့ ကမ္ဘာ့နေရာအနှံ့အပြားမှာ ဖိနှိပ်ညှဉ်းပမ်းခံနေ ရပါ တယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံ ကတ္ပီတဲလ်တောင်ကုန်းမှာတော့ သူတို့အတွက် မိတ်ကောင်း ဆွေကောင်းတွေ ရှိနေပါတယ်။


အမေရိကန် လွှတ်တော်မှ အရေအတွက်နည်းပါးသော လူမျိုးစုများရဲ့ ခေါင်းဆောင်ဖြစ်တဲ့ နန်ဆီပီလို ဆီ နဲ့ ဒီကာလိဖ်တို့အပါအဝင် လွှတ်တော်ကပဲ လုပ်ဖော်ကိုင်ဖက်စုစုပေါင်း ၂၀ ကျော်အပါအဝင် ဆီးနိတ်အမတ်အနည်းဆုံး ၁ ယောက်တက်ရောက်ခဲ့တဲ့ အဲဒီအခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့က ကျင်းပခဲ့တာပါ။ အဟ်မဒီများရဲ့ ဝိညာဉ်ရေးရာခေါင်းဆောင် ဟာဇရသ်မီရ်ဇာ မဆ်ရူးရ်အဟ်မဒ်ရဲ့ ကွန်ဂ ရက်ကို ပထမဆုံးအကြိမ် အလည်အပတ်ရောက်ရှိလာတဲ့အတွက် တည်ခင်းဧည့်ခံတဲ့ အခမ်းအနား လည်း ဖြစ်ပါတယ်။

အဟ်မဒီတွေကတော့ ပြင်းထန်တဲ့ ညှင်းပမ်းနှိပ်ကွပ်မှုတွေ ခံနေရတယ်တို့ ပီလိုဆီက ပြောပါတယ်။ ဒါပေမယ့် သူတို့က ခါးသီးမှု ဒါမှမဟုတ် ခက်ထန်မှုတွေနဲ့ တုန့်ပြန်ဖို့ ငြင်းဆန်ခဲ့တယ်လို့ သူမက ဆိုပါတယ်။

“ခင်ဗျားအနေနဲ့ ကြမ်းကြမ်းတမ်းတမ်းအလုပ်ခံရရင်၊ အဲဒီပုံစံအတိုင်း လက်တုန့်ပြန်ခြင်း မပြုလုပ် ပါနဲ့။ ဒါ ကျွန်တော်တို့ရဲ့ သတင်းစကားဖြစ်ပါတယ်။” ဟု အမေရိကန်နိုင်ငံဆိုင်ရာ အဟ်မဒီမွတ်စ လင်မ်အဖွဲ့ ၏ ဥက္ကဌဖြစ်သူက ပြောကြားသည်။

၁၈၈၉ခုနှစ်မှာ အဟ်မဒီမွတ်စလင်မ်အဖွဲ့ကို အစ္စလာမ့်အကိုင်းအခက်တစ်ခုအဖြစ်တည်ထောင်ခဲ့ပါ တယ်။ ညီညွတ်သည်းခံစွာ နေထိုင်ကျင့်ကြံခြင်း၊ အကြမ်းမဖက်ခြင်း စတာတွေကို အာရုံထားတဲ့ ဒီအဖွဲ့ကြီးမှာ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့အပြားက အဖွဲ့ဝင်ပေါင်း မီလီယံများစွာ ရှိနေပါ တယ်။ အဟ်မဒီယာ ဒါမှမဟုတ် အဟ်မဒီလို့ လူအများသိကြတဲ့ မွတ်စလင်မ်များက မဆီဟ်ပွင့်ပေါ် လာပြီး ဖြစ်ကြောင်း ယုံကြည်ကြသလို မဆီဟ်ဖြစ်တဲ့ ဟာဇရသ်မီရ်ဇာဂူလာမ်အဟ်မဒ်က သူတို့အဖွဲ့ ကို ကနဦး တည်ထောင်သူလည်းဖြစ်ပါတယ်။ သူ့ကိုတော့ မွတ်စလင်မ်အများစုက သာသနာပအဖြစ် ရှုမြင်ကြပါတယ်။

အဟ်မဒီမွတ်စလင်မ်များဟာ မိမိတို့ရဲ့ အယူကို ပါကစ္စတန်၊ အီဂျစ်၊ အင်ဒိုနီးရှားနဲ့ ဆော်ဒီနိုင်ငံ အပါ အဝင် အခြားနိုင်ငံအချို့ မှာ လွတ်လွတ်လပ်လပ်ကျင့်သုံးခွင့် ပိတ်ပင်ခံထားရပါတယ်။ ဒါ့ပြင်သူတို့ က အကြမ်းဖက်များရဲ့ ပစ်မှတ် ဖြစ်နေသလို အာဏာပိုင်တွေကလည်း သူတို့နဲ့ပတ်သတ်ပြီး အနည်း အကျဉ်းလောက်ပဲ ဆောင်ရွက်ပေးကြပါတယ်။

၂၀၁၀ခုနှစ်တုန်းက ပါကစ္စတန်နိုင်ငံ၊ လာဟိုရ်မြို့မှာ အဟ်မဒီဗလီများကို သောကြာနေ့ ဝတ်ပြုဆု တောင်းနေစဉ် ဝင်ရောက်တိုက်ခိုက်ကြတာကြောင့် အဟ်မဒီမွတ်စလင်မ်ပေါင်း ၈၆ ဦး သေဆုံးခဲ့ပြီး ၁၂၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ တာလီဘန်တွေရဲ့ လက်ချက်ပါ။

အဟ်မဒီများဟာ ကမ္ဘာတဝှမ်းလုံးမှာ ဆေးရုံးတွေ စာသင်ကျောင်းတွေ ဆောက်လုပ်ပေးနေပါတယ်။ သူတို့က သဘာ၀ဘေးအန္တရာယ်ကျရောက်ရာဒေသတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက် အကူ အညီပေးနေကြပါတယ်။ ဒါတွေသာမကဘဲ သူတို့က ချာခ်ျကျောင်းများနဲ့ နိုင်ငံအုပ်ချုပ်ရေး တသီးတ ခြားဖြစ်စေဖို့လည်း တင်ပြကြပါတယ်။

ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အခမ်းအနားမှာ အဟ်မဒ်(အစ္စလာမ့်ခလီဖာ)က အစ္စလာမ်သာသနာမှာ တရားမျှတမှုလိုအပ်တဲ့အကြောင်းကို နိုင်ငံရေးသမား ၃၀၀ နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ပြောကြားသွားခဲ့ပါတယ်။

အမေရိကန်ကော်မရှင်နဲ့ နိုင်ငံတကာ သာသနာရေးလွတ်လပ်ခွင့်အဖွဲ့ကြီးရဲ့ ဥက္ကဌဖြစ်တဲ့ ကတ္တရီနာ လန်းတော့စ် ဆွီတ် က တက်ရောက်လာကြတဲ့ ပရိသတ်ကြီးကို အဟ်မဒီများအတွက် လှုပ်ရှားပေးကြ ဖို့ တောင်းဆိုခဲ့ပါတယ်။

ဆွီတ်က “ကမ္ဘာပေါ်မှာ လိုက်လျောညီထွေဖြစ်ဖို့၊ တရားမျှတလွတ်လပ်ဖို့အတွက် အဟ်မဒီများရဲ့ သတင်းစကားဟာ အပြုသဘောဆောင်နေပါတယ်။ ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးကို ယုံကြည်သူ တိုင်း ပါးစပ်ပေါက်တွေ ပိတ်နေကြမှာ မဟုတ်ဘူး။ ” ဟု ပြောကြားသွားခဲ့ပါတယ်။


0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-