Thursday, July 19, 2012

ပါကစ္စတန်၊ ကရာချိ : အိုရန်ဂီမြို့ အဟ်မဒီမွတ်စလင်မ်အဖွဲ့ ခေါင်းဆောင်သေနတ်ဖြင့် ပစ်သတ်ခံရ

ဇူလိုင်လ ၁၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၂
သတင်း - အိမ်ရားန်ဂျတာလာ၊ Ahmadiyyatimes
source: @BalalHaider @SaiNiz @AtifAhmadS @Al_Ufaq



ပါကစ္စတန်နိုင်ငံမှ မွတ်စလင်မ်ဆိုသူများ၏ အကြမ်းဖက်ဝါဒလှုံဆော်မှုများပါ စာတမ်းများ၊ လက်ကမ်းစာ စောင်များသာမက နံရံများ၊ လမ်းကြိုလမ်းကြားများတွင် လက်လွတ်စပယ်ရေးသားထား သော အမုန်းတ ရားကြီးထွားစေသည့် စာသားများကြောင့် အဟ်မဒီမွတ်စလင်မ်များမှာ အကြမ်းဖက်လူသတ်ကောင်၊ မွတ်စလင်မ်ဆိုသူများ၏ ပစ်မှတ်များဖြစ်နေကြရပေသည်။

ပါကစ္စတန်နိုင်ငံ၊ ကရာချိရှိ အိုရန်ဂီမြို့၊ အဟ်မဒီမွတ်စလင်မ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူမှာ ယမန်နေ့ နံနက်ပိုင်းက ၎င်း၏နေအိမ်ရှေ့၌ပင် သေနတ်ဖြင့်အကြမ်းဖက်ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

သတင်းအရ အဟ်မဒီမွတ်စလင်မ်အဖွဲ့၏ နယ်မြေခေါင်းဆောင်ဖြစ်သူမှာ အနီးကပ်ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဦးခေါင်းဒဏ်ရာအရ သိရှိရသည်။

ထိုသတင်းအား အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ပါကစ္စတန်နိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဆလီးမ်မုဒီးန်က အတည်ပြုပေးခဲ့သည်။ ပစ်သတ်ခံခဲ့ရသူမှာ အိုရန်ဂီမြို့မှ အဟ်မဒီမွတ်စလင်မ်အဖွဲ့၏ ဥက္ကဌ၊ မစ္စတာနအီးမ်အဟ်မဒ် ဂေါ်ဒဲလ်ဖြစ်ပြီး အသက် ၅၂ နှစ်ရှိကာ ဇနီးသည်ကျန်ရစ်သည်။

ထို့ပြင် မစ္စတာဂေါ်ဒဲလ်မှာ အစိုးရအရာရှိတစ်ဦးဖြစ်ကာ ပါကစ္စတန်နိုင်ငံတော်အစိုးရဘဏ်တွင် လက် ထောက်ဒါရိုက်တာရာထူး ရရှိထားသူဖြစ်သည်။

ပါကစ္စတန်တွင် အဟ်မဒီမွတ်စလင်မ်များမှာ အကြမ်းဖက်မွတ်စလင်မ်ဆိုသူများ၏ လွယ်ကူသည့် ပစ်မှတ်များဖြစ်နေသည်သာမက သာသနာရေးဆိုင်ရာ အမုန်းတီးခံများအနေဖြင့် သူတို့၏ လွတ်လပ် ခွင့်နှင့် လူသားရေးဆိုင်ရာ အခွင့်အရေးများကိုပါ နိုင်ငံတော်အစိုးရကိုယ်တိုင်၏ ကန့်သတ်ထိန်းချုပ် ခြင်းကို ခံနေကြရသည်။

ထို့ပြင် မစ္စတာဆလီးမ်မုဒ္ဒီးန်က ဤသည့်အကြမ်းဖက်တိုက်ခိုက်မှုမှာ အမုန်းတရားကြီးထွားစေမည့် အကြမ်းဖက်မွတ်စလင်မ်များ၏ ဝါဒဖြန့်ချိမှုများကြောင့်ဟု ထင်ရကြောင်း၊ အန္တီအဟ်မဒီ မွတ်စလင်မ် ခေါင်းဆောင်များ လက်မှတ်ရေးထိုးထားသော လမ်းကြိုလမ်းကြားအုတ်နံရံများ ၌ရေးသားထားသည့် အန္တီအဟ်မဒီမှတ်ချက်များကြောင့်လည်း ဖြစ်နိုင်ကြောင်း တင်ပြ ပြောဆိုသည်။

"ဒါအဖြစ်အပျက်က ကရာချိမှာ ၆ လအတွင်း ဒုတိယအကြိမ် အဟ်မဒီမွတ်စလင်မ်အဖွဲ့ဝင်တွေထဲက အသက်ဆုံးရှုံးရခြင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ အခြားအဟ်မဒီတစ်ဦးကို ဒီလိုပဲလုပ်ကြံ ခဲ့ကြပါသေးတယ်။" ဟု မစ္စတာဆလီးမ်က ပြောဆိုသည်။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-