Wednesday, May 30, 2012

ပါလစ္စတိုင်း - အစ္စရေး : အစ္စရေးတို့ သင်္ချိုင်းဂူအတုအမြောက်အမြား အလ်အက္ကဆာဗလီ ဝတ်ကျောင်း တော်တဝိုက်တွင် ဆောက်လုပ်နေကြ

မေလ ၂၉ ရက်နေ့ ၂၀၁၂
သတင်းအရင်းအမြစ် - www.middleeastmonitor.org.uk



သတင်းသုံးသပ်ချက်။ ။ ၁၉၆၇ ကမ္ဘာ့ကုလသမ္မဂမှ တရားဝင်ဆုံးဖြတ်ခဲ့သည့် ပါလစ္စတိုင်း နိုင်ငံတော်ပိုင်နယ်မြေဖြစ်သော ဂျေရုစလင်မြို့ဟောင်းနှင့် အလ်အက္ကဆာဗလီဝတ်ကျောင်းတော်ကြီး ပတ်ဝန်းကျင်တွင် မွတ်စလင်မ်တို့၏ သမိုင်းတန်ဖိုးမဖြတ်နိုင်သော အုတ်ဂူရာအမြောက်အမြား တည်ရှိနေပေသည်။ ထိုအုတ်ဂူရာများထဲတွင် အစ္စရေးတို့က ဂျူးအုတ်ဂူအမြောက်အမြားကို တရားမဝင် ဗြောင်ကျကျူးကျော်ဆောက်လုပ်လာနေကြသည်။ အစ္စရေးဆောက်လုပ်ထားသော အုတ်ဂူအတုများထဲတွင် သေဆုံးသူတစ်ဦးတစ်ယောက်မှမပါဝင်ပေ။ သို့ကြောင့်လည်း အလ်အက္က ဆာအဖွဲ့ အစည်းမှ အစ္စရေးတို့၏ ထိုသို့လုပ်ဆောင်နေမှုများမှာ မွတ်စလင်မ်သမိုင်း ဝင်သင်္ချိုင်းရာများအတွင်း မိမိတို့၏ သမိုင်းဝင်သင်္ချိုင်းများလည်းရှိပါသည်၊ မိမိတို့ကို ယခင်က ဤ နေရာများ၌ မြှပ်နှံသင်္ဂြိုလ်ခွင့် ပေးခဲ့ပါသည်ဟု သမိုင်းကြောင်းလိမ်လည်ကာ ထိုနယ်ပယ်မြေနေရာ များအား ထိန်းချုပ်ပြီး ဇီယွန်ဝါဒကို ဖြန့်ချိရန်ရည်ရွယ်နေခြင်းဖြစ်ကြောင်း၊ သို့အားဖြင့် မဆ်ဂျီဒ် အလ် အက္ကာဆာဗလီဝတ်ကျောင်းတော်ကြီးကို ဂျူးဘုရားကျောင်းအဖြစ်ပြောင်းလဲရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။

မှတ်ချက် - သတင်းသဘောအရ မူရင်းတွင် accuse ၊ allege စသဖြင့် သုံးနှုံးထားမှုကြောင့် စွပ်စွဲ ပြောကြားသည်ဟုသာ မြန်မာပြန်ဆိုရန် တာဝန်တင်သဖြင့် ထိုအတိုင်းပြန်ဆိုတင်ဆက်အပ်ပါသည်။

အလ်အက္ကဆာဗလီ၊ ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေးနှင့် သာသနာရေးဆိုင်ရာ လှူဒါန်းမှုများ (၀ကဖ်) အဖွဲ့အစည်းက အစ္စရေးအာဏာပိုင်အဖွဲ့က အက္ကဆာဗလီပတ်ဝန်းကျင်နှင့် ဂျေရုစလင်မြို့ ဟောင်းတွင် သင်္ချိုင်းအုတ်ဂူအတုအမြောက်အမြားကို လာရောက်ပြုလုပ် ထားကြကြောင်း စွပ်စွဲ ပြောကြားလိုက်သည်။ ထိုဂူအတုများက အက္ကဆာဗလီဝတ်ကျောင်းတော် အရှေ့ဘက်ရှိ သံလွင် တောင်ပေါ်တွင်လည်းကောင်း၊ တောင်ဘက်ရှိ ဝါဒီဆဲလ်ဝါးန်နှင့် ဝါဒီအလ်ရ ဘာဘာတို့တွင် လည်း ကောင်း ပျံ့နှံ့တည်ရှိနေကြောင်း ထိုအဖွဲ့အစည်းက ပြောကြားသည်။

အလ်အက္ကဆာဗလီပတ်ဝန်းကျင်မှ အစ္စရေးတို့၏ သင်္ချိုင်းဂူအတုများ

ထိုအဖွဲ့အစည်း၏ ကြေငြာချက်တစ်စောင်အရ အစ္စရေးအစိုးရက အီလက်ဒ်အဖွဲ့အစည်းနှင့် သဘာ၀နှင့် အမျိုးသားဥယျဉ်များ အာဏာပိုင်အဖွဲ့တို့ကို အသုံးချကာ ထိုသင်္ချိုင်းဂူအတု ဆောက်လုပ် ရေးလုပ်ငန်းအား လုပ်ကိုင်နေ​စေခြင်းဖြစ်ကြောင်း သိရသည်။ အစ္စရေးတို့၏ ထိုအဖွဲ့ အစည်းများက ပြန်လည်တည်ဆောက်ရေး၊ ထိန်းသိမ်းရေး၊ ပုံစံသစ်ချမှတ်ရေး၊ ဖွံ့ဖြိုးရေး၊ အင်ဂျင်နီ ယာစာရင်း ဇယားနှင့် သဘောထားကောက်ခံရေးတို့ကို လုပ်ကိုင်နေစဉ် (ထိုသည်များကို အကြောင်းပြပြီး) သင်္ချိုင်းအုတ်ဂူများ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလ်အက္ကဆာ အဖွဲ့အစည်းက အစ္စရေးတို့၏ အက္ကဆာဗလီဝတ်ကျောင်းတော်တဝိုက်နှင့် ဂျေရုစလင်မြို့ဟောင်းတို့ ၌ ယဟူဒီပေါလ စီပျံ့နှံ့ရေးဆောင်ရွက်နေမှုများကို အသားပေးဖော်ပြခဲ့ကြသည်။ အလ်အက္ကဆာ အဖွဲ့အစည်းက အစ္စရေးတို့အနေဖြင့် မိမိတို့အဖွဲ့အစည်း(အလ်အက္ကဆာအဖွဲ့အစည်း)ကို လုံး၀ချုပ်ကိုင်ပြီး ပါလစ္စတိုင်းမြေများ အား သုဿာန်များ၊ အခြေချနေထိုင်ရာ လူနေနေရာများ၊ ဘိုင်ဘလ်နှင့် အမျိုးသားဥယျဉ်များသာမက ဂျူး ဧရိယာများအဖြစ်ပါ အသွင်ပြောင်းဖို့ အလိုရှိနေကြောင်း စွပ်စွဲ ပြောကြားသည်။

သမိုင်းအရမူ၊ အော်တိုမန်အင်ပါယာလက်ထက်၌ ဂျူးများအနေဖြင့် ဝကဖ်မြေပေါ်တွင် လူသေများ မြှပ်နှံခွင့်ရရှိခဲ့ဖူးသည်။ သို့သော် ထိုမြှပ်နှံခွင့်ရရှိခဲ့သော မြေဧရိယာပမာဏမှ ယခုလက်ရှိ အစ္စရေး တို့ ပြောဆိုတင်ပြနေသည့် ပမာဏထက် လွန်စွာလျော့နည်းလှသည်။ အစ္စရေးတို့၏ ပိုင်ဆိုင်မှုများ ကြောင့် ထိုမြှပ်နှံခွင့်ရှိသည့် မြေနေရာ သဘောတူညီထားမှုကိုပင် ဆက်လက်သက်တမ်း တိုးမြင့် ခဲ့ခြင်းမရှိပေ။ ထို့ပြင် ၁၉၆၇ ၌ အစ္စရေးတို့က ၀ကဖ်မြေအစိတ်အပိုင်း စတုရန်းပုံသဏ္ဌာန်မြေကွက် ဒါဇင်ပေါင်းမြောက်မြားစွာကိုသာမက ပါလစ္စတိုင်းပိုင်မြေများကိုပါ ထိန်းချုပ်ခဲ့ပြီး ထိုမြေနေ ရာများ၌ လူသေအလောင်း လုံး၀မပါသော အုတ်ဂူသင်္ချိုင်းရာများကို ဆောက်လုပ်ထားလာခဲ့ကြ သည်။

အလ်အက္ကဆာအဖွဲ့အစည်းက အစ္စရေးတို့သည် ပထဝီအနေအထားနှင့် သမိုင်းကြောင်းတို့ကို ကမောက်ကမဖြစ်အောင် ဖန်တီးနေသူများဖြစ်ကြောင်း၊ သို့အားဖြင့် သူတို့၏ သင်္ချိုင်းဂူအတုများ တရားဝင်ဖြစ်စေရေး ကြိုးပမ်းနေကြကြောင်း၊ ထိုမှနောက်တဆင့်တက်ကာ ဤမြေများသည် ဂျူးတို့၏ မြင့်မြတ်နယ်မြေများဖြစ်သည်ဟု သက်သေပြလာမည်ဖြစ်ကြောင်း ဆိုသည်။ အလ်အက္ကာ ဆာအဖွဲ့အစည်းက မိမိတို့၏ တင်ပြချက်များကို အက္ကာဗလီဝတ်ကျောင်းတော်တဝိုက်ရှိ နယ်မြေထိန်း များ၊ စဉ်ဆက်မပြတ် အကဲဖြတ်နေသူများ၊ သမိုင်းသုတေသနများနှင့် မျက်မြင်သက်သေများအပေါ် အခြေခံခဲ့ခြင်းဖြစ်သည်။ အဖွဲ့အစည်း၏ အစီရင်ခံစာ အဆုံး၌ အစ္စရေးတို့က မွတ်စလင်များ၏ သမိုင်းဝင်ဂူသင်္ချိုင်းရာများအား ပြန်လည်တည်ဆောက်မွမ်းမံခြင်းအား တားမြစ်ပြီး ဂျူးသင်္ချိုင်းတု ထောင်ပေါင်းများစွာကို တည်ဆောက်ပြုလုပ်နေကြကြောင်းဖော်ပြထားသည်။

အချက်အလက်များအရ အစ္စရေးတို့က သမိုင်းဝင် မမန်းအလ်လာဟ်သုဿာန်ရှိ မွတ်စလင်မ်သင်္ချိုင်း ဂူမြောက်မြားစွာကိုလည်း ဖျက်ဆီးပြီးဖြစ်သည်။

ဂျူးတို့၏ မြို့ဟောင်းအပေါ်ဖန်တီးနေသည့် ထိုလုပ်ဇတ်များက အစ္စလာမ်ဘာသာဝင်တို့၏ သည်းခံ နိုင်စွမ်းကို စိန်ခေါ်သည့်နှယ်ဖြစ်နေပေသည်။ ဂျူးအလောင်းများ ဝကဖ်မြေပေါ်တွင် မြှပ်နှံခွင့်ပေးခဲ့ ကြောင်းပြန်လည်တူးဆွတင်ပြရင်း သမိုင်းတုကို ဖန်တီးနေခြင်းလည်းဖြစ်သည်။ အစ္စရေးတို့က အစ္စလာမ်သာသနာဝင်များ၏ သည်းခံမှုကို အခွင့်ကောင်းယူကာ ဇီယွန်ဝါဒကို ပျံ့နှံ့စေဖို့ရည်ရွယ် နေကြောင်း၊ သို့အားဖြင့် အလ်အက္ကာဆာဗလီဝတ်ကျောင်းတော်ကြီးကိုလည်း ဂျူးဘုရားကျောင်း အဖြစ် ပြောင်းလဲပြစ်ဖို့ လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

သတင်းဖော်ပြချက်တွင် အလ်အက္ကဆာပတ်ဝန်းကျင်လှည့်လှည်မှုရလဒ်များနှင့် မျက်မြင်သက်သေ များနှင့် အင်တာဗျူးထားမှုများကိုလည်း ဖော်ပြထားသည်။

မူရင်းသတင်းအကျယ်ဖတ်ရှုရန် - http://goo.gl/uxs2Z

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-