Monday, September 15, 2014

ဝက်သားကိုအဘယ်ကြောင့်တားမြစ်ပါသနည်း

ဤအကြောင်းနှင့်စပ်လျဉ်း၍ မှတ်သားသင့်သည့်အချက်တစ်ခုကား ဤတိရစ္ဆာန်၏ အမည်ပင်လျှင် ၎င်း၏အသားကိုမစားရန် တားမြစ်ရခြင်းအကြောင်းရင်းကို ဘုရားရှင်က ညွှန်ပြထားပေသည်။ ဝက်အတွက် အာရဗီဘာသာစကားမှာ ''ခင်ဇီးရ်''ဖြစ်၍ ''ခန့်ဇ်''နှင့်''အာရ်''စကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ ကျွန်ုပ်သည် ၎င်းအရာကို အလွန်မကောင်းဟု မြင်သည်ဟု ရရှိလေသည်။

သို့ဖြစ်ရာ ကြီးမြတ်တော်မူသောဘုရားရှင်က ဤတိရစ္ဆာန်အား ပေးထားသောအမည်ကပင်လျှင် ယင်းတိရစ္ဆာန်၏ မသန့်ရှင်းမစင်ကြယ်မှုကို အစကနဦးကပင်လျှင် ညွှန်ပြလျက်ရှိပေသည်။ အရေးကြီးသော တိုင်ဆိုင်မှုတစ်ရပ်ကား ဟိန္ဒီဘာသာစကားဖြင့် ဤတိရစ္ဆာန်ကို ''ဆူဝါရ်''ဟုခေါ်လေရာ ''ဆူး''နှင့် ''အာရ်''စကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ဤစကားလုံး၏အ ိပ္ပါယ်မှာလည်း ကျွန်ုပ်သည် ၎င်းအရာကို အလွန်မကောင်းမြင်သည်ဟုရရှိပေသည်။ အာရဗီဘာသာစကား ''ဆူး''မှာ ဟိန္ဒီဘာသာစကားသို့ ရောက်ရှိသွားသည်ကိုအံ့ဩစရာအကြောင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် အာရဗီဘာသာစကားမှာ ဘာသာစကားအားလုံး၏ အရင်းအမြစ်မိခင်ဖြစ်ကြောင်းနှင့် ဘာသာစကားအားလုံးတို့တွင် အာရဗီဘာသာစကားများစွာကို တွေနိုင်ပေသည်။ သို့ဖြစ်ရာ ''ဆူး''သည် အာရဗီဘာသာစကားဖြစ်ပြီး ဟိန္ဒီဘာသာတွင် ''ဘက်ဒ်''ဟူသော စကားလုံးနှင့် အဓိပ္ပါယ်တူလေသည်။ ဟိန္ဒီဘာသာဖြင့်လည်း ဤတိရစ္ဆာန်ကို ''ဘက်ဒ်''ဟုခေါ်ဝေါ်လေသည်။  သင်္သကရိုက်ဘာ
သာစကားတွင် ဤစကားလုံးမှာ အနည်းငယ်အပြောင်းအလဲရှိကောင်း ရှိခဲ့နိုင်သည်။ သို့သော်စကားလုံးအမှန်မှာ ''ခင်ဇီးရ်''ဖြစ်ပြီး မူရင်းအဓိပ္ပါယ်ကို ဖော်ပြလျှက်ရှိပေသည်။

ဤတိရစ္ဆာန်၏ မကောင်းမှုကို အသေးစိတ်ရှင်းပြန်ရန်မလိုပါ။ ဤတိရစ္ဆာန်သည်ညစ်ပတ်သော အရာများကိုစားသုံး၍၊ လုံးဝအရှက်ကင်းမဲ့ကြောင်း လူတိုင်းအသိဖြစ်ပေသည်။သို့ဖြစ်ရာ ၎င်းး၏အသားကို တားမြစ်ရခြင်းအကြောင်းကား ပေါ်လွင်ထင်ရှားနေ၏။အကြောင်းမူကား သဘာဝအရ ၎င်း၏အသားသည် စားသုံးသူအား ကိုယ်ခန္ဓာပေါ်၌လည်းကောင်း၊ စိတ်ဝိညာဉ်အပေါ်၌လည်းကောင်း၊ ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေလိမ့်မည်။ အစားအစာသည် လူတစ်ဦး၏ စိတ်ဝိညာဉ်အပေါ် အကို်းသက်ရောက်မှုရှိခြင်းကြောင့်ဖြစ်ပေသည်။ ဤကဲ့သို့မကောင်းသော အရာများသာစားသုံးသော တိရစ္ဆာန်၏အသားသည်လည်းမကောင်းပင်ဖြစ်ရမည်မှာ ယုံမှားသံသယရှိရန် အကြောင်းမရှိချေ။

အစ္စလာမ်မတိုင်မီခေတ်ကာလပင်လျှင် ဂရိဆေးပညာရှင်တို့က ဤတိရစ္ဆာန်၏အသားသည် အထူးသဖြင့် ဣန္ဒြေသိက္ခာကို ပျက်စီးစေပြီး အရှက်ကင်းမဲ့မှုကိုဖြစ်စေကြောင်း အယူအဆရှိခဲ့ကြလေသည်။ အသေသားစားခြင်းကိုလည်း အစ္စလာမ်က တားမြစ်ထားခြင်းမှာထိုအကြောင်းကြောင့်ပင်ဖြစ်၏။ ၎င်းအရာသည် ကိုယ်ကျင့်တရားကိုထိခိုက်စေပြီး ကျန်းမာရေးကိုလည်း ဥပါဒ်ဖြစ်စေလေသည်။ လည်မျိုကိုညှစ်သတ်၍ဖြစ်စေ၊ ရိုက်သတ်၍ဖြစ်စေ၊ သေသောတိရစ္ဆာန်၏သွေးသည် သေသောတိရစ္ဆာန်၏ ကိုယ်ခန္ဓာထဲတွင်ပင် ရှိနေပေရာ၎င်းသည် သားပုပ်ပင်ဖြစ်လေသည်။ ထိုသို့သေသောတိရစ္ဆာန်၏သွေးသည် မကြာမီပုပ်၍ အသားများကိုလည်း ပုပ်စေသည်။ ခေတ်မီ သုတေသနပြုချက်များအရ ထိုကဲ့သို့သောတိရစ္ဆာန်၏သွေးမှ ရောဂါပိုးတို့သည် တိရစ္ဆာန်၏အသားများကို အဆိပ်ဖြစ်စေကြောင်းအခိုင်အမာတွေ့ရှိရပေသည်။

အစ္စလာမ့်ဒဿနကျမ်းမှ ကောက်နှုတ်ဖော်ပြသည်။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-