အစ္စလာမ်သာသနာ မပေါ်ထွန်းမီက အာရေဗျမှာ အမိုက်ဖုံးနေသလိုပဲ ကမ္ဘာ့အခြားနေရာတွေမှာလည်း အမိုက်အမှောင် ပိတ်ဖုံးလျှက်ပါပဲ။ ထိုစဉ်က အနောက်ဥရောပဟာ လည်း Dark Ages လို့ ခေါ်တဲ့ အမိုက်ခေတ်ဖြစ်ပါတယ်။ ထိုစဉ်က သူတို့ထံမှာ လူ့အခွင့်အရေး အမျိုးသမီး အခွင့်အရေးတို့ဆိုတာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ အမျိုးသမီးအရေအတွက် သန်းနဲ့ချီပြီး သူတို့သတ်ဖြတ်ခဲ့ကြောင်း သမိုင်းက ပြဆိုနေပါတယ်။ ဒီလိုအချိန်ကာလမှာပဲ မှောင်မိုက်နေတဲ့ ကမ္ဘာလောကကို အလင်းပေးဖို့ အတွက် အာရေဗျမှ တမန်တော် မိုဟမ္မဒ် ပွင့်ထွန်းလာခဲ့ပါတယ်။ တမန်တော်ဟာ ကမ္ဘာလောကမှာ ပျောက်ဆုံးခဲ့ပြီဖြစ်တဲ့ လူသားချင်း တန်ဖိုးထား လေးစားမှု၊ ချစ်ခင်မှုကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။ အမျိုးသမီးများဆိုင်ရာ အခွင့်အရေးကို အပြည့်အဝပေးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ယနေ့ ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ သိပ္ပံနဲ့ နည်းပညာဟာ အစ္စလာမ်က ပေးခဲ့တဲ့ အမွေအနှစ်သာ ဖြစ်ပါတယ်။ ဒါကို ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။ အေဒီ ၄၀၀ မှ ၈၀၀ အထိကာလဟာ ဥရောပရဲ့ အမှောင်ခေတ်ပါ။ အစ္စလာမ်သာသနာတော် ပေါ်ထွန်းပြီး စပိန်နိုင်ငံကို အောင်နိုင်ပြီးနောက်မှာ မွတ်စလင်တွေဟာ ပညာရပ်အသီးသီးကို အသက်သွင်းပေးခဲ့ပါတယ်။
Tuesday, February 19, 2013
ယနေ့ နည်းပညာထွန်းကားပြီး လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေးများကို အကာအကွယ်ပေးနေတယ်ဆိုတဲ့ အနောက်ဥရောပတစ်ခုလုံးဟာ အစ္စလာမ်သာသာနာနဲ့ အစ္စလာမ့် တမန်တော်ကြီး မုဟမ္မဒ်(ဆွ) ရဲ့ ကျေးဇူးတရားကို မေ့ပျောက်လို့ ရနိုင်ပါ့မလား?
တစ်ပတ်အတွင်း လူကြိုက်အများဆုံး
-
ဟာဇရတ် မေရ်ဇာ ဂူလာမ် အဟ်မဒ်သခင် အေမာမ် မဟ်ဒီဆိုတဲ့ စကားရပ်မှာ အေမာမ်နဲ့ မဟ်ဒီ ဆိုတဲ့ ဝေါဟာရနှစ်ခုပါဝင်ပါတယ်။ အေမာမ်ဆိုတာကတော့ အာရဗီစကားလုံ...
-
🌏 ALISLAM official website ၏ The Holy Quran Read, Listen and Search Engine တွင် ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန်ကို အခြားဘာသာစကားများနှင့်အ...
-
မြန်မာနိုင်ငံအဟ်မဒီယာမွတ်စလင်အဖွဲ့ချုပ်မှ လာမည့် ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂ရက် တနင်္ဂနွေနေ့တွင် မန္တလေးတိုင်းဒေသကြီး ဆရာဝန်များအသင်းခန်းမ၌ '...
-
ယခုတလော ကမ္ဘာပေါ်မှာ ကူးစက်ရောဂါပိုးပျံ့နှံ့နေတဲ့အတွက် ဗလီ ဝတ်ကျောင်းတွေမှာ လူစုလူဝေးဖြင့် နမာဇ်ဝတ်ပြုခြင်းမပြုကြဖို့ နိုင်ငံတကာ အစိုးရအတ...
-
အဟ်မဒီယာ ခလီဖာစနစ် တည်ထောင်တာ (၁၁၂) နှစ်မြောက်နေ့ အဖြစ် ကနေဒါနိုင်ငံအနှံ့မှာ ဂျလ်ဆာ (အခမ်းအနား) တွေကျင်းပနေခဲ့ကြပါတယ်။ ဒီနှစ်မှာ အခမ်းအနားတွ...
February 19, 2013
S.M Osman
0 comments :
Post a Comment