Saturday, January 18, 2014

အေမာမ်မဟ်ဒီပွင့်ပေါ်ခြင်းနှင့်ရှီအာတို့၏ယုံကြည်ချက်


    အေမာမ်မဟ်ဒီနှင့်စပ်လျဉ်း၍ရှီအာတို့၏ယုံကြည်ချက်ကား ၎င်းင်းတို့၏ဒွါဒသမ(၁၂ပါး)မြောက် အေမာမ်ဟာဇရတ်မုဟမ္မဒ်(အ) (ဟီဂျရီ၂၆ဝကွယ်လွန်)သည်(၁၁)ပါးမြောက်အေမာမ်၏သားဖြစ်ပြီး ၎င်းင်း သည်(၉)နှစ်သားအရွယ်တွင်ရန်သူဘေးမှ လွတ်မြောက်ခြင်းရရန်အလို့ငှာ အီရတ်နိုင်ငံဆာမရာမြို့ရှိ ဆွရ်ရာမန်ရဝီ မည်သောဂူ၌ ဝင်ရောက်ပျောက်ကွယ်သွားသည်။နှစ်ပေါင်း၁၁၅ဝတိုင်ထိုဂူထဲ၌ အသင်ရှင်လျှက်ရှိခဲ့ပြီး ၎င်းင်း သည်ပင်အေမာမ်မဟ်ဒီအဖြစ်နှင့် ပွင့်ပေါ်လာရောက်ပေလိမ့်မည်ဟူပင်။ ထို့ပြင်ဟာဇရတ်အီစာ(အ)သည် လည်းထိုပုဂ္ဂိုလ်၏ခေတ်ကာလ၌ပင် ကြွမြန်းလာမည်ဖြစ်ပြီး အီစာ(အ)နှင့်အေမာမ်မဟ်ဒီတို့ပူးပေါင်းကာ အစ္စ လာမ့်အကျိုးစွမ်းစွမ်းတမံသယ်ပိုးကြပေလိမ့်မည်။
(သိုဖသွလ်အဝါမ်မအသောင်ဆီကာသ် အိုလမာ အေကရာမ် စာ-၄ လာဟိုရ်မြို့ပုံနှိပ်)
    ရှီအာတို့၏ဤယုံကြည်ချက်သည် ဘနီအူမိုင်ယာဟ်အင်အားကောင်းချိန်ခေတ်၌ အဟ်လေ ဘိုင်သ်နှင့်အဟ်လေဘိုင်သ်မဟုတ်သူများကြားခေလာဖသ်နှင့် အေမာမသ်ကိစ္စတွင်ကွဲလွဲခဲ့သော ကိစ္စ ဖြစ်သည်။ဘနီအဘ်ဘာစ်(အဘာစီမင်းဆက်)အုပ်ချုပ်စဉ်ကာလတွင် ထိုအယူအဆကွဲလွဲမှုမှာ ပိုလို့ တိုးလာခဲ့သည်။ရှီယာတို့၏(၁၁)ပါးမြောက်အေမာမ်(ခေါင်းဆောင်)ဟာဇရတ်ဟစန်အက်စ်ကရီမူ အုပ်ချုပ်စဉ်ကာလတွင်သခင့်အား ဖမ်းဆီးကာအဆိပ်ကျွေးရှဟီးဒ်ပြု လုပ်ကြံသတ်ဖြတ်လိုက်ကြသည်။
(ဘေမာရွလ်အန်ဝါရ် အူရ်ဒူဘာသာပြန်ဆိုင်ယဒ်အမ် ဒါဒ်ဆာဟီဘ် တွဲ-၉-စာ-၃၃ဝမှ၃၃၁ ကရာချီပုံနှိပ်)

ဟာဇရတ်အေမာမ်ဟစန်အက်(စ်)ကရီမိန့်ကြားရာမှာ-
ကျွန်ုပ်သားတော်ပွင့်ပေါ်ရောက်ရှိလာပြီး လောကဝယ်တရားမျှမှုဖြန့်ချိလတ္တံ့
(ဘေဟာရွလ်အန်ဝါရ်အူရ်ဒူ စာ-၂၄၄ ကရာချီပုံနှိပ်)

ထိုသို့ဖြင့်သားတော်လေးအေမာမ်မုဟမ္မဒ် ဖွားမြင်လာပြီး၎င်းင်းနှင့်စပ်လျဉ်း၍ ဟာဇရတ်အေမာမ်အက် (စ်)ကရီသည်မိမိ၏တပည့်ရင်းချာအလ်လာမာအဘူဆဟလ်နောင်ဘက်ခ်သီ၏ရှေ့၌ဤသားတော်လေး သည်မဟ်ဒီဖြစ်မည့်အကြောင်းမိန့်ကြားတော်မူခဲ့သည်။
(ဘောဟာရွလ်အန်ဝါရ် တွဲ-၁၃ ဖာရစီ စာ-၇၄ဝ အခန်း-၂၃ သွာဟ်ရာန်ပုံနှိပ်)
    ထိုခေတ်ရှိ မင်းမူအုပ်ချုပ်လျက်ရှိသောဘုရင်၏ရန်မှသားတော်လေးအားလုံခြုံစေရန် အေမာမ် ဟစန်အက်(စ်)ကရီသည် သားတော်အားဝှက်ထားလိုက်သည်။ဖခင်အနိစ္စရောက်သောအခါ သားတော် လေးပြန်ပေါ်လာ၍ဂျနာဇာနမာဇ်ဦးဆောင်ဝတ်ပြုကာ ပြန်လည်ပျောက်ကွယ်သွားသည်။ ထိုသို့ဖြင့် အဘာစီခလီဖာသမ္မတမုအ်သမဒ်သည် အေမာမ်မုဟမ္မအားရှာပုံတော်ဖွင့်ရန် ထုတ်ပြန်ကြေညာလိုက် ပြီးနှစ်နှစ်တိုင်အောင်၎င်းင်းဖခင်၏ အုတ်ဂူအားအစောင့်တပ်ဖွဲ့ထားခိုင်းလိုက်သည်။ သို့သော်အေမာမ်မုဟမ္မဒ်ကိုမူလုံးဝရှာဖွေလို့မရခဲ့ချေ။
(ဘေမာရွလ်အန်ဝါရ်အူရ်ဒူ တွဲ-၉-စာ-၃၃၄မှ ၃၃ရထိ ကရာချီပုံနှိပ်)

    သို့သော်အေမာမ်မုဟမ္မဒ်ပုန်းအောင်းပျောက်ကွယ်သွားသည့်ကာလအား ရှီအာများကနှစ်၄ဝမှ ၇ဝအတွင်းဖြစ်ကြောင်းဆိုကြသည်။ ထိုသို့ပုန်းအောင်းခြင်းအား (ဂယူဘသ်သေဆုဂ်ရာ)တိုတောင်း သောပုန်းအောင်းခြင်း(ပျောက်ကွယ်ခြင်း)ကာလဟုအမည်တပ်မှည့်ခေါ်ကြပြီး ထိုကာလတလျှောက် အေမာမ်မုဟမ္မဒ်သည်မိမိတပည့်များနှင့် တွေ့ဆုံလျက်ရှိကာ လိုအပ်သောလမ်းညွှန်မှုများပြုနေခဲ့ပေ သည်။
                            (အက်ကမာလွဒ်ဒီဒန် စာ-၄၁၈-၄၁၉)

    ထိုသို့လမ်းညွှန်မှုပေးသည့်ကာလသည် ၃၂၉ ဟီဂျရီ၌အဆုံးသတ်သွားခဲ့ပြီး အေမာမ်မုဟမ္မဒ် ၏တပည့်များလည်းကွယ်လွန်သွားခဲ့ကြကြောင်း ရှီယာများကဆိုကြသည်။ရှီယာများအတွင်းမှ အကျော် အမော်ပညာရှင်တစ်ဦးဖြစ်သည့်အလ်လာမာအဘူဆဟ်နောင်လခ်သီနှင့် တပည့်များကမူဤတိုတောင်း သောပုန်းအောင်းကာလ(ဂယူဘသ်သေဆုဂ်ရာ)၌၁၂ပါးမြောက်အေမာမ်၊ဟာဇရတ်အေမာမ်အက်(စ်) ကရီ၏သားဖြစ်သူ အေမာမ်မုဟမ္မဒ်ကွယ်လွန်သွားပြီဟု ယုံကြည်ထားကြပေသည်။                                                (ဖဟ်ရဆသ်အိဗ်နေနဒီးမ်အူရ်ဒူစာ-၄၂ လာဟိုရ်ပုံနှိပ်)

အလ်လာမာဟ်နောင်ဘစ်တီထံ၌တိုတောင်းသောပုန်းအောင်းကာလ ပြီးနောက် ဟူသည့် သဘောမှာ(ဂါအိဗ်အေမာမ်)ပျောက်ကွယ်သွားသောအေမာမ်လုံးဝသေဆုံးကွယ်လွန်သွားပြီးဟူပင်။

သို့သော်အေမာမ်မုဟမ္မဒ်၏ တိုတောင်းသောပုန်းအောင်းကာလအတွင်း ၎င်းင်းသည်ရှီယာများ မျှော်လင့်ထားသကဲ့သို့ မိမိအေမာမ်မဟ်ဒီဖြစ်ကြောင်းကြေညာမှုပြုခဲ့ခြင်းမရှိခဲ့၍ ရှီယာများအတွင်း၌  အေမာမ်ဆဗ်တကယ်ကွယ်လွန်တာမဟုတ်။ ရှည်လျားသောပုန်းအောင်းခြင်းသို့ ဝင်ရောက်သွားပြီ ဟူဆိုသောအယူအဆပျံ့နှံ့သွားခဲ့သည်။ထို့ကြောင့်ဂယူဘသ်သေကုဗ်ရာ (ရှည်လျားသောပုန်းအောင်း ကာလ)ဟူသောအမည်အားမှဲ့ခဲ့ကြပေသည်။ ထို့ပြင်ရှည်လျားသော ပုန်းအောင်းကာလအတွင်း ဝင် ရောက်သွားသောအေမာမ်သည်လူတို့အားမြင်နေရလျက်ရှိပြီး လူတို့သည်ကားထိုအေမာမ်အားမမြင်ရ ချေဟုလည်း ရှီအာတို့ယုံကြည်နေကြပေသည်။
(အူဆူလ်ကာဖီတွဲ-၂-စာ-၂၉၆ ကာရာချီပုံနှိပ် ၁၉၈၈)
    ထို့ပြင်၎င်းင်း(အေမာမ်)သည် ဂူ၌ပင်အသက်ရှင်လျှက်ရှိပြီး ရှည်လျားသောပုန်းအောင်းကာလ နောက်၌အေမာမ်မဟ်ဒီအဖြစ်ပွင့်ပေါ်လာပေလိမ့်မည်။
                            (အက်ကမာလေဒီးန် စာ-၄၄၈)

ယင်း၏ဆိုလိုရင်းအစစ်အမှန်သည်ကားပျောက်ကွယ်သွားသော အေမာမ်ပြန်လည် ပေါ်ထွန်း လာမည်ဟူသည်ကျဆင်းခြင်းကာလ၊လမ်းလွဲမှု အမိုက်အမှောင်ကာလနောက်ပွင့်ပေါ်လာမည်ဟူသည့် သဘောဖြစ်သည်။ထို့ပြင်ပျောက်ကွယ်သွားသောအေမာမ်သည် ရှည်လျားသည့်ကာလတိုင် အသက် ရှင်လျက်ရှိနေသည်ဟူသောအယူအဆမှာ ဟာဇရတ်အီစာ(အ) ကောင်းကင်၌အသက်ရှိနေသည် ဟူသောအယူအဆကဲ့သို့ပင်ဖြစ်ချေသည်။ထိုအယူအဆနှစ်ရပ်လုံးပင်ရာစုနှစ် ၃စု (နှစ်ပေါင်း ၃၀၀)  နောက်ပိုင်းအမိုက်အမှောင်လွှမ်းမည့်ကာလအား ရည်ညွှန်းခြင်းဖြစ်ပေသည်။ယင်းနှင့်စပ်လျဉ်း၍ကိုယ် တော်မြတ်ကြီး(ဆွ)မိန့်ကြားတော်မူသည်ကား ထိုခေတ်သည်ပြဿာနာအမိုက်လွှမ်းမည့်ကာလဖြစ်ပြီး ထိုကာလရှိလူများနှင့်  ငါကိုယ်တော်သည်မည်သို့မျှဆက်နွယ်မှုမရှိသလို   ငါကိုယ်တော်နှင့်ထိုလူများ လည်းမည်သို့မျှဆက်နွယ်မှုရှိလိမ့်မည်မဟုတ်ချေ။
                                (အက်ကမာလေဒီးန် စာ-၂၆၄)

    အစစ်အမှန်သဘောသည်ကား ၁၁၅ဝနှစ်တိုင်အောင်ပျောက်ကွယ်သွားသော အေမာမ်သည် ဂူ၌ပင်အသက်ရှင်လျက်ရှိခြင်း၊ဟာဇရတ်အီစာ(အ)သည် ၁၉၀ဝနှစ်တိုင်ကောင်းကင်၌ အသက်ရှင် လျှက်ရှိခြင်းအယူအဆများမှာ အလ္လာဟ့်ဥပဒေသနိယာမလူ့ဆင်ခြင်တုံတရားတို့နှင့်ဆန့်ကျင်နေ သည်သာမကကျမ်းမြတ်ကုရ်အာန်နှင့်လည်းဆန့်ကျင်နေပေသည်။ အလ္လာဟ်အရှင်မြတ်ကျမ်းမြတ်ကုရ် အာန်တွင်ကိုယ်တော်မြတ်ကြီး(ဆွ)အားရည်ညွှန်းမိန့်ကြားတော်မူရာမှာ ငါအရှင်မြတ်သည် အသင်တမန်တော်၏ယခင်မည်သည့်လူသားကိုမျှ ထာဝရအသက်၊သဘာဝနှင့်မလျော်ကန်သောသက်တမ်းကာလမချီးမြှင့်ခဲ့ချေ။အသင်တမန်တော်သည်ပင် ကွယ်လွန်အနိစ္စရောက်ရလျှင် အခြားသူူများ၊အသို့လျှင် ထာဝရအသက်ရရှိနိုင်အံ့။(၂၁း၉) ထို့ပြင်ကျမ်းမြတ်ကုရ်အာန်၏အဆုံးအဖြတ်အရ ဤလောက၌ ကွယ်လွန်သွားသူသည်ပြန်လာရရိုးမရှိချေ။ (၂၁း၉၆)
    ထို့ကြောင့်အီစာ(အ)ပင်ဖြစ်စပုန်းအောင်းပျောက်ကွယ်သွားသည့်အေမာမ်ပင်ဖြစ်စေ ၎င်းင်း တို့၏ရုပ်ခန္ဓာနှင့်တကွပြန်လည်ကြြွမန်းလာခြင်းအယူအဆမှာ ကုရ်အာန်နှင့်ဆန့်ကျင်သလို ဆင်ခြေ တုံတရားနှင့်လည်းဆန့်ကျင်နေပေသည်။ထို့ပြင်နဗီနှင့်အေမာမ်၏လုပ်ငန်းဆောင်တာမှာ အလ္လာဟ့် အမိန့်တော်ဖြင့်တရားလမ်းမှန်ပြသရန်ဖြစ်ကြောင်း ကုရ်အာန်အားဖြင့်သိရပေသည်။(၂၁း၇၄)ထို့ပြင် ၎င်းင်းတို့သည်အလ္လာဟ့်စကာားပို့ဆောင်ရာတွင်အကြောက်အရွံ့မရှိကြချေ။(၃၃း၄၀)ထိုသို့သော အ မိန့်စကားရပ်များရှိထားလျက်ကယ်နှင့် အေမာမ်တပါးသည်အသက်ရှင်လျက်ပုန်းအောင်းနေမည်။ မိမိ အမျိုးသားထုအားတရားလမ်းမှန်ပြသမှုနှင့် ဦးစီးဦးဆောင်ပြုမှု(အေမာမသ်) အလုပ်အားပီပီပြင်ပြင် အကောင်အထည်မဖော်၊ရန်သူအားကြောက်ရွံ့ကာပုန်းအောင်းနေမည်ဆိုက၎င်းအား အသို့လျှင် အေမာမ်ဟုခေါ်ထိုက်ပါမည်နည်းတကယ်အမှန်မှာမူ အဟ်လေဘိုင်သ်အတွင်းမှအေမာမ်မဟ်ဒီပွင့်ပေါ် မည့်အကြောင်းသတင်းကောင်းပေးခဲ့ခြင်းမှာ ၎င်းင်းကဲ့သို့ပုံပမာဆောင်သူပုဂ္ဂိုလ်တပါးကြြွမန်းလာမည် ဟူပင်။သို့ဖြင့်အေမာမ်ဂျအ်ဖရ်ဆာဒီက်(ရဟ)ဤသို့မိန့်ကြား၏။
    မဟ်ဒီအားဆက်ခံသူဟုခေါ်ဆိုရခြင်းမှာ ၎င်းင်းသည်အနိစ္စရောက်ပြီးနောက်ပြန်လည် ရပ်တည် လိမ့်မည်ဖြစ်၍ပင်
                            (ဘေဟာရွလ်အန်ဝါရ် တွဲ-၁၃-စာ-၇)
ဤအနာဂတ္တိဟောကိန်း၏ဆိုလိုရင်းသဘောမှာ- ထိုအေမာမ်နှင့်အသွင်သဏ္ဍာန်တူသောအေ မာမ်တပါးပွင့်ပေါ်လာမည်ဖြစ်ပြီးဝိညာဉ်ရေးပိုင်းဆိုင်ရာအရ ၎င်းင်းနှင့်အမည်တူ၊ အရည်အသွေးအတွင်း အလှတရားတူသော ပုဂ္ဂိုလ်တပါးပွင့်ပေါ်လာမည်ဟူပင်။ သို့သော်ထိုဟောကိန်း၏ အတွင်းအနက်သ ဘောအားလူတို့မသိနားမလည်ကြဘဲ အေမာမ်သည်ဂူအတွင်း၌ နှစ်ထောင်ချီကာအသက်ရှင်လျှက်ရှိ နေခဲ့သည်ဟူသောအယူအဆ ပျံ့လာရခြင်းဖြစ်ပေသည်။ ယနေ့တိုင်ရှီယာများဂူဝသို့သွားကာ
အုခ်ရု၍ယာမောင်လာနာ
    အိုး အကျွန်တို့၏ သခင်ကြြွမန်းလာတော်မူပါဟု တမ်းတဟစ်ခေါ်နေကြပေသည်။ သို့သော် လွန်ခဲ့သောနှစ်ကပင်ထိုဂူတွင်းမှ စိတ်ပျက်ခြင်းမှအပ အခြားမည်သည့်စိတ်ကျေနပ်ဖွယ်အဖြေမှမရရှိ ခဲ့ချေ။ထို့ပြင်ယခုတိုင်လည်းထိုဂူသည်မည်သူမျှ ဤအတွင်းမှထွက်လာမည်မဟုတ်ဟူသည်ကိုသာ ပြောနေပေသည်။

    ယခုမေးခွန်းထုတ်စရာရှိလာသည်ကာ ဂူတွင်းပုန်းအောင်းသွားသောမဟ်ဒီမလာလျှင် မည်သူ ကြြွမန်းလာမည်နည်း။ထို့ပြင်မည်သည့်အခါကြြွမန်းလာမည်နည်း။ ဤသည်၏အဖြေအား စူရာဟ်ဂျွမ္ဓာ ၏ "ဝအာခရီးနမင်န်ဟွမ်လမ်မာယလ်ဟကူဘိလင်မ်" အာယတ်တော်အားရှင်းလင်းရင်းကိုယ်တော်မြတ် ကြီး(ဆွ)ပေးခဲ့ပေသည်။ဤအာယတ်ကျလာစဉ်ကိုယ်တော်အားဆွဟာဘာ သာဝကကြီးများက ဤသို့ အမေးရှိလေသည်။
    အိုး .. အလ္လာဟ်၏တမန်တော် ကိုယ်တော်ဒုတိယမိတဖန်ကြြွမန်းလာရမည့်နှောင်းအုပ်စုမှာ မည် သူများနည်း။ ထိုအခါကိုယ်တော်ကဟာဇရတ်ဆလ်မာန်ဖာရ်စီ၏ပုခုံးထက်သို့လက်တင်ကာ အကယ် ၍အီမာန်ယုံကြည်ခြင်းသဒ္ဓါတရားသည် ကမ္ဘာလောကမှပျောက်လွင့်ကာကောင်းကင်ကြတိ္တကာနက္ခတ် သို့ပင်သွားရောက်တွက်ကပ်အံ့ငြား ဖာရစီမျိုးနွယ်ဝင်မှပုဂိ္ဂိုလ်သည် ထိုအီမာန်အားပြန်လည်ယူဆောင် လာပေအံ့။
        (သဖ်စီးရ်မဂျ်မအွလ်ဘယားန်အဇ်အလ်လာမာသီဗ်ရီ-စူရာဟ်ဂျွမ္မာ–အာယတ်-၄)

    ထို့ပြင်အရဗ်မဟုတ်သော အဂျ်မီများထဲမှ အလ္လာဟ်ရှင်မြတ်သည် အေမာမ်မဟ်ဒီအားပွင့်ပေါ် ထွန်းစေကာအီမာန်ယုံကြည်မှုအား ပြန်လည်ရပ်တည်စေအံ့။ ကိုယ်တော်မြတ်၏ဤမိန့်မှာချက် အားဖြင့်ပွင့်ပေါ်လာမည့်အေမာမ်မဟ်ဒီသည်အဟ်လေဘိုင်သ်(ကိုယ်တော့်အိမ်တော်သူအိမ်တော်သား) ဖြစ် မည်သာမက ဝိညာဉ်ရေးရာဆက်နွယ်မှုပါရှိလိမ့်မည်ဖြစ်ကြောင်းသိရပေသည်။ အကြောင်းမူကိုယ် တော်သည်တဖက်တွင်ကောင်းကင်မှအီမာန်ပြန်လည်ယူဆောင်လာမည့် ပုဂိ္ဂုလ်သည် ဆလ်မာန်ဖာရစီ ၏အနွယ်ဝင်မှဖြစ်မည်ဆိုသည်ကိုမိန့်ကြားတော်မူပြီးကျန်တဖက်၌ ဆလ်မာန်ဖာရစီသည်ငါကိုယ်တော် ၏ အဟ်လေဘိုင်သ်အတွင်းမှဖြစ်သည်ဟုလည်းမိန့်ကြားတော်မူထားခြင်းကြောင့် ဖြစ်ပေသည်။
    (သဖ်စီးရ်မဂျ်မအွလ်ဘယာန်အဇ်အလ်လာမာသီဗ်ရီအင်န်နဟူလိုင်းဆမင်န်အဟ်လိက်    ရှင်းခန်း-ဟူဒ်-၄၇)

အေမာမ်မဟ်ဒီသည်ကိုယ်တော်မြတ်နှင့်ရုပ်ပိုင်း၊နာမ်ပိုင်းဆက်နွယ်မှုရှိမည်ဟူသောဟဒီးစ်တော် သည်အေမာမ်လှအ်ဖရ်ဆာဒီက်၏ အသင်တို့အတွင်းမည်သူမဆို သက္ကဝါတရားကျင့်သုံးဆောက် တည်ကာပြေငြိမ်းမှုရယူသည်ဆိုက ၎င်းင်းသည်အဟ်လေဘိုင်သ်အတွင်းမှဖြစ်သည်။ ဟူသောမိန့်ကြား ချက်နှင့်အေမာမ်မုဟမ္မဒ်ဘာကရ်သခင်၏ ကျွန်ုပ်အားချစ်မြတ်နိုးသူသည် အဟ်လေဘိုင်သ်အတွင်းမှ ဖြစ်သည် ဟူသောမိန့်ကြားချက်ဘက်သို့မီးမောင်းထိုးပြနေပေသည်။
         (အလ်ဆာဖီ]ဖမန်သဘိအနီဖအင်နဟူမင်န်နီ}ရှင်းခန်း-အီဗရာဟီမ်-၃၇)

    ထို့ကြောင်   ကျမ်းမြတ်ကုရ်အာန်အာယတ်တော်များနှင့်   ဝိညာဉ်ရေးရာအသုံးအနှုန်းအရ
အဟ်လေဘိုင်သ်ဟူသည် မိုအ်မင်န်ယုံကြည်သူတိုင်းနှင့် အွမ္မသ်သားတိုင်းအဖို့ထိုက်တန်သောဘွဲ့ဂုဏ် ဖြစ်ကြောင်းသိရပေသည်။ ထို့ပြင်ဟာဇရတ်အေမာမ်ဘာကရ်နှင့် အေမာမ်ဂျာအ်ဖရ်ဆာဒီက်တို့ ကစူရာဟ်အဟ်ဇာဗ်၏ အာယတ်တော် "ဝအဇ်ဝါဂျီဟိအုမ်မဟာသိဟင်မ်" အားရှင်းလင်းရာမှာ နဗီတမန်တော်၏ ဇနီးကြင်ယာတို့သည် မိုအ်မင်န်တို့၏မိခင်များဖြစ်ပြီး နဗီတမန်တော်သည် မိုအ်မင်န်တို့၏ဖခင်ဖြစ်သည်ဟူပင်။
                            (အလ်ဆာဖီ-အလ်အဟ်ဇာဗ် -၇)


    ဆိုလိုရင်းသဘေမှာ မိုလ်မင်န်အားလုံးနှင့် မှတ်သကီ(ဖြူစင်ဖြောင့်မတ်သူ)အားလုံးပင်ရစူလ် တမန်တော်၏အနွယ်ဝင်များအတွင်းအပါအဝင်ဖြစ်ပေသည်။
    တကယ်ဆို ပြေငြိမ်းမှုမရယူခဲ့သောရုပ်ပိုင်းဆိုင်ရာအဟ်လေဘိုင်သ်များသည် အစစ်အမှန် အဟ်လေဘိုင်သ်(ကိုယ်တော့်အိမ်သူအိမ်သား)များမဟုတ်ချေ။ မပာဆိုသော်နူဟ်(အ)၏သားဖြစ်သူသည် မိမိ၏ မကောင်းသောလုပ်ရပ်ကြောင်း အဟ်လေဘိုင်သ်အဖြစ်မှ ခွဲထုတ်ခြင်းခံလိုက်ရပေသည်။    (ဟူဒ်း ၄၇)
    အထက်ပါရှင်းလင်းချက်များအားဖြင့်အကြောင်းရပ်နှစ်ခုရှင်းသွားပေသည်။ (က)နှောင်းကာလ၌ အီမာန်ပြန်လည်တည်တံ့ခိုင်မြဲစေမည့် ပုဂိ္ဂုလ်မှာအာရဗ်မဟုတ်ဘဲ အဂျ်မီ (အရဗ်မမဟုတ်သူ)  ဖြစ်လိမ့်မည်။  ထို့ကြောင့်အေမာမ်မုဟမ္မဒ်ဗင်န်ဟစန်အက်စ်ကရီမဟ်ဒီ မဖြစ်နိုင်ချေ။
(ခ)ပွင့်ပေါ်လာမည့်မဟ်ဒီအဖို့ရာရုပ်ပိုင်းအရအဟ်လေဘိုင်ဖြစ်စရာမလိုဘဲအွမ္မသီ(အွမ္မသ်သာ)ဖြစ် လျှင်ပင် လုံလောက်ပေသည်။ဝိညာဉ်ရေးရာနှင့်ကိုယ်ကျင့်တရားရေးရာအရ ပွင့်ပေါ်လာမည့် မဟ်ဒီ မှာကိုယ်တော့်နောက်ဖဝါးခြေထပ်မကွာလိုက်နာရမည်ဖြစ်၍ ဝိညာဉ်(နာမ်) တရားရေးရာအရတော့ အဟ်လေဘိုင်သ်ဖြစ်လိမ့်မည်။
                    (ဘေဟာရွလ်အန်ဝါရ်အရဗီ တွဲ-၁၃-စာ-၁၇)

    ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးစ်ဩဝါဒများအရ အေမာမ်မဟ်ဒီပွင့်ပေါ်မည့်ကာလသည် အီမာန်ယုံကြည်ချက်မဲ့သွားချိန်နှင့် ပြဿာနာပေါင်းများစွာပွေလီရှုပ်ထွေးသော ကာလဖြစ်မည်ဖြစ်ပြီး အေမာမ်မဟ်ဒီကပင်ငြိမ်းချမ်းမှုနှင့် အီမာန်ယုံကြည်ချက်အား ပြန်လည်တည်တံ့အောင်ပြုပေလိမ့်မည် ဖြစ်သည်။အမီရ်ရွလ်မိုအ်မီနီန် ဟာဇရတ်အလီ(ရဒီ)သခင်မိန့်ကြားရာမှာ အေမာမ်မဟ်ဒီသည်လူတို့ သတိမေ့လျစ်လျုရှု့လျက်ရှိသော အချိန်တွင်ပွင့်ပေါ်လာပေလိမ့်မည်။ ထို့ပြင်အမှန်တရား ပျောက်လွင့်သွားကာ  ကျုးလွန်စော်ကားမှုတို့ လွှမ်းမိုးလာချိန်တွင်ပွင့်ပေါ်လတ္တံ့။
                        (ဘေဟာရွလ်အန်ဝါရ် တွဲ-၁၃-စာ-၃၀)
    ၁၂ပါးသောအေမာမ်နှင့်စပ်လျဉ်း၍ တမန်တော်မြတ်ကြီး(ဆွ)မိန့်ကြားတော်မူရာမှာ- ၎င်းင်းတို့ ၏ခေတ်၌ အစ္စလာမ်သာသနာတော်ကြီး အောင်နိုင်လွှမ်းမိုးလိမ့်မည်။ လာယဇာလုအမ်ဇု အွမ်မသီဇွာ ဟိရန်ဟသ်သာယမ်ဒွိယဆ်နသီအရှရခလီဖာ
                        (အက်ကမာလုဒ်ဒီးန် စာ-၂၆၈)

    ဆိုလိုသည်မှာ၁၂ပါးသော အေမာမ်တို့လွန်မြောက်သွားပြီးနောက် အွမ္မသ်၌ကျဆင်းမှုစတင် ဖြစ်ပေါ်လာမည်။ထို့ကြောင့်၁၂ပါးမြောက် အေမာမ်သည်အစ္စလာမ့်အောင်ပွဲဆင်းရသော ကာလ၌ ပွင့်ပေါ်လာရမည်မှာသတ်မှတ်ထားပြီးဖြစ်ပြီး အေမာမ်မဟ်ဒီသည်အစ္စလာမ်ကျဆင်းရေးမှုရရှိအောင် ပွင့် ပေါ်လာရောက်ရမည်ဖြစ်ပေသည်။ထို့ကြောင့်ရှီယာတို့၏၁၂ပါးမြောက်အေမာမ်သည် မဟ်ဒီ မဖြစ်နိုင်ချေ။၁၃ပါးမြောက်အေမာမ်ကိုသာဤသို့မျှော်လင့်ရည်မျှော်နိုင်သည်။
    ထို့ပြင်ရှီယာတို့သည် နောက်ဆုံးခေတ်ကာလ၌ အေမာမ်မဟ်ဒီပွင့်ပေါ်ခြင်းနှင့်အတူ ဟာ ဇရတ်အီစာ(အ)ပါကောင်းကင်ကကြြွမန်းလာမည်ဖြစ်ကြေင်း ယုံကြည်လက်ခံကြပေသည်။ ကုရ်အာန်ကမူ အီစာ(အ)အပါအဝင် ရှေးပွင့်လေပြီးသမျှတမန်တော်အားလုံးကွယ်လွန်အနိစ္စရောက်သွားပြီ  ကြောင်းကြေညာပေ၏။စူရာဟ်အီမ်ရာန်၌အရှင်မြတ်မိန့်တော်မူရာမှာ-
    မုဟမ္မဒ်(ဆွ)သည်တမန်တော်တစ်ပါးမျှသာဖြစ်သည်။ ၎င်းင်းအလျင်နဗီတမန်တော်အားလုံး ကွယ်လွန်သွားပြီဖြစ်သည်။  အကယ်၍ ၎င်းင်း(မုဟမ္မဒ်(ဆွ))သည် သာကွယ်လွန်သွားလျှင် (သို့မဟုတ်) အသတ်ခံရလျှင်အသင်တို့သည်မိမိတို့ခြေဖနောင့်များဘက်သို့ ပြန်လှည့်ပြေးကြမည်လော (အာလေ အီမ်ရာန်း ၁၄၅)

    ထို့ပြင်အီစာ(အ) ဒုတိယမိ ကြြွမန်းလာခြင်းနှင့်စပ်လျဉ်း၍ အဆိုများရှိကြပြီး ဤသည်တို့ မှာလည်းတကယ်တော့၎င်းင်းနှင့်ပုံပမာဆောင်သူ ပုဂိ္ဂုလ်တစ်ပါးကြြွမန်းလာမည့်အကြောင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာအီစာ(အ)နှင့်အတွင်းအစ္ဇျတ္တ အလှတရားတို့၌ တူညီသူဝိညာဉ်ရေးရာထူးမြတ်မှုများ၌ တူညီသူပုဂိ္ဂုလ်တစ်ပါးနောက်ဆုံးခေတ်ကာလ၌ ကြြွမန်းလာပေမည်ဟူပင်။ ကျမ်းတော်မြတ် ကုရ်အာန် ၌လည်းဤသည်နှင့်တူသောဥပမာရှိ၏။ ဘနီအစ္စရာအီလ်လူမျိုးတို့အား အလ္လာရှင်မြတ်မိမိချီးမြှင့်ထားသော ကောင်းချီးမင်္ဂလာများနှင့်စပ်လျဉ်း၍မိန့်ကြားရာမှာ ငါတို့သည် အသင်တို့အားဖီရ်အောင်၏ ဘေးမှ ကယ်လွှတ်ခဲ့၏ ထို့ပြင်ဖီရ်အောင်နှင့်တပ်မကြီးတစ်ခုလုံးအား ရေ၌နစ်ပစ်ခဲ့၏။ အသင်တို့အဖို့ရာ မန္နနှင့်ဆလ်ဝါကိုချပေးခဲ့တော်မူ၏။ဤသည်အားလုံးကိုစာသားသက်သက်ကြီးကောက်မည်ဆိုလျှင် ဖီရ်အောင်၏ ဘေးရန်မှကယ်တင်ခြင်းခံခဲ့ရသောသူတို့သည်ကိုယ်တော်မြတ်(ဆွ) လက်ထက်တိုင်အ သက်ရှင်လျှက်ရှိသလော (သို့မဟုတ်)သေပြီးမှတဖန်ပြန်လည်ရှင်ပြန်လာသလော။ ဤသည်မှာ တင်စားချက်အနေသဘောနှင့်မိမိတို့ဘိုးဘေးများလမ်းလိုက်ကြသည့် ဘနီအစ္စရာအီလ်မျိုးဆက်များအား ရည်ညွှန်းခြင်းဖြစ်ပေသည်။ဤသည်ပမာအတိုင်းပင် အီစာ(အ)ဒုတိယမိ ကြြွမန်းလာခြင်းသဘောမှာ  တင်စားသုံးနှုန်းထားခြင်းဖြစ်ပေသည်။သို့ဖြင့်စူရာဟ်နူဟ်အာယတ်အစ်(စ်)သေခလာဖ် (၂၄း၅၆)  တွင် ဘနီအစ္စရာအိလ်မျိုးနွယ်တွင်း၌ ခလီဖာဆက်ခံသူများခန့်အပ်ပေးခဲ့သည့်နည်းတူ ဤအွမ္မသ်၌လည်း ခလီဖာကိုယ်စားလှယ်များခန့်ထားပေးမည့်အကြောင်းသတင်းကောင်းပေးထားပေသည်။ ဟာဇရတ် အေမာမ်ဇိုင်နွလ်အာဘီဒီးန်က အာယတ်အစ်(စ်)သေခလားဖ်၌ သတင်းကောင်းပေးထားသော ခလီဖာသည်သာ အေမာမ်မဟ်ဒီဖြစ်လိမ့်မည်ဟု ဟောကိန်းပြုထားခဲ့သည်။
                (သဖ်ဆီးရ်မဂျ်မအုလ်ဘယာန်အဇ်အလ်လာမဟ်-သိဗ်ရီ-နူရ်-၅၆)

    ထို့အတူစူရာဟ်သောင်ဝ်ဘာ အာယတ်၃၃တွင်ဖော်ပြထားသော "လိယုဇ်ဟိရဟူအလဒ်ဒီးနီ ကွလ်လိဟ်" (အစ္စလာမ်သာသနာတော်အား ကျန်သာသနာအားလုံးအပေါ်လွှမ်းမိုးနိုင်ရန်) ဟူသည် ၁၂ပါးသောအေမာမ်ကြီးများထံ၌ အေမာမ်မဟ်ဒီပွင့်ပေါ်ခြင်းနှင့် အစ္စလာမ်သာသနာအားကျန်သာ သနာအားလုံးအပေါ်လွှမ်းမိုးအောင်နိုင်ရန်ဖြစ်ကြောင်းလက်ခံကြပေသည်။
                        (သဖ်ဆီးရ်ကမီ၊သဖ်ဆီးရ်ဆာဖီ-သောင်ဝ်ဘာ ၃၃)

    ထို့ကြောင့် အီစာအီဗ်နေမရ်ယမ်သည်သာ အွမ္မသ်၌အေမာမ်အဖြစ်ပွင့်ပေါ်လာရန်ရှိသည့် ခလီဖာနှင့်မဟ်ဒီပင်ဖြစ်ပေသည်။ထို့ပြင်အေမာမ်မဟ်ဒီနှင့်စပ်လျဉ်း၍ ကိုယ်တော်မြတ်ကြီး(ဆွ)သတင်း ကောင်းပေးထားတော်မူသည်မှာ-အေမာမ်မဟ်ဒီသည် တရားမျှတသောခုံသမာဓိအဖြစ်ပွင့်ပေါ်လာပေ လိမ့်မည်။
                        (ဘေဟာရွလ်အန်ဝါရ် တွဲ-၁၃-စာ-၁၉၇)

    ဤဟဒီးစ်တော်၌လောကဝယ်တရားမျှတမှုဖြန့်ကျက်မည့် ပုဂိ္ဂုလ်အားအီစာဟူသောအမည်ဖြင့် မှည့်ခေါ်ထားခြင်းဖြစ်သည်။
    ဟဒီးစ်တော်၌မဟ်ဒီ၏လုပ်ငန်းဆောင်တာအကြောင်းဖော်ပြထားပေသည်။
    နောက်ဆုံးခေတ်ကာလ၌ ပွင့်ပေါ်လာမည့်အေမာမ်မဟ်ဒီနှင့်စပ်လျဉ်း၍ ကိုယ်တော်မြတ်ကြီး (ဆွ)မိန့်ကြားတော်မူရာမှာ-
    ရှည်လျားသောပုန်းအောင်းကာလ (ဂယူဘသ်သေကုဘ်ရာ)နောက်တွင် မဟ်ဒီသည်နဗီတ မန်တော်များ၏ မြင့်မြတ်ခြင်းအပေါင်းဂုဏ်အရည်အသွေးအပေါင်းနှင့်တကွကြွလာပေအံ့။
                        (ဘေဟာရွလ်အန်ဝါရ် တွဲ-၁၃-စာ-၁၇)
    ထို့ပြင် ဟာဇရတ်အေမာမ်ဘာကရ်သခင်အနာဂတ္တိဟောကိန်းထားရှိသည်ကား ပွင့်ပေါ် လာမည့်မဟ်ဒီမှာအာဒမ်၊နူဟ် မူစာ၊အီစာ၊ကိုယ်တော်မြတ်(ဆွ)နှင့် အဟ်လေဘိုင်သ်မှ အေမာမ်များ ဖြစ်ကြောင်းကြွေးကြော်ပေလိမ့်မည်။
                            (ဘေဟာရွလ်အန်ဝါရ် တွဲ-၁၃-စာ-၂၀၂)
        ယင်း၏ဆိုလိုရင်းမှာနဗီတမန်တော်အားလုံး၏ဂုဏ်အရည်အသွေး၊ကိုယ်ကျင့်တရားနှင့် ကောင်းချီးမင်္ဂလာအဖြာဖြာတို့မှအေမာမ်မဟ်ဒီရရှိလတ္တံ့။ ထို့ပြင်အေမာမ်မဟ်ဒီအားအီစာ(အ)ဟု အထူးပြုရည်ညွှန်းရခြင်းမှာ- မိမိပွင့်ပေါ်မည့်ခေတ်ကာလနှင့်အညီ ဟာဇရတ်အီစာ(အ)နှင့် တူညီသူ အီစာကဲ့သို့ ၁၄ရာစုတွင်ပွင့်ပေါ်မည့်သူဖြစ်ခြင်းကြောင့်ဖြစ်သည်။
    အမှန်စင်စစ်နောက်ဆုံးခေတ်ကာလ၌ ကမ္ဘာလောကတစ်ခုလုံးအား ပဲ့ပြင်ထိန်းကျောင်းဖို့ရာ အေမာမ်(ခေါင်းဆောင်)တစ်ပါးတည်းသာပွင့်ပေါ်လာမည်ဖြစ်ပြီး တစ်လောကလုံးကစောင့်မျှော် နေသောပုဂိ္ဂုလ်မှာလည်း ပုဂ္ဂိုလ်သာဖြစ်ပေလိမ့်မည်။ထိုအရှင်သူမြတ်အားအီစာဗင်န်မရ်ယမ်ဟုလည်း ကောင်း၊မဟ်ဒီဟုလည်းကောင်း မှည့်ခေါ်ထား၏။မဟ်ဒီနှင့်စပ်လျဉ်း၍ ရှီယာကျမ်းများ၌အမည်ပေါင်း များစွာမှည့်ထားခြင်းမှာ(ဆွဖသ်) ဂုဏ်အရည်အသွေးနှင့် ဆိုင်သောအမည်များသာ ဖြစ်ပေသည်။အ ကြောင်းမူ မူရင်းအမည်နာမများမှည့်ခြင်းမှတားမြစ်ထားပြီဖြစ်သောကြောင့်ပင်။
                        (ဘေဟာရွလ်အန်ဝါရ် တွဲ-၁၃-စာ-၈)
    လွန်ခဲ့သောနှစ်၁၀ဝခန့်အား တဝင့်ရှုစားကြည့်မည်ဆိုက ဟာဇရတ်မီရ်ဇာဂူလာမ်အဟ်မဒ်မှ တပါးအေမာမ်မဟ်ဒီဖြစ်ကြောင်း၊အီစာမင်န်မရ်ယမ်ဖြစ်ကြောင်းနှင့်ကိုယ်တော့်ဟောကိန်းများ မိမိအား ဖြင့်ပြီးပြည့်စုံခဲ့ကြောင်းကြေညာသူမရှိခဲ့ချေ။ဟာဇရတ်မီရ်ဇာဂူလာမ်အဟ်မဒ်(အ)သခင်ကြီးသည် ၁၄ ရာစုအစ၌ ပွင့်ပေါ်လာရမည့်မဆီဟ်နှင့် မဟ်ဒီမှာ မိမိသာဖြစ်ကြောင်းကြွေးကြော်ခဲ့သည်။ ထို့ပြင် သခင်ကြီးသည်ရှီယာကျမ်းများ၌ အနာဂတ္တိဟောကိန်းထားခဲ့သည့်အတိုင်း ဂျွမ္မာ (သောကြာ) နေ့၌  ဖွားမြင်ခဲ့သည်။
                            (ဘေဟာရွလ်အန်ဝါရ်တွဲ-၁၃ စာ-၁၇၃)
    မဟ်ဒီ၏နိမိတ်လက္ခဏာတစ်ရပ်မှာ- အေမာမ်မဟ်ဒီသည်ခေလာဖသ်အားသွေးမြေမခဘဲ ရရှိ လိမ့်မည်။
                                (နာဆီခ်ခွလ်သဝါရီးခ် တွဲ-၁၀)

    သို့ဖြင့်ဟာဇရတ်မီရ်ဇာဂူလာမ်အဟ်မဒ်သခင်ကြီးသည်အေးငြိမ်းစွာဖြင့် ကျမ်းမြတ်ကုရ်အာန် ၏သက်သေအထောက်အထားများဖြင့် ကလောင်ဂျီဟာဒ်ကိုသာဆင်နွှဲခဲ့သည်။
    ထို့ပြင်မဟ်ဒီ၏နိမိတ်လက္ခဏာတစ်ခုမှာ ၎င်းင်းသည်အလ္လာဟ့်ကျမ်းတော်နှင့် စွန္နသ် အသိပညာ ရပ်တို့၏ ရတာနာသိုကြ်ဖစ်လိမ့်မည်။
                            (ဘေဟာရွလ်အန်ဝါရ်-တွဲ-၁၃-စာ-၉)
    ဤနိမိတ်လက္ခဏာသည်လည်းဟာဇရတ်မီရ်ကာဂူလာမ်အဟ်မဒ်သခင်ကြီး၏ ကျမ်း(၈၀)ကျော်မျှရေးသားထုတ်ဝေကာတလောကလုံးသို့ အမှန်တရားဘက်ဖိတ်ခေါ်ခြင်းဖြင့်ပြည့်စုံခဲ့သည်။
    မဟ်ဒီ၏မှန်ကန်မှုအတွက်ရမ်မဒါန်လတစ်လတည်း၌ သတ်မှတ်ထားသောရက်များအတွင်း နေ နှင့် လကြတ်ပေလိမ့်မည်။
                (ဖရုအ်ကာဖီကီသာဘုလ်ရောင်ဒွာ စာ-၁၀၀)

    ထို့ပြင်ဤအမှတ်လက္ခဏာသည်ဟီဂျရီသက္ကရာဇ် ၁၃၁၁ခု ခရစ်နှစ်၁၈၉၄တွင်ထင်ရှားစွာပင် ပြည့်စုံခြင်းသို့ရောက်ခဲ့သည်။ဤနိမိတ်လက္ခဏာအားလုံးဟာဇရတ်မီရ်ဇာဆာဟိဘ်ထံ၌ ပြည့်စုံခဲ့ပြီး ရှီ ယာညီနောင်များအနေနှင့် ကိုယ်တာ်မြတ်(ဆွ)မိန့်မှာခဲ့သည့် မဟ်ဒီအားငြင်းခြင်းသည်ငါကိုယ်တော်    အားငြင်းခြင်းမည်ပြီး မဟ်ဒီအားထောက်ခံခြင်းသည်ငါကိုယ်တော်မှန်ကန်ကြောင်းထောက်ခံခြင်းမည်ပေသည် ဟူသည့်အမိန့်စကားအားငြင်းလျှက်ရှိနေလောဟူသည်ကို စဉ်းစားသုံးသပ်ရပေမည်။
                            (ဘေဟာရွလ်အန်ဝါရ် တွဲ-၁၃-စာ-၁၇)
    ပွင့်ပေါ်လာမည့်အေမာမ်မဟ်ဒီနှင့်ပတ်သက်၍ ကိုယ်တော်မြတ်(ဆွ)မိန့်ကြားသည်မှာ-
    အကယ်၍ အသင်တို့ရေခဲပြင်ပေါ်သို့ဒူးထောက်ဝပ်တွားကာသွားရလင့်ကစား၊ထိုပုဂ္ဂိုလ်ထံ သွားရောက်ကာဘိုင်ယသ်သစ္စာခံယူကြလော့။အကြောင်းမူ၎င်းင်းသည် အလ္လာဟ်၏ခလီဖာ(ကိုယ်စား လှယ်)နှင့်မဟ်ဒီဖြစ်သောကြောင့်ပင်။
                            (ဘေဟာရွလ်အန်ဝါရ် တွဲ-၁၃-စာ-၂၁)
    ထို့ကြောင့်မဟ်ဒီအား အိုး.. အသိပညာဉာဏ်စဉ်၏စမ်းပေါက်နှင့်နဗူဝသ်၏အနှစ်သာရ-သခင်ပေါ်ငြိမ်းချမ်းစေသော်ဟု စလာမ်မေတ္တာပို့သကြကုန်။                           
                            (ဘေဟာရွလ်အန်ဝါရ် တွဲ-၁၃-စာ-၉)
    ထို့ကြောင့်ယခုပင်နိုးကြားကြကုန်။ ထို့ပြင်ကိုယ်တော်အားမိမိအသက်ထက်ပင်မြတ်နိုးစုံမက် သောခေတ်အခါ၏မဆီဟ်နှင့်မဟ်ဒီထံတော်၌ စွန့်လှူစတေးကြကုန်လော။
    ထိုမဆီဟ်နှင့်မဟ်ဒီသည်ဟာဇရတ်မီရ်ဇာဂူလာမ်အဟ်မဒ်ဖြစ်ပြီးသခင်သည် ဟာဇရတ်အလီမှာ အလ္လာဟ့်အချစ်ဆုံးပုဂိ္ဂုလ်များအနက်မှဖြစ်သည်ဟုကြေညာသမှုပြုသောပုဂိ္ဂုလ်ဖြစ်လေသည်။
                        (ဆီရ်ရုလ်ခုလယာ-ရိုဟာနီခဇာအီန် တွဲ-၈-စာ-၃၅၈)

ထို့ပြင်ဟာဇရတ်မီရ်ဇာဆာဟီဘ်ရေးသားသည်မှာ-
    ကျွန်ုပ်သည် ဟာဇရတ်အေမာမ်ဟူစိုင်အားဂျန္နသ်သုခဘုံသို့ ဝင်ရောက်စံမြန်းရသောသူများ အနက်မှဖြစ်ကြောင်းအခိုင်အမာယုံကြည်ပါ၏။ ထို့ပြင်အေမာမ်ဟူစိုင်၏ သက္ကဝါ(ဖြူစင်ခြင်းတရား)၊ သီးခံမြဲမြံခြင်း၊တည်ကြည်ခြင်း၊ဝတ်ပြုဆည်းကပ်ခြင်းတို့သည် အတုယူဖွယ်စံနမူများသာဖြစ်ပါ၏။
                        (မဂျ်မူအာအီရှ်သီဟာရာသ် တွဲ-၃-စာ-၅၄၇)
    ထို့ပြင်ဟာဇရတ်မီရ်ဇာဆာဟိဘ်ထံ၌ ၁၂ပါးသောအေမာမ်များ၏အဆင့်သည်အလွန်မြင့်မား သွား၏ ၁၂ပါးစလုံးမှာကရှ်ဖ်ရူပါရုံ မြင်ကွင်းများဖူးမြင်ရခြင်းမည်သော ဂုဏ်အဆင့်ချီးမြှင့်ခံရသူများ အနက်မှဖြစ်ကြောင်း ယုံကြည်မှတ် ပိုက်ထားသူပင်ဖြစ်သည်။
                    (အီဇာလာအောင်ဟမ်-ရိုဟာနီခဇာအီန် တွဲ-၃-စာ-၃၄၄)

လမ်းမှန်လိုက်သူများသို့ငြိမ်းအေးစေသော်


0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-