Saturday, February 8, 2014

ပါလက်စတိုင်း အဟ်မဒီယာမွတ်စလင်မ်ဂျမာအတ်၏ ဥက္ကဋ္ဌမှ ကနေဒါ ဝန်ကြီးချုပ်နှင့် ဂျေရုစလင်တွင် တွေ့ဆုံ


ကနေဒါဝန်ကြီးချုပ်  Stephen Harper သည် သူ၏ အရှေ့အလယ်ပိုင်း
ခရီးစဉ်အတွင်း အစ္စရေးနိုင်ငံသို့ ရောက်ရှိခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် 
ဘင်ဂျမင် နေတန်ယာဟု က သူ၏ ရုံးစိုက်ရာ ဂျေရုစလင်မြို့တွင်
ကြိုဆိုခဲ့သည်။

ထ ကနေဒါဝန်ကြီးချုပ် PM Harper၊ သဘာပတိဖြစ်သော နိုင်ငံတကာ
ဆက်ဆံရေးဝန်ကြီး John Baird၊ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီး Ed Fast ၊ ကမ္ဘာ့သယံဇာတဝန်ကြီး Joe စသည့် ပုဂ္ဂိုလ်များ
ပါဝင်ကာ ကမ္ဘာ့ပါလီမန် အမတ်များအဖွဲ့ ဖွဲ့ထားခဲ့ကြသည်။ 

ပါလက်စတိုင်းအဟ်မဒီယာမွတ်စလင်မ်အဖွဲ့ ဥက္ကဋ္ဌ Muhammad Sharif
Odeh သည် ကနေဒါဝန်ကြီးချုပ်နှင့် ဂျေရုစလင်တွင် ကြိုဆိုတွေ့ဆုံ
ခဲ့ကြောင်း ကနေဒါသတင်းဌာနမှ သတင်းထုတ်ပြန်ချက်အရသိရသည်။

လူကြီးမင်းအနေနှင့် ဤနိုင်ငံတွင် ငြိမ်းချမ်းရေး ဖော်ဆောင်လိမ့်မည်
ဆိုသည်ကို အပြည့်အဝယုံကြည်ကြောင်းနှင့် ကျွန်ုပ်တို့ အဟ်မဒီယာ
အဖွဲ့အစည်းသည် ကနေဒါလူမျိုးနှင့် အစိုးရအား အစဉ်အမြဲ အလေး
အမြတ်ထားကြောင်း၊ လူကြီးမင်းသည် ကနေဒါနိုင်ငံအတွက်လည်း
အဖက်ဖက်မှ အကောင်းဆုံးကြိုးပမ်းလုပ်ဆောင်ခဲ့သည့်အတွက်
အရှေ့အလယ်ပိုင်းအရေးကိုလည်း အလားတူ အကောင်းဆုံး ညှိနှိုင်း
ဆောင်ရွက်ပေးမည့်ပုဂ္ဂိုလ်ဖြစ်သည်ကို ယုံကြည်ကြောင်း Muhammad
Sharif Odeh မှ ကနေဒါဝန်ကြီးချုပ်အား ပြောကြားခဲ့သည်။

 ထို့ပြင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့သည် အစ္စရေးနိုင်ငံရယ်လို့
မဖြစ်တည်လာမီ ၁၉၂ဝ ခုနှစ် ကာလများကတည်းက ပါလက်စတိုင်းနိုင်ငံ
တွင် တည်ရှိခဲ့ကြောင်း၊ ယခုဆို အစ္စရေးနိုင်ငံတွင်ပင်လျှင် အဖွဲ့အစည်း
တည်ရှိနေပြီး ဟိုင်ဖာမှ အာရဗ်အဟ်မဒီမွတ်စလင်မ်များနှင့် ဂျူးများ
အကြားတွင် ညီရင်းအစ်ကိုသဖွယ် ချစ်ခင်စွာနေထိုင်လျက်ရှိကြောင်း
စသည်ဖြင့် ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံ၌ ၁၉၃၁ ခုနှစ်တွင် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့
စတင်အခြေချတည်ထောင်ခဲ့ပြီး ကာမေးလ်တောင်တန်း အနီးတွင်
ဂျမာအတ်ပိုင် ပထမဦးဆုံး ဗလီဝတ်ကျောင်းတော်ကို ဆောက်လုပ်ခဲ့သည်။
ထ ထိုဝတ်ကျောင်းတော်သည် ၁၉၈ဝ ခုနှစ် ကာလများအတွင်းက အကြီးဆုံး
ဗလီဝတ်ကျောင်းတော်ဖြစ်ကြောင်း အင်တာနက်စွယ်စုံကျမ်း (ဝီကီပီဒီးယား)
အရ သိရသည်။  (Source : www.themuslimtimes.org)

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-