Wednesday, February 19, 2014

ရဲနှင့် အကြမ်းဖက်တိုက်ဖျက်ရေးများအား အဟ်မဒီယာမွတ်စလင်အကြီးအကဲမှ အရေးဆိုတင်ပြ


 ဆီးရီးယားအရေးအခင်းတွင် အသေခံဗုံးခွဲမှုများသည် ငြိမ်းချမ်းရေး
တည်ဆောက်ရန်ဖြစ်သည်ဟူသော ယုံကြည်ချက်ကိုဆန့်ကျင်ကြောင်း
ငြိမ်းချမ်းရေးမြတ်နိုးသူ (အဟ်မဒီ)မွတ်စလင်အကြီးအကဲက ဖော်ပြခဲ့သည်။
Langley Green အခြေစိုက် အဟ်မဒီယာမွတ်စလင်အဖွဲ့ဥက္ကဋ္ဌ Ahsan
Ahmedi က ဖေဖဝါရီလ ၁၂ ရက်နေ့တွင် ရဲအရာရှိနှင့် အကြမ်းဖက်
တိုက်ဖျက်ရေးမှူးတို့က Martyrs Avenue ရှိ အိမ်တစ်လုံးကို ဝင်ရောက်
ရှာဖွေမှုများပြုလုပ်သွားကြောင်း ပြောဆိုခဲ့သည်။
Mr Ahmedi ပြောကြားရာမှာ -
““ကျွန်တော် သူနဲ့တော့ ပုဂ္ဂိုလ်ရေးခင်မင်မှုမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် သူနဲ့
မကြာခဏဆိုသလို ဆုံဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့
ယုံကြည်ချက်ကိုဖြန့်ချိပို့ဆောင်မှုလုပ်ငန်းတွေမှာ သူက သူ့မိတ်ဆွေတွေနဲ့အတူ
လာရောက်တတ်ပြီး ကျွန်တော်တို့ကို အဟန့်အတားလုပ်လေ့ ရှိတတ်တာ
ကြောင့်ပါ။ အဲဒါကလည်း ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ကျွန်တော်တို့ဟာ
သူ့(လုပ်ရပ်တိုင်း)ကို အင်မတန် သဘောထားကြီးပေးခဲ့တာကြောင့်ပါ။””

““ပြီးတော့ ကျွန်တော်တို့ဟာ (အများယူဆထားတဲ့) ဂျေဟာဒ်ကို ဆန့်ကျင်ပြီး
ငြိမ်းချမ်းရေးတည်ဆောက်နေကြသူတွေပါ။””
““ကျွန်တော်တို့ဟာ မဆီဟာကို ယုံကြည်သူများဖြစ်ပြီး ၎င်းတို့က
ထိုယုံကြည်မှု ကို ဆန့်ကျင်ကြပါတယ်။””
““ဒီယုံကြည်ချက်နဲ့ပတ်သက်လို့လည်း သူတို့နဲ့ ကျွန်တော်တို့ကြားမှာ
အထောက်အထားတွေနဲ့ ဆွေးနွေးမှုများလည်းပြုခဲ့ပြီးပါပြီ။””
ထို့ပြင် Mr Ahmedi က “ဤမျှ ငြိမ်းချမ်းရေးကိုသာ သီးသီးသန့်သန့်
လုပ်ဆောင်နေကြသော မိမိတို့ကိုမှ အလ်ကိုင်ဒါအကြမ်းဖက်အုပ်စုနှင့်
အဆက်အသွယ်ရှိသည့် ပုန်ကန်ထကြွသည့် Abu Suleiman al-Britani
နှင့် ဆက်နွယ်မှုရှိသည်ဟု စွပ်စွဲလာသည်ကြောင့် အလွန်စိတ်ပျက်
ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။
Mr Ahmedi ကဆက်လက်ပြောကြားသည်မှာ ““Crawley ဆိုတဲ့နာမည်ကို
ပြစ်တင်ဝေဖန်ခြင်းနဲ့အတူ အစ္စလာမ်ဆိုတဲ့အမည်နာမလည်း ပြစ်တင်ဝေဖန်
ခံလိုက်ရပြီ ဆိုတာပါပဲ။””
““Crawley ဆိုတဲ့ အသင်းအဖွဲ့ဟာ အတော်လည်း တောင့်ခံနိုင်ကြတဲ့
အသင်းအဖွဲ့ပဲဖြစ်တယ်လို့ ကျွန်တော်ခံစားရတယ်။ ကျွန်တော်တို့ဟာ
အားလုံးနဲ့ ငြိမ်းချမ်းစွာနေထိုင်တဲ့သူတွေဖြစ်ပြီး ခုလိုပြက်ရယ်ပြုစရာ
အတွေးအခေါ်တွေနဲ့ ပြုလုပ်နေကြတဲ့ လုပ်ရပ်အသီးသီးဟာ မှားယွင်းပြီး
အစ္စလာမ်နဲ့လားလားမှ မအပ်စပ်ပါဘူး။””
Mr Ahmedi ကဆက်လက်ပြောကြားသည်မှာ- ““အစ္စလာမ်နဲ့ပတ်သက်တဲ့
အရိုးရှင်းဆုံးသတင်းစကားကတော့ အစ္စလာမ်ဟာ ငြိမ်းချမ်းတဲ့သာသနာပဲ
ဖြစ်တယ်ဆိုတာပါပဲ။””
“(မွတ်စလင်ဖြစ်လျက်နဲ့) ငြိမ်းချမ်းစွာနေထိုင်ပြုမူခြင်းမရှိတဲ့သူကို သူဟာ
အစ္စလာမ်ကို အမှန်တကယ် ကိုယ်စားပြုသူဖြစ်ပါသလားဆိုတဲ့ မေးခွန်း

အမေးခံရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်သိတဲ့ အစ္စလာမ်
ဆိုတာ ငြိမ်းချမ်းရေးတည်ဆောက်နေသူကို ခေါ်ဆိုတာကြောင့်ပါ။””
““မွတ်စလင်အဖြစ်ရပ်တည်ဖို့ အရေးအကြီးဆုံးကတော့ အိမ်နီးချင်းနဲ့
ငြိမ်းချမ်း စွာနေထိုင်ရမယ်။ ကိုယ့်မြို့ကိုယ့်ရွာကို ငြိမ်းချမ်းစေရမယ်။
ကိုယ်လုပ်တဲ့ အလုပ်တိုင်းဟာလည်း ငြိမ်းချမ်းရေးကို တိုးမြှင့်ဖော်ဆောင်
ခြင်းဆိုတာသာ ဖြစ်နေရမယ်””ဟု Mr Ahmedi ကပြောကြားသွားခဲ့သည်။
(www.themuslimtimes.org)

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-