Sunday, March 2, 2014

အိုင်ယာလန်နိုင်ငံတွင် အစ္စလာမ်သည် အလျင်မြန်ဆုံးတိုးတက်နေသည့် သာသနာဖြစ်လာ


အိုင်ယာလန်သမ္မတနိုင်ငံသည် ရိုမန်ကသိုလစ်ဘုရားဝတ်ကျောင်းတော်နှင့်
တရင်းတနှီးဆက်ဟပ်မှုရှိသော်လည်း  ထိုမြကျွန်းသာနိုင်ငံတွင် တရှိန်ထိုး
အလျင်မြန် တိုးတက်လျက်ရှိသောယုံကြည်မှုမှာ အစ္စလာမ်သာသနာပင်ဖြစ်
သည်။
မွတ်စလင်များသည် ယခုကဲ့သို့ တိုးတက်မှုစံနှုန်းဖြင့်သာ အလျင်အမြန်
တိုးတက်သွားခဲ့မည်ဆိုလျှင် အများဆုံးဖြစ်နေသော ပရိုတက်စတင့်ဂိုဏ်း
နေရာတွင် အစားထိုးနေရာဝင်ယူလာနိုင်ပြီး ၂၀၄၃ ခုနှစ်တွင် ဒုတိယ
အများဆုံးသာသနာအဖြစ် အသိအမှတ်ပြုခံရလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်း
ထားကြသည်။
အိုင်ယာလန်နိုင်ငံ၏ လူဦးရေစစ်တမ်းကောက်ယူရေးဝန်ကြီးဌာန၏ ၁၉၉၁
ခုနှစ်မှ ၂၀၁၁ ခုနှစ်အကြား စစ်တမ်းကောက်ယူချက်အရ အိုင်းရစ်
မွတ်စလင်ဦးရေသည် ယခင် ၀.၁ ရာခိုင်နှုန်းမှ ယခု ၁ ရာခိုင်နှုန်း (၁
ရာခိုင်နှုန်းသည် လူဦးရေလေးသောင်းကိုးထောင်နှင့်ညီမျှသည်) သို့
ခုန်တက်လာကြောင်း ထုတ်ပြန်ကြေညာထားသည်။ 

၂၀၂၀ ခုနှစ်တွင် အိုင်ယာလန်မွတ်စလင်ဦးရေမှာ နှစ်ဆတိုးလာမည်ဖြစ်ပြီး
လူဦးရေတစ်သိန်းထိရှိလာမည်ဖြစ်သည်။ ထိုသို့မွတ်စလင်ဦးရေ တိုးတက်
လာခြင်း၌ ပြည်ပမှပြောင်းရွှေ့နေထိုင်သူရော ပြည်တွင်းအိုင်းရစ်လူမျိုး
မွတ်စလင်များ စုစုပေါင်းတိုးတက်မှုဦးရေဖြစ်သည်။

အိုင်ယာလန်နိုင်ငံတွင် ဒုတိယအတိုးတက်ဆုံးဘာသာမှာ အော်သိုဒေါက်စ်
ခရစ်ယာန်ဂိုဏ်းဖြစ်ပြီး အများစုမှာ  အရှေ့ဥရောပမှ ပြောင်းရွှေ့လာကြ
သူများဖြစ်သည်။ အဆိုပါဂိုဏ်းသည် ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အကြား
လူဦးရေ စစ်တမ်းကောက်ယူချက်အရ ငါးနှစ်တာကာလအတွင်း
လူဦးရေလေးသောင်းငါးထောင်ထိ နှစ်ဆတိုးတက်လာကြောင်းသိရသည်။

Source : (www.themuslimtimes.org)

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-