Saturday, March 15, 2014

အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၊ စင်ကာပူနိုင်ငံ Taha ဗလီဝတ်ကျောင်းတော်မှ အစ္စလာမ့်ငြိမ်းချမ်းရေး သတင်းစကား အိမ်နီးချင်းများထံသို့ ဖြန့်ချိ


စင်္ကာပူနိုင်ငံရှိ အဟ်မဒီယာ မွတ်စလင် ဝတ်ကျောင်းတော် (ဗလီ)

(ဟိန္ဒူတို့၏ဘာသာရေးပွဲတော်)အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊
ပါလီမန်အမတ်များ၊ စင်ကာပူနိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ဥက္ကဋ္ဌ၊
အသင်းတော်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အထူးဖိတ်ကြားထားသော
ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ထ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် စင်ကာပူနိုင်ငံ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့
အမျိုးသမီးများအစည်းအရုံးမှ အနီးအနားရှိ ဟိန္ဒူဘုရားကျောင်း Sri
Senpaga Vinayagar Ceylonese သို့ အလည်အပတ်သွားရောက်ခဲ့
ကြသည်။

ဘုရားကျောင်းမှ တာဝန်ရှိသူများအား နှစ်သစ်မင်္ဂလာကောင်းချီးများနှင့်
ဆုမွန်ဆန္ဒများပို့သခဲ့ကြပြီး တမန်တော်မြတ် မူဟမ္မဒ်(H)က အိမ်နီးချင်းများ
အပေါ် အကောင်းဆုံးဆက်ဆံရန်သွန်သင်ထားကြောင်းနှင့် အဟ်မဒီယာ
မွတ်စလင်မ်အဖွဲ့၏ ဆောင်ပုဒ်သည်ပင် “Love for All, Hatred for
None” ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
Sri Senpaga Vinayagar Ceylonese ဘုရားကျောင်း ဥက္ကဋ္ဌမှ ၂၀၁၄
ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင်ကျင်းပသော ၎င်းတို့၏ ဘာသာရေး

ပွဲတော်(Pongal)သို့ တက်ရောက်ရန်ဖိတ်ကြားခဲ့သည့်အတွက် အသင်း
တော်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ထ ယခုနှစ်သည် ၎င်းတို့ကျင်းပပြုလုပ်သော Pongal ပွဲတော် ၅နှစ်မြောက်
ဖြစ်သော်လည်း ဤနှစ်တွင် ထူးထူးခြားခြား မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ
တက်ရောက်လာသည့်အတွက်ရော၊ ထို့ပြင် အထူးဖိတ်ကြားထားသော
ဧည့်သည်တော်များတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့မှ တက်ရောက်
လာခြင်းတို့ကြောင့် အထူးကျေနပ်ဝမ်းမြောက်မှုဖြစ်ခဲ့ရသည်ဟု ထိုပွဲတော်
အခမ်းအနားစီစဉ်သူများကဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့၏ ဦးစီးခေါင်းဆောင်
ဟာဇရတ်မီရ်ဇာမတ်စ်ရူရ်အဟ်မဒ်သခင်က ၂၀၁၃ ခုနှစ် စက်တင်ဘာလ
တွင် စင်ကာပူနိုင်ငံသို့ရောက်ရှိစဉ်ကလည်း စင်ကာပူနိုင်ငံ အဟ်မဒီယာ
မွတ်စလင်မ်အဖွဲ့ အမျိုးသမီးအစည်းအရုံးမှ တာဝန်ရှိသူများက
အသင်းတော်ကို တည်ထောင်သူ ဟာဇရတ်မီရ်ဇာဂိုလာမ်အဟ်မဒ်(၁၈၃၅-
၁၉၀၈)၏ ငြိမ်းချမ်းရေးသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိခဲ့ကြသည်။

Source (www.themuslimtimes.org)

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-