Tuesday, May 8, 2012

ပါကစ္စတန် : ရှီယာများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၏လက်သည်မှာ ဆော်ဒီကျောထောက်နောက်ခံ ၀ဟာဘီအစွန်းရောက်များဖြစ်



တနင်္လာနေ့ မေလ ၇ ရက်၊ ၂၀၁၂

ဆော်ဒီနှင့် ဘာရိန်းတို့မှ ကျောထောက်နောက်ခံပေးသော အစွန်းရောက်၀ဟာဘီများသည် ပါကစ္စ တန် တွင်ဖြစ်ပေါ်ခဲ့သည့် ရှီယာမွတ်စလင်မ်များအား ထိတ်လန့်ဖွယ် အကြမ်းဖက်သတ်ဖြတ်မှုတွင် လက်သည်များဖြစ်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးက ဆိုလိုက်သည်။


ပါကစ္စတန်မြောက်ပိုင်းတွင် ၂၀၁၂ ဖေဖော်ဝါရီ ၂၉ ၌ သတ်ဖြတ်ခံခဲ့ရသည့် ရှီးယာများအား သင်္ဂြိုလ်မှုမပြုမီ ဝတ်ပြုဆုတောင်းပေးနေပုံ

“ထိုရှီယာမွတ်စလင်မ်များကို သတ်ဖြတ်ခဲ့မှုသည် ဆီဖာဆဟာဘာဟုအမည်ပေးထားသည့် ၀ဟာဘီ များ၏ လက်ချက်ဖြစ်သည်။ ထို ဆီဖာဆဟာဘာအုပ်စုသည် ဤသို့သတ်ဖြတ်မှုကို ၎င်းတို့အတွက် တရားဝင်စီစဉ် ဆောင်ရွက်နိုင်သည့်အမှုဖြစ်သည်ဟု ယူဆထားသည်။ ပါကစ္စတန်အစိုးရဘက်များ နှင့် စီးပွားရေးလုပ်ငန်းများတွင် တဟုန်ထိုးတိုးတက်ပါဝင်လာသည့် ရှီယာများကြောင့်လည်းကောင်း၊ အီရန်နိုင်ငံ၏ အစ္စလာမ်မစ်တော်လှန်ပြောင်းလဲရေးကို တုန့်ပြန်မှုအနေဖြင့်လည်ကောင်း ထိုဆီဖာဆ ဟာဘာဟုတွင်သည့်အုပ်စုသည် ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်တွင် ၁၉၈၅ ၌ ပေါ်ထွန်းလာခဲ့ သည်။” ဟု အင်္ဂါနေ့ တွင် Press TV ၌ ဖော်ပြခဲ့သော ဆောင်းပါးတွင် အစ္စမေးလ် ဆလာမီဆိုသည့် ဆောင်းပါးရှင်က ရေးသားထားသည်။

သူက ပါကစ္စတန်ရှိရှီယာများအား သတ်ဖြတ်ခဲ့မှုများကို လေ့လာရင်း တဆက်တည်း “၂၀၁၂ ဧပြီတစ် လတည်းတွင် ရှီယာမွတ်စလင်မ်ပေါင် ၁၂၀ ကျော်ကို နေ့ခင်းကြောင်တောင်ကြီးတွင် သတ်ဖြတ်ခြင်း၊ ဒဏ်ရာအပြင်းအထန်ရရှိအောင် ညှဉ်းဆဲခြင်းများပြုလုပ်ခဲ့သည်။” ဟု ဖော်ပြသည်။

Human Rights in Islam မှ စာရေးဆရာက ပါကစ္စတန်လက်နက်ကိုင်အဖွဲ့ဖြစ်သော Tahrik-e Taliban (TTP) သည် အကြမ်းဖက်အဖွဲ့ခွဲတစ်ခုဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

TTP နှင့် လက်ဝေခံအဖွဲ့ခွဲများက နယ်ပယ်ဒေသများအတွင်း ၎င်းတို့၏ဩဇာပျံ့နှံအောင် ဆောင်ရွက် ပြီး လူပေါင်းထောင်ချီ သတ်ဖြတ်ခဲ့ပြီးကြောင်း သိရှိရသည်။

ဆလာမီကတဆက်တည်းဖော်ပြသည်မှာ ဆီဖာဆဟာဘာအကြမ်းဖက်အုပ်စုကို ပါကစ္စတန်ထောက် လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် Pakistani Inter-Services Intelligence (ISI) က နောက်ခံပေးပြီး ဆော်ဒီနှင့် ဘာရိန်းတို့မှလည်း တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် ပံ့ပိုးနေကြောင်း၊ ထိုအ ဖွဲ့သည် ၀ဟာဘီဝါဒကို ဝါဒဖြန့်ချိပြီး ပါကစ္စတန်မှ ရှီယာမဟုတ်သည့် အလုပ်သမားများကိုသာ ထို (ဆော်ဒီနှင့်ဘာရိန်း) တို့သို့ ဝင်ရောက်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ဥပမာတစ်ခုအနေဖြင့် မကြာသေးမီကာလများက ဘာရိန်းတွင်ဖြစ်ပေါ်ခဲ့ သည် အာရပ်နွေဦးတော် လှန်ရေးများကို အင်အားသုံးအဆုံးသတ်ရန်အတွက် ဘာရိန်းစစ်ဘက်အစိုးရသည် ပါကစ္စတန်စစ်မှု ထမ်းဟောင်းများကို လုပ်ငန်းကိုင်ငန်းများပေးကာ နိုင်ငံတွင်းသွင်းယူခဲ့ကြောင်း ဘာရိန်းစစ် ဘက်မှ ထုတ်ပြန်သည့် သတင်းတစ်ခုတွင်ဖော်ပြထားသည်။ ဤသည်မှာ ပါကစ္စတန်တွင် သွယ်ဝိုက်သော နည်းအားဖြင့် အစွန်းရောက်မှုကိုလှုံဆော်ရာရောက်ကြောင်း ဆလာမီက ဖော်ပြထားသည်။

ပါကစ္စတန်၏ လက်ရှိအာဏာရ ပီပီပီပါတီခေါင်းဆောင်များကို အီရန်လူမျိုးနိုင်ငံရေး လေ့လာသူများ က ၀ဟာဘီအစွန်းရောက်များ၏ ဤသို့သတ်ဖြတ်မှုများအတွက် ဝေဖန်ခဲ့ကြသည်။ 

ဆလာမီက “လက်ရှိအာဏာရ ပီပီပီခေါင်းဆောင်များသည် လူနည်းစုအုပ်စုများ၏ အခက်အခဲများကို မျက်စိမှိတ် လျစ်လျူပြုထားကြကြောင်း၊ အထူးသဖြင့် ရှီယာများမှာ နိုင်ငံ၏စီးပွားရေးနှင့် လူမှုရေးက ဏ္ဌများတိုးတက်ရေးတွင် အလုံးအရင်းဖြင့် ပါဝင်နေသူများဖြစ်ကြောင်း ” ဆိုသည်။

ထိုသို့သော ကြောက်စရာကောင်းသည့် အကြမ်းဖက်မှုများ၏ အကျိုးဆက်အဖြစ် ဤသို့ သတ်ဖြတ်မှု များသည် နိုင်ငံတော်၏ မဏ္ဍိုင်များကို တုန်လှုပ်စေပြီး နိုင်ငံတွင်းစည်းလုံးညီညွတ်မှုပျက်ပြားစေကာ ရန်သူများကို အင်အားကြီးထွားစေသည်သာမက နိုင်ငံတော်အား ကျွန်စနစ်ထက်ဆိုး သည့် မြှော်လင့် ချက်ကင်းမဲ့နေသည့် အစွန်းရောက်သဘာ၀သို့ တွန်းနေကြောင်းယူဆထားသော ပါကစ္စတန်နိုင်ငံ သား စွန္နီ မွတ်စလင်မ်များလည်း ရှိနေကြောင်း ဆလာမီက ထောက်ပြခဲ့သည်။

နိုင်ငံရေးကျွမ်းကျင်သူ ဆလာမီက အစ္စလာမ်မာဘတ်အနေဖြင့် ထိုသို့သော ၀ဟာဘီအစွန်းရောက် များကို စနစ်တကျအပြစ်ပေးအရေးယူရန် လိုအပ်နေကြောင်း ဖိအားပေးပြောကြားထားသည်။

သတင်းဆက်စပ်တင်ပြသည့် မွတ်စလင်မ်တိုင်းမ်စ်မှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့အနေဖြင့် ရှီယာများ၊ ခရစ်ယာန်များ၊ အဟ်မဒီများ၊ စွန္နီများ၊ ဟန္ဒိူများကိုသာမက မည်သူတစ်ဦးတစ်ယောက်ကို မဆို မည်သည့်ပုံစံဖြင့်ဖြစ်စေ သတ်ဖြတ်ခြင်း၊ အကြမ်းဖက်ခြင်းများအား လုံး၀ရှုံ့ချကန့်ကွက်ကြောင်း ဖော်ပြခဲ့သည်။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-