Friday, April 20, 2012

အင်ဒိုနီးရှား : ဆင်ဂါပါးနရှိ အဟ်မဒီဗလီဝတ်ပြုကျောင်းဆောင်အား အက်ဖ်ပီအိုင် အစ္စလာမ်မစ်အစွန်းရောက်များ တိုက်ခိုက်

ဖျက်ဆီးခံထားရသည့် ဗလီဝတ်ကျောင်းဆောင်

တာဆိခ်မာလာယာ: ဒါဇင်ပေါင်းများစွာရှိသည့်လူအုပ်ကြီးသည် ဆင်ဂါပါးန၊ တာဆိခ်မာလာယာ ဆိုသောဂျာဗားကျွန်းအနောက်ဘက်ရှိအဟ်မဒီမွတ်စလင်မ်ဗလီကျောင်းဆောင်၊ ဘိုင်တွရ် ရာဟ်မားန် နှင့်ဗလီအတွင်းမှအဟ်မဒီမွတ်စလင်မ်အဖွဲ့ဝင်များကို တိုက်ခိုက်ဖျက်ဆီးရန် ကျောက်တုန်းများ၊ ဒုတ်များကိုကိုင်ဆောင်ပြီး ဝန်းရံထားကြသည်။

ဒေသခံသတင်းများအရ အက်ဖ်ပီအိုင်ခေါ် အစ္စလာမ်မစ်အစွန်းရောက်လူအုပ်စုကြီးက ယနေ့ ၂၀၁၂ ၊ ဧပြီလ၊ ၂၀ ရက်နေ့၊ မနက်ပိုင်းက အဟ်မဒီယာမွတ်စလင်မ်ဗလီခြံဝန်းကို ကျော်တက်ဝင်ရောက်ခဲ့ သည်။ ဗလီအတွင်းရှိနေတဲ့သူများကို ကရုမစိုက်ဘဲ ဗလီအဆောက်အအုံ့နှင့် ပစ္စည်းများကိုစတင် ဖျက်ဆီးခဲ့ကြသဖြင့် ပြတင်းပေါက်များမှ အခိုးအငွေ့များကိုပင် မြင်တွေ့နေရသိရသည်။ ၁၅ မိနစ် အတွင်း၌ပင် ဗလီအဆောက်အအုံက အလွန်ဆိုးရွားစွာပျက်ဆီးသွားခဲ့သည်။

ဒေါသူပုန်ထနေကြသည့်လူအုပ်ကြီးက ဗလီထဲတွင်အဟ်မဒီများ၏ ယုံကြည်မှုကိုအခြေခံသော အစီ အစဉ်များ၊ ဆွေးနွေးပွဲများလုပ်ဆောင်နေသေးကြောင်းယုံကြည်နေကြသည်။ အရင်ကလည်း ရန်လို နေကြသည့်သူများက အဟ်မဒီများကိုဝတ်ပြုဆုတောင်းခြင်းနှင့် ကျမ်းမြတ်ကုရ်အာန်ရွတ်ဖတ်ခြင်း များမှတားမြစ်ဖို့ ကြိုးစားခဲ့ကြဖူးသည်။

ဗလီအဆောက်အအုံထဲတွင်ရှိနေသော အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ဝင် ဘူဒီဘတ်ဒ်ရုစ် ဆလာမ်၏ အဆိုအရ အကြမ်းဖက်သမားများက ဗလီကိုတိုက်ခိုက်နေစဉ်တွင် အဟ်မဒီများမှာသောကြာ ဂျွမ္မအာဟ်ဝတ်ပြုရန် အသင့်ဖြစ်နေချိန်ဖြစ်ကြောင်း သိရသည်။ အီမာမ်နှင့်ဗလီဂေါပကလည်းဖြစ်သူ ဆလာမ်က မိမိတို့အနေဖြင့် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရကြောင်းဆိုသည်။

၎င်းအကြမ်းဖက်သမားများက မိမိတို့ဒေါသအလျောက်လွန်ကျူးပြီးသွားသည့်အခါ အခြားနေရာများ တွင်လည်း ထိုသို့ပြုလုပ်ကြရန်တိုက်တွတ်းနှိုးဆော်မှုများရှိနေကြောင်း သိရသည်။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-