Friday, April 20, 2012

အင်ဒိုနီးရှားနိုင်ငံ ၊ တာဆိက်မာလာယာရှိ အဟ်မဒီယာဟ်မွတ်စလင်များ၏ဗလီတိုက်ခိုက်ခံရ

FPI အကြမ်းဖက်သမားများ


နိုင်ငံအတွင်း၌ နောက်လိုက်အရေအတွက်နည်းသောအုပ်စုများအား တိုက်ခိုက်လျက်ရှိသည်ဆို သည့်အချက်အား သက်သေပြမီးမောင်းထိုးလိုက်ပေပြီ။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းအနောက် ဘက်၊ တာဆိက်မာလာယာ၊ ဘာဘာကန်ဆင်ဒန်ကျေးရွာရှိ အဟ်မဒီယာဟ်မွတ်စလင်မ်များ၏ ဗလီ၀တ်ကျောင်းတော်အား ယနေ့နံနက်ပိုင်း သောကြာ၀တ်ပြုမှုမတိုင်မီ ရာနှင့်ချီသောလူများက တိုက်ခိုက်ခဲ့ကြသည်။

အဟ်မဒီတစ်ဦးဖြစ်သူ အန်ဒါဂျူအန်ဒါ၏အဆိုအရသိရသည်မှာ မနက် ၉ နာရီခန့်တွင် ဗလီပတ် ပတ်လည်၌ ဒါဇင်ပေါင်းများစွာရှိသည့်လူအများစုဝေးနေကြပြီး ၄င်းတို့သည် အဖြူနှင့်အစိမ်း ရောင်များ၀တ်ဆင်ထားကြကာ Islamic Defenders Front (FPI) အလံများကိုလည်း ကိုင်ဆောင်ထားကြသည်။ "ပထမတော့သူတို့တွေ အော်နေကြတာပဲ၊ နောက်မိနစ်နည်းနည်း ကြာတော့ ကျောက်တုံးတွေနဲ့ပစ်ပေါက်ပြီး ဗလီထဲကို ချိုးဖျက်၀င်လာကြတယ်" ဟု အန်ဒါက ယနေ့သောကြာ နေ့တွင် ဂျကာတာပို့စ်သတင်းစာကို ပြောကြားသွားသည်။ 

ဗလီကိုဖျက်ဆီးကြသည့်သူများက ကော်ဇော်များနှင့် ဘုရား၀တ်တက်သည့်အခါအသုံးပြုသော ဖျာများကိုမီးရှို့ဖျက်ဆီးနေသည့်အချိန်၌ အန်ဒန်နှင့် သူငယ်ချင်းဖြစ်သူ ဒီဒီတို့မှာ ဗလီအတွင်းရှိနေ ခဲ့ကြသည်။ အန်ဒန်က ထပ်မံပြောကြားခဲ့သည်မှာ "ကျွန်တော်ချက်ချင်းပဲ ကိုယ်လွတ်ရုံးထွက်ပြေး ခဲ့ရပါတယ်။ ကျွန်တော့်ယုံကြည်ချက်က လုံး၀မှားယွင်းမှုမရှိဘူးဆိုတာ သေချာပါတယ်။"

ဗလီ၏ကော်ဇောများနှင့် အခြားအခင်းများကိုမီးရှို့ရန် တိုက်ခိုက်သူများက ဂက်စ်များဖြည့်တင်းထား သည့်ပုလင်းများကို အသုံးပြုခဲ့ကြောင်း အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ ၊ တာဆိက်မာလာယာ၏ ပြောရေးဆိုခွင့်ရှိသူ ဘူဒီဘက်ရုစ္စလာမ်က ပြောသည်။ လူအများက မီးလောင်ရာနေရာမှ တိမ်း ရှောင်နိုင်ခဲ့ကြပြီး ထိခိုက်မှုနှင့်အသေအပျောက်မရှိကြောင်း သိရသည်။

တာဆိက်မာလာယာ၏ FPI မှ ပြောရေးဆိုခွင့်ရှိသူ အဆပ်ဆိုဖီယန်က တိုက်ခိုက်သူများမှာ FPI အဖွဲ့၀င်များမဟုတ်ကြဘဲ အနီးနားပတ်၀န်းကျင်ရှိ အစ္စလာမ်ဘာသာရေးကျောင်းများမှ ကျောင်း သားများနှင့်အခြား အစ္စလာမ့်အဖွဲ့အစည်းမှ လူများသာမက ဒေသခံများပါ၀င်ကြောင်း ပြောကြား သည်။ ထိုသူက တိုက်ခိုက်သူများသည် FPI မှမဟုတ်ကြောင်း ငြင်းဆိုသော်လည်း ဗလီရှိဖျာများကို မီးရှို့ရန် သူတို့မကြိုးစားခဲ့ကြောင်း၊ သို့သော် ပတ်၀န်းကျင်မှလူအများက သူတို့အားဖျာများနှင့် ကော်ဇောများကို မီးရှို့ဖို့ တိုက်တွန်းခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ "ကျွန်တော်တို့ ချက်ချင်း ပဲ မီးရှို့ခဲ့ကြတယ်။" ဟု အဆပ်က ဆိုသည်။

ဒေသဆိုင်ရာတာ၀န်ခံတွေက ဗလီအားပိတ်ထားသော် လည်း အဟ်မဒီများက ၀တ်ပြုဆုတောင်းခြင်း များဆက်လက်ပြုလုပ်နေ၍ တိုက်ခိုက်သူများကဒေါသ အမျက်ထွက်ရခြင်းဖြစ်ကြောင်း၊ တာ၀န်ခံများ က အနီးနားပတ်၀န်းကျင်မှဝေဖန်တိုင်ကြားချက်များကို လက်ခံရရှိခဲ့ကြောင်း သူကတပါတည်း စွပ်စွဲပြောကြားသွားခဲ့သည်။ 

လွန်ခဲ့သည့်နှစ်လအတွင်း အနောက်ဂျာဗား၌ အဟ်မဒီမွတ်စလင်မ်များအား တိုက်ခိုက်ခြင်းမှာ ယခုတစ်ကြိမ်အပါအ၀င် နှစ်ကြိမ်ရှိသွားပြီဖြစ်သည်။ ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် အနောက် ဂျာဗားရှိ ဆီယန်ဂျူ၊ ဆီဇားရွာတွင်လည်း အလားတူတိုက်ခိုက်မှုမျိုးဖြစ်ပွားခဲ့သည်။

 ဗလီအားဖျက်ဆီးမှုများပြုလုပ်နေစဉ်အတွင်း၌ပင် ယောကျာ်းမိန်းမ ၈၀ ခန့်ရှိသည့် အဟ်မဒီများ က ထိုဖျက်ဆီးခံထားရသည့်ဗလီတွင်ပင် သောကြာ၀တ်ပြုမှုကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။ ဘူဒီက သူ့အနေဖြင့် ရဲများကိုတိုင်တန်းခဲ့သော်လည်း သူတို့၏ရှေ့တွင်ပင် ဗလီအားဖျက်ဆီး နေသော်လည်း သူတို့ကိုယ်တိုင်ထိုသို့ပြုလုပ်ဖို့အခွင့်ပေးခဲ့ကြောင်း ပြောသည်။ 

"ဒီဗလီက သမိုင်း၀င် ပါ။ ၁၉၂၀က တည်ဆောက်ထားတာပါ။ Serang Archeological Preservation Agency က အသိအမှတ်ပြုထားတဲ့ သမိုင်း၀င်အဆောက်အဦလည်းဖြစ်ပါတယ်။" ဟု ဘူဒီကရှင်းပြခဲ့သည်။ 

တာဆိက်မာလာယာမှ ရဲမှူးဖြစ်သည့် Adj. Comr. Gupuh Setiyono ကမူ ရဲများက ထိုသို့ပြုလုပ် ခွင့်ပေးခဲ့သည်ဆိုခြင်းအား ငြင်းဆိုသွားခဲ့သည်။ သူက ရဲများအနေဖြင့် အဟ်မဒီများကိုမလိုလား သည့်ဒေသခံများအား တိုက်ခိုက်မှုမဖြစ်ပွားမီတစ်ရက်အလိုက ဖျောင်းဖျပြောဆိုဖို့ကြိုးစားခဲ့ ကြောင်း ပြောကြားခဲ့သည်။ သူက အဟ်မဒီမွတ်စလင်မ်များကို လက်ညှိုးညွှန်လျက် ထိုသူများက တိုက်ခိုက်မှုဖြစ်ပွားရန် အစပျိုးသူများဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

Gupuh က "ကနဦးကတော့ လူအုပ်စုကြီးက အဟ်မဒီတွေကို သူတို့မလိုလားကြောင်း ကြေညာစာတမ်းတွေကပ်ဖို့ လာကြတာပါ" ဟု ပြောခဲ့သည်။ "'ဒါပေမယ့် အဟ်မဒီတွေရဲ့ အပြောအဆိုကြောင့် လူအုပ်စုကြီးက စတင်တိုက်ခိုက်ရတာပါ" ဟု ဖြည့်စွက်ခဲ့သည်။ ရဲများက လုပ်ရိုးလုပ်စဉ်အတိုင်း အခင်းဖြစ်ပွားမှုကို စုံစမ်းမည်ဖြစ်ကြောင်းလည်း တပါတည်းပြောကြား ခဲ့သည်။ သူ့အနေဖြင့် Cult Surveillance Coordinating Agency (Bakorpakem) နှင့် Indonesian Ulema Council (အိုလမာ) တို့ကို ဆင့်ခေါ်၍ အစည်းအဝေးတစ်ခုပြုလုပ်ကာ နောက်ဆက်တွဲပြဿနာများ မဖြစ်ပွားအောင် နည်းလမ်းရှာဖွေသွားမည်ဖြစ်ကြောင်းလည်း ပြောကြား ခဲ့သည်။

0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-