Friday, July 20, 2012

အထွေထွေအုပ်ချုပ်ရေးရုံး၊ ပါကစ္စတန်နိုင်ငံ၊ ရဗ္ဗဝါမှထုတ်ပြန်သည့် ကရာချမြို့၊ အိုရန်ဂီမှ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ဥက္ကဌ အသတ်ခံရမှုသတင်း

အထွေထွေအုပ်ချုပ်ရေးရုံး
ဆဒရ်အန်ဂျူမန် အဟ်မဒီယာ ရုံးတော်၊ ရဘ်ဝါ၊ ပါကစ္စတန်။
သတင်းထုတ်ပြန်ချက်
၁၉-၇-၂၀၁၂ 


ပါကစ္စတန်နိုင်ငံ၊ မြို့တော် ကရာချိ၊ အိုရန်ဂီမြို့နယ် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့ ဥက္ကဌ နအင်းမ်အဟ်မဒ် ဂေါ်ဒဲလ် အသတ်ခံရခြင်း။ ၂၀၁၂ အတွင်း ၇ ယောက်မြောက် အသတ်ခံရမှုဖြစ်။

ချနာဘ်နဂရ်(ရဗ္ဗဝါ) - ယနေ့ ဇူလိုင်လ ၁၉ ရက်၊ ၂၀၁၂ ခုနှစ် နံနက် အိုရန်ဂီမြို့နယ် အဟ်မဒီယာအဖွဲ့ ဥက္ကဌ နအင်းမ်အဟ်မဒ်အား သေနစ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။

ဖြစ်စဉ်မှာ မစ္စတာနအင်းမ်အဟ်မဒ်သည် နံနက် အိမ်မှရုံးသို့သွားရန်အထွက်မှာပင် အမည်မသိ ဆိုက်ကယ်သမားနှစ်ဦးက သူ့အား ဟန့်တားလျက် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာမှာပင် သေဆုံးသွားခဲ့သည်။ သူသည် အသက် ၅၂ နှစ်အရွယ်ရှိပြီး လွန်ခဲ့သော ၁၁ နှစ်ကပင် အိုရန်ဂီမြို့နယ်၏ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်လာသူ ဖြစ်သည်။ မစ္စတာနအင်းမ်အဟ်မဒ်သည် ပါကစ္စတန်နိုင်ငံတော် အစိုးရဘဏ်၏ လက်ထောက်ဒါရိုက်တာလည်းဖြစ်ပြီး ဒေသ၌ နာမည်ကောင်းဖြင့် ကျော်ကြားသူ၊ မည်သူနှင့်မှ ရန်ငြိုးမရှိသူ ဖြစ်၏။ ဖော်ပြရန်လိုအပ်သောအချက်မှာ အိုရန်ဂီမြို့နယ်တွင် ဤဖြစ်စဉ်မတိုင်မီ ကာလအနည်းငယ်ခန့်က အဟ်မဒီယာမွတ်စလင်မ်များနှင့်စပ်လျဉ်း၍ အမုန်းတရားကြီးထွားစေသည့် နံရံကပ်စာများ အနှံ့အပြားကပ်၍ လှုံ့ဆော်ခဲ့ကြသည်။ 

ဇနီးသည် ကျန်ရစ်ပြီး ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို ရဘ်ဝါသို့ သယ်ယူမြှုပ်နှံသွားမည် ဖြစ်သည်။ အဟ်မဒီယာ မွတ်စလင်မ်အဖွဲ့၊ ပါကစ္စတန်နိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မစ္စတာစလီးမ်မွတ်ဒီးန်က ဤဖြစ်ရပ်နှင့်စပ်လျဉ်း၍ အလွန်ဝမ်းနည်း ကြေကွဲခြင်း ဖြစ်ရကြောင်းနှင့် ဤလုပ်ရပ်အား အပြင်းအထန် ရှုံ့ချကြောင်း ပြောကြားသည်။ ဆက်လက်၍ သူက 'ဒါဟာ ၂၀၁၂ ခုနှစ်အတွင်း ရ ဦးမြောက်ဖြစ်ပါတယ်။ အဟ်မဒီဖြစ်ခြင်းကြောင့် အသတ်ခံရခြင်းဖြစ်ပါတယ်။ အဟ်မဒီများကို ယုံကြည်ချက်ကြောင့် သတ်ဖြတ်ခြင်းဟာ ကရာချိမြို့တစ်ခုတည်း အတိုင်းအတာအရ ဒါဟာ ၁၁ ဦးမြောက်ဖြစ်ပါတယ်။ ၂၀၁၂ အစမှာတင် အဲဟ်စာန်ကမာလ် ဆိုသူကို မန်ဇူးရ်ကိုလိုနီအရပ်မှာ သတ်ဖြတ်ပစ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒီအရင်မတိုင်မီ ကာလအနည်းငယ်ကလည်း ကရာချီမြို့နေ မစ္စတာ မိုဟမ္မဒ်အတ်စ်လမ် ဘတ်တီဆိုသူကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြတာကြောင့် ဒဏ်ရာအပြင်းအထန် ရသွားပါတယ်။' ဆက်လက်ပြီး ၎င်းက ပြောကြားရာမှာ 'ဒီစိုးရိမ်ဖွယ် အခြေအနေကြောင့် အဟ်မဒီတွေအဖို့ လွတ်လပ်စွာ အသက်ရှင်နေထိုင်ဖို့ပင် မဖြစ်နိုင်တော့တဲ့ အထိပါပဲ။'

'ဒီလို ကြေကွဲဝမ်းနည်းဖွယ် အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အဟ်မဒီယာအဖွဲ့နှင့်ဆန့်ကျင်ပြီး လှုပ်ရှားနေတဲ့ အမုန်းတရားနှင့် အကြမ်းဖက်ဝါဒ လှုံ့ဆော်မှုများကို တားမြစ်ရပါမယ်။ ပြီးတော့ ဒီလှုပ်ရှားမှုတွေမှာပါတဲ့ အဓိကခေါင်းဆောင်တွေကို ဥပဒေအရ အရေးယူသွားဖို့ လိုအပ်ပါတယ်။'


0 comments :

Post a Comment

တစ်ပတ်အတွင်း လူကြိုက်အများဆုံး

 
-